ကုလားကြီး မှ တရုတ်ကြီး သို ့

မောင် ပေJune 3, 20111min915

စာရေးသူသည် ဓါတ်ဆီ ကို တိုင်မှ မထုတ်သည် မှာ ဆီဆိုင် များ ကို ပုဂ္ဂလိက သို ့မလွှဲ ခင်ကတည်း က ဖြစ်သည် ။ ဟိုး လွန်ခဲ့သော ၁ဝ နှစ်ခန် ့က ယခု လို မိုးတွင်း ကြီး အစိုးရ ဆီတိုင် တစ်ခု တွင် ဓါတ်ဆီ ဝယ်ထည့်ခဲ့ဖူးသည် ။ အဆစ်လည်း ရခဲ့ပါသည် ။ ဓါတ်ဆီ ထဲ တွင် ရေများ ပါလာခြင်း ။ သို ့နှင့် ၂ ရက်ခန် ့စီးတော်ယာဉ် ပြတ်ခဲ့ ရာ ထိုမှ စ၍ ယနေ ့တိုင် 90 နှင့် 92 ဆီ များကို သာ ပြင်ပ ဆိုင် များ မှ ဝယ်သုံးခဲ့သည် ။ ယနေ ့ခေတ် ပုဂ္ဂလိ က သို ့ဆီဆိုင် များ ကို လွှဲပြောင်းပြီး ချိန် ။ ဆီဆိုင် များ ကို ပြန်လည် ပြင်ဆင် မွမ်းမံ ၍ ဖွင့်ကြပြီး အချို  ့ဆိုင် များ တွင် အောက်တိန်း ဆီ ကို ပါ ရောင်းချ ပေး သဖြင့် ကြုံ လျှင် ကြုံ သလို ဝယ်ယူ သုံးစွဲ ဖြစ်သည် ။ နွေဦး ကာလ များ တုန်းက တော့ မည်သည့် ပြဿနာ မှ မတွေ ့ခဲ ့ရပါ ။ ယခု မိုးတွင်း ကာ လ ယခု ရက်ပိုင်း အတွင်း လူတော်တော်များများ ပြောသံ ကြားလာရသည် ။ ဆီ တွေ ထဲ မှာ ရေပါလာတယ် ။ ကာဗရိုက်တာ အလုံး လိုက် လဲလိုက်ရတယ် ။ ” ငါ က အောက်တိန်း သုံး တာပဲ ပြဿနာ မရှိလောက်ပါဘူး ” ဟု ထင်မိခဲ့သည် ။ မရပါ ။ ဆီဆိုင် များ က လူ မရွေးပါ ။ ဓါတ်ဆီ ဝယ်ဝယ် အောက်တိန်း ဆီ ဝယ်ဝယ် ဒီဇယ်ဆီ ဝယ်ဝယ် ဝယ်သူအားလုံး ကို ညီတူညီမျှ ရေရော ပေး နေ ပါသည် ။ အားရ စရာပင် မဟုတ်ပါလား ။ work shop များ service center များ ဝမ်းမြောက်ဝမ်းသာ ကြိုဆို ကြ ပါ ။ ကာဗရိုက်တာ ရောင်းချသူ ကာဗရိုက်တာ အပိုပစ္စည်း တင်သွင်းသူ များ နွေးထွေးစွာ ကြိုဆိုကြပါ ရန် ယခု စာမျက်နှာမှ နှိုးဆော်လိုက်ပါသည် ။ ယခင် က အစိုးရ ဆီဆိုင် များတွင် ရေပါလာခဲ့စဉ် က သူတို ့လည်း ရှိတာလေး နှင့် ပေးနေရတာပါပဲ လေ ဟု လက်ခံ နိုင်ခဲ့သည် ။ ယခု ပုဂ္ဂလိက ဆီဆိုင် များ ကိုလည်း ရှေးယခင် အစိုးရ ဆီတိုင် များ နည်းတူ နားလည် ပေးရန် ကြိုးစားရဦးမည် ဖြစ်ပါကြောင်း ။

5 comments

  • photwenty

    June 3, 2011 at 10:10 am

    ကျနော်. အထင် ရေရောတာမဖြစ်နိုင်ပါ
    ဘာကြောင်.လဲဆိုတော.ကာ
    ၁. ဆီဆိုင်တွေရဲ. ဆီလှောင်ကန်တွေကမြေအောက်မှာထားတာပါ အဲ.ဒါကြောင်.ရေငွေ.ရိုက်နိုင်ပါတယ်
    ၂.ဆီလှောင်ကန်နံရံတွေရဲ. အထူဟာတွက်ချက်ပြီးတော. ဆောက်ထားတာမဟုတ်ပါဘူး
    ၃.ရေက ဆီရဲ.အောက်ဆုံးမှာအနယ်ထိုင်ပါတယ်။ ဆီထုတ်ပိုက်တွေက အောက်ခြေကနေမထုတ်ပါဘူး
    ဓါတ်ဆီ ဒီဇယ်ဆီကို ကျနော်တို. အလုံပိတ် ဘောက်ဆာကားတွေနဲ.ထားပေမယ်. ရေငွေ.ရိုက်တဲ.အတွက်ကြာလာရင် အောက်ခြေမှာ ရေတွေအနယ်ထိုင်လာပါတယ်
    အထက်ပါအချက်တွေကြောင်.အခုလိုမိုးကျလာတဲ.အချိန်မှာ ရေတွေဝင်လာတာဖြစ်နိုင်ပါတယ်
    ပြီးတော. ကျနော်တို.ဆီမှာက ရောင်းဖို.ပဲသိတာပါ
    ဆီကန်ရဲ. သန်.ရှင်းရေးကိုလုပ်ဖို.အစီအစဉ်မရှိကြပါဘူးဗျာ

  • kkotoe

    June 3, 2011 at 2:01 pm

    ဟုတ်တယ်ဗျို့ထောက်ခံတယ် တနေ့ကမှကျွန်တော်ဖြစ်တာ ကျွန်တော့ကားကဒီဇယ်ကား ကားသိပ်မဆွဲတော့လို့ ဝပ်ရှော့မှာသွားစစ်တာ ပန့်ကိုဖြုတ်ကြည့်လိုက်တာ (ပလန်ဂျာ)ဂန့်သွားတယ် ၁၀၀၀၀ဝ ကျော်ကုန်သွားတယ် ဒါနဲ့ ဆီတိုင်ဂီကိုဖြုတ်ဆေးလိုက်တာ ထွက်လာလိုက်တဲ့ရေတွေ ၁ လီတာလောက်ရတယ် ဒါတောင်ကျွန်တော် ၃လပိုင်းလောက်ကဆီတိုင်ဂီကို တစ်ခါဖြုတ်ဆေးထားသေးတယ်။
    မှတ်ချက်။ ။ လမ်းဘေးဆိုင်တွင်တခါမှမထည့်ပါ ပုဂ္ဂလိက ဆီဆိုင်မှာပဲထည့်ပါသည်။ အခုတော့စိတ်ချရအောင် ပုံးနဲ့ ဝယ်ပြီး မှ ထည့်ပါသည်။ 🙁

  • maythakhin

    June 3, 2011 at 2:41 pm

    လောကကြီးကို ချိန်ခွင်လိုပဲ မျှတတယ်လေ။ ဆီဆိုင်တွေလဲအလုပ်ဖြစ် ဝပ်ရှော့တွေလည်း အလုပ်ဖြစ်၊ ကားပစည်းဆိုင်တွေလည်း အလုပ်ဖြစ်ပေါ့ …… အင်း 😛 🙁

  • nature

    June 3, 2011 at 4:22 pm

    နဂိုထက်တော့ဆီမှတ်တွေပြည့်လာတယ်။တချို့ဆိုင်ဆိုတော်တော်ပြည့်တယ်။

  • fighternk

    July 19, 2011 at 2:08 pm

    ကျွန်တော့ အမေပြောဖူးတာမှတ်မိတယ် ၊ ငါ့သား ဘယ်စီးပွားရေးမဆို ရေနဲ့ပက်သက်လာရင် အမြတ်ရတယ်တဲ့။

Leave a Reply