သူငယ်ချင်း

SnowyJune 11, 20111min1168

ချစ်ပေမယ့်

ချစ်သူတော့မဟုတ်ဘူး

ဂရုစိုက်ပေမယ့်

မိသားစုလည်းမဟုတ်ဘူး

နာကျင်မှုတွေကို ဝေမျှခံစားဖို့

အသင့်ရှိနေပေမယ့်

ဆွေမျိုးသားချင်းလည်း မဟုတ်ခဲ့ဘူး

ဒါပေမယ့် သူတို့တတွေက

အဖေတစ်ယောက်လို့ ဆူတတ်တယ်

အမေတစ်ယောက်လို ဂရုစိုက်တယ်

အစ်မတစ်ယောက်လို ကျီစယ်တတ်ပြီး

အစ်ကိုတစ်ယောက်လို ဒေါသထွက်တတ်တယ်

ဒါတွေကိုလုပ်ဆောင်တတ်တာ

စစ်မှန်တဲ့ သူငယ်ချင်းပဲပေါ့ . . .

ဒီလိုသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်တော့

ဆုံးရှုံးမသွားအောင် တန်ဖိုးထားပါ။

သူငယ်ချင်းကောင်းဆိုတာ

တစ်သက်မှာတစ်ခါပဲ ရရှိပြီး

ထာဝရတည်မြဲသွားတတ်တဲ့သူပါ။……………………

 

With Love;

$nOwY ^_*

8 comments

  • နွယ်ပင်

    June 11, 2011 at 5:53 am

    ဆွေမျိုးသားချင်းထက်ကောင်းတဲ့ သူငယ်ချင်း ကိုယ့်စိတ်ကို နားလည်ပေးနိုင်တဲ့ သူငယ်ချင်း အကောင်းအဆိုးကို ခွဲခြားပြီး လမ်းမှားမရောက်အောင်ဖေးမပေးခဲ့တဲ့ သူငယ်ချင်း အဲလို သူငယ်ချင်းလေးတွေ နွယ်ပင်မှာ ပိုင်ဆိုင်ထားလို့ ခင်မင်မူ သယောဇဉ်ဆိုတာကို တန်ဖိုးထားတက်ခဲ့တယ် ….

  • manawphyulay

    June 11, 2011 at 9:11 am

    သူငယ်ချင်းဆိုတာ ဝေးနေတဲ့ ဆွေမျိုးထက် နီးနေတဲ့သူငယ်ချင်းက ပိုပြီး ကောင်းမွန်ပါတယ်တဲ့။ သူငယ်ချင်းကောင်းဆိုတာ ဆိုးတူဆိုးဖက် ကောင်းတူကောင်းဖက် တစ်ဦးနဲ့တစ်ဦး အခက်အခဲကြုံလည်း အနားက မခွဲပဲ အားပေးနေတဲ့သူလို့ ခေါ်ပါတယ်။

  • naywoonni

    June 11, 2011 at 9:41 am

    ကောင်းတာပေါ့ အဲဒိလို သူငယ်ချင်းတွေရှိနေတာ ..။ ဆရာနန္ဒာသိန်းဇံက ပြောဖူးတယ်..။ ဘဝမှာ မိတ်ကောင်းဆွေကောင်းဆိုတာ လက်တစ်ဘက်စာမရှိဘူးတဲ့…။ တို့မှာတော့ ရှိဝူး……….

  • bigcat

    June 11, 2011 at 9:53 pm

    ရွာဆိုပေမဲ့
    မြေပုံပေါ်မှာမရှိဘူး.. 😥
    သဂျီးဆိုပေမဲ့
    နှစ်လုံးပြူးသေနတ်မရှိဘူး… 🙄
    ဒဏ်ပေးတယ်ဆိုပေမဲ့
    ထိတ်တုံးမခတ်ဘူး… 😡
    အယ်ဒီတာချုပ်ဆိုပေမဲ့
    လက်ထောက်မရှိဘူး… 😮
    ဒါပေမယ့် ဒီလူဂျီးက
    ဘုန်းကြီးစာချ
    မိချောင်းမင်းရေကင်းပြတတ်တယ်
    တရုတ်ကြီးကို
    ဝက်သားဟင်းကောင်းကြောင်း
    ဆရာလုပ်တတ်တယ်…
    ကုလားကြီးကို
    သိးစုံပဲဟင်းချက်ရင်
    မဆလာထည့်နည်း
    သင်ပေးတတ်တယ်…
    အင်္ဂလိပ်ကြီးကို
    ကော်ဖီ၊ပေါင်မုန့်နဲ့ချိစ်
    မနက်စာစားဖို့
    လက်ချာရိုက်တတ်တယ်…
    ဗမာကြီးကို
    မုန့်ဟင်းခါးစားတဲ့အခါ
    တူမသုံးဖို့
    ဆုံးမတတ်တယ်…
    အဲသလိုလူမျိုးနဲ့
    ပေါင်းသင်းဆက်ဆံ
    နေရပြီဆိုရင်တော့
    သွားသတိ၊ လာသတိ
    စားသတိ၊ အိပ်သတိ
    သတိပဌာန်တရားကို
    သေသေချာချာ
    အားထုတ်ပါ…
    သဂျီးဆိုတာမျိုးဟာ
    တမိုးအောက်တယောက်
    တလောကလုံး
    သူ့လုပ်စာထိုင်စားနေရတယ်
    ထင်နေတတ်သူပါ…
    (တိုက်ဆိုင်၊ အိမ်ဆိုင်၊ ခြံဆိုင်၊ ကားဆိုင်မှုများရှိလျင် ခွေးလွှတ်ပါ)

  • kai

    June 11, 2011 at 10:29 pm

    မြေပုံပေါ်မှာမရှိပေမဲ့..
    Virtual ပေါ်မှာထင်ရှားရှိတယ်..။

    နှစ်လုံးပြူးသေနတ်မရှိပေမဲ့…
    (စာ)တလုံးတည်းနဲ့.. ရွှီးနိုင်တဲ့အာဏာရှိတယ်.။

    ထိတ်တုံးမခတ်ပေမဲ့..
    အိပ်တုန်း ဖြတ်နိုင်သေးသပေါ့.. (တင်ထားတဲ့ စာကိုပြောတာနော)

    လက်ထောက်မရှိပေမဲ့..
    ပစ်ဟောက်လို့ရတဲ့.. အောက်ကလူတွေရှိပါတယ်..။

    နောက်ပြီး.. အီဖေကိုယ်က…
    (အခွင့်သာရင်..)မိချောင်းအရေဆုတ်..
    သားရေထုတ်ရောင်းနည်းသိပါတယ်..။

    တရုတ်ကြီး..
    (တရုတ်)မဆလာထည့်ပြီး..
    (ချက်တဲ့..)ဝက်သားဒုတ်ထိုးကောင်းကြောင်းလည်း.. ပြောတတ်ပါတယ်…။

    ကုလားကြီးကို
    သက်သတ်လွတ်က အိနိ္ဒယကစခဲ့တာပါလို့..
    အဌကထာကိုးကား… ကဗျာလုပ်ပြောတတ်ပါတယ်..။

    အင်္ဂလိပ်ကြီးကို
    ကော်ဖီ၊ပေါင်မုန့်၊ချိစ်တို့နဲ့ မနက်စာစားနေရင်
    အမေရိကန်ဟင်ဘာဂါစားကြည့်ဖို့ လက်ချာရိုက်လေ့လည်းရှိပါတယ်..။

    ဗမာကြီးတွေရဲ့ မုန့်ဟင်းခါး..
    တိုးပွား ရောင်းကောင်းအောင်
    Instant Noodle လိုလုပ်သင့်ကြောင်း..( တပြားမှမယူ )
    အကြံပေးဆွေးနွေးတာမျိုးလည်း လုပ်ပါတယ်..။

    ဒီလိုလူမျိုးနဲ့
    ပေါင်းသင်းဆက်ဆံ
    အကြံဉာဏ်ယူ အမှန်ထူနိုင်ရင်….
    သတိပဌာန်တရားမလို…
    တကယ်ကို အောင်မြင်သူဖြစ်မှာ… 🙂

    သဂျီးဆိုတာမျိုးဟာ
    တမိုးအောက်တယောက်
    တလောကလုံး
    ဘယ်သူမှမလုပ်ရဲတဲ့အလုပ်…
    စည်းစိမ်ပြုတ်ရင်ပြုတ်… လုပ်တတ်သူပါ။
    (တိုက်ဆိုင်၊ အိမ်ဆိုင်၊ ခြံဆိုင်၊ ကားဆိုင်မှုများရှိလျင် .. လှူတန်းလိုက်ပါ)

  • char too lan

    June 12, 2011 at 8:19 am

    အင်းပေါ့ သူငယ်ချင်းဆိုတာအဲ့ဒါမျိုးဖြစ်နေရင် ကောင်းတာပေါ့နော် ဒါပေမယ့် တူညီဖို့လိုသေးတယ် မတူညီတာတွေနဲ့ အတင်းသူငယ်ချင်းလုပ် လို့ကတော့ မှားပီပဲ ………. 🙁
    အပေါ်က ဦးကြောင်ကြီးနဲ့ သဂျီးမင်ကတော့ တူလွန်းပီး မညီတော့ သူငယ်ချင်းမဖြစ်နိုင်ပြန်ဘူး

  • fatty

    June 12, 2011 at 9:11 am

    နာမည်ကတော့ချာတူးလန်တဲ့ …. မှတ်ချက်ကတော့ ကောင်းသလားမပြောနဲ့။

  • mayhtet

    June 12, 2011 at 12:31 pm

    ဟုတ်တယ် သူငယ်ချင်းအစစ်ဆိုတာရှားတယ်လေ မေထက်မှာလဲသူငယ်ချင်းဆိုးသူကောင်းဘက် သယ်ရင်းတစ်ယောက်ရှိတယ်။

Leave a Reply