ညစာ စားနေတဲ ့ ညတွေ…

alinsettJune 6, 20111min1846

ငါနဲ ့အတူ က ခုန်ဖို ့
မိုးတိမ်တွေကို ဖိတ်ထားတယ်….
အဖြူစစ်စစ် ညစာ စားပွဲအတွက်..
ကွဲနေတဲ ့ ငါ့အသည်းကို…တစ်ဝက်တိတိ ချက်ပြုတ်ထားတယ်။
နှင်းဆီတွေရဲ ့ရိုးသားတဲ ့ရနံ ့ ကိုလည်း…
ထိုင်ခုံတွေပေါ် ကြိုတင် ဆွတ်ဖျန်းလို ့…….။
ပြီးရင်တော့ ၁ ၂ ၃ လို့ ငါအော်လိုက်တာနဲ ့…
မင်းတို ့ အားလုံး ကကြပေ့ါ…။

“ငါ တစ်ခု လုံး” ပျောက်နေတဲ ့ ငါ့အတွက် ကကြ။
ဝမ်းနည်းနာကျင်စွာ အော်ဟစ် မြည်တမ်း လိုက်သမျှ..
ငါ့ရင်ကွဲသံ ကိုလည်း……….
ပျော်စရာ ဂီတ သံစဉ်တစ်ခု လို့ သတ်မှတ်ပြီး…
က ……က …ကကြပါတော့ …..ကွယ်……….
….. . …. … .. .. . . . .. . . . . . . . . . . . . . .။

 

အလင်းဆက်

23.12.2010 ညနေ 4း00

alinsett.art@gmail.com

 

ဒီကဗျာလေးကလည်း ကျွန်တော့်ရဲ ့  http://alinsett.multiply.com  မှာ တင်ထားဖူးတဲ ့ကဗျာလေးပါ။

ဖတ်ပြီးရင် ဝေဖန်ပေးကြပါဦးလို့ပြောပါရစေ။  မော်ဒန်ကဗျာ လို့  စာပေမိတ်ဆွေ တစ်ယောက်က သတ်မှတ်ဖူးတဲ ့ကဗျာလေးပါ။

မော်ဒန် ဖြစ်အောင်..လို့  တမင်လုပ်ရေးတာ မဟုတ်ပါဘူး။ ကျွန်တော်က ခံစားရသလို ရေးလိုက်တာပါပဲ။ မော်ဒန် ကဗျာ အမျိုးအစား လို့ သတ်မှတ်တာ က  ဝေဖန်သူတွေရဲ ့ အလုပ်ပါ။ ကျွန်တော် ့အလုပ်က ကဗျာလေးတွေရေးနေဖို့ပါပဲ။

မော်ဒန်ခေတ်မှာ ရှင်သန်ကြီးပြင်းလာတဲ ့လူငယ်တစ်ယောက်အနေနဲ ့  ဖန်တီးတဲ ့အနုပညာ ပစ္စည်းက မော်ဒန်အနုပညာ..ပစ္စည်း ဖြစ်သွား/

ဖြစ်နေတာကတော့       ….     ……

လေးစားစွာ……

အလင်းဆက်

6 comments

  • windtalker

    June 6, 2011 at 4:51 am

    မော်ဒန် မလုပ် ပဲ နဲ ့ကို မော်ဒန် ဖြစ်သွား အောင် ဖန်တီးနိုင်တာကို က လေးစားစရာ ပါပဲဗျာ ။

  • captainamerica

    June 6, 2011 at 9:01 am

    ကို A လင်းဆက်ခင်ဗျား ‌ရွှေအသစ်မှာ သူငယ်ချင်းရဲ.ဝတ်ထုတိုကိုဖတ်ဖူးပါတယ်……..ဆက်အား‌ပေး‌နေမယ် သူငယ်ချင်း

  • kai

    June 6, 2011 at 9:18 am

    က ……က …ကကြတဲ့အခါ…
    နင်တခုဖြစ်တဲ့ “အမော”က ပြောလာလိမ့်မယ်..
    နှင်းဆီရူရင်း ဝိုင်သောက်ကြရအောင်..။

    သွေးနုရောင်သမ်းနေတဲ့.. ဝိုင်ချိုနဲ့အတူတွဲမဲ့.. အမြည်းက..
    ဖြူနေတဲ့ စားပွဲပေါ်က တဆတ်ဆတ်ခါနေတဲ့.. အသည်းတဝက်ပေါ့..
    ဪ..အင်း..
    နမ်းလိုက်ပါဦး..တကူးတကဧည်သည် တိမ်မိုးလေးကို…

    အနမ်းတပွင့်ရယ်။ ဝိုင်ချိုရယ်ကို.. အသည်းနဲ့စားတဲ့အခါ
    “ကဗျာ”ကပြောလိုက်တယ်…
    က..က..ကြပါဦးလေ….တဲ့..။

  • windtalker

    June 6, 2011 at 1:56 pm

    ကောင်းလိုက်တဲ ့သူကြီး ဗျာ သင်္ခနုပတ်တိ ဉာဏ် အလွန်ကောင်း ( စာလုံးမပေါင်းတတ် ပေါင်းတတ် နှင့် ပေါင်းလိုက်ပါသည် ။ တစ်ကယ် ချီးကျူးချင်ပါသဖြင့် ) တို ့သူကြီး က တော့ နံပါတ် တစ် ပဲ ဟေ့

    • အလင်းဆက်

      January 23, 2015 at 12:33 pm

      အခုတလော..သူကြီးတစ်ယောက် ကဗျာ မစပ်ဘူး…
      ပြီးတော့…ဦးပေ တစ်ယောက်လည်း.. ရွာ မပတ်ဘူး…

      🙁

Leave a Reply