ရန်ကုန်မြို့လယ် ဈေးမရောင်းရ

ဂ်စ္စူJune 3, 20111min5418

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ဝ၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၅ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ စည်ပင် နယ်နိမိတ်အတွင်း လမ်းဘေးဈေး မရောင်းရန် အကြိမ်ကြိမ် တားမြစ်ခဲ့သည်မှာ မအောင်မြင်ခဲ့ သော်လည်း ယခုတဖန် စည်ပင်ရဲများ ကိုယ်တိုင် သောကြာနေ့မှစ၍ ရန်ကုန်တိုင်းရှိ မြို့နယ် ၆ မြို့နယ်၌ လိုက်လံ တားလာပြန်သည်။

လသာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လမ်းမတော် မြို့နယ်များ၌ စည်ပင်ရဲများက အုပ်စုလိုက်ဖြင့် တဆိုင်ဝင် တဆိုင်ထွက် တားမြစ်ခြင်း ဖြစ်သည်။ ရာပေါင်းများစွာသော ဈေးသည်များ ထိခိုက်မှာ
ဖြစ်သည်။

ရန်ကုန်စည်ပင် ဥပဒေအရ ညနေ ၃ နာရီ နောက်ပိုင်း
street_shop

ရန်ကုန်မြို့လယ် ဈေးမရောင်းရ တားမြစ်ပြန်သဖြင့် ပျံကျဈေးသည်များ အခက်တွေ့ (ဓါတ်ပုံ မဇ္ဈိမ)
လမ်းဘေးဈေး ရောင်းခွင့် ပြုသော်လည်း ဇွန် ၃ ရက်နေ့ တားမြစ်ချက်မှာ မည်သည့် အချိန်မှ မရောင်းရန်
ဖြစ်သည်။ မလိုက်နာလျှင် ပစ္စည်းသိမ်းမည့် အပြင် ထောင်ဒဏ် ၃ လအထိ အရေးယူနိုင်ကြောင်း စည်ပင် စီမံရေးရာ ဌာနမှ အရာထမ်း တဦးက ပြောသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့လယ်ခေါင် လမ်းမများ၏ လူသွားလမ်းမများပေါ်တွင် လူကြပ်လေ့ရှိသော်လည်း ယနေ့တွင် ရှင်းလင်းနေသည်။

ကျောက်တံတားမြို့နယ် တခုထဲတွင်ပင် ဈေးသည် ၃၀ဝ ကျော်ရှိပြီး ပျံကျဈေးသည်များက နေရာ သတ်မှတ်မှု ပေးရန် အာဏာပိုင်များထံ တောင်းဆိုရန်
ပြင်ဆင်နေကြသည်။

‘‘မနက်ဖြန် စနေနေ့ မနက် ၆ နာရီမှာ ဈေးသည်တွေအားလုံး စုပြီး တခုခုကို တောင်းဆိုမှုတွေ လုပ်ကြမယ်။ ဘာတွေကို လုပ်ဖြစ်မယ် ဆိုတာတော့ မသိသေးဘူး’’ ဟု ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်တွင်
ရောင်းချနေသော ဈေးသည်တဦးက ပြောသည်။

street_shop1

ရန်ကုန်မြို့လယ် ဈေးမရောင်းရ တားမြစ်ပြန်သဖြင့် ပျံကျဈေးသည်များ အခက်တွေ့ (ဓါတ်ပုံ မဇ္ဈိမ)
ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း လက်ထက် ၂ဝ၁ဝ ဇူလိုင် ၂ ရက်နေ့တွင်လည်း မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများမှ တဆင့်
မော်တော်ယာဉ်များဖြင့် လှည့်လည်၍ လမ်းဘေးဈေး မရောင်းရန် ကြေညာခဲ့ပြီး၊ မလိုက်နာပါက ဖမ်းဆီးမည်ဟု ဆိုခဲ့သည်။ ထိုနှစ် အောက်တိုဘာတွင် မြို့တော်ဝန်ဟောင်း ကိုယ်တိုင် စည်းကမ်း မလိုက်နာသူများကို ဖမ်းဆီးမည် အထိ သတိပေးခဲ့သေးသည်။

၃၈ လမ်းထဲရှိ အမိုးများဖြင့် အခိုင်အမာ တည်ဆောက် ထားသည့် ဈေးဆိုင်များ ဖျက်ခိုင်းသည်များပင် ရှိခဲ့သည်။ သို့သော် ထို့ထက်ကျော်၍ စီမံချက်မှာ အကောင်အထည် မဖော်နိုင်ခဲ့ပေ။

စည်ပင်ကော်မတီ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးဌာနမှ ရဲအရာရှိတဦးကလည်း မြို့တော်ဝန်အသစ်
ရောက်လာပြီးနောက် လမ်းဘေး ပလက်ဖောင်းများနှင့် လမ်းဘေးဝဲယာများတွင် လူသွားလူလာများအတွက် အနှောင့်အယှက် ဖြစ်စေမည့် အရာများကို ဖယ်ရှားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

လမ်းဘေးဈေးသည်များမှာ စည်ပင်မှ နေ့စဉ်ကောက်သော ဈေးကောက်ကို ပေးသွင်းရသည်။

စည်ပင်သာယာစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၅.၈ သန်းကျော် နေထိုင်လျက် ရှိသည်။

Sorce:arzarni.blogspot.com

18 comments

  • captainamerica

    June 3, 2011 at 3:02 pm

    အဲလိုဆိုလည်းတစ်မျျိး‌တော့‌ကောင်းတာ‌ပေါ့ကို‌ပေါက်‌ဖော်ရယ် မျက်စိရှူပ် နားရှူပ်သက်သာသာွးတာ‌ပေါ့
    သူတို.ဘဝကိုကိုယ်ချင်းမစာလို.‌တော့မဟုတ်ပါဝူး။ ရှင်းသင့်တာဖြင်ြ့ကာ‌ပေါ့။

  • timothy

    June 3, 2011 at 5:16 pm

    တူနီးရှားမှာပုလိပ်အမျိုးသ္မီးက
    ပျံကျတွန်းလှည်းဇေးရောင်းတဲ့လူကိုတားတယ်။ဖမ်းတယ်။မတရားဖမ်းရုံမကဘူး၊ပါးရိုက်တယ်။
    ဆင်းရဲသားဇေးသည်လဲနေထူး၊အာဏာရှင်အောက်မှာအဖိနှိပ်ခံရဖန်များတော့သေမထူး၊
    မြို့တော်ဝန်ရုံးသွားတိုင်တယ်။
    ထုံးဆံအတိုင်းဆင်းရဲသားဆိုတော့အာဏာပိုင်တွေကမသိကျေးကျွန်ပြုပြီးမောက်မာစွာအော်ထုပ်လိုက်တယ်။
    ဘာရမလဲ၊သေမထူးတဲ့နောက်၊နောက်ထပ်မိုးလင်းတာလဲမမြင်ချင်တော့ဘူး။
    အိမ်ပြန်ဓါတ်ဆီပုလင်းနဲ့မီးချစ်ဆွဲပြီး၊မြို့တော်ခမ်းမရှေ့ပြန်သွားပြီး၊
    စော်ကားမော်ကားဆဲလွှတ်လိုက်တဲ့အစိုးဒရအရာရှိများမျက်မှောက်မှာဘဲ၊
    သုကိုယ်သူဓါတ်ဆီနဲ့လောင်းပြီးမီးရှို့ဆန္ဒပြပြီးအသက်နဲ့အရှက်ဒေါသကိုလဲလိုက်တယ်။
    သူဘာကြိမ်ဆဲသွားလဲဆိုတာဘယ်သူမှမသိဘူး။
    အဲဒီကစလိုက်တဲ့တူနီးရှားလူထုအုံကြွမှုကြောင့်၊
    တူနီးရှား၊အီဂျစ်ကသမ္မတအာဏာရှင်တွေခွေးကျကျကုန်တယ်။
    ဂဒါဖီးနဲ့ယီမင်သမ္မတဆလေးလဲပြုတ်ကျဘို့ရက်ပိုင်းဘဲလိုတော့တယ်။
    မောင်သန်းရွှေလိုငမိုက်သားနဲ့အပေါင်းပါငရဲသားများကဒီလိုဖြစ်တပ်တယ်ဆိုတာသင်ခန်းစာမယူတပ်ဘူး။
    အာရပ်ကမ္ဘာကတောါ်လှန်ရေးမီးတောက်များကဗမာပြည်ကိုကူးစက်ဘို့မကြာတော့ဘူး။

  • MaMa

    June 4, 2011 at 1:17 am

    လမ်းဘေးဈေးသည်ဆိုတာ နိုင်ငံတိုင်းလိုလိုမှာ ရှိကြတာပဲ မဟုတ်လား။ လမ်းဘေးဈေးသည် ပပျောက်အောင် လုပ်မယ့်အစား လက်လုပ်လက်စားတွေအတွက် (အခွန်လွတ်ဈေးလိုမျိုး) ဝင်ငွေရပေါက်ရလမ်းကို ဆောင်ရွက်ပေးနိုင်မှ ရမယ်။

  • photwenty

    June 4, 2011 at 2:52 am

    အခုလှည်းတန်းမှာလဲ ပြည်မြန်မာကုန်တိုက်ကိုပိတ်လိုက်တယ် ဈေးဆိုင်ခန်းတွေအားလုူံး ဒီလနောက်ဆုံးပါတ် အပြီးရွေ.ပေးရမယ်ပြောတယ် အင်းစိန်လမ်းနဲ. လှည်းတန်းလမ်းမပေါ်မှာလဲ YCDC က အမှိုက်ပုံးတွေလားထားသွားတယ် လူတွေကတော.စည်းကမ်းရှိလာမလားမသိဘူးဗျသူတို.ကလုပ်ရင် ပြည်သူတွေကလဲလိုက်ပါမယ်ဆိုရင် အရင်ထက်ပိုကောင်းလာစရာတော.ရှိမယ်ထင်တာပဲ
    ပို.စ်တစ်ခုအနေနဲ.တင်မလို. ဓါတ်ပုံတင်မရတာနဲ. မတင်တော.ပဲ ဝင်မန်းတာပါ
    ကျနော်ဖိုးတွမ်တီးပါ

  • PaukPhaw

    June 4, 2011 at 2:54 am

    စားပေါက်တွေလျှောက်ပိတ်ပြန်ပြီ..
    မြင်ယောင်သေးတယ်..မြင်ယောင်သေးတယ်…

  • MaMa

    June 4, 2011 at 2:58 am

    ဓာတ်ပုံရိုက်ပြီး ပိုစ့်တစ်ခုအနေနဲ့ တင်တော့ ပိုပြီး ပြည့်ပြည့်စုံစုံ သိရတာပေ့ါ ဖိုးတွမ်တီးရယ်။ (သဂျီးအတွက် ၈ဝ ကုန်သွားတာက လွဲလို့ပေ့ါ။)

  • etone

    June 4, 2011 at 3:19 am

    လမ်းဘေးဈေးသည်ကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး… ။အခြေခံလူတန်းစားတွေအတွက် လမ်းဘေးဈေးသည်ကိုပဲ အားကိုးနေရတာပါ ….။ စည်းလေးကမ်းလေးနဲ့ ရောင်းတတ်အောင် သင်ပေးမယ်ဆိုလျှင် အားလုံး အံဝင်ခွင်ကျ ဖြစ်မှာပါပဲ … ။
    ဆိုင်ကြီးတွေမှာ ရောင်းတဲ့ ခေါက်ဆွဲကျော်တပွဲ 2500 ၊ ပင်လယ်စာနဲ့ ကျော်မယ်ဆို 5000 လောက်ပေးရတယ်… ။ ဒါကို အလယ်လတ်တန်းစားလူတန်းစားတွေ စားမယ်ဆိုလျှင်တောင် နည်းနည်းပြန်ချင့်နေရတဲ့ အနေထားပါ… ။ အခြေခံလူတန်းစား ၊ နေ့စားအလုပ်သမားတွေအတွက်ကတော့ ထမင်းကြော်တပွဲ ငါးထောင်ဆိုတာ သူတို့ တနေ့လုပ်ခထက်ပိုနေတာကြောင့် မစားနိုင်လို့ …. လမ်းဘေးဈေးဆိုင်ကရောင်းတဲ့ … ခေါက်ဆွဲကြော် အသားမပါ 200တန် ၊ 300 တန်လေးနဲ့ပဲ တင်းတိမ်ရတာပေ့ါ … ။ ဆူးလေလို လမ်းလည်ခေါင်မှာတောင် မုန့်ဟင်းခါးတပွဲ 100တန်တောင် ရှိသေးတယ်… ။ ဒါကလည်း အခြေခံလူတန်းစားတွေအတွက် လမ်းဘေးဈေးသည်က ရောင်းပေးနိုင်တဲ့ ဈေးမျိုးပါ… ဆိုင်ခန်းခ ၊ လေဘာခ ဘာညာ ထည့်မပေါင်းတော့လည်း သူတို့ ရောင်းပေးနိုင်ပါတယ်… ။ ဒါတောင် ဈေးကောက်တို့ စည်ပင်တို့က လာလျှင် ပေးရပါသေးတယ်… ။ မုန့်ဟင်းခါးတပွဲ 100တန်ဆိုလို့ ညစ်ညစ်ပတ်ပတ် ညံ့ညံ့ဖျင်းဖျင်း ချက်ထားတာတော့မဟုတ်ဘူး …ငါးလျှော့ထားတယ်… ဟင်းရည်ကျဲတယ်… မုန့်ဖတ်နည်းနည်းနည်းမယ်… ဆီချက်မပါဘူး… ဒီလောက်ပဲ … 100ဆိုတော့ အခြေခံလူတန်းစားတွေ စားကြတာ ကြိတ်ကြိတ်တိုးပါပဲ…. ဟင်းရည်အိုးအကြီးကြီး တစ်နာရီကျော်ကျော်လောက်ဆို ကုန်တယ်တဲ့လေ … နှစ်ဆန်း ၁ရက်နေ့က ဆိုင်တွေ မဖွင့်လို့ … ကျမကိုယ်တိုင်က စပ်စပ်စုစုမို့ သွားကြည့်နေခဲ့တာပါ့ … ။ သူတို့စားနေတာ အရသာမှ ရှိပါ့မလားဆိုပြီး ကျမလည်း ပါဆယ်ဝယ်ခဲ့တယ်…. ။ အိမ်ရောက်လို့ မြည်းကြည့်တော့ မဆိုးဘူးပဲ … ။ တအိမ်လုံးကိုလည်း တယောက် တဇွန်းဆီ အမြည်းကျွေးပြီးမှာ 100တန်ဝယ်လာတာပြောတော့ ဝိုင်းဆဲကြရော … 😛

    လမ်းဘေးဈေးသည်ဆိုတာ လိုအပ်ပါတယ်… စနစ်တကျ လမ်းမပိတ်အောင် ရောင်းနိုင်ဖို့ စီစဉ်ပေးလျှင်ပဲ အတော် အကျိုးရှိမှာပါ … ။

    • susunosuki

      June 4, 2011 at 5:09 am

      etone ပြောတဲ့ အချက်က လှည်းတန်းမှာတော့ မမှန်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ လှည်းတန်းမှာဈေးရောင်းတဲ့ လမ်းဘေးဆိုင်အပါအဝင် ဆိုင်အားလုံး ကသက်ဆိုင်ရာအစားအသောက်တွေမှာ အမြင့်ဆုံးဈေးတွေနဲ့ ရောင်းတာကြည့်ပဲ။ မုန်ဟင်းခါးစားမလား-တစ်ပွဲသုံးရာ၊ ကြက်သားသုတ်၊ ဖရဲသီးသည်က အစ အားလုံးဈေးအမြင့်တွေပဲ။
      ဒါပေမယ့် လူဦးရေ အရ ဒီဆိုင်တွေ မရှိနေရင်လည်း တိုက်ခန်းဆိုင်ကြည့်ပဲဆို ညနေစာတောင်စားရဖို့မမြင်။

      • etone

        June 4, 2011 at 5:24 am

        လှည်းတန်းက လမ်းဘေးဆိုင်တွေကတော့ ကျောင်းသားတွေ ၊ ရုံးသမားတွေ အတွက်ရည်ရွယ်လို့ ဈေးမြင့်နေတာပါ … ။ ရခိုင်မုန့်တီဆိုင်ဖွင့်ဖို့ ..မြေညီထပ်ငှားတာတောင် လေးသိန်းပေးရတယ်… တလကို လေးသိန်းဆိုတော့…..။လမ်းဘေးသာရောင်းတယ ်ဘီလူး၊သရဲစီးသလိုရောင်းနေကြတာ.. ။ အဲ့ဒါမျိုးကျလျှင် ဘာလို့မှန်းမသိ ဘယ်စည်ပင်ကမှ လာမပြောဘူး လမ်းပိတ်တယ် ကြပ်တယ် ဘာသံမှ မကြားရဘူး။

  • မမလေး

    June 4, 2011 at 3:58 am

    အဲ့ဒါကောင်းတယ် … လသာမှာဆို နေ့ဆိုလည်း ဈေးသည်တွေက လမ်းပေါ်တတ်ရောင်းနေတော့ ကားကြပ်တယ် … ခုလည်း ည ကျမှ ရောင်းတာပါ .. ၅ ကျော်ကျော် ၆ လောက်မှ အဲ့ဒီအချိန်ဆို ကားစကြပ်ပြီပဲ … မုန့်ဟင်းခါး ၁၀ဝ တန်တော့ မတွေ့ဖူးသေးဘူး …

    • etone

      June 4, 2011 at 5:20 am

      ဆူးလေကမြို့တော်ခန်းမရှေ့ ၊ ဧမာနွေလ ဘုရားကျောင်း ရှေ့မှာ 100တန် မုန့်ဟင်းခါးဆိုင် 3ဆိုင်လောက်ရှိတယ် .. အထမ်းသည်တွေချည်းပဲ … ။ မမလေးလည်း စိတ်ဝင်စားလျှင် လေ့လာနိုင်ပါသည် .. ။

  • နွယ်ပင်

    June 4, 2011 at 4:01 am

    လမ်းဘေးဈေးသည် ဆိုတာကတော့ ဈေးနှုန်းသက်သာပြီး စားရတာလဲ အဆင်ပြေနေတော့ အခြေခံ လူတန်းစားတွေ အများဆုံးအားကိုးနေရတာပဲလေ .. အခုလို မရောင်းဖို့ လိုက်တားနေမယ့်အစား လမ်းဘေးဈေးသည်တွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုခုကို လုပ်ပေးလိုက်ရင်ပို အဆင်ပြေသွားမယ်ထင်တယ်…

  • good

    June 4, 2011 at 5:22 am

    လမ်းဘေး ဈေးသည် လည်း အလုပ် လက်မဲ့ မဖြစ် စေချင်ဘူး။
    ပလက်ဖောင်းသည် လည်း လမ်းလျောက် သူများ အတွက်သာ အဓိ က ဖြစ်စေချင်တယ်။
    နောက်ပြီး ကျမ္မာရေးအတွက် လမ်းဘေး ဈေးသည် တွေကို သန့်သန့် ရှင်းရှင်း ရောင်းဖို့ ကြပ်ကြပ်မတ်မတ် ရှိစေချင်တယ်။
    ဖိနပ် တဖျတ်ဖျတ် နဲ့ သွားလာ နေတဲ့ လမ်းဘေးမှာ ပဲ သုပ်တယ်၊ပြုပ်တယ်၊ ချက်တယ်၊ ကြော်တယ် ဆိုတော့
    သန်ရှင်းနိုင် မှ တော်ကာကျမယ် လေ။

  • pyaopyaomay

    June 5, 2011 at 2:25 pm

    ပျိုမေတို့ နေတဲ့လမ်းဆိုရင် လမ်းထိပ်မှာလမ်းဘေးဆိုင်ကအပြည့်ဘဲ တစ်ခါတစ်လေကြ လမ်းတောင်ပျောက်ချင်နေတယ်။ အော်ဟစ်ကြ ရန်ဖြစ်ကြနဲ့ လမ်းသွားလမ်းလာတွေ ဒုက္ခရောက်ရတယ်။ စားဝတ်နေရေးအရဆိုရင်တော့ သနားပေမယ့် ဒါမျိုးတွေတော့မရှိသင့်ဘူးလို့တော့ထင်တယ်။ ဈေးရောင်းဖို့ အတွက် ရပ်ကွက် ၁ ခုမှာ သီးသန့်နေရာ သက်မှတ်ပေးရင်တော့ ကောင်းမယ်လို့တော့ထင်တယ်။

    • bigcat

      June 5, 2011 at 5:00 pm

      ပျိုမေလို့ ကိုယ်နာမည်ကိုယ်တပ် ရေးလိုက်လို့ တော်သေးတာပေါ့။ ကိုကြောင်ကြီးက စာလုံးဒဲ့ပေါင်းပြီး ပျားအိုမေလို့ မှားတော့မလို့ 🙂
      ပျိုမေ
      တကိုယ်ရည်
      စိုပြေ…
      အပိုတွေ
      ကိုယ်လေ
      မဆိုပေ…
      တိုရှည်
      အိုကေ
      မျိုမလေ…

  • pooch

    June 5, 2011 at 2:36 pm

    အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် လမ်းဘေးဈေးသည် ဆိုတာ မရှိမဖြစ်ပါ။ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့ အခြေအနေမျိုး ဖန်တီးပေးရင် ကောင်းမယ်။

  • unclegyi1974

    June 5, 2011 at 4:23 pm

    လမ်းဘေးဈေးသည်ကနိုင်ငံတိုင်းရှိတာပါ
    စနစ်ကျဖို့လိုတာပါ
    လမ်းဘေးရောင်းသူရောဈေးထဲရောင်းသူရော
    မြန်မာမှာကရ ရင်ရသလိုနေရာချဲ့ကြတာထုံးစံ
    ဖြစ်နေတော့ အမြဲစည်းပျက်သလိုဖြစ်နေတာပါ
    ဈေးသည်တွေဘက်လည်းစည်းကမ်းလို်က်နာတာအတော်အားနည်း
    တယ်လို့ပြောချင်ပါတယ်
    ဖြေရှင်းတဲ့နည်းမှန်တွေ့ဖို့လိုတာလို့ပြောချင်ပါတယ်

Leave a Reply