အလှူရှင်လိုနေသေးတဲ့ မူလွန်ကျောင်းလေး /သဝဏ်လွှာ (၈) by May Aye Oo

padonmarJune 3, 20114min1055

သဝဏ်လွှာ (၈)
by May Aye Oo on Friday, June 3, 2011 at 11:57am

မူလွန် ကျောင်း Project

URGENT!

လောဘသမားက လှူဖို့ စဉ်းစားလိုက်တာနဲ့

မိမိရဲ့ ငွေကြေး ဥစ္စာတွေ ကုန်သွားမှာကို စိုးရိမ်စိတ် ကြောင့်ကြစိတ် သောကတွေနဲ့ ပူလောင်သွားတယ်။

အလောဘ သမားကျတော့ လှူလိုက်တာနဲ့ စိတ်ထဲမှာ ပီတိအဟုန်နဲ့ ကြည်နူး အေးချမ်းသွားတယ်။

အရှင်ဉာဏဒီပ

———- xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ——–

ကျောက်ကွင်းရွာ မှာ မူလတန်းကျောင်းကလေးဘဲ ရှိပါတယ်။ ဒါကြောင့် ကျောက်ကွင်းရွာက ကလေးများဟာ.. ၄ တန်း အောင်ပြီးရင် ကျောင်းပြီးပြီလို့ ဆိုကြပါသတဲ့..။ ဒါကြောင့်ရွာ က လူငယ် ၊ လူကြီး အများစု ဟာ အတန်းပညာ နည်းကြ ပါတယ်..။ အဲဒါ အပြင် ပြင်ပ ဗဟုသုတ လဲ နည်းကြတော့ အစစအရာရာ နောက်ကျကြပြီး..ဆင်းရဲတွင်းထဲက ကို မတက် နိုင်ကြပါဘူး..။ ဒါကြောင့် လဲ.. ကျမတို့ က ကလေးတွေ ရော၊ လူငယ်တွေ၊ လူကြီးတွေ ရော.. ပြင်ပ ဗဟုသုတ တွေ ရ ရ အောင်လို့ စာကြည့်တိုက်ကလေး လုပ်ပေးခဲ့ တာ.. တော်တော်အောင်မြင်နေပါပြီ..။ ကလေးတွေ ကိုလဲ မူလတန်းထက် ပညာပို တတ်စေချင်တာမို့ ဆရာတော် က မူလွန်ကျောင်း ကလေး ဖြစ်စေချင်တာပါ..။

ကလေးတွေ က မူလတန်းအောင်လို့ အလယ်တန်း တက်မယ် ဆိုရင် အနီးဆုံး ရွာကျောင်းကို သွားတက်တာတောင်.. နေကလေးပွင့်ပြီး ခြေခင်း လက်ခင်းလေး သာရင် အနည်းဆုံး ၂ နာရီ လမ်းလျှောက်ရပါတယ်..။ မနက် ၉ နာရီ တက်တဲ့ ကျောင်းကို အိမ်ကနေ မနက် ၆ နာရီ ကထဲက စ ထွက်ရပါတယ်..။ နေ့လယ် ၃ နာရီ ကျောင်းဆင်းရင် ရွာကို ညနေ ၅နာရီ ကျော် မှ ပြန်ရောက်ကြပါတယ်..။ မိုးတွင်းနဲ့ ဆောင်းတွင်းတွေ ဆိုရင်တော့ သွားလာ ရတာ တော်တော် အဆင် မပြေကြ ပါဘူး..။ မြွေပွေး ပေါတဲ့ အရပ်မို့ အန္တရာယ် လဲ သတိထားရပါတယ်..။ မြွေပွေး တွေကလဲ နှင်း ကလေး ကျပြီ ဆိုတာနဲ့ အလျို အလျို ထွက်လာကြတာ..။ အထူး သဖြင့် မနက် လင်းအားကြီး နဲ့ နေဝင်ရီသရောမှာ.. ပိုထွက်ကြ တာ ပေါ့..။

အဲဒီ အပြင် ကလေးတွေ ကို ထမင်းထုပ် ၂ ထုပ် ထည့် ပေးရတာက မိဘ တွေ အတွက် သိပ်ကို ဝန်ပိစေတဲ့ အချက် တစ်ခုပါ..။ ကိုယ့် အိမ်မှာ ဆားနဲ့ ဘဲ စားစား၊ ထမင်း ထုပ် ထည့်ရတဲ့ အခါကျတော့၊ ဟင်း.. စီမံ ရပါပြီ။ ဆင်းရဲတွင်း နက် ကြတဲ့ ရွာ ကလေးမို့ ဒါက သူတို့ အတွက် ဒုက္ခ တစ်ခုပေါ့..။ ဒါနဲ့ ဘဲ ကလေးတွေက နွားကျောင်း၊ ပဲ နုတ်၊ ကောက်စိုက် နဲ့ ပညာရေး နဲ့ ဝေးကုန်ကြတာပေါ့..။

ဆရာတော် က ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ချင်တာပါ။ ဒါပေမဲ့ ရွာမှာ မူလတန်း ကျောင်းရှိတဲ့ အတွက် သာ-ထွန်း-ပြန့် က ဘုန်းတော်ကြီးသင် ကျောင်းဖွင့်ဖို့ ခွင့်မပြုပါဘူး။ ဒါကြောင့် ဆရာတော်က ရွာက မူလတန်းကျောင်း လေးကိုဘဲ အစစ၊ အရာရာ ကြည့်ရှု၊ ဆောင်ရွက်ပေးနေတာပါ။

အခု မူလွန်ကျောင်းလျှောက်တာလဲ ခံဝန်ချက်နဲ့ပါ။ ဆရာ/မ မတောင်းရ၊ ဖတ်စာအုပ်၊ အဆောက် အဦး မတောင်းရ။ မိမိဖာသာ တာဝန်ယူပါ့မယ်.. ဆိုပြီး ဖွင့်ခွင့် ဆိုတာလေးဘဲ လျှောက်တာပါ။ ဒါတောင် ဒီနှစ်က ၃ နှစ်မြောက် လျှောက်ခြင်း ပါ..။ မူလွန် ဖွင့် ရရင် ၅ တန်းကျောင်းသား ၂၅ ကနေ ၅ဝ ထိ ရှိနိုင်ပါတယ်။ ကျောင်းလက်မခံရသေးလို့ အတိအကျ မပြောနိုင်သေးပါဘူး။

မူလွန်က ဒီနှစ် ရဖို့ အလားအလာ ရှိပါတယ်.။ မူလွန်ရရင် တစ်နှစ်ကို တစ်တန်းဘဲ တိုးခွင့်ရှိပါတယ်။ ဒါကြောင့် ဒီနှစ်တော့ ၅ တန်းက စပြီး တိုးမှာပါ။ အဲဒီ အတွက် လိုအပ်ချက်တွေ ကတော့ …

၁) ဆရာ/မ ၂ ဦး (တစ်လလျှင်) လခ ၃၅၀၀၀×၂ = ၇၀၀၀ဝ ကျပ် (လစဉ်)

၂) ၅ တန်း ဖတ်စာအုပ် ၃ဝ စုံ × ၁၆၀ဝ = ၄၈၀၀ဝ ကျပ်

၃) ကွန်ပါဘူး ၃ဝ ဘူး × ၈၀ဝ = ၂၄၀၀ဝ ကျပ်

၄) ဗလာစာအုပ် ၉ဝ ဒါဇင် × ၁၈၀ဝ = ၁၆၂၀၀ဝ ကျပ် (တစ်ဦးလျှင် တစ်နှစ်စာ – ၃ ဒါဇင် နှုန်း)

၅) ကျောင်း အိမ်သာ (တွင်းပြိုနေပါပြီ) ပြုပြင်ပေးရန်.. (၅၀၀၀ဝ ကျပ်)

၆) စာသင်ခန်း အဆောက်အဦး (မြေသား အခင်း၊ ကျူထရံကာ၊ သက်ကယ် မိုး၊ စာသင်ခန်း ၂ ခန်းစာ၊ = ၅၀၀၀၀ဝ ကျပ်)

၇) ၂ ယောက်ထိုင် စာသင်ခုံ + ကုလားထိုင် တစ်စုံ = ၂၀၀၀ဝ ကျပ် x ၁၅ စုံ = ၃၀၀၀၀ဝ ကျပ်

ဒါတွေကတော့ အခြေခံ နဲ့ အကြမ်းဖျင်း လိုအပ်ချက်ပါ။ အတိအကျတော့ မဟုတ်သေးပါဘူး။ ကျောင်းစ ဖွင့်တဲ့ လ မှာ တော့ ကုန်ကျစရိတ်များမှာပါ။ နောက်လ တွေမှာတော့၊ ဆရာ/မ လခ ဘဲ ပုံမှန်လို ကုန်မှာပါ။ နောက်ပိုင်းမှာ ဒီကျောင်း လေးက နှစ်စဉ် တစ်တန်းစီ တိုးသွားမှာမို့ ဒီကျောင်းကို စောင့်ရှောက်တဲ့ လုပ်ငန်းလေးကို Project လေး အနေနဲ့ လုပ်ချင် တာပါ..။ နောက်ပိုင်း မှာ တတ်နိုင်ရင် တတ်နိုင်သလို ထူးချွန် တဲ့ ကလေးတွေ ကို ဆုပေးတာတို့၊ ပညာသင်စရိတ် ပေး တာ တို့ စ, တာ တွေကိုလဲ တိုးချဲ့သွားလို့ ရပါတယ်..။ တစ်ကယ်လဲ နွမ်းပါးပြီး လိုအပ်တဲ့ နေရာမို့ လုပ်ချင်ပါတယ်..။

မနေ့က ၂-၆-၂၀၁၁ မှာ မူလွန်ဖွင့်ခွင့် အမိန့် ကျပြီ မို့ ဒီ ကိစ္စလေးက အရေးပေါ် URGENT လိုအပ်ချက်ကလေး ဖြစ်နေ လို့ စေတနာရှင်၊ ဂရုဏာရှင် များ က မြန်မြန်လေး ကူကြပါအုံး… နော်..။

ပြည်မြို့နယ် တစ်ခွင် လုပ်ငန်းတွေ ကျောက်ကွင်းဆရာတော် ရဲ့ အကူအညီ နဲ့ ဆောင်ရွက်ပါတယ်။ ဆရာတော့် ဆီကို ဘဏ်က တဆင့် ငွေလွှဲနဲ့ ဖြစ်ဖြစ်၊ ကိုယ်တိုင်လည်း အချိန်ပေး သွားကြည့်ပြီး ဖြစ်ဖြစ်၊ အလုပ်လုပ်ပါတယ်။

လှူဖို့ စိတ်ဝင်စားတယ် ဆိုရင် ကျမကို 2000.donation.group@gmail.com နဲ့ email ပို့လိုက်ပါရှင်..။

ကလေးတွေ ပညာရေးကို အရမ်း ဖြစ်စေချင်လို့ပါ….။

ကလေးတွေ စိတ်ချမ်းချမ်းသာသာ နဲ့ ပညာသင်နိုင်ကြပါစေ….။

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ကူညီနိုင်သောသူ ဖြစ်ပါရစေ…။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

2000.donation.group@gmail.com

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်..

Dear bros and sis,

We have an Education Project of “Starting Grade 6” at Kyauk kwin village Primary school. Previously, there are up to Grade 5 only. So, the village children just stopped their education when they finished Grade 5. If they wish to continue, they have to go to another village called “Hlwa-sin” Secondary school which is 7 miles far away from their village. They have to walk at least 2 hours if the weather is good.

They start leaving their homes at about 6 am for their school which will be started at 9 am. At 3 pm, the school is over, but they reach home earliest at 5:15 pm. And the parents have to give them 2 packets of meals for them. As poor families, it’s burdens for them. So that most of the students could not continue their education after primary. But now we apply to upgrade the school from Grade 5 to Grade 6. Yearly we can add-up one grade more.

For this year we will add up Grade 6 and the basic costs are as follows;

(There will be 30 students – but could not confirm the exact number yet, as we just got the permission to open Grade 6 yesterday only and start accepting the students)

Hire 2 teachers salary 35,000 kyats x 2 = 70,000 kyats per month

(Every month cost)

Text Books 1,600 x 30 = 48,000 kyats

Compass 800 x 30 = 24,000 kyats

Exercise books 1,800 x 90 = 162,000 kyats

(3 dz for the whole year)

To repair the old toilets 50,000 kyats

To build the Nepal leave Tent for Grade 5 (500,000 kyats)

To make (2 persons chair+table) 20,000 kyats x 15 sets = 300,000 kyats

The teachers’ salary expenses will be spent every month, and the rest will be once a year.

If you’re interested to donate, please contact to my g-mail 2000.donation.group@gmail.com

Thanks and best regards,

May Aye Oo

2000 GROUP

2000.group.donation@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

ကျောက်ကွင်း မူလတန်းကျောင်းလေး
ကျောင်းအိမ်သာ
ပြိုနေတဲ့ အိမ်သာတွင်း

5 comments

  • padonmar

    June 3, 2011 at 3:17 pm

    မနေ့က ၂-၆-၂၀၁၁ မှာ မူလွန်ဖွင့်ခွင့် အမိန့် ကျပြီ မို့ ဒီ ကိစ္စလေးက အရေးပေါ် URGENT လိုအပ်ချက်ကလေး ဖြစ်နေ လို့ စေတနာရှင်၊ ဂရုဏာရှင် များ က မြန်မြန်လေး ကူကြပါအုံး… နော်..။
    စကားမစပ်မြွေဆိပ်ဖြေဆေးတောင်ပြတ်နေတယ်လို့ကြားမိတယ်။ ဟုတ်မဟုတ် စုံစမ်းရအုံးမယ်။

  • MaMa

    June 4, 2011 at 2:01 am

    မူလွန်ကျောင်းဖွင်ဖို့ဆိုတဲ့ project လေးကိုလည်း သဘောကျတယ်။ ဖြစ်မြောက်စေချင်ပါတယ်။

  • မမလေး

    June 4, 2011 at 3:51 am

    ပိုက်ဆံပဲလှူလို့ရတာလား … စာအုပ်တွေ ဘာတွေရောလှူလို့ရလား …. လှူမယ်ဆိုတာနဲ့ ပီတိဖြစ်မိတယ် …

  • မမလေး

    June 4, 2011 at 3:55 am

    ကျောင်းလုံးဝ ဖွင့်ဖြစ်ဖို့ သေချာပြီဆို သတင်းပို့လိုက်ပါ … အတည် တစ်ကယ် လှူပါမယ် ( ကတိနော် )

  • padonmar

    June 4, 2011 at 1:35 pm

    မမလေးရေ။လှူပေးမယ်ဆိုတာနဲ့ကို ကျေးဇူးတင်ပါတယ်။မူလတန်းကျောင်းကရှိပြီးသားပါ။ အတန်းတစ်တန်း ထပ်တိုးဖွင့်ခွင့်ရတာဆိုတော့ ဇွန်၂ ရက် ဖွင့်ခွင့်ကျတာနဲ့ စဖွင့်တော့မှာပါ။
    ပိုက်ဆံမှမဟုတ်ပါဘူး။ ဗလာစာအုပ် စာရေးကိရိယာကအစ ကလေးတွေ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဘီး၊လက်သည်းညှပ်လို ပစ္စည်းမျိုးတွေလည်း လှူရင် အသုံးတည့်တာချည်းပါပဲ။
    သမီးတို့ လှူချင်ရင် 2000.donation.group@gmail.com ကနေ ဆရာမဒေါ်မေအေးဦးကိုသာ ဆက်သွယ်လိုက်ပါ။လုပ်အားပေးလိုက်ချင်ရင်လည်း ရတယ်နော်။သင်တန်းသွားဖွင့်တဲ့ နေရာတိုင်းမှာ ဆရာဝန်လည်းပါတော့ ကျန်းမာရေးအတွက် ပူစရာမလိုပါ။သမီးတို့လှူတဲ့ ငွေတွေ ပစ္စည်းတွေ အကျိုးမရှိမှာလည်းမပူပါနဲ့။အလှူငွေထဲက ကိုယ်ကျိုးလုံးဝ မသုံးပါ။

Leave a Reply