“မပြစကောင်း…………….ပြစကောင်း”

“မပြစကောင်း…………. ပြစကောင်း…………”
မနေ့က စိန်မောင်ရယ် အောင်မောင်းနဲ့သူတပည့်ကောင်လေးရယ်ကျွန်တော်ရယ်
သူအလုပ်လာတဲ့လမ်းမှာနေ့စဉ်လိုလိုမြင်နေရတာလေးကိုပြန်ဖောက်သယ်ချပါတယ်။
မနက်မနက်ဆိုသူက 7း00နာရီလောက်မှာ ဘုရားကြီး စာတိုက်ကွေ့နားကိိုရောက်ပါတယ်တဲ့။
အဲဒီလိုသူလာတဲ့အချိန်ဆိုရင် ဧရာဝတီမြစ်ကို ကူးပြီးမှ မန္တလေးကိုရောက်ရတဲ့ မြို့တွေဖြစ်တဲ့
စစ်ကိုင်း ရွှေဘို မုံရွာ ကလေးတမူး ဘက်ကလာတဲ့လူစီးကားတွေ ကုန်တင်ကားတွေနဲ့
ဘုရားကြီးအောက်ကျင်းက ကုန်းအတက်မှာဆုံလေ့ရှိပါသတဲ့။
အဲဒီကုန်းအတက်မှာဆိုရင် လူအပြည့် ကုန်အပြည့်တင်လာတဲ့ကားတွေက မနဲဟဲပြီးတက်လာရပါသတဲ့။
အဲဒီ ကားတွေကို ကြည့်ရတာလဲ တကယ့်ကိုသနားစရာပါတဲ့။

ရွှေဘိုဘက်စစ်ကိုင်းဘက်ကလာတဲ့ ဒိုင်နာကားတွေကလဲ
လိုက်ချင်ပါတယ်ဆိုတဲ့သူအကုန်လုံးကိုခေါ်ချင်တယ်ဆိုတော့
ခေါင်မိုးပေါ်မှာလူအပြည့်တင၊်
ဘေးတန်းက ရနိုင်သလောက်တွယ် ၊
နောက်မြီးမှာ ပြုံခဲနေအောင်တင်ပြီးလာတတ်သလို၊
ကလေးတမူးဘက်ကနေဆင်းလာတဲ့ ကုန်သည်တွေက ပါးလိုက်တဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ရမှာကိုအားနာလွန်းလို့
ကားခေါင်မိုးပေါ်မှာ မဆန့်မပြဲတင်လာပါသတဲ့။
သူတို့သယ်လာတဲ့ကုန်တွေက ဘယ်လောက်အမြင့်ထိတင်လာသလဲဆိုရင် ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းကူးလို့
လေထဲမှာတန်းလန်းဆွဲထားတဲ့ လျှပ်စစ်ဓါတ်ကြုးိတို့ တယ်လီဖုန်းကြိုး တို့ နဲ့မလွတ်ဘဲညိ ညိနေတော့
ကားခေါင်မိုးပေါ်ကနေပြီးလူတစ်ယောက်ကတုတ်တစ်ချောင်းနဲ့မလွတ်တဲ့ ကြုးိတွေကို မ မ ပေးနေရပါသတဲ့။
အဲကုန်းတက်လေးရဲ့ အဆုံး မဟာမုနိဘုရားကြီးရဲ့အနောက်ဘက်ခြမ်း84လမ်း
မန်းလေးစစ်ကိုင်းကားလမ်းပေါ်မှာ သာသနာ 2500ပြည့်အထိမ်းအမှတ်အနေနဲ့တည်ထားတဲ့ဓမ္မဗိမ္မာန်လေးရှိပါတယ်။
အဲဒီဗိမ္မာန်လေးရှေ့မှာ မနက်မနက်ဆို အင်မတန်မှ ဧည့်ဝတ်ကျေပွန်တဲ့ လူကိုနေ့စဉ်တွေ့ရပါသတဲ့။
ကုန်းအတက်ကနေတက်လာသမျှ အငှားကားမှန်သမျှကို လက်ကလေးပြ ပြပြီး နုတ်ဆက်နေတဲ့သူပါတဲ့။
သူက ကိုယ်ပိုင်ကားဆိုရင်တော့ ခပ်တည်တည်နဲ့ဘဲကြည့်နေတတ်ပါသတဲ့။
တစ်ဦးမေတ္တာတစ်ဦးမှာဆိုတဲ့စကားက သိပ်မှန်ပါသတဲ့။
သူလက်ပြတာလဲမြင်ရော ကားပေါ်က စံပယ်ယာတို့ ဒရိုင်ဘာတို့ကလဲသူ့အနားလေးကိုရောက်ပြီဆိုတာနဲ့ လက်ကလေးကမ်းလို့ပြန်နုတ်ဆက်ကြပါသတဲ့။
တစ်ခါတစ်လေ လက်ချင်းတောင်ထိသလိုလို ဖြစ်အောင်တောင်နုတ်ဆက်တတ်ကြပါသတဲ့။
“လေးလေးအောင်ကလဲ အဲဒါ ပိုက်ဆံပေးရတာ အနည်းဆုံး ငါးရာ ဘဲ”လို့ဝင်ပြောပေးသူကတော့
အောင်မောင်းရဲ့တပည့်လေးပါဘဲ။
အဲဒီလက်ပြတဲ့ သူကသဘောလဲကောင်းပါတယ် သူ့ရှေ့မှာ ဆိုင်ကယ်ဦးထုပ်မပါဘဲ စီးသွားလဲ ခပ်ပြုံးပြုံးဘဲ။
လူလေးယောက်လေ ာက်တင်စီးပြီး ဆိုင်ကယ်ကို တဗြဲဗြဲလုပ်သွားလဲ ခပ်အေးအေးဘဲ။
လမ်းပြောင်းပြန်မောင်းပြီးထွက်လာလဲ မမြင်သလိုဘဲ။
ကားတွေလမ်းမအလည်ခေါင်မှာရပ်ပြီးလူတင်နေလဲ သူနဲ့မဆိုင်သလိုဘဲ
လုူိ့ကိုအောင်မောင်းကဆက်ပြောပါတယ်။
အဲဒီအချိန်မှာဘဲ “ကိုထွေး”တစ်ယောက်စိတ်တိုနေတဲ့ပုံနဲ့ လက်ဘက်ရည်ဆိုင်ထဲကိုဝင်လာပါတယ်။
“ဘာဖြစ်လာပြန်တာလဲ” လို့ဆီးမေးတော့
“ဆိုင်ကယ်နင်းကန်ခွဖြဲစီးလာတဲ့ကောင်နဲ့စကားများလာလို့ဟေ့”ဒေါသမပြေသေးတဲ့အသံနဲ့ပြောပါတယ်။

“ဘယ်နားမှာဖြစ်လာတာလဲ”လို့ကျွန်နော်ကမေးတော့
“ဘယ်နားရမှာလဲဘုရားကြီးလေးဆယ့်ငါးတာကွေ့မှာပေါ့”
“အဲဒီကောင်က လမ်းပြောင်းပြန်လဲဆင်းလာသေးတယ် ဖယ်မပေးတဲ့အပြင်လူကိုလဲဆဲသွားသေးတယ်”
လို့ဆက်ပြောပါတယ်။
အဲဒီမှာ” စိန်မောင်”က “ အဲဒီလေးဆယ့်ငါးတာမှာ ယာဉ်ထိန်းအမြဲရှိပါတယ်ဟ”လို့စိန်မောင်ကပြောတော့
အောင်မောင်းက “မအားဘူးလက်ပြနေတယ်လေ”လို့ဝင်ပြောပါတယ်။
စိန်မောင်က ဆက်ပြီး” အဲဒီနားမှာဆိုအရမ်းရှုပ်တာ ဘုရားကြီးအပေါ်ဘက်က ဆင်းလာတဲ့ကောင်ကလဲ
လမ်းပြောင်းပြန်ဆင်း၊လိုင်းကားတွေကလဲ လူတင်ဘို့ရပ်ချင်ရင်လမ်းလယ်ကောင်ရပ်၊
ခေါင်မိုးပေါ်မှာလဲလူအပြည့်၊ကုန်ကားတွေကလဲအပြည့်အမောက် တအိအိနဲ့စည်းကမ်းဖောက်၊
စက်ဘီးကလဲ နှစ်စီးယှဉ်စီးရင်း အီစီကလီလုပ်နေ ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကလဲလမ်းမပေါ်စီးချင်သလိုစီးနဲ့ ဒီလောက်စည်းပျက်ကမ်းပျက်ဖြစ်နေတာကိုယာဉ်ထိန်းတွေရှိရဲ့သားနဲ့မဖမ်းဘူးကွာ”
လို့ပြောတော့ အောင်မောင်းက စိတ်မရှည်တဲ့လေသံနဲ့
“မင်းကလဲ လက်ပြနေပါတယ်ဆိုမှကွာ”ဆိုတဲ့ စိတ်မရှည်တဲ့ လေသံခပ်ဆပ်ဆပ်လေးနဲ့ပြောပါတယ်။
ဒီလောက်လေးနဲ့များအောင်မောင်းဘာလို့စိတ်တိုရသလဲဆိုတာကျွန်တော်ကတော့စဉ်းစားလို့ရပါဘူး။
ကဲသိသူများရှင် ကျွန်တော့် ကို ရှင်းပြစေချင်ပါသဗျာ………

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(3-56-2011)

16 comments

  • mihninlay

    June 3, 2011 at 4:55 pm

    လက်လေးပြကာပြကာ…သူလေနှုတ်ဆက်တယ်..သူလေနှုတ်ဆက်တယ်…မသိပဲနဲ ့လက်ပြနေပါတယ်

  • shweminthar

    June 3, 2011 at 11:26 pm

    လက်ပြတာလား လာဘ်ပြတာလား
    ကိုပေါက် ဘယ်လိုပြတာလဲ ဟင်

  • MaMa

    June 4, 2011 at 12:47 am

    ယာဉ်ထိန်းရဲ လက်ပြတယ်ဆိုတာ သူ့အလုပ် သူလုပ်တာပဲ ဟုတ်တယ်မဟုတ်လား။ ဘာစိတ်တိုစရာရှိလဲ နော်။ ကဲ သိသူများရှင် ဆိုတော့ ကိုပေါက်လည်း …… (နောက်မှာ -ကျွန်တော့် ကို ရှင်းပြစေချင်ပါသဗျာ……… ပါလို့ တော်သေးတာပေ့ါ။)

  • Shwe Tike Soe

    June 4, 2011 at 2:50 am

    စိတ်ဆိုးတာ သူက ကားနဲ.မို.လို.ပါ ဆိုင်ကယ်နဲ.ဆိုရင် သူဘယ်စိတ်ဆိုးမလဲနော်
    အဲဒီ ၂၅၀ဝ ဗိမာန်နားက မော်တော်ပီကယ်တွေက ဆိုင်ကယ်သမားတွေအတွက် သူတော်ကောင်းလေးတွေပါ.. ဟဲဟဲဟဲ
    သူတို.ကို ရီပြရင်တောင် အမယ် ပြန်ရီပြတယ်ခင်ဗျ.. ဟဟဟဟ
    ကိုပေါက်ကြီး အဲဒီနားလေးမှာ ကျွန်တော် အိမ်ရှိတယ်… ကြုံရင်လာလည်ပါအုံး..

  • mihninlay

    June 4, 2011 at 3:05 am

    ကိုရွှေတိုက်စိုးကဘုရားကြီးနားမှာလား….

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 3:38 am

    တော်တော်နောက်တဲ့လေးပေါက်ဘဲ
    ဒေသခံလူက ဧည့်သည်တွေကို ကြိုဆိုနေတယ်အောင့်မေ့နေတာ
    နောက်မှ မော်တော်ပီကယ်ကြီးဖြစ်နေတယ်
    မော်တော်ပီကယ်ဆိုလို့ပြောရဦးမယ်
    ကျွန်တော်ငယ်ငယ်က ကျောင်းတက်တဲ့နယ်မှာ မော်တော်ပီကယ်တစ်ယောက်ရှိတယ်
    သူ့ကိုတော့ ဒေသခံတွေက ခေါင်းဖြူလို့ခေါ်ကြတယ်ဗျ
    သူဆောင်းတဲ့ဦးထုပ်ကြီးက အဖြူရောင်ကြီးဟာကို
    သူ့ရဲ့များစွာကုန်သောအကြောင်းတွေထဲက တစ်ခုကတော့
    လက်ဘက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာ သူလက်ဘက်ရည်သောက်ပြီဆိုရင်
    ဘယ်တော့မှ ပိုက်ဆံမကုန်ဘူး
    တစ်ယောက်ယောက်ရဲ့ ဝိုင်းထဲကိုဝင်မယ်
    ဒါမှမဟုတ် သူကအရင်သောက်နေနှင့်ပြီဆိုပါတော့
    တွေ့တဲ့လူကို သူကလက်ဘက်ရည်သောက်ပါဦးလို့ဖိတ်မန္တကပြုတယ်ဗျ
    အဲ့ နောက်ဆုံး ဖိတ်တဲ့သူကိုယ်တိုင်က ပိုက်ဆံမရှင်းဘဲ
    သူဖိတ်ခေါ်တာကို ဝင်သောက်တဲ့သူက ပိုက်ဆံရှင်းရတယ်
    ယုံမလားတော့သိဘူး
    အခြားအကြောင်းတွေရှိသေးတယ်
    မယုံမှာစိုးလို့

  • bigcat

    June 4, 2011 at 4:09 am

    ခြေထောက်ရှိလျက်နဲ့ လက်ပြတယ်ဆိုကထဲက မြန်မာ့ယဉ်ကျေးမှုအရ ယဉ်ကျေးသော သဘောကိုဆောင်၏။ သို့တည်းမဟုတ် ခြေထောက်ပြတာမရလို့ လက်ပြရသောကြောင့် လက်ပေါက်ကတ်သည်၊ လက်ဝင်သည် မည်၏။ ကိုယ့်အပြစ်ကိုယ်ရှု ကိုယ်စိတ်ကိုယ်စစ်လော့ ငါ့ရှင်…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 5:26 am

    ရိုသောစွာလျှောက်ထားအပ်ပါသည် ဘန္တေ ကိုကြောင်ကြီး
    အပြောအဆို ခက်ကြောင်း တရား
    အပြောအဆို ခက်ကြောင်း တရားတို့ ဟူသည် အဘယ်တို့နည်း။
    အကြင်သူသည် အလိုဆိုး ရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်တတ်၏၊
    အကြင်သူ၏ ဤအလိုဆိုး ရှိခြင်း အလိုဆိုးတို့၏ အလိုသို့ လိုက်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကို ရှုတ်ချတတ်၏၊
    အကြင်သူ၏ ဤမိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် အမျက် ထွက်တတ်၏၊ အမျက် လွှမ်းမိုး ခံရ၏၊
    အကြင်သူ၏ ဤအမျက်ထွက်ခြင်း အမျက် လွှမ်းမိုးခံရခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် အမျက် ထွက်တတ်၏၊ အမျက် ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး ဖွဲ့တတ်၏၊
    အကြင်သူ၏ ဤအမျက် ထွက်ခြင်း အမျက် ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး ဖွဲ့ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် အမျက် ထွက်တတ်၏၊ အမျက် ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီး၏၊
    အကြင်သူ၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီးခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် အမျက် ထွက်တတ်၏၊ အမျက်နှင့် နီးစပ်သော စကားကို ြွမက်ဆို တတ်၏။
    အကြင်သူ၏ ဤအမျက် ထွက်ခြင်း အမျက်နှင့် နီးစပ်သော စကားကိုမြွက်ဆိုခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် ဂုဏ်ကျေးဇူးကို ချေဖျက် တတ်၏။ ဂုဏ်ပြိုင်တတ်၏။
    အကြင်သူ၏ ဤဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ဂုဏ်ပြိုင်ခြင်း သဘောသည်လည်း အပြော အဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် မနာလိုတတ်၊ ဝန်တို တတ်၏။
    အကြင်သူ၏ ဤမနာလိုခြင်း ဝန်တိုခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် စဉ်းလဲ တတ်၏၊ လှည့်ပတ် တတ်၏။
    အကြင်သူ၏ ဤစဉ်းလဲခြင်း လှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် ခက်ထန်၏၊ အလွန် မောက်မာ၏။
    အကြင်သူ၏ ဤခက်ထန်ခြင်း အလွန် မောက်မာခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    တစ်ဖန် ထို့ပြင်လည်း အကြင်သူသည် မိမိအယူကို စွဲလန်း တတ်၏၊ မြဲမြံစွာ ယူတတ်၏၊ စွန့်နိုင်ခဲ၏။
    အကြင်သူ၏ ဤမိမိအယူကို စွဲလန်းခြင်း မြဲမြံစွာ ယူခြင်း စွန့်နိုင်ခဲခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
    ဤသဘောတို့ကို အပြောအဆို ခက်ကြောင်းတို့ ဟူ၍ ဆိုရ၏။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 5:28 am

    ရိုသောစွာလျှောက်ထားအပ်ပါသည် ဘန္တေ ကိုကြောင်ကြီး
    အပြောအဆို ခက်ကြောင်း ( လက်ပေါက်ကပ်ခြင်း ) တရား

  • char too lan

    June 4, 2011 at 7:32 am

    မြတ်စွာဘုရားက တရားတော်တွေကို ၂ခါ ၂ခါ ဟောခဲ့တယ်ဆိုတာကို
    အားကျလို့နဲ့တူတယ်………….. 🙂

  • unclegyi1974

    June 4, 2011 at 3:27 pm

    ကိုပေါက်ရေးတာမရှင်းလို့တခုမေးချင်ပါတယ်
    အဲဒါအနဲဆုံး ၅၀ဝ ဆိုတာဘာပြောတာလဲ
    ဘာအရောင်းအဝယ်လုပ်နေတယ်လို့လည်းမပါဖူး

  • Comment by nay khant 15 hours ago
    မှတ်ချက်ဖျက်မယ်

    အခုခေတ် ဘဲဥတွေက တစ်လုံးငါးရာနဲ ့မရတော့ဘူး
    (အန်ကယ်ဂျီးသဘောမပေါက်ရင် ဒါဖတ်လိုက်တော့နော်)

    • သူကြီးရေ နောက်ဆိုရင် မကြိုက်လို့ အနုတ်လက္ခဏာဘဲပေးပေး
      ကြိုက်လို့ အပေါင်းလက္ခဏာဘဲပေးပေး မှတ်ချက်လေးနဲ့ပါတွေ့ရရင်ပိုကောင်းမယ်ထင်တယ်နော်။

  • maythakhin

    June 4, 2011 at 4:23 pm

    ”အဲဒီလက်ပြတဲ့ သူကသဘောလဲကောင်းပါတယ် သူ့ရှေ့မှာ ဆိုင်ကယ်ဦးထုပ်မပါဘဲ စီးသွားလဲ ခပ်ပြုံးပြုံးဘဲ။
    လူလေးယောက်လေ ာက်တင်စီးပြီး ဆိုင်ကယ်ကို တဗြဲဗြဲလုပ်သွားလဲ ခပ်အေးအေးဘဲ။
    လမ်းပြောင်းပြန်မောင်းပြီးထွက်လာလဲ မမြင်သလိုဘဲ။ကားတွေလမ်းမအလည်ခေါင်မှာရပ်ပြီး လူတင်နေလဲ သူနဲ့မဆိုင်သလိုဘဲ ”ဆိုတာက သူလက်ပြနေတာ လိုင်းကားတွေလေ။ သူဆိုင်ကယ်တွေကို စိတ်မဝင်စားဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုင်ကယ်တွေက တချို့လစဉ်ကြေးတွေရှိတယ်လေ။
    ”သူလက်ပြတာလဲမြင်ရော ကားပေါ်က စံပယ်ယာတို့ ဒရိုင်ဘာတို့ကလဲသူ့အနားလေးကိုရောက်ပြီဆိုတာနဲ့ လက်ကလေးကမ်းလို့ပြန်နုတ်ဆက်ကြပါသတဲ့။တစ်ခါတစ်လေ လက်ချင်းတောင် ထိသလိုလို ဖြစ်အောင်တောင်နုတ်ဆက်တတ်ကြပါသတဲ့။” အဲဒါ လိုင်းကားတွေနဲ့ ပီကယ်တို့ရဲ့ အထာတွေပေါ့။ ကိုပေါက်ကြီးက သိရဲ့သားနဲ့ မေးနေပြန်ပါပြီ။ နေရာတိုင်းမှာ အထာဆိုတာရှိတယ်လေ ။ ဒီလို့ပဲ ပေါ့ ။ အဲ လကုန်ခါနီး ပြတ်တုံးလတ်တုုံး (၂၃) ဆိုရင်တော့ အဲဒီဆိုင်ကယ်တွေ သတိထားကြတော့ ဆပ်ပလိုင်းချက်ဆိုလား ဘာလား လာလိမ့်မယ်။ အထက်က တာဝန်ပေးစရာ မလိုတော့ဘူး။ ကျေပြွန်အောင်ထမ်းဆောင်ပြပါလိမ့်မယ်ရှင်။ ဒါပေမဲ့ နံနက်တိုင်း အိပ်ရေးပျက်ခံပြီး ရန်ကုန်မှာဆိုကြိုးစားကြတာ မနက်(၃)နာရီ (၄) နာရီ လိ်မော်ရောင်မ်ီးပြန် အကျီ င်္ တွေနဲ့လေ။ အထက်မှ ပေးအပ်သည်များကို ကျေပြွန်စွာလက်ကလေးပြကာဖြင့် ထမ်းဆောင်နေပါကြောင်း။

  • တကယ်မသိလို့မေးတာပါ မေသခင်ရယ်။
    ကိုပေါက်ကုိုဂျောက်မချပါနဲ့ ကွယ် ဟယ် ဟယ်………………………

Leave a Reply