မောင်လေးညီမလေးတို.ရေ

ဟိုးရှေးရှေးတရံရောအခါကပေါ.ကွယ်

ဘာရာနသီ လို.ခေါ်တဲ. တိုင်းပြည်တပြည် မှာ ဘာမှန်းမသိတဲ.

မင်းကြီးအုပ်ချုပ်နေတာပေါ. သူ.မှာ သမီးတော်တပါးရှိသတဲ.

အဲ.ဒီသမီးတော်လေးနာမည်ကိုလဲ ကိုးရီးယားကားတွေထဲကလို

မျိုးရိုးနံမည်လေးပါအောင် ဘာမင်းသမီးလေးလို.ခေါ်သတဲ.လေ

အဲ.ဒီတိုင်းပြည်မှာ ဘာမင်းကြီးအုပ်ချုပ်လာလိုက်တာ ဘာလိုလိုနဲ.

ဘာမင်းသမီးလေး အပျိုဖြစ်တဲ.အချိန်ကိုရောက်လာတာပေါ.ကွယ်

ဒီတော. ဘာမင်းကြီးလဲ တနေ.တနေ. အရွယ်ရောက်လာတဲ. သမီးလေးကိုကြည်.ပြီး

အော် ငါ.သမီးလေးတောင် အရွယ်ရောက်လာပါပေါ.လား သမီးလေး အရွယ်ရောက်လာရင် ဘာကောင်နဲ.များချစ်ကြိုက်မလဲပေါ.

သူ.မှာလဲ တစ်နေ.တစ်နေ. သမီးတော်လေး ဘာကောင်နဲ.ကြိုက်လို. သူ.ရဲ.ထီးနန်းကို ဘာကောင်ကိုလွှဲပေးရမလဲ ဆိုပြီး ဆိုးရိမ်နေတာပေါ.

ဒီလိုနဲ. တစ်နေ.ကျတော. ဘုရင်ကြီးဟာ စိတ်ပြေလက်ပျောက် တောကစားထွက်ကြတယ်တဲ.

အဲ.ဒီလိုတောကစားထွက်ကြတော. တောထဲလဲရောက်ရော တောကောင်ပစ်ဖို. ဘုရင်ကြိးနဲ. သူ.ရဲ.ငယ်သားတွေက လိုက်ရှာကြတာပေါ.ကွယ်

အဲ.ဒီအချိန်မှာပဲ သူတို.ရဲ.အနီးအနားက ချုံပုတ်တစ်ခုကလှုပ်သွားတာကိုတွေ.လိုက်သတဲ. အဲ.ဒါနဲ.ဘုရင်ကြီးလဲ သူ.ရဲ.လက်စွဲတော် လေးကိုတင်ပြီး သားကောင်ပဲဆိုပြီး ပစ်ထဲ.လိုက်တာပေါ.

အဲ.လိုပစ်လိုက်တော. ချုံပုတ်ထဲက ဘာမှန်းမသိတဲ.အကောင်ကိုတည်.တည်.မှန်တာပေါ.ကွယ် ဘုရင်ကြီးကလဲ လက်ဖြောင်.တာ ဂျူမုံတောင်အရှုံးပေးရလောက်တယ်လေ ဒါပေမယ်.အသက်ပြင်းလှတဲ. ဘာမှန်းမသိတဲ.အကောင်က ကမူးရှုးထိုးနဲ.ထပြေးတာပေါ. ဘုရင်ကြီးနဲ.ငယ်သားတွေကလဲ နောက်ကနေလိုက်ကြတာပေါ.

အဲ.သလိုနောက်ကလိုက်ရင်းတဖြေးဖြေးနဲ.တောကနက်လာတာပေါ. အဲ.ဒီတောနက်ကြီးရဲ. အလယ်မှာတော. ကွင်းပြင်ပြောင်ပြောင်ကြီးရှိနေတယ်တဲ. အဲ.ဒီကွင်းပြင်ကြီးရဲ.အလယ်မှာ သစ်ပင်ကြီးတစ်ပင်ကလဲပေါက်နေတာပေါ.

အဲ.ဒါနဲ.ဘုရင်ကြီးလဲသိချင်တာနဲ. သူ.ရဲ.ငယ်သားတစ်ယောက်ကိုခေါ် ပြီး ဘာပင်လဲလို.မေးတာပေါ. ငယ်သားလေးကလည်း အဲ.ဒါဘာပင်မှန်းသူလဲသေချာမသိဘူးလို.ပြန်ဖြေသတဲ. ဒါနဲ.ဘုရင်ကြီးလဲစူးစမ်းချင်တာနဲ. အပင်ကြီးနားသွားကြည်.လိုက်တော. အပင်ကြီးရဲ.ဟိုးထိပ်ဖျားမှာ ဘာမှန်းမသိတဲ. အသီးကြီးတစ်လုံး မှည်.နေတာတွေ.တာပေါ.ကွယ်

အသီးကြီးကလဲ မှည်.၀င်းနေလိုက်တာ ခူးချင်စရာကြီးကိုဖြစ်လို.ပေါ.

ဘုရင်ကြီးလဲ သူ.ရဲ.လက်အောက်ငယ်သားတွေကိုခူးခိုင်းတာပေါ.

ပြီးတော.

နန်းတော်ကိုပြန်လာတာပေါ.ကွယ်

နန်းတော်ရောက်တော. သူ.ရဲ.သမီးတော်လေးကိုခေါ်

ပညာရှိအမတ်ကြီးတွေကိုလဲခေါ်ပြီး ဘာအသီးလဲသိချင်လှတာကြောင်.မေးတော. ပညာရှိအမတ်ကြီးတွေလဲ ဘယ်သူမှမဖြေနိုင်ဘူးတဲ.

ဒါနဲ.ဘုရင်ကြီးလဲ အထဲမှာဘာများပါမလဲ ပေါ. စားကောစားကောင်းမလားသိချင်လှတာကြောင်. သူကိုယ်တိုင်ပဲ သူ.ရဲ. ဆောင်ဒါးကြီးနဲ. ခွဲချလိုက်တဲ.အခါမှာတော.

ဘုရင်ကြီးသာမကပဲ မူးမတ်တွေကော သမီးတော်လေးပါ အံ.ဩ ကုန်တာပေါ.

ဘာဖြစ်လို.လဲ ဆိုတော. သူတို.တအံ.တဩနဲ.ခွဲကြည်.လိုက်တော. အထဲမှာပါတာ

တွေ ကလေ  ဘာမှမပါလို.ပဲတဲ…..

ပုံပြင်လေးကတော.

ဒါပါပဲကွယ်

မောင်လေးညီမလေးတို.လဲ အခွံပဲရှိပြီး အထဲမှာဘာမှမရှိတဲ.သူတွေ မဖြစ်ကြဖို. ပြောချင်ပါတယ်ကွယ်

About မောင်ဖိုးတီ

has written 34 post in this Website..