မျှော်ခြင်းအမှတ် ဒသမ“ ဝ”

အာဂJune 4, 20111min751

ဘာတွေများ မျှော်လင့် ချည်းကပ်ချင်သလဲ
လူရယ်လို့ စတင် စီးဆင်းချိန်မှာပဲတို့ဟာ
စိုက်ပျိုးသူလား၊ အစိုက်ပျိုုးခံသစ်ပင်လား ဝေတေ..ဝါးတား..ပဲ..။

ကိုယ်ပိုင်အချိန်တစ်ချို့တစ်ပါးသူလက်ထဲ ထိုးရောင်းနေခြင်းက
ကိုယ်စိတ် ဝိညာဉ် ကို ကိုယ့်ဓားနဲကိုထိုးလို့
အများသူ ငါ အကောင်းပြောဖို့တစ်စက်စက်ကျနေတဲ့
ဆန္ဒရင်းစွဲတွေစတေးခဲ့ရတာ မျှော်လင့်ချက်အတွက်လား…။

၂၁ရာစုရဲ့ မျှော်လင့်ချက်အလုံးစုံနီးပါကို
ငွေကြေးက သိမ်းပိုက်ထားတာကြာလှပြီ…..
…..ပညာကို အကြောင်းပြပြီး ငွေရှာတယ်.။
…..ဝါသနာကို ဆိုင်းဘုတ်တင်ပြီး ငွေရှာတယ်။
…..ထွက်ဆိုချက်ကောင်းကောင်းနဲ့ “အချစ်” လို့ဗန်းပြပြီး
ခန္ဓာချမ်းသာမှုကို ရှာတယ်။
……ရည်ရွယ်ချက်
…….တာဝန်.
……သနိ္နဌာန်..
.စသဖြင့်….ခေါင်းစဉ်လှလှတွေ ပြပြီး
ဒင်္ဂါးပြားတွေက မျှော်လင့်ချက်ပုံတွေ နဲ့ချည်းပြည့်လို့….

ကိုယ့်ကိုယ့်ကိုယ် မေးငေါမေးမိတယ်.
.မင်း မျှော်လင့်ချက်ကရော…ငွေနဲ့ကင်းရဲ့လား
အဖြေတချို့ကတော့….အခုထိ
ဝေဝါးမှုန်ရီ..နေဆဲ…။

One comment

  • နွယ်ပင်

    June 6, 2011 at 8:19 am

    အင်း နွယ်ပင်ရဲ့ မျော်လင့်ချက်ကရော ငွေဆိုတဲ့ ဒင်္ဂါးပြား နဲ့ ကင်းရဲ့လား…… သေချာတကတော့ ….. ဘေးက အရိပ်ကလေးက ခေါင်းခါပြနေလေရဲ့ …..

Leave a Reply