နှင်းဆီရင်ခွင်အငြိမ့် .. အမေရိကား လာကြမည်

kaiJune 4, 20111min15612

အဲဒါပါပဲ..။ မြန်မာအငြိမ့်သဘင်ကို အမှတ်တရလေး ကြည့်ကြပါလို့..။ သတင်းတွေ ဒီမှာပဲဆက်တင်ပေးသွားမှာပါလို့..။
ဆိုတော့.. အယ်အေမှာလုပ်မယ့်.. အငြိမ့်ပွဲ.. ခေါင်းစဉ်စာသားလေး.. တပ်ပေးမလား စဉ်းစားနေပါတယ်..။

လွယ်လွယ်ပဲ.. အယ်လ်အေနှင်းဆီ လို့ ပေးလိုက်မယ်လေ..။ 🙂

12 comments

  • fatty

    June 4, 2011 at 3:17 pm

    သူတို့ပြန်လာရင် .. တွက်ခြေကိုက်ရဲ့လားမေးရမယ် …..
    ok ရင် ကျုပ်တို့လဲ အမေရိကားရောက်ဖူးအောင် MG ရွာသူရွာသားတွေစုပြီး အငြိမ့်ထောင်သင့်ရင်
    ထောင်ရမယ် ..။
    လူရွှင်တော် .. ကိုအောင်ပု ကိုကြောင်ကြီး
    မင်းသမီးများ … ဆူး မဝေ မနော … အများကြီးပါ (ခေါ်ပြီးတော့ ရုပ်ရေရူပကာစစ်ရအုန်းမယ် )
    ဇာတ်ဆရာ … ကိုပေါက် ( မန္တလေး )
    ပြဇာတ်မင်းသား …. ဖက်တီး
    လူကြမ်း … king

    • maythakhin

      June 4, 2011 at 4:05 pm

      လူရွှင်တော်က (၄)ယောက်လေ ကျန်တဲ့သူတွေက ဘယ်သူတွေလဲ။ သူကျတော့ ပြဇာတ်မင်းသားတဲ့ ၊ခွေထွက်ရင် ဝယ်ကြည့်မယ်နော်။ ကူးခွေပေါ့ ။ 😛 😛 😛 😛

  • ဆူး

    June 4, 2011 at 3:29 pm

    ရူပကာ စစ်ရင်တော့ ကျတော့မှာပဲ။
    မစစ်ပဲ အောင်မဲ့ နည်းလေး မရှိဘူးလား..
    ညနေမှ ဦးဖတ်တီး မိန်းမ နဲ့ သွားပြီး စကားပြောလိုက်မယ်လေ။
    ဒါနဲ့ စကားမစပ် ဟိုနေ့က ပို့လိုက်တဲ့ ခြင်းလေး သဘောကျရဲ့လား မသိဘူးနော်။

  • nature

    June 4, 2011 at 4:59 pm

    ကဗျာဆန်ဆန်” နှင်းဆီရင်ခွင်အယ်လအေတွင်(တခွင်)” လို့နာမည်ပေးလိုက်ပေါ့။ သူကြီးပြဇတ်အဖွဲ့အတွက်လည်းကြိုပြီးနာမာ်ပေးလိုက်မယ်၊ သူကြီးနဲ့ မိုက်ကယ်ဂျော်နီအောင်ပုတို့ ထိတ်စာလုံးတွေကိုယူပြီးလုတွေစိတ်ဝင်စားအောင် “ကြီးမိုက်” လို့ …….။ 🙂

  • king

    June 5, 2011 at 4:31 am

    ဟိုက်
    လူကြမ်းဆိုပါလား …..
    ကိုင်း လာလေရော့ ဘယ်မင်းသမီးပဲဖြစ်ဖြစ် ဘုရားတရားသာအာရုံပြု
    ငါတဲ့လူကြမ်း ကြမ်းလွန်းလို့ တစ်ယောက်တည်းပဲ ပါတာကွ ….
    ဝါးဟားဟား … ဟုတ်ပါဘူး ငှဲ ငှဲ ငှဲ
    🙂

  • မမလေး

    June 5, 2011 at 4:47 pm

    သမီးက မြန်မာအကတော့ မတတ်ဘူး … နိုင်ငံခြားအက ပဲကတတ်တယ် … နောက်ဆုံးပေါ်ပေါ့

    • etone

      June 6, 2011 at 5:22 am

      နိုင်ငံခြားအက ပဲကတတ်တယ် ဆိုတဲ့မမလေးကို ချိုကုတ်ဒူးကြီးတို့ ဒင်နာပွဲကျလျှင် ခေါင်းဆောင်မင်းသမီးတင်ပြီးငှားမယ်နော် ။ 😛

  • mihninlay

    June 5, 2011 at 4:55 pm

    အနော်အကတစ်မျိူးကျွမ်းကျွမ်းကျင်ကျင်ကတတ်ပါတယ်….ချိုမိုင်မိုင်အကပါ…

  • king

    June 6, 2011 at 5:27 am

    ဘယ်သူပဲ မင်းသမီးဖြစ်ဖြစ်
    လူကြမ်းကတော့ လာထားပဲ
    ငှဲ ငှဲ ငှဲ
    😛 😀 🙂

  • လင်းငယ်

    June 13, 2011 at 5:28 pm

    အမယ်လေး။ ပြဇာတ်မင်းသား လုပ်ချင်တဲ့ လူနဲ့ မင်းသမီးလုပ်ချင်တဲ့ လူနဲ့ အများကြီးပါလား။ အငြိမ့်တစ်ခုကို ဒီ MG က လူတွေ အကုန် ပါဝင်လို့ ရမှာ မဟုတ်ဘူး။ ပြဇာတ်ဆိုလည်း လူအများကြီး သုံးတဲ့ ပြဇာတ်မှ ဖြစ်မှာနော်။ အင်း… ဒါဆိုရင် ဘယ်လို ပြဇာတ်မျိုးကို ကရင် ဒီ MG က လူတွေ အကုန်ပါနိုင်မလဲ။ ဟုတ်ပြီ…တရုတ်ကားတွေထဲကလို စစ်ဖြစ်တဲ့ ပြဇာတ်ကရင် ဒီMG က လူတွေ အကုန် ပါနိုင်လောက်တယ်။ ဒါကြောင့် အခုအချိန်ကစပြီ ကျွန်တော်ဆီမှာ လာပြီ ကိုယ် သရုပ်ဆောင်မယ့် အပိုင်းကို လာပြီ စာရင်းသွင်းပေးကြပါ။ နောက်ကျရင်တော့ မကောင်းတဲ့ ဇာတ်ရုပ်ဖြစ်သွားနိုင်တယ်နော်။ သတိ…ဦးရာလူ စနစ်..။

  • mayhtet

    June 14, 2011 at 1:52 am

    ဦးဖက် သမီးက ရွှေလက်ခုပ်လဲတီးတတ်တယ်နော် စိတ်ကူးမလွဲနဲ့အုန်း စင်ပေါ်ထိုင်ပြီးတော့ တစ်ချိန်လုံး တီးနေလိုက်မယ်:P

    • bigcat

      June 14, 2011 at 2:01 am

      ဦးဖက်မှာရှိတာ သမီးဟုတ်ပါဘူး၊ သားပါဗျ။ ရှိရင် မလျှိုထားနဲ့နော် ဦးဖက်ရေ။ သမီးဆိုတာ ရတနာတပါးဗျ၊ ကြွားသင့်တဲ့အခါ ထုတ်ကြွားရတယ်။ စကားမစပ် ကြောင်ကြီးကလူပျိုနော် 😳

Leave a Reply