မယုံမရှိနဲ့ တကယ်ရှိတယ်

အာဂJune 4, 20111min18515

မယုံမရှိနဲ့ တကယ်ရှိ
ကမ္ဘာက နေကို ပတ်နေတဲ့အကြောင်း
ပြောခဲ့တဲ့ ဂယ်လီလီယို (၉) နှစ်ကြာထောင်နန်းစံ
အမှန်တရားအတွက်အသက်ပေးသွားခဲ့ …
မယုံ မရှိနဲ့ ကိုယ့်လူ ဒါတကယ်…။

အဆိပ်သောက်ပြီး သေးဆုံးခဲ့တဲ့
ဆော့စ်ကရေးတီး မင်းလဲ ကြားဖူးမှာပါ….
သူ့က အမှန်တရားရဲ့ ကျောက်ဆောင်ပဲ..။

ဆိုကျပါစို့ မင်းရင်ထဲ ရေးတဲ့ သီချင်း
မင်း အပြင်မှာ လွတ်လပ်လပ်ဆိုခွင့် မရှိဘူး။
မင်းရေး တဲ့ ကဗျာ မင်း ရွတ်ခွင့်မရှိဘူး..။
မင်းပြောမယ့် စကား ပြောခွင့် မရှိဘူးဆိုရင်..
မင်းဟာ ကျွန်စနစ် ပြီးတဲ့နောက်ခေတ်မှာ
မင်းဟာလွတ်လပ်သူလို့ဆိုနိုင်ပါ့မလား။

မင်းက ဖယောင်းတိုင်
မင်း အလင်းတွေ လူမမြင်အောင် ဖုံးအုပ်ထားခြင်းခံရရင်
မင်းက ဖယောင်းတိုင် ပီသပါ့မလား….

မင်းစဉ်းစား……………….
မယုံမရှိနဲ့ ဒါကတကယ်ရှိတာ… ။
မုသာဝါဒ….ဆိုတာ ဘုရားမကြိုက်ဘူးဆိုပေမဲ့
မင်း အမှန်အတိုင်း ပြောရင် မင်း လျှာ အဖြတ်ခံရမယ်။
ကျွန်တော်တို့ ဒုက္ခရောက် နေရပါတယ်လို့
မင်း အော်ဟစ်နေရင်လဲ နည်းဆုံးတော့
မင်းဘဝ ရဲ့ စာသားအချို့ ဆင်ဆာငြိမှာပဲ။

ကမ္ဘောဒီယား နိုင်ငံက ဆိုက်ကားသမားတွေ
ဟန်းဖုန်းကိုင်နေတယ် လို့
မင်းထပြောရင် မင်းကို သူတို့က မုန်း ကြဦးမှာ အသေအချာပဲ..။

ခေတ်ကိုက… ဖားပြီး..၊ တောင်းရမ်းစားတဲ့ ခို တွေကို ထင်ကြီးတယ်။
အငတ်ငတ် အပြတ်ပြတ် နဲ့ ရှာစားရ တဲ့
ကျီး တွေ အတွက် နေရာမရှိဘူး။
ဘာပဲပြောပြော…ပေါ့… ကိုယ် ပြောခဲ့ ဖူးတဲ့ စကားအတိုင်း
ငါ တို့က အမှန်တရားအတွက် ထထောက်တဲ့ မီးခဲတွေ
သားစဉ် မြေးဆက် မပူလောင်ဖို့အရေး
ငါ့ တို့ အကြောက်တရား ကင်းကင်း နဲ့ အပူဒဏ်ကို ခံကြပါစို့..
မယုံမရှိနဲ့ ဒါ မျိုးက ကမ္ဘာမှာ တစ်ခုပဲရှိတယ်…။

15 comments

  • good

    June 4, 2011 at 10:48 am

    ဆက်ရေးပါ၊ အားပေးနေ ပါတယ်။
    နားအလည် ကြီး မဟုတ်ပေမဲ့ ရင်ထဲ တော့ ရောက်သွားတယ်။

  • ဆူး

    June 4, 2011 at 1:21 pm

    မယုံမရှိနဲ့ တကယ်ပါ.. အင်တာနက်က လိုင်းက ဆန့်ငင် ဆန့်ငင်ဖြစ်နေတယ်။
    တခါတရံမှာ ဖလန်း ဖလန်း ထ အောင် မြန်သလို ရှိရင် မယုံမရှိပဲတောင် အံဩမိတယ်။

  • pooch

    June 4, 2011 at 2:24 pm

    မယုံမရှိနဲ့ တကယ်ပါ မနေ့က သီချင်းတပုဒ် download ဆွဲတာ ၂၄ နာရီနဲ့ ၃၅မိနစ် စောင့်ရမယ်လို့ ပြတယ်
    😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 3:03 pm

    အာဂ ဆိုတဲ့
    ဒဿနတွေးခေါ်
    ဆရာ ပရော်ဖက်ဆာကြီး
    ဒီကဗျာလေးလား ဒဿနလေးလား
    ဒါလေးကို ဒီနေရာမှာပွားထားပြီး
    ဂေဇက်ထဲကလူတွေ
    တွေ့ဆုံပွဲလုပ်ဘို့ချိန်းနေကြတယ်
    ရောင်ပြီးတော့ သွားမတွေ့လိုက်နဲ့
    ကွိသွားမယ်
    မယုံမရှိနဲ့ တကယ်ပြောတာ

  • char too lan

    June 4, 2011 at 3:04 pm

    အဲ့ဒါပေါ့
    မောင်ကင်းပြောတဲ့ (IT စကားပုံ) ဒူးလောက်တင်မှ ရင်လောက်ကျတဲ့ 🙂

  • naungnaung

    June 4, 2011 at 3:06 pm

    ကမ္ဘောဒီယား နိုင်ငံက ဆိုက်ကားသမားတွေ
    ဟန်းဖုန်းကိုင်နေသလို မြန်မာပြည်က ဆိုက်ကားဆြာ တွေလည်း ကိုင်နိုင်တော့မှာပါ….မယုံမရှိနဲ့…နဲနဲ တော့ ကြာမယ်…. 😛

  • bigcat

    June 4, 2011 at 9:48 pm

    မယုံမရှိနဲ့
    သူပုန်ရှိတယ်
    အကုန်ဂွိနေတာတော့
    မတတ်နိုင်……

  • mayhtet

    June 5, 2011 at 11:49 am

    ဟာ စာသားတွေက လှန်ထွက်နေတာဘဲနော် မိုက်တယ်နော် မယုံမရှိနဲ့
    ဆက်လက်ကြိုးစားပါအုန်း

  • king

    June 5, 2011 at 12:52 pm

    မယုံမရှိနဲ့ အကုန်ရှိတယ်
    ဒါပေမယ့်
    ငနုံ ငတိတော့ မဟုတ်ကွယ် ….
    😛
    ဆိုင်မဆိုင်တော့သိဝူး ငါလည်း လျှောက်ရေးကြည့် အဲ ထိုင်ရေးကြည့်တယ် 😛 😀 🙂

  • unclegyi1974

    June 5, 2011 at 4:03 pm

    ကျောင်းဖွင့်ချိန်ဘာကြေးညာကြေးမကောက်ဖူး
    မယုံမရှိနဲ့
    ကျောင်းဆရာတွေအပြင်မှာကျူရှင်ပြစရာမလိုအောင်
    လခတွေလုံလောက်အောင်ပေးတော့မယ်
    မယုံမရှိနဲ့
    မှတ်ပုံတင်တွေအမြန်လုပ်ပေးတော့မယ်
    မယုံမရှိနဲ့
    နက်ထဲမှာ
    အာဂါးအကြောက်တရားလုံးဝမရှ်ိ
    မယုံမရှိနဲ့

    • R Ga

      June 15, 2011 at 11:35 am

      ကျွန်တော်ကတော့ နက်ထဲမှာ အကြောက်တရား မရှိဘူး။ အဟိ ဒါပေမဲ့အပြင်မှာတော့ နည်းနည်း ကြောက်တယ်..။ ဘာကိုကြောက်လဲဆိုတော့ ကြောက်ရမှာကို ကြောက်နေတာလို့ပြောရရင် နည်းနည်းလွန်များသွားမလားလို့…ဟဲဟဲ..။

  • wnaung

    June 6, 2011 at 4:43 am

    Right! it has being situated in Myanmar society.
    I really appreciate that your words.

  • နီလေး

    June 6, 2011 at 4:58 am

    မယုံမရှိနဲ့ အကုန်ရှိတယ် ဟုတ်ကဲ့ယုံပါတယ် ကုန်သလားမကုန်သေးဘူးလားတော့ သေချာမသိဘူး

  • နွယ်ပင်

    June 6, 2011 at 8:02 am

    အမှန်တရားတွေ အရမ်းမပြောနဲ့ ….မယုံမရှိနဲ့ အဲတာ တကယ် ……….

  • meelay

    June 15, 2011 at 11:48 am

    မီးတို့မူဆယ်မှာတော့ သုံးဘီးစက်ဘီး ဆွဲတဲ့သူက အစ တရုတ်ဖုန်းတွေ ကိုင်နိုင်တယ် .. မယုံမရှိနဲ့ တကယ်ရှိတယ် …. 🙂

Leave a Reply