ရိုးလွန်းတော့လဲ

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်ရိုးဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။
မောင်ရိုး က နာမည်လိုက်အောင် ရိုးသားဖြူစင်ပါတယ်။အတန်းပညာမတတ်ပေမယ့်မိဘစကားနားထောင်ပြီးအလုပ်ကြိုးစားတယ်။
မိဘစကားဆိုလဲ မြေဝယ်မကျနားထောင်တဲ့သူမို ့သားလိမ္မာလေး လို ့တစ်ရွာလုံးက ချီးမွန်းကြပါတယ်.
မောင်ရိုးတို ့အဖေက အင်္ဂလိပ်ခေတ်တုန်းက ရွာမှာဩဇာ တော်တော်ရှိတဲ့ ကုန်သည်သူဌေးကြီးပါ..
နောက်တော့စီးပွါးပျက်လို ့အကြွေးတွေထူနေတဲ့ ဘဝရောက်သွားတာပေါ့.

မောင်ရိုးအဖေမှာက အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်း သူကြီးတစ်ယောက်ရှိပါတယ်.
သူကြီးက ရွာအရှေ ့ဘက်မှာနေပါတယ်.မောင်ရိုးတို ့က ရွာအနောက်ဘက် ဘက်မှာဆိုတော့..ဥပုဒ်နေ ့တိုင်း
မောင်ရိုးတို ့အိမ်ကို လာလည်နေကြ။လာလည်တိုင်း. သူကြီးက မောင်ရိုးတို ့အဖေ ချေးထားတဲ့အကြွေးတွေတောင်းပါတယ်။
““သူငယ်ချင်းမင်း ငါ့ဆီက ယူထားတဲ့အကြွေးတွေ များနေပြီကွ..နည်းနည်းပါးပါးလေးဖဲ့ဆပ်ဦး””
မောင်ရိုးတို ့အဖေကလဲ ““အေးပါကွာ ဒီနှစ်နွေရောက်ရင်ပေးမယ်”“ပေးမယ်ဆိုပြီး .တစ်ခါမှ အကြွေးမဆပ်ဘူး။
အဲ့ဒါနဲ ့သူကြီးလဲ..အကြွေးပြန်ရအောင်အကြံထုတ်ပါတယ်..ဒီကောင့်သား မောင်ရိုးက အရမ်းအေးတယ်.
ငါ့သမီးနဲ့ပေးစားလိုက်ရင် ..ငါ့အကြွေးတွေ တောင်းရလွယ်သွားမှာပဲ..ဆိုပြီး .မောင်ရိုးနဲ ့သူ ့သမီးနဲ့ပေးစားဖို ့စကားကမ်းပါတယ်.
မောင်ရိုးတို ့အဖေကလဲ..အကြံနဲ ့..ဘာအကြံလဲဆိုတော့..ငါ့သားနဲ ့ သူ ့သမီး နဲ ့ပေးစားလိုက်ရင်
သူနဲ ့ငါ ခမည်းခမက် တော်သွားပြီ ဒါဆို ငါ့သားမျက်နှာနဲ ့အကြွေး တောင်းရဲမှာ မဟုတ်ဘူးဆိုပြီး
သဘောတူလိုက်ပါတယ်..
မင်္ဂလာပွဲပြီးတော့.လျှောင် နောက် ဆံထုံးပါ ထုံးစံအတိုင်း သူကြီးသမီးက မောင်ရိုးတို ့အိမ် လိုက်နေရပါတယ်.
ဒီလိုနဲ ့ဥပုဒ်နေ ့ရောက်တော့..သူကြီးက သမီးအခြေအနေကို လာကြည့်ရင်း
အကြွေးထပ်တောင်းတယ်..
အမြဲတမ်းလာတောင်းနေတော့..မောင်ရိုးတို ့အဖေလဲ ချွေးမ ကို ရှက်လာလို ့.ဥပုဒ်နေ့တိုင်း သူကြီးကို အတွေ ့မခံပဲ
ရှောင်နေတော့မယ်လို ့ ဆုံးဖြတ်ပြီး .
သားလိမ္မာ လေး မောင်ရိုးကို သေချာမှာပါတယ်.
““သားရေ မနက်ဖြန် မင်းယောက္ခထီး သူကြီးက အကြွေးလာတောင်းရင်လေသူမေးနေကြစကား ကို အဖေ မင်းကို သင်ထားပေးမယ်သိလားအဖေသင်ထားသလိုပဲမင်းပြန်ဖြေလိုက် နောက်အကြွေး လာတောင်းတော့မှာ မဟုတ်ဘူးကွ””
“ဟုတ်ကဲ့ အဖေ.”.
ပထမဦးဆုံးမင်းယောကက္ခထီးမေးမယ့်မေးခွန်းက

မေးခွန်း   (၁) ““မောင်ရိုးရေ မင်းအဖေဘယ်သွားလဲ.:?.””
အဖြေ…“ဘုန်းကြီးကျောင်း..သွားပါတယ်ခင်ဗျ”

မေးခွန်း     (၂) “မင်းအဖေဘယ်တော့ပြန်လာမလဲ.?”
အဖြေ…. မသိဘူး တစ်ခါတစ်လေ.ကပ္ပိယ နဲ ့အတူ ကျောင်းမှာ အိပ်တယ်.

မေးခွန်း.   (၃)“.ငါ့အကြွေး ဘယ်တော့ ပြန်ဆပ်မလဲ?”
အဖြေ….“အဲ့ဒါ အဖေ့ကိစ္စ အဖေ့ဘာသာအဖေရှင်းမယ်”

ကဲ သေချာမှတ်ထားနော် သား အဖြေမမှားစေနဲ ့.ကြားလား
မောင်ရိုးလေးခမျာ အတန်းပညာလဲ မတတ်ရှာ..ရိုးကလဲရိုးတော့ အဖေ ဖြေပြတဲ့ အဖြေကို သေချာ မမေ ့အောင်
အလွတ်ကျက်တာ..
မေးခွန်  ““မောင်ရိုးရေ မင်းအဖေဘယ်သွားလဲ.:?.””
“ဘုန်းကြီးကျောင်း..သွားပါတယ်ခင်ဗျ”

မေးခွန်း    (၂) “မင်းအဖေဘယ်တော့ပြန်လာမလဲ.?”
မသိဘူး တစ်ခါတစ်လေ.ကပ္ပိယ နဲ ့အတူ ကျောင်းမှာ အိပ်တယ်.

မေးခွန်း.   (၃)“.ငါ့အကြွေး ဘယ်တော့ ပြန်ဆပ်မလဲ?”
“အဲ့ဒါ အဖေ့ကိစ္စ အဖေ့ဘာသာအဖေရှင်းမယ်”
လို ့မမေ့အောင် ထပ်ခါထပ်ခါရွတ်နေတာပေါ့.

နောက်နေ ့မနက်စောစောရောက်တော့ မောင်ရိုးတို ့အဖေနဲ ့အမေ အိမ်ကနေ ရှောင်ထွက်သွားပါတယ်။
မောင်ရိုးတို ့လင်မယားနှစ်ယောက်ပဲ အိမ်မှာကျန်ခဲ့ပါတယ်..
မောင်ရိုးယောက္ခထီး သူကြီး ရောက်လာတော့..

(၁)  သူကြီး…..“ဟေ့ မောင်ရိုးရေ..မင်းအဖေဘယ်သွားလဲ.”.
မောင်ရိုးကလဲ အဖေသင်ထားတဲ ့အတိုင်း မမှားအောင် သေချာဖြေပါတယ်.
မောင်ရိုး…..“.ဘုန်းကြီးကျောင်းသွားပါတယ်ခင်ဗျ.”

(၂) သူကြီး……….“.အော်..ဒါနဲ ့မင်းအမေရော..”
မောင်ရိုး…….“.မသိဘူးခင်ဗျ.တစ်ခါတစ်လေ ကပ္ပိယ နဲ ့အတူသွားအိပ်တယ်”

(၃) သူကြီး……“ငါ့သမီးဘယ်တော့ မွေးမလဲကွ”
မောင်ရိုး……..“အဲ့ဒါ အဖေ့ကိစ္စ အဖေ့ဘာသာအဖေ ပြန်လာရင် ရှင်းမယ်..”တဲ ့
ကဲ..အဖေ့စကားမြေဝယ်မကျနားထောင်တဲ့ သားလိမ္မာလေးမောင်ရိုး ခုတော့…
အဖြေမတတ်လို ့..အမေလဲကပ္ပိယနဲ ့..ညားရတဲ့ ဘဝရောက်ရော..
……………………………………
၈ တန်းတုန်းက ဆရာပြောပြတဲ့ ဟာသ လေးပါ။

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 3:40 pm

    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟို့
    ရှေးရှေ့တုန်းက
    လူတစ်ယောက်ရဲ့ဇနီးသည်ဟာ တော်တော့်တော်တော်ကိုရိုးသတဲ့
    ရိုးလွန်းလို့ မတ်ရိုးးးးးးးးးးလို့တောင်နာမည်တွင်သတဲ့
    ဖြစ်ပုံက
    တစ်နေ့မှာပေါ့
    အဆိုပါလူက နုင်ငံခြားမှာအလုပ်သွားလုပ်မှာဖြစ်တဲ့အတွက်
    အိမ်မှာကျန်ခဲ့တဲ့ဇနီး မတ်ရိုးကို မှာခဲ့ရှာသတဲ့
    ကိုယ်မရှိတုန်း
    ( ဒါကတော့ မှန်းပြီးပြောတာ သူ့မိန်းမဆိုတော့ ငါတွေ ကိုကိုတွေဖြစ်ခြင်ဖြစ်မှာပေါ့ )
    အချိန်နဲ့နေ၊ အချိန်နဲ့စား၊ အချိန်နဲ့အိပ်၊ အချိန်ကိုဂရုစိုက်
    လို့မှာခဲ့ပြီး အမေရိကန်ကို အလုပ်သွားလုပ်တာပေါ့ကွယ်
    …………………………………………………………..
    သုံးနှစ်လောက် နေပြီး အမေရိကန်ကနေပြန်လာတော့
    သူ့မိန်းမ မတ်ရိုးမှာ နှစ်နှစ်အရွယ် ကလေးတစ်ယောက်တောင်ရနေတာကိုတွေ့ရသတဲ့
    …………………………
    ဒီလိုဖြစ်သွားတာလေ
    အဲ့သည်ရွာမှာလူတစ်ယောက်ရဲ့နာမည်က
    အချိန်…..တဲ့
    ကဲ တွေးကြည့်ကြပေတော့
    ဘယ်လောက်များရိုးလိုက်သလဲဆိုတာ

  • unclegyi1974

    June 4, 2011 at 3:44 pm

    ပျော်စရာပုံလေးပါ
    ဒါပေမဲ့မောင်ရိုးအဖြစ်ကရိုးတာမဟုတ်တော့ပါဖူး
    အတာလည်းမဟုတ်ပါဖူး
    ဉာဏ်ရည်မမှီတာလို့ပြောရမယ်ထင်ပါတယ်

  • nature

    June 4, 2011 at 4:50 pm

    ကျနော်ကတော့ သူကြီးမှားတယ်ထင်တယ်(သူကြီးခိုင်ကိုပြောတာမဟုတ်ဘူးနော်) အကြွေးတွေ တောင်းရလွယ်သွားအောင်သမီးနဲ့ပေးစားလိုက်တယ်ဆိုတော့၊ ကြွေးတွေကိုသမီးကို အမွေပေးလိုက်တယ်ပဲသဘောထားလိုက်ပါတော့။

  • bigcat

    June 4, 2011 at 9:42 pm

    အထက်တန်းကျောင်းသားဘဝ သူငယ်ချင်းအိမ်မှာ ကျောင်းကဆရာနဲ့ ဝိုင်းကျူရှင်ယူတယ်။ ဆရာကလည်း ခပ်ပွေပွေ၊ ခပ်ပေပေထဲကပဲ။ သူငယ်ချင်းက တနေ့မှာ ဆရာကို ကျောင်းသားသစ်တယောက်လက်ခံဖို့ ပြောတယ်။ ဒါနဲ့ ဆရာက မေးတယ်၊ မင်းအမခံလားတဲ့။ စကားလိုပြောလိုက်တာပါ၊ အမှန်က မင်းအာမခံလားပါ။ သူငယ်ချင်းကလည်း ဓာတ်မပေါက်ဘဲ ဟုတ်ကဲ့ခံပါတယ်ဆရာတဲ့။ ဒါနဲ့ ထပ်မေးတယ် မင်းအမခံတာသေချာတယ်နော်တဲ့။ ဟိုကလည်း သေချာပါတယ်တဲ့။ ဘေးကနားထောင်နေတဲ့ ကျနော်တို့ ဝိုင်းရယ်ကြတော့မှ သူငယ်ချင်း မျက်နှာကြီးနီကနဲ ဖြစ်သွားတယ်။ သဂျီးက နောက်လကြရင် ရွာသားတဦးအာမခံမှ လူသစ်လက်ခံတော့မယ်ပြောနေလို့ လွယ်လွယ်နဲ့ အာမ မခံကြပါနဲ့လို့ 😛

Leave a Reply