နတ် ဗေဒင်အယူအဆ နှင့်မြတ်ဗုဒ္ဓအမြင်

ချမ်းချမ်း တို ့ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ မိရိုးဖလာ အယူအဆ နက္ခတ်ဗေဒင် ယတြာ

အတိတ်နိမိတ်ကို ယုံကြည်သူတွေ တော်တော်များများ တွေ ့ရပါတယ်။ နတ်ကိုးကွယ်မှုတွေလဲ

ယခုအချိန်ထိရှိနေတုန်းပါပဲ။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊

အစ္စလာမ်၊ ဟိန္ဒူ ။ဘာသာကြီး လေးခု ရှိပါတယ်။

ခရစ်ယာန်ဆိုရင်လဲ သခင်တော်ယေရှု..

အစ္စလာမ်ဆိုရင်လဲ.အလ္လာအရှင်မြတ် တစ်ပါးတည်းပဲကိုးကွယ်စရာရှိပါတယ်။

မြတ်ဗုဒ္ဓကိုကိုးကွယ်တဲ ့ဗုဒ္ဓဘာသာဝင်အားလုံးဟာရတနာမြတ်သုံးပါအပြင် .

မင်းကြီး မင်းလေး.မမနှဲ ဘိုးတော် မယ်တော် ရိုးရာနတ် အိမ်တွင်းနတ် ဆိုပြီးစုံပလုံနေရောပဲ။

တိုင်းရင်းသား ၈ မျိုး က ကိုးကွယ်စရာ နတ်တွေ ၈ မျိုးတောင်ထွက်လာတယ်နော်။

နတ် နဲ ့ပက်သက်တဲ့အတွေ ့အကြုံ လေးပြောပြမယ်နော်..

အမှားပါရင် ခွင့်လွှတ်ပါလို ့ ကြိုတောင်ပန်ပါတယ်..ပြောပြချင်လွန်းလို ့ သိစေချင်လွန်းလို ့ပါ.

ချမ်းချမ်း တို ့အိမ်ခေါင်းရင်းမှာ ဖွားနန်းပုတ် ဆိုတဲ ့အသက် ၆ဝ ကျော် အကဝါသနာပါတဲ့ အဖွားတစ်ယောက်ရှိတယ်။

အဖွားက ကားဂိတ်မှာ ထမင်းဆိုင်ဖွင့်ထားတယ်။ရှင်ပြု..ကထိန်ပွဲ မှန်သမျှ အဖွားမပါရင်ပွဲမစည်ဘူးလေ.အဖွားက စိတ်ရင်းကောင်းပေမယ့်.စိတ်ထဲမတည့်ရင် အကုန်ပတ်ဆဲတာအဆဲတော့ ဘာကြမ်းသလဲမမေးနဲ ့..

ချမ်းချမ်း တို ့ဆို အဖွားကို ဖွားနန်းပုတ် လို ့မခေါ်ဘူး အမေဂျမ်းဝင်စားတဲ့ (ဖွားဂျမ်းပုတ် )

လို ့ပဲ ခေါ်တယ်။တစ်နေ ့ဘုံကျောင်းဘေးက ကနားစီးအိမ်မှာ ၃ရ မင်းကတယ်တဲ့..အဖွားလဲ အဲ့ဒီကနားစီးကိုသိပ်ကြည့်လို ့မရတော့

မြေး နှစ်ယောက်ကို လက်ဆွဲပြီး .ကနားပွဲသွားကြည့်တာ..ဟိုလဲရောက်ရော မြေးနှစ်ယောက်ကို အရှေ ့ဆုံးမှာ ပေးထိုင်ခိုင်းပြီး ဘာမပြောညာမပြောနဲ ့ဝင်ကတာ..ကနေတဲ့ အခြောက် ကနားစီးတွေ လန် ့ဖြန် ့ကုန်တာတဲ့. နတ်ပွဲမှာက သူတို ့လူအချင်းချင်းပဲ ပူးကြတာများတယ်.အပြင်လူမပူးတော့…အခု တစ်ကယ်ထင်တာပေါ့..ပြာပြာသလဲနဲ ့

အဖွားကို ..အမေ က ဘာနတ်လဲဟင်ဆိုတော့..ဖွားနန်းပုတ်က ..

ရိုင်းသွားရင်ခွင့်လွှတ်နော်..““ငါအမေဂျမ်းဟဲ့ ..မသာမတွေ .စောက်အလိုက်မသိတဲ ့သားသမီးတွေ ဟင်..ငါ့က်ို လက်ဖက်ကပ်စမ်း

ငှက်ပြောသီးနဲ ့ အရက်ပါပေး..ဟင် နင်တို ့တွေ ငါ့ကိုခေါ်ဖို ့မေ့နေတယ် နင်တို ့ပထွေး ငမူး ကြက်သမားကျတော့.ကြက်ကောင်လုံးတွေကပ်လို ့ ဖေကြီးကျော် ဖေကြီးကျော်နဲ ့ဟင် ငါ့ကိုတော့ ငါးစိမ်းသည်ဆိုပြီး

အဖတ်မလုပ်တာလားဟင် စောက်သုံးမကျတဲ့ သားသမီးတွေ..ဆိုပြီး စိတ်ရှိလက်ရှိ ပတ်ဆဲ လိုက် လက်ထဲက ငှက်ပြောသီးကို

ထိုင်နေတဲ့ လူအုပ်ထဲ ပစ်ပေးလိုက် အရက်သောက်ဟန်ဆောင်လိုက်.လက်ဖက်လေးစာလိုက် နဲ ့စိတ်ရှိလက်ရှိ ပညာပြနေတာ.

ကနားစီးတွေ ချွေးတောင်ပြန်တယ်တဲ့..အေး နောက်နှစ် ငါ့ကို အရင်မပင့်ပဲ နင်တို ့ပထွေး ငမူး ကြက်သမား ကိုအရင်ပင့်ကြည့်

ငါနဲ ့ထပ်တွေ ့မယ်..ငါ့အကြောင်းသိတယ်နော်..အမေဂျမ်းဟဲ့ တစ်ဂျမ်းထဲ ရှိတယ်။

ကနားစီးတွေကလဲ.အမေရယ် နောက်နှစ် ပြန်က ဖို ့သမီးတော် တို ့ကို ဂဏန်းလေးဘာလေးပေးခဲ့ပါလားဆိုတော့..

ဖွားနန်းပုတ်…ကဘာပေးခဲ့လဲဆိုတော့..

၁ နဲ ့ ၉ ကြား သတိထား ဝ တစ်လုံး မမေ့နဲ ့

တဲ ့..

သေချာပြန်စဉ်းစားရင်

ထွက်မှာ က ၃ လုံး

သတိထားရမှာက ၁ ကနေ ၉ .ထိ

ဝ ကို လဲ..မမေ့ရဘူးဆိုတော့

ဂဏန်း ဆယ်လုံးကုန်ပြီ .ကိုယ့်ဘာသာပတ်ထိုး တော့ .ဘယ်ဂဏန်းပဲထွက်ထွက် ဖွားနန်းပုတ်ပေးတာအမှန်ပဲလေ..

ကဲ..နတ်ကတော်တွေကို ဖွားနန်းပုတ် ပညာပေးလိုက်တာ လှတယ်ဟုတ်။

အဖွားက အသက်ကြီးတော့.ကြာကြာမကနိုင်ဘူးလေ ..မအမေဂျမ်းနတ် တစ်ကယ်မဝင်ပဲ ကတော့ လူကမခံ နိုင်ဘူးပေါ့။

နောက်တော့ လှဲအိပ်ချလိုက်တယ်.အမေဂျမ်းနတ် ထွက်သွားပြီဆိုတဲ့ သဘော.အမှန်တော့ မကနိုင်တော့လို ့အိပ်ချလိုက်တာ။

ကနားစီးတွေကလဲ..ပြာပြာသလဲနဲ ့ ယပ်လေးခပ် ရျုဆေးလေးတေ့ပြိး ပြုစုတာပေါ့..အဖွားသတိဝင်လာတော့

မှင်သေသေ နဲ ့ ဟဲ့ ငါဘာဖြစ်တာလဲ ငါ့မြေးတွေရောဆိုတော့…

အဖွားကိုအမေဂျမ်းဝင်ပူးတာလေ..အခုထွက်သွားပြီ.အဖွားမသိဘားလားဆိုတော့.ဟအင်း ငါဘာမှမသိဘူး။

ပြန်တော့မယ်..ဆိုပြီး မြေးနှစ်ယောက်လက်ဆွဲပြီး ပြန်လာခဲ့တယ်တဲ့။

ချမ်းချမ်း က ဖွားဂျမ်းပုတ် ကို ပြန်မေးတာပေါ့နော်..အရက်ကို အဖွားဘယ်လိုသောက်ဟန်ဆောင်ခဲ့လဲဆိုတော့ ..

အဖွားက .အရက်ပုလင်းကို မော့ရင် ကခုန်နေတုန်းမော့တာ လျှာလေးပါ မသိမသာထုတ်ထားတော့အရက်က

အာခေါင်ထဲ မဝင်ဘူးလေ..ခုန်နေတော့ အကုန်ဖိတ်တာပေါ့။မူးဟန်ဆောင်ပြီးမှ ကနားစီးတွေကို ပတ်ဆဲတာတဲ့.

ဒီခေတ်မှာ..အလှူပဲလုပ်လုပ် ဘာပဲလုပ်လုပ် အနည်းဆုံး ၁ဝ သိန်းမကျော်ရင် မပြီးဘူးနော်..

အဲ့ဒီဆယ်သိန်းဆိုတဲ့ ပိုက်ဆံကိုလေ.ဒီခေတ်မှာ တစ်ကယ်သမာအာဇီဝနဲ ့ ရှာရင်တစ်ကယ် ရှာရခက်ပါတယ်..

သာမန်လူတန်းစားတွေအတွက် လ နဲ ့နှစ်နဲ ့ချီတောင်ရှာရတယ်နော်..အကုန်ခံမယ်ဆိုရင်တောင်

တစ်ကယ်မွန်မြတ်တဲ့ အလှူ. မြင့်မြတ်တဲ ့အလှု မှာ အကုန်ခံသင့်ပါတယ်။

အခုခေတ်လူငယ်တွေ..

ဆရာတော် သံဃာတော်များရဲ ့ကျေးဇူးတော်ကြောင့် ဘာသာရေးအသိတွေ

ဘာသာရေးဗဟုသုတစာပေတွေ လေ့လာခွင့် မှတ်သားခွင့်ရလို ့ အစိမ်းသေ ပြိတ္တာ နတ် တွေ ကို တော်တော်များများ အယုံအကြည်မရှိတော့ပါဘူး။ဒါပေမယ့် တစ်ခါတစ်လေ လူငယ်တွေ ရဲ ့အတွေးအခေါ်နဲ ့ခံယူချက်တွေကို လူကြီးတွေက

လက်မခံတာများတယ်။စော်ကားတာတော့မဟုတ်ဘူးနော်.

ရှေးခေတ်က အဖိုးအဖွားတွေဟာ အတန်းပညာသင်ကြားခွင့်မရ သိပ္ပံ ပညာသင်ခွင့်မရတော့ လမှာ ယုန်ကလေးနဲ ့အဖိုးအို ဆန်ဖွတ်နေတယ်တဲ ့..ကမ္ဘာကြီးကို Google ကနေမကြည့်ဖူးတော့ သူတို ့အတွက် ကမ္ဘာကြီးဟာ ပြားနေလိမ့်မယ်။

နေမှာလဲနေမင်းကြီးကိုစောင့်ရှောက်တဲ့ နတ်ရှိတယ်တဲ့ အပူချိန် သန်း ၂၀ဝ ကျော်တောင်ရှိနေတဲ့ ဒီအပူလုံးကြီးကို အဲ့ဒီနတ်က

အပူခံပြီးစောင့်ပေးမတဲ့လား..

ဘုရားဟောတာမှန်တယ်မမှန်ဘူးယုတ္တိရှိတယ်မှရှိဘူးဆိုတာကို သိပ္ပံပညာနဲ ့အစမ်းသပ်ခံနိုင်တယ်နော်..

ဘယ်အချိန်ဘယ်ကာလမဆိုမပြောင်းလဲပဲအမြဲမှန်ကန်ပေမယ့်.ရှေးလူကြီးတွေ ရဲ ့အယူအဆတိုင်းကို ဘုရားဟောနဲ ့ကိုက်ညီတယ်ဆိုမှ

သိပ္ပံ ပညာနဲ ့တိုက်ဆိုင်တယ်မှ ယုံသင့်ပါတယ်။

အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) ဟောထားသလိုပေါ့ ဘုရားဟောထက် ဗေဒင်ဟော နတ်ဟောတာကိုယုံရင်

ကုသိုလ်မဖြစ်ပဲ အကုသိုလ်ဖြစ်ပါတယ်။

ရှေးခေတ်မြန်မာ အယူအဆတော်တော်များများ ဟာ ယုတ္တိ ယုတ္တာမရှိတာတွေအများကြီးပါပဲ။

ဈေးသုံးလဲမလွယ်နှင့် ရှေးထုံးလဲမပယ်နှင့်တဲ့..ဈေးသုံးမလွယ်နှင့်ကို လက်ခံနိုင်ပေမယ့်..ယုတ္တိမရှိတဲ့ရှေးထုံးအချို ့ကို

လူငယ်တွေပယ်သင့်နေပြီလို ့ထင်ပါတယ်။

ချမ်းချမ်းကိုတစ်မျိုးလုံးက ကြည့်မရတာသူတို ့နဲ ့ဆန် ့ကျင်ပြီးခံပြောလို ့ပါပဲ..

ချမ်းချမ်းတို ့ မွန်လူမျိုးတော်တော်များများ မှာ မွန်ရိုးရာနတ်တွေ ယူကြရတယ်.အိမ်တိုင်းလိုလိုပါပဲ..

အဲ့ဒီရိုးရာနတ်တွေ ကိုမယူတဲ့ အိမ်ပဲ တစ်ကယ့်မကောင်းဆိုးဝါးတွေ တွေရှိနေသလိုလိုပဲ..မတင့်တယ်သလိုပဲ.

ချမ်းချမ်းတို ့ဖိုးဖိုးအသက် ၇ဝ ကျော်အချိန်ထိ အိမ်မှာမွန်ရိုးရာနတ်မထားပါဘူး အဖိုးလဲမယုံဘူး။နတ်မရှိတော့ပိုက်ဆံအပိုမကုန်ဘူးလေ။

နောက်တော့ဖိုးဖိုး နေမကောင်းလို ့အိပ်ရာထဲလဲတော့.တစ်မျိုးလုံးက ရိုးရာနတ်မယူလို ့ခိုက်တာတဲ့.ဗေဒင်မေးတော့လဲ

အိမ်တွင်းနတ်မရှိလို ့တဲ့.အဲ့ဒါနဲ ့ ဘိုးဘိုးလဲ အမျိုးတွေပြောတာယုံပြိး ထိုင်တဲ့ နတ်ယူလိုက်ပါတယ်။အမှန်တော့အသက်ကြီးလို ့နာတာရှည်ရောဂါဖြစ်တာပါ။.

နတ်မှာတောင် ကတဲ့ နတ် နဲ ့ ထိုင်တဲ့နတ် ၂မျိုးရှိပါတယ်။

ကတဲ့နတ် ကျွေးတဲ့အခါ ၃ရ မင်းလိုပဲဆိုင်းဝိုင်းတွေနဲ ့သီချင်းတွေနဲ ့သေချာကျွေးရတာ။ နတ်ပွဲ မှာ သားသမီးမြေးမြစ်တွေ အကုန်သွားရတယ်.ထိုင်တဲ ့နတ်နဲ ့က တဲ ့နတ်ကိုကျွေးရင် အဓိက ကျွေးရတာက လိပ် သား နဲ ့အရက်ပါ။

လိပ် က ရှာရတာခက်တော့ နတ်မက ခင်ကတည်းက ကြိုဝယ်ရပါတယ်။ဈေးလဲတော်တော်ကြီးတယ်။

နတ်က တဲ့ နေ ့မှာ လိပ်ကို အိုးထဲထည့်ပြီးအပေါ်က မရုန်းနိုင်အောင် ကျောက်ပြင် နဲ ့ဖိထားပါတယ်

.လက်လေးခြေလေးတွေထွက်အောင်လို ့အလေးနဲ ့ဖိထားရတယ်။ပြီးရင် ရေထည့်ပြီး မီးဖိုပေါ်တင်တာဗျ။လိပ်ကလေးခမျာ ရုန်းလို ့ကလဲမရ

အပေါ်ကဖိထားတဲ့ ကျောက်ပြင်ကလဲ လေး .ရေကလဲတဖြည်းဖြည်းပူလာတော့ ကိုယ်ချင်းစာကြည့်ပါဦး

လိပ်လေးခမျာ ဘယ်လောက်ထိများ ခံရခက်မလဲဆိုတာ။

အဲ့ဒီနတ်တွေသာ စိတ်ကောင်းရှိရင် ကိုယ်ချင်းစာစိတ်ရှိရင် သတ်သတ်လွတ် စားသင့်တယ်.အရက်နဲ ့ အာလူးကြော်ဆိုတော်ပြီပေါ့.။

အခုတော့ပေါက်ပေါက်ရှာရှာ လိပ်သား တဲ့ သူတို ့ကို ပူဇော်ဖို ့သတ်ရတဲ့လူတွေမှာ အကုသိုလ် ဖြစ်ရော။

ဘယ်မှာလဲကောင်းကျိုး။ ချမ်းချမ်းတစ်မျိုးလုံးနဲ ့မတည့်တာ လူကြီးတွေကိုပြန်ပြောလို ့သူတို ့စကားနားမထောင်လို ့လေ..

အဲ့ဒီရိုးရာနတ်တွေကို သားယောကျင်္ားလေးက အမွေဆက်ခံရပါတယ်။

သမီးမိန်းကလေးကဆက်ခံစရာမလိုတော့ ချမ်းချမ်းအာခံလို ့ရတယ်လေ.

ဒါ့ကြောင့် နတ်တွေ ရဲ ့အတင်းကိုပြောရဲတာ အဟီး..

အမျိုးတွေရဲ ့ချဉ်ပတ်တော် .ရွာသူလေး(ချမ်းချမ်း)ပါ။

……….

နောက်ထပ်အကြောင်းအရာလေးက ဗေဒင်နဲ ့ပက်သက်တာပါ။ဗေဒင်ဝါသနာပါတဲ့ ညီမလေးတွေ မမတွေ မှတ်သားဖို ့ပါ။

ဘုရားရှင်လက်ထပ်က ကောသလမင်းကြီး ဟာ ညသန်းခေါင်းယံအချိန်မှာ ဒု၊ သ၊ န၊ သော၊ ဆို တဲ့ အသံ ကြီး လေးမျိုးကို

ကြားလိုက်တဲ့အခါ မင်းကြီးဟာ အသက်ဘေးကိုကြောက်လို ့နန်းတွင်းက ပုရောဟိတ်ပုဏ္ဍား ကိုမေးတော့

ပုဏ္ဍားတွေက အတိတ် နိမိတ်ကောင်းအောင် ဘုရင်ကြီး အသက်ရှည်အောင် ယတြာချေတဲ့အနေနဲ ့ယဇ်ပူဇော်ရမယ်လို ့ဟောတော့

လူတွေနဲ ့တိရိစ္ဆာန် တွေကို သတ်ဖို ့ပြင်ဆင်ပါတယ်။

အဲ့ဒီအချိန်မှာ ဘုရားရှင်ကို ယုံကြည်ကိုးကွယ်တဲ့ မလ္လိကာ မိဘုရားက “အလုံးစုံ သိမြင်တော်မူတဲ့ ဘုရားရှင် ရှိပါရက်နဲ ့

ပုဏ္ဍားတွေရဲ ့စကားကို နားထောင်ဖို ့မလိုပါဘူး ဘုရားစကားသာ နားထောင်ရမယ်လို ့ ပြောပြီး ကောသလ မင်းကြီးကို

ဘုရားရှင် ထံ ခေါ်သွားပါတယ်။

ဘုရားရှင်ထံ ရောက်တော့ ဘုရားရှင် က “မင်းကြီးအသက်အန္တရယ် စိုးရိမ်စရာ မရှိကြောင်း မင်းကြီး ကြားရတဲ့အသံတွေဟာ

လောဟကုမ္ဘီငရဲက သူတစ်ပါးသားမယားကိုဖျက်ဆီးတဲ့ ငရဲသားလေးဦး ရဲ ့အသံဖြစ်ကြောင်းပြောပါတယ်”

တစ်ကယ်လို ့များ ဗေဒင်ဆရာရဲ ့စကားကိုယုံပြီး လူတွေ တိရိစ္ဆာန်တွေကို ယဇ်ပူဇော်ရင် ပါဏာတိပါတာ အကုသိုလ်

ထပ်ဖြစ်ရဦးမယ်။ ကဲ..ဘုရားစကားနဲ ့ ဗေဒင်စကား ဘယ်စကားယုံသင့်လဲဆိုတာ စဉ်းစားနော်။

ချမ်းချမ်း အမြဲလုပ်နေတဲ့ အဓိဌာန်ယတြာလေးတစ်ခု လက်ဆောင်ပေးမယ်နော်…

ချမ်းချမ်း သိတတ်တဲ့အရွယ်ကစပြီးအခုအချိန်ထိ ဘုရား ရိပ်သာ စေတီ ဘုန်းကြီးကျောင်း ဘယ်နေရာကိုပဲသွားသွား

တံမျက်စည်းလှဲ.အမှိုက်ကောက် ကုဋီဆေးတဲ့ သန် ့ရှင်းရေး ကုသိုလ်အမြဲလုပ်တယ်.

မအားရင် အမှိုက်လေးတော့ ရအောင်ကောက်ပြီးမှပြန်တယ်.

အခက်အခဲတစ်ခုခုကြုံလာရင် ကိုယ့်ဘာသာအကောင်းဆုံးနည်းလေးစဉ်းစာပြီးဖြေရှင်းတယ်။မရတော့ဘူးဆိုရင်

ဗေဒင်မမေးဘူး ကိုယ်လုပ်ထားတဲ့ကုသိုလ်လေးကို အာရုံပြုပြီးဆုတောင်းတယ်။

အမှန်တစ်ကယ်ကိုယ်ပြုထားတဲ့ကုသိုလ်လေးပဲ အားကိုးစရာရှိတာလေ။

ဗေဒင်မေးရင် ဟိုအညွန် ့ဒီအရွက် ဟိုအကိုင်းဒီအကိုင်းတွေ ထက် ကိုယ်ပြုထားတဲ့ကုသိုလ်က ပိုမြင့်မြတ်တယ်။

မေတ္တာရှင် (ရွှေပြည်သာ) ရဲ ့ယုံမှတ်လို ့ပုံအပ်မိသူများအကြောင်းစာအုပ်လေး မှ မှတ်သားစရာစာစုလေးကိုပြန်လည်မျှဝေပေးပါ့မယ်။

ဖတ်ဖူးတဲ့သူတွေလဲ မှတ်မိအောင် ထပ်ဖတ်ပေါ့နော်။

ဗုဒ္ဓလက်ထက်တော်ကဗေဒင်ကိုယုံလို ့ပျက်စီးရတဲ ့မိသားစုအကြောင်းလေးပါ။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ်အခါက.

သာဝတ္ထိမြို ့မှာနေတဲ ့ အမျိုးသမီးတစ်ယောက်ကို ဇနပုဒ်တစ်ခု၌ နေသော ဆွေမျိုးမိဘများက မိမိတို ့သားအတွက်

စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာရက်သတ်မှတ်ကာ နေရပ်သို ့ပြန်လာခဲ့ပါတယ်။

နေရပ်ကိုရောက်တော့ မိမိတို ့ကိုးကွယ်ဆည်းကပ်တဲ ့ ဗေဒင် နက္ခတ်ဆရာ အာဇိဝက ကိုသတ်မှတ်လာတဲ့

မင်္ဂလာနေ ့ရက်ကောင်းမကောင်းမေးပါတယ်။ အဲ့ဒီအခါမှာ အာဇီဝက က အစကတော့မမေးဘဲ သူတို ့စိတ်ကြိုက် ရက်သတ်မှတ်ပြီးမှ

ငါ့ကိုလာမေးကြတယ်လို ့အမျက်ဒေါသထွက်ပြီး မင်္ဂလာပွဲ ပျက်စေဖို ့ …

““၎င်းနေ့ရက်သည်နက္ခတ်မကောင်းကြောင်း လက်ထပ်မင်္ဂလာပွဲ ပြုလုပ်လျှင် ကြီးစွာသောပျက်စီးခြင်းနှင့်တွေ ့ကြုံ ကြလိမ့်မည်””

ဟု ဟောကြားလိုက်ပါတယ်။

အာဇီဝက ရဲ ့စကားကိုယုံကြည်ကြတဲ့ သတို ့သားမိဘတွေ က သတ်မှတ်ထားတဲ့ မင်္ဂလာနေ ့ရက်ရောက်တော့

သတို ့သမီးရှိတဲ့ နေရာကိုမသွားတာ့ပါဘူး.။တစ်ဖက်ကလဲ သတို ့သားအလာကိုမျှော်နေရှာတာပေါ့.

သတို ့သားမလာမှန်းသိတော့မှ မင်္ဂလာပွဲ ကို အပျက်မခံစေချင်လို ့တခြားအမျိုးသားတစ်ေယောက်နဲ ့ပေးစားလိုက်ပါတယ်။

နောက်ရက်မှ သတို ့သားမိဘတွေပြန်သွားကြတော့ အမျိုးမြတ်ပြီး ဥစ္စာပေါ.ရုပ်ချော လိမ္မာတဲ့ ချွေးမ မရတော့ဘဲနဲ ့ သာဝတ္တိမြို ့သားတွေနဲ ့

ခိုက်ရန်ဖြစ်ပြီးပြန်လာခဲ့ရပါတယ်။

““နက္ခတံ ပဋိမာနေန္တံ၊

အတ္ထောဗာလံ ဥပစ္စဂါ ၊

အတ္ထော အတ္ထဿနက္ခတ္တံ၊

ကိ ံကရိဿန္တိတာရကာ။

နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကိ်ျုးချမ်းသာများက

လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကိုစလုပ်သောနေ ့သည်ပင်

ကောင်းသောနက္ခတ်ဖြစ်သည်။ကောင်းကင်မှာသွားလာနေသော နက္ခတ်ကြယ်တာရာများသည်

အဘယ်အကျိုးစီးပွါးကိုမှ ပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်လိမ့်မည်မဟုတ်။

(ဧကနိပါတ်၊ နက္ခတ္တဇာတ်)

ဘုရားဟောတာထက် ဗေဒင်ဟောတာယုံကြည်သူတွေ၊နမန္တာကျမ်းကို ယုံသူတွေ ဒီခေတ်မှာတော်တော်များများပါတယ်၊

တစ်နှစ်တစ်ခါထုတ်တဲ ့သင်္ကြန်စာမှာ ဗြဟ္မာ ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ တစ်ယောက်လက်တစ်ယောက်ကမ်းနေတာ

မြင်တယ်မဟုတ်လား။ မြတ်စွာဘုရားက နတ်၊ ဗြဟ္မာများရဲ ့ခန္ဓာကိုယ်ဟာ ကမ္မဇရုပ်တွေချည်းမို ့သေလျှင်မီးတောက်သဖွယ်ပျောက်ကွယ်သွားတယ်လို ့ဟောပါတယ်။

မြန်မာပြည်ကရှေးရိုးရာ ဗေဒင်ဆရာတွေရဲ ့ဗြဟ္မာခေါင်းပြတ်ကြီးကအခုချိန်ထိမပုတ်သေးဘူး၊

မြန်မာပြည်က အသိညဏ်မရှိတဲ ့သူတွေ ဦးနှောက်မရှိတဲ ့သူတွေ ကယုံကြည်လက်ခံနေသရွေ ့ပုတ်မှာမဟုတ်ဘူး။

ဗေဒင်က ရက်ရာဇာနဲ ့ပြဿဒါးကို အဓိကထားတယ်၊မြတ်စွာဘုရားက ကုသိုလ် အကုသိုလ် ကို အဓိကထားတယ်၊။

ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထားပြီးထူးတယ်၊ မြတ်စွာဘုရားက သမ္ပတ္တိလေးပါ ကို အဓိကထားထူပါတယ်၊

ကဲ..မဆန် ့ကျင်ဘူးလား..မြတ်ဘုရားနဲ ့ဆန် ့ကျင်တာကိုယုံလျှင် ဘုရား တရား ကိုမယုံကြည်ရာ မရိုသေရာကျပါတယ်၊

မြတ်စွာဘုရားရှင်ဟောတာက

“သဗ္ဗေကမ္မသကာသတ္တာ၊

ကမ္မံသတ္တေဝိဘဇ္ဇတိ”..တဲ ့

နဂါးခံတွင်းကျရင် ပျက်စီးတယ်မပါ

မသာကိုစုံချရင် တစ်လောင်းနှင့်ကိစ္စမပြီးတာမပါ

မင်္ဂလာဆောင်တာ ရက်မရွေးမိလို ့ပျက်စီးတာမပါ

အိမ်တိုင်ထူတာနက္ခတ်မကောင်းရင် ပျက်စီးတာလဲမပါ

ဓမ္မာသောက အင်းဝရာဇာကျလို ့အိမ်ထောင်ရေးပျက်စီးတာလဲမပါ

သားဦးစနေ မီးလိုမွှေတာလဲမပါ၊

တနင်္ဂနွေ၊တနင်္လာ ၊အင်္ဂါဆိုတာ မှတ်မိလွယ်အောင် သတ်မှတ်ထားပညတ်သင်္ကေတတွေပါ။

လူကိုကံကောင်းအောင် ကံဆိုးအောင် မလုပ်နိုင်ပါဘူး။

အဓိကလုပ်နိုင်တာက ကုသိုလ် ကံ နဲ ့အကုသိုလ် ကံတွေပါပဲ

ကုသိုလ်ကသာ လူကိုကံကောင်းအောင် လုပ်ပေးနိုင်တယ်

အကုသိုလ်ကံ ကလူကို ကံဆိုးအောင် လုပ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့်မို ့လို ့..အကုသိုလ် ဆိုရင် မြွေဆိုး ကင်းဆိုးလို တွေ ့ရင် ဝေးဝေးကရှောင်သလို

ကုသိုလ်ဆိုရင် .ရတနာကဲ့သို ့တန်ဖိုးထားပြီး များများရအောင် စုဆောင်းမှ..

ရတာနာသုံးပါးကိုတစ်ကယ်ယုံကြည်တဲ ့ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်လာမှပါ.

(ကချင်ပြည်နယ် နမ္မားမြို ့၊မင်္ဂလာရာမကျောင်းဆရာတော်၊ ဦးညာဏ၏ တရားစစ်တမ်းဆွေးနွေးခန်းစာအုပ်မှ မျှဝေတာပါ)

**ရတနာမြတ်သုံးပါးကိုစွန် ့ပြီး တခြား ဘိုးတောာ် မယ်တော် ရိုးရာနတ်တွေကို ကိုးကွယ်လိုက်လျှင် သရဏဂုံပျက်ပြီး

ဗုဒ္ဓဘာသာဝင်အဖြစ်က အလိုလို ပျက်သွားပါတယ်။**

**ရတနာမြတ်သုံးပါးကိုလဲ ကိုးကွယ်တယ်.ဘိုးတော် မယ်တော် နတ်စိမ်းတွေကို လဲ ရောပြီးကိုးကွယ်လျှင်တော့

ကပြားဗုဒ္ဓဘာသာဝင် ဖြစ်သွားပါတယ်.**

**ရတနာမြတ်သုံးပါး ကိုသာကိုးကွယ်ပြီး ဘုရားဟောနဲ ့အညီ ကုသိုလ်ဆောင်ပြီး အကုသိုလ်ရှောင်တဲ ့ သူတွေကိုသာ“

ထေရဝါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါတဲ့..**

…………………………………………………………………………………

ကဲ..သူငယ်ချင်းတို ့ရော..ဘယ်လို ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ချင်လဲ…

ဘဝမှာ ..ဘာမဆို..အကောင်းဆုံးဖြစ်အောင်လုပ်ပါ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အကောင်းတော့ဖြစ်မှာမို ့

တို ့တွေ အားလုံး ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဒေါင်ဒေါင်မြည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်အောင်

အကုသိုလ်ရှောင်ပြီး ကုသိုလ်တွေ များများဆောင်နိုင်အောင် ကြိုးစားကြမယ်လေ နော်.

ဒါမှ ဗုဒ္ဓဘာသာဝင်ဖြစ်ရကျိုးနပ်မှာလေဟုတ်တယ်ဟုတ်..

အားလုံးစစ်မှန်တဲ ့ပျော်ရွှင်ငြိမ်းချမ်း မှုတွေ ရရှိနိုင်ပါစေလို ့ဆန္ဒပြုလျှက်

Post….By……ချမ်းချမ်း(ရွာသူလေး) 1:25 PM . http://www.haymonchhan.blogspot.com

……………………………………………………………

ကိုကြီးကျော်ကို ယုံတဲ ့သူတွေက ဒီလောက်တောင် ခန်းခန်းနားနား Re mixတွေ နဲ ့ချီးမြှောက်နေတာတောင်

နာဂစ် တုန်းက ပြည်သူတွေ ကိုငဲ့ပြီး မကာကွယ်ပေးဘူး.ငလျှင်လှုပ်တာလဲ..မတားပေးဘူးနော်..

တန်ခိုးကြီးတယ်ဆို ပြည်သူတွေကို မစတယ်ဆို..

ခုတော့..

 

18 comments

  • unclegyi1974

    June 4, 2011 at 4:04 pm

    နတ်ရှိတယ် နတ်ကတော်ရှိတယ်
    နတ်ကိုယုံတယ် နတ်ကတော်ကိုကြည့်ယုံ
    ရိုးရာရှိတယ် မယုံမရှိနဲ့
    လောင်းစည်သူမင်းဇာတ်လေ့လာကြည့်

  • ဆူး

    June 4, 2011 at 4:27 pm

    ဘုရားမှ တပါး ကိုးကွယ်ရာ မရှိ
    တရားမှ တပါး ကိုးကွယ်ရာ မရှိ
    သံဃာမှ တပါး ကိုးကွယ်ရာ မရှိ

    သို့သော်.. မမြင်အပ်တဲ့ ကိစ္စများ ရှိမရှိ လူတိုင်း လက်တွေ့ သိနိုင်ဖို့ ခက်ပါတယ်။
    နတ်ဆိုတာ ကိုးကွယ် ယုံကြည် ဖို့ မလိုပါဘူး။ သူတို့ကို မေတ္တာပို့ပြီး အမျှဝေရင်ကျေနပ်ကြပါတယ်။
    ကန်တော့ဖို့ မလိုပါဘူး

  • maythakhin

    June 4, 2011 at 4:31 pm

    မကိုးကွယ်ချင်ရင်နေ။မစော်ကားမိစေနဲ့တဲ့ ။ ဟိုးရှေးလူကြီးတွေက ပြောခဲ့ကြတယ်။ ရိုးရာကတော့ မိရိုးဖလာဖြစ်နေတာလေ။ မေတို့ကတော့ ” မကိုးကွယ်ချင်ရင်နေ။မစော်ကားမိစေနဲ့တဲ့ ” ဆိုတာလေးကို လက်ကိုင်ထားတယ်။

  • nature

    June 4, 2011 at 5:24 pm

    **ရတနာမြတ်သုံးပါး ကိုသာကိုးကွယ်ပြီး ဘုရားဟောနဲ ့အညီ ကုသိုလ်ဆောင်ပြီး အကုသိုလ်ရှောင်တဲ ့ သူတွေကိုသာ“ထေရဝါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါတဲ့..** ဆိုတာလေးကိုသဘောကျပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 6:19 pm

    မြတ်စွာဘုရားရှင်ကိုလည်း ပုဏ္ဍားတွေက ဘုရားပါလို့ဗေဒင်တွက်ကြသတဲ့
    ( သွေးစစ်ဆေးမှု တစ်ခုဖြင့် လူတစ်ဦး၏ သက်တမ်းကို ဟောကိန်းထုတ်နိုင်တော့မည်ဟု သိရသည်။ အမေရိကန်ဒေါ်လာ (၇၀၀)မျှ ကုန်ကျမည့် သွေးစစ်ဆေးမှုတစ်ခုကို ဗြိတိန်တွင် ယခုနှစ် နှောင်းပိုင်းမှ စတင်သွားမည်ဖြစ်သည်။ သွေးအတွင်းရှိ ဓာတ်ပစ္စည်းများ ပြောင်းလဲမှု၊ ပျက်စီးမှုစသည့် နှုန်းထားများကို တွက်ချက်ပြီးနောက် လူတစ်ဦး ဆက်လက် အသက်ရှင်ခွင့်ရမည့် သက်တမ်းကို အနီးစပ်ဆုံး မှန်းဆပေးနိုင်မည်ဟု ပညာရှင်များကဆိုသည်။ သို့သော် မတော်တဆမှုများကဲ့သို့ အခြားသော အကြောင်းခြင်းရာများနှင့် သေဆုံးသွားနိုင်သော အခြေအနေမျိုးအတွက်မူ အကျုံးမဝင်ချေ။ ယခုစစ်ဆေးမှုသည် အိုမင်းမှုသက်တမ်းနှင့် ဆက်စပ်နေသည့် အစီအစဉ်မကျသော ပြောင်းလဲမှုများ၊ နှလုံးနှင့် ဆက်စပ်သည့် ရောဂါများ၊ အယ်လ်ဇိုင်းမားနှင့် ကင်ဆာရောဂါများအတွက် ဟောကိန်းထုတ်ပေးနိုင်မည်ဖြစ်သည်။ ခရိုမိုဇုန်းများ သက်တမ်းတိုတောင်းမှုသည် လူတစ်ဦး၏ သက်တမ်းကိုလည်း တူညီသော သက်ရောက်မှု ဖြစ်လာစေသည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ လေ့လာမှုတွင် ပါဝင်ခဲ့သည့် စပိန်အမျိုးသား ကင်ဆာသုတေသန စင်တာမှ ဒေါက်တာမာရီယာ ဘလက်စကိုက “ခုစစ်ဆေးမှုအသစ်က အရမ်းရှင်းလင်းတိကျပါတယ်။ ကျွန်မတို့ဟာ သေးငယ်လှတဲ့ အပြောင်းအလဲလေးတွေကို တိတိကျကျ ထောက်လှမ်းပြီး လူတစ်ယောက်ရဲ့ သက်တမ်းနဲ့ တိုက်ရိုက်အချိုးကျမှုကို ဟောကိန်းထုတ်လာနိုင်မှာပါ။ ခရိုမိုဇုန်းတွေ သက်တမ်းတိုတိုနဲ့ ပျက်စီးလေ့ရှိတဲ့ လူတွေဟာ အသက်ရှည်ရှည် မနေရဘဲ ရောဂါဘယတွေ မြန်မြန်ဖြစ်ပြီး သေဆုံးရတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “လူတစ်ယောက်ရဲ့ အသက်ရှည်မှုကို မှန်းဆနိုင်တာဟာ တစ်ဖက်ကကြည့်ရင် ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲဖို့ လိုနေပြီလားဆိုတာ သိနိုင်တယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ခြင်းကြောင့် ခရိုမိုဇုန်းတွေ သက်တမ်းရှည်လာသလို ကျန်းမာပျော်ရွှင်တဲ့ ဘဝမှာ သက်တမ်းရှည်ရှည် နေခွင့်ရဖို့ မျှော်လင့်နိုင်မှာပါ”ဟု ဟားဗက်ဆေးကျောင်းမှ ဆေးပညာ နိုဘယ်လ်ဆုရှင် တစ်ဦးဖြစ်သော ကာရိုးလ်ဂရီဒါက ထောက်ပြပြောဆိုသွားသည်။)
    ရှိစေနော
    နတ်ဆိုတဲ့အရာကတော့ အရပ်စကားပါ
    ဘုံဘဝသားတွေဆိုလား
    သိပ္ပံပညာနဲ့ ဗုဒ္ဓ၏တရားတော်တို့ကို
    ကွက်တိဖြစ်အောင် ညှိနှိုင်း၍ ရနိုင်မည်မထင်
    မွန်နတ်တွေမှာ လိပ်ကိုနတ်တင်ရတယ်ဆိုလို့ပြောရဦးမယ် 😀
    ကျုပ်လည်း နေရာတကာ ပြောရဦးမယ်တွေက မကုန်နိုင်ဖြစ်နေတော့
    မျက်စေ့တွေများနောက်နေကြပြီလားမပြောတတ် 🙁
    ခုနကပြောတဲ့ တစ်ချို့မွန်လူမျိုးတွေမှာရှိတယ်
    လိပ်ဆိုရင် သူတို့အိမ်မှာ လိပ်ဆိုတဲ့ နာမည်ကိုတောင်မခေါ်ရဘူး
    သွားခေါ်ရင် အဆဲခံရတယ်
    နောက်ပြီးသူတို့အယူက လိပ်ကို တစ်နေရာရာမှာတွေ့ရင်
    လိပ်ပုတ်ကြီးလို့ပြောရတယ်
    ( ဒါ့ကြောင့် ဘုရားကျောင်းကန်တွေထဲမှာတွေ့သမျှလိပ်တွေကတော့ သူတို့တွက် လိပ်ပုတ်ဘဲ 😀 )
    နောက်ပြီး လိပ်ကို သူတို့လက်နဲ့ကိုင်မိပြီ ထိမိပြီဆိုရင်
    အဲ့သည်လိပ်ကို ချက်ပြီး နတ်ကျွေးရတယ် ( မကျွေးရင်ဘာဖြစ်တယ်မသိ 😀 )
    ဆိုခြင်တာက လိပ်သတ်နည်းကိုပါ
    နတ်ကျွေးမဲ့လိပ်ကိုသတ်တော့မယ်ဆို
    ခြံထည်းမှာမီးပုံတာပေါ့နော
    ပြီးရင်လိပ်ကို မီးထဲပြစ်ထည့်လိုက်ရော
    သူလဲအသွေးအသားနဲ့ဘဲဟာ ပူတော့ပြေးထွက်လာတာပေါ့
    ပြန်ထွက်လို့မရအောင် ဝါးလုံနဲ့အတင်းပြန်ထိုးသွင်း မြင်ယောင်သာကြည့်ကြပေတော့
    သေစေသတည်းပေါ့ဗျာ
    တစ်နေ့ကရင်ရွာတစ်ရွာမှာ
    ဘော်ဒါတစ်ယောက်နဲ့ ထန်းရည်သောက်နေတုန်း
    လူတစ်ယောက်လိပ်တစ်ကောင်ရလာတယ်
    အမြည်းပေါ့
    မီးရှို့မယ်များထင်နေတယ်
    လိပ်ကို ဒီတိုင်းချထားလိုက်တယ် လိပ်က ခေါင်းလေးထွက်လာပြီး
    သူလိုရာကိုသွားတာပေါ့နော
    လေးဂွနဲ့ခေါင်းကို ဆော်ထည့်လိုက်တော့ ဟင်းဖြစ်လေသတည်း ဒါပါဘဲ
    ရိုးရာဆိုတာကတော့ ..အင်းအင်းအင်း
    နောက်ကြုံမှ

  • nature

    June 4, 2011 at 10:47 pm

    လူသစ်ထင်လို့စာမြည်းလေးနဲ့ link ပေးလိုက်ပါတယ်၊
    …..(နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
    ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား ..
    ၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။
    ၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။
    ၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။
    ၄) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။
    ၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။http://myanmargazette.net/47104/uncategorized-other/copypaste/comment-page-1#comment-73933)….

  • nature

    June 4, 2011 at 10:51 pm

    နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
    ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား ..
    ၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။
    ၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။
    ၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။
    ၄) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။
    ၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။
    http://myanmargazette.net/47104/uncategorized-other/copypaste/comment-page-1#comment-73933

  • parlayar46

    June 5, 2011 at 3:05 am

    နတ်ရှိတယ် မရှိဘူးဆိုတာ (ကျုပ်ယုံတယ် ၊ အဲဒါအသာထား) မမြင်ဘူးလို့ အတည်မပြုနိုင်ပါဘူး။
    ရှိရှိ – မရှိရှိ သွားမပါတ်သက်တာ အကောင်းဆုံးပဲလို့ထင်တယ်။ ဘဝမှာ လူ့ကိစ္စတွေနဲ့တင် တော်တော်ရှုပ်နေပြီ၊ နတ်ကိစ္စတွေ အရေးမလုပ်အားဘူး။
    အော် မေ့တော့မလို့ – ကျုပ်ပြောတဲ့နတ်ဆိုတာ ကိုကြီးကျော်တို့ မနှဲလေးတို့ မဟုတ်ဘူးနော်။

  • MaMa

    June 5, 2011 at 6:20 am

    လူသစ်ထင်လို့ စာမြည်းလေးနဲ့ link ပေးလိုက်ပါတယ်။`
    နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
    ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား ..
    ၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။
    ၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။
    ၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။
    ၄) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။
    ၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။
    ၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။
    ၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။
    ၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။
    ၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။
    ၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။
    http://myanmargazette.net/47104/uncategorized-other/copypaste

    • nigimi77

      June 13, 2011 at 3:18 am

      မသိလို ့မေးပရစေ။ မမ နဲ ့ နေးချား က တစ်ယောက်ထဲလား 🙂

  • ဆူး

    June 5, 2011 at 6:45 am

    နတ်သမားတွေ လိပ်ကို ကြောက်တာတော့ သိတယ်.. ဘာကြောင့်မှန်း မသိတာ.. လိပ်သား ချက်ရမှာ စိုးလို့ပေါ့နော်..
    ဆွေနီးမျိုးစပ် တယောက်က အိမ်မှာ လိပ်ကလေး တကောင်လောက် မွေးထားမယ်လို့ ပြောတာ ကြားသွားလို့.. သူတို့ က နတ် အရမ်းကိုးကွယ်တာ.. ဘာကြောင့်မှန်း မသိဘူး.. မိန်းကလေး ဆိုတာ လိပ်မကိုင်ရဘူးတဲ့.. ဘယ်လိုမှ တွေးမရဘူး.. အဲဒီ ဆိုလိုရင်းကို သိလားဟင်… အိမ်က လူတွေကလည်း နတ်မကိုးကွယ်တော့ အဲဒီ မေးခွန်းကို မဖြေနိုင်ကြဘူး။

  • nigimi77

    June 11, 2011 at 3:03 pm

    အိမ်း …..နတ်….နတ်….နတ်

    အရှင်မွေးတော့နေ ့ခြင်းကြီး…..အရှင်ဆိုတာ ဘုရင်ပေါ့….။

    ဘုရင်ဆိုတာက သူ ့ခေတ် သူ ့အခါ အလွန် လက်ဝဇောင်း ထက်ပေသမို ့ သူက ဂျပိုးကို လိပ် ဆိုရင်

    ကျန်သူတွေက လဲ လိုက်ပြီး လိပ်ရသကိုး။ အဲလို ဘုရင်တွေက နတ်တွေကို အသက်သွင်းလိုက်တော့

    မြတ်စွာဘုရားဘေးမှာ နတ်တွေက မျက်စိနောက်လောက်အောင် လမ်းသလားနေကြတော့တယ်။

    လူတွေ…လူတွေ… ကိုယ်ထင်ရင် ကုတင်ရွှေနန်းဆိုသလိုပဲ…..။

    မြတ်စွာဘုရားဆိုရင် မကြောက်ကြဘူး။ အရာရာ ခွင့်လွှတ်တော်မူသကိုး ။

    ခြေပုတ် ခေါင်းပုတ်နဲ ့…..။ ခေါင်းခေါက်လိုက် ပြန်တောင်းပန်လိုက်နဲ ့။

    နတ်တွေကို တီထွင်သူက အတော်လေးကို လူ ့စိတ်သဘောကိုသိတော့ အစကတည်းက အကြောက်

    တရားနဲ ့ ဖိထားသကိုး။

    ဟဲ့…စီးပွားပျက်သွားလိမ့်မယ်….ဘာ အောက်မေ့လို ့လဲ….ဆိုရင်လဲ တုန်နေအောင် ကြောက်ကြ။

    ဟဲ့… သေကိန်းဆိုက်လိမ့်မယ် ဆိုလဲ ချီးသေးထွက်မတတ်။

    ဆိုတော့… ကြောက်အောင် လုပ်နိုင်ရင် အရိုးစွဲပြီ။ အရိုးစွဲရင် ရိုးရာဖြစ်ပြီ။

    ဘုရင်တွေထဲမှာလဲ ဦးဏှောက်ရှိတဲ့ ဘုရင် တချို ့ကတော့ ရိုးရာကို ဖျက်သိမ်းဖို ့ကြိုးပမ်းခဲ့ပါရဲ ့။

    သို ့သော်လည်း ဘုရင်ကမှ သူနဲ ့မပတ်သပ်ရင် ကိုယ့်ဘာမှ လုပ်မှာမဟုတ်ပေမဲ ့ နတ်ဆိုတဲ့ သတ္တဝါတွေ

    မသိသားဆိုးဝါးတွေက အခန် ့မသင့်တိုင်း ပြသာနာရှာနိုင်တယ်လို ့ ကြောက်စိတ်ကြီးက ရှိနေတော့

    ဘယ်လောက် ဖျောက်ဖျောက် မပျောက်တာက ဘုရားထက် ပိုကြီး အဖေထက်သား တလကြီးနေတဲ့

    အဲဒီ နတ်တွေပဲ။

    ရွှေတိဂုံ စေတီတော် အပါအဝင် မြန်မာပြည်မှာ ရှိတဲ့ တန်ခိုးကြီး ဘုရားတွေမှာကြည့်ရင် နတ်တွေ

    နတ်တွေ ဆိုတာ ရုပ်တုက အစ လုပ်ကြံ နိပါတ်တော် ဇာတ်တော် တွေအထိပါဝင် အညှိတက်နေတော့

    ခေတ်တွေ ဘယ်လိုပဲ ပြောင်းလာလာ…မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေကို မိမိကိုယ်တိုင် အရိုး

    စွဲနေတဲ့ မိရိုးဖလာ အယူအဆတွေ အပါအဝင် စေတီတွေမှာရှိတဲ့ ဟိန္ဒူ သွပ်သွင်း ဘာသာရေး နိပါတ်

    တွေကို ရိုက်သွင်းပေးရင်း မုန် ့လုံး စက္ကူကပ်နေကြရော။

    ကျုပ်မှာ သားသမီးတွေ ရှိလာတဲ့ တနေ ့ကျရင် သူတို ့ကို ရွှေတိဂုံ စေတီကို ခေါ်သွားပြီး…..

    ကလေးတို ့ရေ….လောကမှာ ဘုရားဆိုတာတော့ ရှိခဲ့ပေလိမ့်မယ်။ သို ့သော်လည်း အခု မင်းတို ့မြင်ရတဲ့

    နဂါးတွေ၊ မြွေတွေ ၊ အစရှိတဲ့ တိရိစ ္ဆာန်တွေ ၊ အချွန်အတက်တွေ အပြည့်နဲ ့ နတ်တွေ ဝိုင်းရံနေခဲ့မှာတော့

    မဟုတ်လောက်ဘူး….။ ဒါတွေက လူတွေရဲ ့ ကြည်ညိုလွန်ဒေါသတွေကြောင့် ဖြစ်ပေါ်လာတာပေါ့ကွယ်..

    ဒါတွေဟာ ဟိုးအရင်ခေတ်က လူတွေရဲ ့ လက်မှုပညာ အစတွေပေါ့။ ဟိုနားက အချိုးအစားမကျတဲ့ ပုံစံ

    တွေနဲ ့ နတ်ရုပ်တွေက အပေါစား လက်မှုပညာသည်တွေရဲ ့ လက်ရာပေါ့ကွယ်…..စသဖြင့် ရှင်းပြနိုင်မဲ့

    နေ ့ကို စောင့်ရင်း………..။

    • bigcat

      June 11, 2011 at 5:56 pm

      ူတပ်မ၇ရ စစ်သား၊ ခင်ဗျားစွမ်းနိုင်လို့ ကိုယ်ပိုင်သားသမီး မွေးနိုင်တဲ့အခါကြရင် သူတို့ကိုခေါ်ပြီး ရွေတိဂုံဘုရားကိုလာခဲ့။ ကျုပ်ကလည်း ကိုယ့်အစွမ်းအစနဲ့ မြေလျှိုးမိုးပျံပြပြီး နတ်နဂါးဂဋ္ဌုန်တွေကို ဘုရားပေါ်မှာ အထင်အရှားပြမယ်။ အဲဒီလို ရှင်းပြနိုင်မဲ့နေ့ကိုစောင့်ရင်း….။

  • captainamerica

    June 11, 2011 at 4:51 pm

    နတ်ကြီးရင်ဂွကြီးကြီးဆောင်ပါ …………. 😀 😀 😀

  • kai

    June 11, 2011 at 6:19 pm

    ဒီခေတ်မှာ..
    Discriminate (ခွဲခြားးနှိမ့်ချဆက်ဆံခြင်း) လုပ်ခံရလွန်းတဲ့.. မြန်မာပြည်ရဲ့.. ဂေးတွေဟာ..
    လူတွေကလေးစား(ကန်တော့)လာအောင်.. နတ်လောကကို အသက်သွင်း..အသက်ဆက်စေခဲ့တယ်လို့… သုံးသပ်မိတယ်..။

    ဒီတော့…
    လူတွေခမြာ.. လက်အုပ်ကလေးတချီချီ… မှန်ပါ့ကိုယ်တော်ကြီး..ကိုယ်တော်လေး… တစာစာနဲ့ဖြစ်လာကြတာပေါ့..။
    အင်း..
    ရယ်စရာ… 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 12, 2011 at 5:01 am

    သဂျီး
    အဲ့လို
    လိင်တူချစ်သူတွေကို မစော်ဂါးဘာနဲ့
    လုံးဝသီးမခံဘူး
    သူဒို့အရေချင်းရှိလို့ လူဒွေ ဝိုင်းဂဒေါ့ဒါ
    သူဒို့လို ဂဒေါ့ခံဂျင်ရင်
    သူဒို့လို နတ်ဂဒေါ်လုပ်ဘာလား
    ဒါဘဲ

  • fatty

    June 12, 2011 at 9:26 am

    အခါတပါးက မြတ်ဗုဒ္ဒသည် ဆေးဆရာဇီဝကကို ဗေဒင်ပညာအကြောင်း ပြောကြားခဲ့ဘူးပါသည်။
    ပညာရှိများထံချည်းကပ်ရျ် လေ့လာကြည့်ကြပါကုန် …။

Leave a Reply