” ယုတ်ညံ့ တဲ့ လောဘကြီး တဲ့ ဝန်ထမ်း ”

pyaopyaomayJune 4, 20111min63

အစိုးရ ဝန်ထမ်းအချင်းချင်း အဲလို လုပ်စားတာတော့ မကောင်းဘူး ထင်ပါတယ်။ ပြောရမယ် ဆိုရင်တော့.. ဝန်ကြီးဌာန ၁ခုရဲ့လက်အောက်က ဌာနကြီး ၁တခုလို့ပြောရင်တော့ မမှားဘူးပေါ့နော်…။ ပန်းဆိုးတန်းလမ်းမကြီးမှာရှိတဲ့ ဆိပ်ကမ်းရုံးက ဌာနခွဲ၁ခုမှာဆိုရင်…အချင်းချင်းကိုလုပ်စားနေတာ…သူ့ကိုကြည့်တော့…ဌာနခွဲစာရေးကြီးတဲ့။ သူသာအရာရှိဖြစ်ရင် မတွေးဝင့်စရာဘဲ..။ အထက်ကအရာရှိတွေက သိကော သိရဲ့လား။ 0T ကြေး(အချိန်ပို)တွေတင် မဆင်းတဲ့….လူတွေနာမည်တွေထည့် ….ရတဲ့ပိုက်ဆံကိုယူ…လုပ်စားနေတာကြာပြီးဆိုတော့လည်း လုပ်ရဲတာပေါ့။(အခုဆိုရင်  ဘယ်လောက်ထိ လုပ်ရဲလည်ဆိုရင် အချိန်ပိုမဆင်းတဲ့ ဝန်ထမ်းတွေကို စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်တဲ့)ပြောရမယ်ဆိုရင် မျက်နှာဗြောင်တိုက်တာပေါ့။ အံ့ရော….အံ့ရောမထင်ရက်စရာ လူကိုကြည့်တော့ ဘုရား…ဘုရားတဲ့ လက်ကလုပ်ချင်ရာလုပ်နေတာလေ… ကျန်ဝန်ထမ်းတွေက ဘာမှမပြောဘူးဆိုတာ သူတို့က အဲဒီဌာနက..ဌာနမှူးအိမ်မှာနေနေတော့ သူတို့ပြောရင် ပြီးနေတော ့ တိုင်ကြားရင်လဲ မြည်သို့မှ ထူးခြားသွားမှာ မဟုတ်လို့ မပြောကြတာ ကျန်တဲ့ဝန်ထမ်းတွေက အားလုံးသိတယ်။သူတို့ ဘာတွေလုပ်နေတယ်ဆိုတာကိုး ။ ယှဉ်ပြီး မပြောချင် …ရန်မဖြစ်ချင်တာလဲ…ပါမှာပေါ့နော်။ ဒီလိုသည်းခံနိုင်တဲ့ ဝန်ထမ်းတွေ…ရှိနေလို့လည်း သူတို့အတွက်  လုပ်လို့ကောင်းနေတာပေါ့။ ပျိုမေ သူငယ်ချင်းဆိုရင် အမြဲပြောပြတယ်။ ဒီနေ့လဲ သင်တန်းမှာသူငယ်ချင်းကပြောပြလို့ ပျိုမေလဲ ရေးဖို့ post ၁ခုရသွားတာပေါ့နော်။ အော်… လုပ်ရက်လေခြင်းလို့ ကိုယ့်အချင်းချင်းတောင် ဒီလိုလုပ်ရင်…မတွေးဝံ့စရာကြီးဘဲနော်။ ဒီလိုလူတွေရှိလို့လည်း ဝန်ထမ်းလောကကို  ဘယ်သူမှ အထင်မကြီးကြတာနေမှာ…ကိုယ့်သိက္ခာမှမထောက်။ ပိုက်ဆံမြင်တာနဲ့ အရှက်အကြောက်မရှိ။ သိက္ခာမရှိ ရွံ့စရာကောင်းလိုက်တာ။ မိမိစိတ်နဲ့ ကိုယ်ချင်းစာပြီးလောဘ တွေကင်းဝေးနိုင်ပါစေလို့ ဆုတောင်းရင်းးးး အားလုံးသိအောင် ဝေမျှတင်ပြလိုက်ပါတယ်။