(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(၂.၁.၁)

natureJune 4, 20111min1488

မျှော် ….

၂။ဘောင်ဒရီလမ်းလူသတ်မှု

၁။ လူသတ်မှုအစ

ကျွန်တော်သည် ထိုသူ၏အဖြေကို ကြားရသောအခါ ဦးစံရှား၏ တွေးလုံးမှန်ပါပေသည်ဟု ချီးမွမ်းမိသော်လည်း တမင်ချိပ်လုပ်နှပ်ခြင်းဖြစ်လေသလောဟု မသင်္ကာသလိုဖြစ်မိသေး၏၊ သို့ရာတွင်ကျနော်ကဲ့သို့သောလူတယောက်ကို အပင်ပန်ခံ နှပ်လောက်အောင် အကြောင်းကိုမူကား ရှာမတွေ့ချေ။ ကျနော်သည် ဦးစံရှား ၏ မျက်နှာကို လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာထိုသူ၏ စာကို ဖတ်ပြီးဖြစ်သဖြင့် စဉ်းစားတွေဝေဟန်နှင့်ရှိလေသည်။

ကျနော်။ ။ခုနင်ကလူကိုခင်ဗျား ဘယ်နှစ်ခါတွေ့ဘူးသလဲ။

ရှား      ။   ။ ဒီတခါပဲတွေ့ဘူးတယ်။

ကျနော်။ ။ခင်ဗျား တွေးပုံတွေးနည်း ပြောပြစမ်းပါဦးဗျ။

ရှား      ။   ။ ။နှစ်နဲ့နှစ်ပေါင်းရင်ဘာကြောင့် လေးဖြစ်တယ်ဆိုတာ ရှင်းပြစမ်းပါဆိုရင် အဖြေရခက်သလိုပဲ ၊ကျုပ်ဟာလည်းသူတပါးကိုရှင်းပြဖို့ ခပ်ကြပ်ကြပ်ပဲဗျ။ ဘယ်သူမဆို ဆယ်ကျောင်းမှာနေပြီး သုံးလေးနှစ်လောက်ပုလိပ်လုပ်လိုက်ရင် ကြည့်တတ်သူရဲ့မျက်စိထဲမှာ ပုလိပ်ဂိုက်ကြီးထင်ရှားလွန်းလို့ ‘ပုလိပ်၊ပုလိပ်၊ပုလိပ်’ လို့အော်ပြောနေသလိုပဲဗျ။ ပြီးတော့ သူ့ကိုယ်ဟန်အနေအထားလေးရယ် ၊ကြိမ်တုတ်ကလေးဝင့်ပုံရယ် ထောက်လိုက်ပြန်တော့ ပုလိပ်ထဲမှာ တော်တော်လေး ဩဇာအာဏာပေးခဲ့ရတဲ့အထဲကပဲလို့ ဆိုရလိမ့်မယ်။ သို့သော် သူ့ကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစားက ခပ်နွမ်းနွမ်း ခပ်ချောချောဖြစ်လေတော့ ဧကန္တရာထူးလက်ကိုင် ရှိတဲ့ရာဇဝတ်အုပ်တယောက် မဟုတ်ဘူးလို့ဆိုရမယ်။ အဲဒါကြောင့်ကျုပ်က ရာဇဝတ်အုပ်လူထွက်လို့အကဲခပ်လိုက်တာ ဟုတ်နေတယ်မဟုတ်လား။ သို့သော် ဒီဟာတွေဟာ ခင်ဗျားကိုရှင်းပြနေရတာကြာတယ်ဗျ။ ကျုပ်စိတ်ထဲမှာတော့ ဖြုတ်ခနဲဆိုမြင်လိုက်ရင် ဖြတ်ခနဲဆို တွေးပြီးသား ဖြစ်နေတာပဲဗျ။ ဒါ ဘာကြောင့်လဲဆိုတော့ အကျင့်ဗျ။

ကျနော်။   ။အံ့လောက်ပါပေ့ဗျာ။

ရှား      ။   ။ဘာမှ အံစရာ မရှိဘူး။ ကကြီး ခခွေး လောက်ရှိသေးတယ်။ ဪ ဒါထက် ကျုပ်တို့ဆီမှာအမှု ဆန်းဆန်းပြားပြား မရှိဘူးလို့  ခုနင်က ကျုပ်ပြောမိတာ မှားဟန်ရှိသဗျို့။ ရော့ ဖတ်ကြည့်စမ်း ဟောဒီစာ။

ကျနော်သည် ဦးစံရှားလက်မှ စာကို လှမ်းယူ ဖတ်ကြည့်လိုက်ရာ အောက်ပါအဓိပါယ်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်ကိုတွ့ရလေသည်။

မိတ်ဆွေကြီး  ဦးစံရှား

ဦးပြားတောရအနီး ဘောင်ဒရီလမ်း ‘ ကိုးဇီးဗီလာ’ခေါ် အိမ်တွင် ယမန်နေ့ညက အမှုတခု ဖြစ်ပွါးကြောင်း ၊ညဉ့် ၂နာရီ အချိန်တွင် ထိုအကွက်ဆိုင်ရာပုလိပ် ဘတန်းဆင်သည် လူမနေသော ကိုးဇီးဗီလာ အိမ်ကြီးတွင်းမှ မီးရောင်မြင်သဖြင့် မသင်္ကာသည်နှင့် သွားကြည့်ကြောင်း ပွင့်လျှက်ရှိသော တခါးမမှဝင်သွားသောအခါ အိမ်ထောင်ပစ္စည်း တခုမျှမရှိသော ရှေ့ခန်း ကြမ်းပေါ်တွင် ဝတ်ကောင်းစားကောင်းနှင့် အလောင်းတခုတွေ့ရကြောင်း အလောင်းမှာဗိုလ်လိုဝတ်ထားသော ကုလားလူမျိုးတယောက်ဖြစ်ရာ အကျီင်္အိတ် အတွင်း ” ဝေသ၁က ၊ ပါတလိပုတ္တရ ၊ ရာဇပုတ္တန” ဟူသော စာလုံးများကို အင်္ဂလိပ်လို ရိုက်နှိပ်ထားသည့် ကားချပ်ကလေးများ တွေ့ရကြောင်း အလောင်၏ လက်ဝဲဘက် လက်သန်းတွင် စိန်လက်စွပ်တကွင်း ၊ လက်တွင်စိန်ကြိုးတပ်ထားသည့် ရွှေလက်ပတ်နာရီ အိပ်ထဲတွင် ငွေစက္ကူ တစ်ဆယ်တန် ငါးချပ်တို့ကိုတွေ့ရသောကြောင့် လုယက်ရန် အကြံအစည် မရှိကြောင်း ထင်ရှားသည့်အပြင် မည်သည့်နည်းနှင့် သေဆုံးရသည်ဟု ခန့်မှန်းနိုင်ရန် ဒဏ်ရာလည်း တစုံတခုမျှ မတွေ့ရကြောင်း သို့ပါလျှက် ကြမ်းပြင်ပေါ်တွင် သွေးစက်များ တွေ့ရကြောင်း

 

 

ကျနော်။ ။

ရှား      ။   ။

ကျနော်။   ။

ရှား      ။   ။

ကျနော်။   ။

ရှား      ။   ။

 

 

8 comments

  • windtalker

    June 4, 2011 at 6:05 pm

    အော် ယူသွားပြန်ပြီ ပွိုင့် ယူနည်းလေး တွေ များ တစ်နေ ့တစ်ခြား ဆန်းကျယ် လာပါလား

  • PaukPhaw

    June 4, 2011 at 7:50 pm

    အိပ်ချင်တောင် ပြေတွားဒယ်..

    အော် ယူသွားပြန်ပြီ ပွိုင့် ယူနည်းလေး တွေ များ တစ်နေ ့တစ်ခြား ဆန်းကျယ် လာပါလား

    ိဆိုတာလေး အမူအယာလေးနဲ ့လုပ်ပြရင် ပိုရယ်ရမယ်ဗျာ..

    အဟဟဟ

    ုဟုတ်လဲ ဟုတ်တာပဲလေ

  • nature

    June 4, 2011 at 10:38 pm

    ဟုတ်ကဲ့၊ စိတ်ဝင်စားတဲ့သူရှိမရှိစမ်းကြည့်ရင်း…….အဟီး 🙂 စိတ်ဝင်စားသူများရင်တကယ်ရေးပေးမှာပါ၊ ၁၁ပုဒ်လောက်ရှိမယ်၊ ပရိသတ်အားစမ်းကြည့်တာပါ။

  • mayhtet

    June 5, 2011 at 2:18 pm

    ကျနော်။ ။

    ရှား ။ ။

    ကျနော်။ ။

    ရှား ။ ။

    ကျနော်။ ။

    ရှား ။ ။

  • windtalker

    June 5, 2011 at 6:36 pm

    အကို nature ရေ တောင်းပန် ချင်ပါတယ် ဗျာ ။ မပြီးခင် ဗမာ မမြင်စေ နဲ ့ဆိုတဲ့ စကား က တယ်မှန် တာပဲ ဗျို ့။ 4.6.2011 က MG ထဲ ဝင်ပြီး ဖတ်တော့ အကို ့စာ ကို တွေ ့လို ့ဖတ်မလို ့လုပ်တော့ ခေါင်းစဉ်ပဲ တွေ ့ပြီး အောက်က ဘာစာ မှ မတွေ ့ရလို ့အပေါ ်က ကွန်မင့် ကို ရေးမိတာပါ ။ အခု ဒီနေ ့ကြည့်တော့ မှ အောက်မှာ စာပါလာတာတွေ ့မှ အရမ်းအားနာမိတယ် ဗျာ ။ နောက်ကို ဆင်ခြင်ပါတော့မယ် ။ ဒါနဲ ့အကို က ကိုသိန်းမောင် ပေါ့နော် ။

  • nature

    June 5, 2011 at 10:32 pm

    ကျနော်ကလည်း ရွာသားတွေကို ဒီလိုဖြစ်အောင်သက်သက်” နောက် “လိုက်တာပါ။ comment တွေ့မှ ရေုးပြီး post ကိုedit ကနေupdate လုပ်လိုက်တာပါ။ comment မတက်ရင် ဆက်မရေးဖို့ စိတ်ကူးထားလို့ပါ။

  • bigcat

    June 6, 2011 at 1:39 am

    ဒေါ်ကြိုင်ကြိုင်နှင့် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကို ပိုစိတ်ဝင်စားပါသည်။

  • nature

    June 7, 2011 at 2:05 am

    အဲဒီအမှုအကြောင်းကိုတော့ စီနီယာကိုကြောင်ကြီးကိုပဲ အပ်လိုက်ပါတယ်။

Leave a Reply