လိင်စိတ်ကို နိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ

ဦးကောက်June 5, 20111min1438

ကွမ်းယာဆိုင်အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကို နိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ

ရန်ကုန်မြို့တွင်းရှိ ကွမ်းယာဆိုင် အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကိုနိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့်ဆေးဝါးမျိုးစုံတို့ကို မေလပထမအပတ်နှင့် ဒုတိယအပတ် တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ ပါသည်။
ထိုသို့ ဖမ်းဆီးရမိသည့် လိင်စိတ်ကိုနိုးကြွစေသည့် တရားမဝင်ကော်ဖီမစ်၊ ပီကေနှင့်ဆေးဝါးမျိုးစုံ ရောင်းချ သူများကိုသက်ဆိုင်ရာမှ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူရရှိနေသည့် ကာမစိတ်ကြွဆေး များသည် ဆေးရည်ဆေးတောင့်၊ ဆေးလုံးပုံစံတို့ဖြင့်ဖြစ်ပြီး ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာများတွင် ရွေ့လျားဈေးသည်များပုံစံ၊ ဗန်းပေါ်
တင်ရောင်းချသည့် ပုံစံများနှင့်ကွမ်းယာဆိုင်များတွင် တရားမဝင်လျှို့ဝှက် ရောင်းချနေမှုများ ရှိနေရာသက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရားမဝင် လိင်စိတ်ကြွဆေးဝါးများနှင့် အစား အသောက်ရောင်းချသူများကို တရား စွဲဆိုရေးနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က “အခုရက်ပိုင်းအတွင်းမှာ တရား စွဲဆိုသွားမှာပါ။နောက်ပြီး အခုလို ရောင်းချနေသူတွေကိုလည်း ဆက်လက် ဖော်ထုတ် အရေးယူသွားမှာပါ” ဟု ပြောပါသည်။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် စော်ဘွားကြီးကုန်းလမ်းဆုံ အနီးတစ်ဝိုက်ရှိ ကွမ်းယာဆိုင်အချို့ တွင်တရားမဝင် လိင်စိတ်ကြွဆေးဝါးများနှင့် အစားအသောက်များကို လျှို့ဝှက်ရောင်းချနေသည်ဟု သတင်း ရသောကြောင့် အင်းစိန်မြို့နယ် ရဲ စခန်းမှ မေလ ရ ရက်နေ့တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လိင်စိတ်ကို နိုးကြွစေသော ကော်ဖီ မစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံတို့နှင့်  လိင်စိတ်အားကောင်းစေသော လိမ်းဆေး၊ သောက်ဆေးစသည့် လိင်စိတ် ကိုနိုးကြွစေသည့် တရားမဝင်ဆေးဝါး မျိုးစုံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ထိုမှတစ်ဆင့် မေလ ၉ ရက်နေ့ တွင် တာမွေမြို့နယ် မအူကုန်းရပ်ကွက် မအူကုန်းလမ်းကျယ်အတွင်း ရှိ နေအိမ်တစ်ခုတွင် လိင်စိတ်ကြွစေသော တရားမဝင်ဆေးများကို ဆက်လက်ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

8 comments

  • နိုင်နိုင်

    June 5, 2011 at 6:08 am

    ဆေးထူးဆန်းတွေပါလား ဘယ်ကဘယ်လို အဲလိုဆေးတွေ ဝင်ရောက်လာတာလဲနော် လက်ဘက်ရည်ဆိုင် သွားထိုင်တောင် အဲဒီကော်ဖီမစ်သောက်မိမှ ခက်ဦးမယ် ကြည့်လုပ်ကြပါဦးဗျာ။ တက်လဲတက်နိုင်ကြပါရဲ့

  • မမလေး

    June 5, 2011 at 4:43 pm

    တော်သေးတယ် … ကော်ဖီ လဖက်ရည် မကြိုက်လို့ .. ပီကေ တော့တစ်ခါတစ်လေမှစားတာပါ … နေဦး ဟိုနေ့က ဘယ်သူပါလိမ့် ပီကေ ကျွေးလို့စားလိုက်သေးတယ် .. နောက်မစားတော့ပါဘူး …

  • photwenty

    June 6, 2011 at 4:46 am

    “အခုရက်ပိုင်းအတွင်းမှာ တရား စွဲဆိုသွားမှာပါ။နောက်ပြီး အခုလို ရောင်းချနေသူတွေကိုလည်း ဆက်လက် ဖော်ထုတ် အရေးယူသွားမှာပါ”
    အင်း စဉ်းစားစရာပဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 6, 2011 at 6:39 am

    သူများတွေက ဘဲဘဲရှိလို့ သောက်တာ
    ဥပမာ အီးဒုံး တို့ဆို ထားပါတော့
    ညီးက ဘဲမရှိဘာမရှိ ဂဒုံးမကြီး
    ဇဘင်ကလဲဖြူလိုက်သေးတယ်
    ကြည့်လုပ် သောက်ကြည့်ပြီးမှ
    ထိမ်းမနိုင်သိမ်းမရဖြစ်နေဦးမယ်

  • nigimi77

    June 11, 2011 at 2:19 pm

    အဟမ်း…

    တရားမဝင် ကော်ဖီမစ်၊ ပီကေတွေဆိုတော့…….တရားဝင် တာက ဘာတွေရှိပါလိမ့်

    အမျိုးသမီးဆေးတွေတော့ ဘယ်လို သဘာဝလဲတော့ မပြောတတ်ဘူး။ ယောကျာင်္းဆေးတွေကတော့

    ကိုကြောင်ကြီးလို လူမျိုးတွေ အတွက် မရှိမဖြစ် ဆိုတော့ကာ…။ Mr. Bean တို ့ Black Ant တို ့လို

    ဟာမျိုးတွေက တရားမဝင်တော့ တရားဝင်ဖြစ်တဲ့ Sidora တို ့ Caverta (စာလုံးပေါင်းမှားရင် ဖောက်

    သည်ဖြစ်တဲ့ လူတွေက ပြင်ဖတ်) တို ့လို ဟာမျိုး ကို ဝယ်သုံးနိုင်ပါသေးတယ်။

    လေဒီကြောင် အတွက်ကတော့ လိုမယ် မထင်။ ကိုယ့်အိမ်သော့ ကိုယ်သိပေမပေါ့လေ။

    ကျုပ် အထင်တော့ ကျုပ်တို ့မြန်မာပြည်က မိန်းကလေးတွေ ဆေးကူပြီး ဆွရလောက်အောင်

    Old service တွေ မဟုတ်လောက်ပါဘူးဗျ။ မသကာ အနမ်း ချိုချိုလေး တချက်လောက်နဲ ့တင်

    မောင့် သဘော ၊ သဘိရှော နေကြတာကို ဘယ် ငမိုက်သားက အရူးအမဲသားကျွေးချင်နေတာလဲ ။

    • bigcat

      June 11, 2011 at 5:50 pm

      ကြောင်ကြီး – ငါ့ညီ မင်းဆေးသောက်ဖို့လိုလား..
      ညီလေး – ဘာကိုပြောတာလဲ အကိုကြီး…
      ကြောင်ကြီး – ဆေးသောက်မှ မင်းအားရှိပြီး လန်းဆန်းလာမယ်ပြောနေလို့..
      ညီလေး – ဘယ်သူပြောတာလဲ အကိုကြီး၊ ကျနော်ကတော့ ဒေါင်ဒေါင်မြည်ပဲ..
      ကြောင်ကြီး – သိပါဘူးကွာ၊ ရွာထဲက စစ်သားတယောက်ကပြောလို့…
      ညီလေး – သိပြီသိပြီ၊ ဂတုံးကြီးနဲ့မဟုတ်လား၊ သူက ဆေးနဲ့မတည့်လို့ ဆံပင်တွေ ကျွတ်ကုန်တာတဲ့။ ဒါလည်း ကြိတ်မှိတ်ပြီးသောက်တုံးပဲ… 😮

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 11, 2011 at 5:58 pm

    ကျွန်တော်ကတော့
    သူကြည်ဖြူလို့ကတော့ အသက်နဲ့လဲတာဘဲ 😀
    သူမကြည်ဖြူရင်တော့ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    ဒါနဲ့အဲ့သည်ဆေးက ဘယ်မှာဝယ်လို့ရသတုံးဗျ

  • alinsett (gazette)

    March 22, 2014 at 11:09 am

    ဘာပဲဖျစ်ဖျစ်
    ယောက်ကျာ်းလေးတွေကို တိုက်မယ့်ကော်ဖီဆေးတွေလည်း ရှိမှာပဲ
    ကော်ဖီကြိုက်တဲ့ သားသားတို့လည်း ဒဒိထားရမယ်
    အဟိ

    🙂

Leave a Reply