ရွာသူများလည်း ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုကြပါ။


မလေးရှားနိုင်ငံတွင် ထားရာနေစေရာသွား အိမ်ထောင်ရှင်မများကလပ်ကို မွတ်စလင်အဖွဲ့အစည်းတခုက တည်ထောင်လိုက်သည်။ ယင်းအဖွဲ့သည် လူမှုဖောက်ပြန်မှုများအား တိုက်ဖျက်သည့်ကုထုံး တရပ်အဖြစ် အမျိုးသမီးများကို လင်ယောက်ျားများအား ကျိုးနွံစွာဖြင့် အိပ်ယာထဲတွင် စိတ်ကျေနပ်ပျော်ရွှင်အောင် အသုံးတော်ခံဖျော်ဖြေနည်းတို့ကို သင်ကြားပေးမည်ဖြစ်သည်။
အိမ်ထောင်ရှင်မများသည် ချစ်ဗျူဟာ အခင်းကောင်းသူများဖြစ်ရင် ရိုသေလေးစားမှု၊ ဧည့်ဝတ်ကျေပြွန်မှု၊ ပြုစုယုယမှုတွေကို လုပ်ရကောင်းမှန်း သိမယ်၊ အဲဒီလိုနဲ့မှ လင်ယောက်ျားတွေကို သစ္စာမဖောက်အောင် ထိန်းသိမ်းနိုင်မယ်လို့ အဖွဲ့ဒုတိယဥက္ကဌ ရိုဟာရာ မိုဟာမက်က ပြောသည်။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကတော့ မှားယွင်းသော လမ်းညွှန်မှုနှင့် မွတ်စလင်အမျိုးသမီး ရပိုင်ခွင့်များကို ထိုးနှက်ချက်ချက်တရပ်အဖြစ် ပြစ်တင်ရှုံ့ချ လိုက်ကြသည်။
ကလပ်အသင်းကို Global Ikhwan group က တည်ထောင်ခဲ့ပြီး လွန်ခဲ့သော ၂နှစ်ခန့်က လင်ယောက်ျားတဦးမှ မိန်းမအများအပြားယူနိုင်သော ပေါ်လီဂမီအဖွဲ့ Polygamy ကို တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့ကို ပိတ်ပင်ခြင်း ခံထားရသော အစ္စလာမ်ဂိုဏ်းဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည်။ ထိုအဖွဲ့ ပြန်လည်ရှင်သန်ရန် ကြိုးပမ်းမှုများကို အစိုးရမှ စိုးရိမ်တကြီးနှင် မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိသည်။။
ကြောင်ကြီးတော့ မလေးရှားသွားပြီဗျို့၊ ရွာသူများ စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါ။ သင်တန်းဆင်းလက်မှတ် ပြနိုင်မှတော့ ဖြစ်မယ်နော်၊ ကြောင်ကြီးက ချစ်တတ်ပါတယ် :oops: :oops: :oops:

Obedient Wives Club in Malaysia promotes good sex
RAWANG, Malaysia – A Malaysian Muslim group has launched the “Obedient Wives Club” to teach women to be submissive and keep their spouses happy in the bedroom as a cure to social ills.
The club’s vice president, Rohayah Mohamad, says wives must learn to be good lovers so they can “obey, serve and entertain” their husbands to prevent them from straying or misbehaving.
Activists and politicians slam the club launched Saturday as misguided and a setback to the rights of Muslim women.
The club was founded by the Global Ikhwan group, which launched a Polygamy Club two years ago. Global Ikhwan comprises former members of the banned Al-Arqam Islamic sect. The government has said it is keeping an eye on the group amid concerns it could be an effort to revive the sect.
http://news.yahoo.com/s/ap/20110605/ap_on_re_as/as_malaysia_obedient_wives

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး