ဟာသလေးတွေပါ

meengelayJune 5, 20111min610

၁။ယဉ်ကျေးသူ ………………..အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟုပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟုပြောတတ်သူ။ > >

၂။ မရိုးသားသူ………………….ကိုယ်ကအီးပေါ

က်သော်လည်း ဝန်မခံပဲ “ကျွန်တော့်ခွေးလက်ချက်ပေါ့” ဟုလွှဲချတတ်သူ။ > >

၃။ မိုက်မဲသူ…………………….အီးပေါက်ချင်သော်လည်း မပေါက်ပဲ အံတင်းကြိတ်မှိတ် အောင့်ထားသူ။ > >

၄။ ဗဟုသုတကြွယ်ဝသူ………ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။ > >

၅။ ဒုက္ခသည်…………………..အီးအလွန်ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ပဲ အားမလိုအားမရ ဖြစ်နေသူ။ > >

၆။ အုံ့ပုန်း………………………လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း ဘယ်သူမှမသိအောင် အီးပေါက်သူ။ > >

၇။ ဝါကြွားသူ………………….အီးကျယ်ကျယ်ပေါက်ရခြင်း၌ ဂုဏ်ယူတတ်သူ။ > >

၈။ နှိပ်စက်တတ်သူ………….လူများသောနေရာတို့တွင် ရွေးပြီး အီးပေါက်သူ။ > >

၉။ သိပ္ပံဆရာ…………………အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညည်းမှာကို စိုးရိမ်သူ။ > >

၁၀။ ရှက်တတ်သူ……………အီးပေါက်ပြီး မျက်နှာ တစ်ခုလုံး နီရဲလာသူ။ > >

၁၁။ အကြံပိုင်သူ…………….အီးပေါက်သော်လည်း သူ၏ အီးပေါက်သံကို သူတစ်ပါးမကြားစေရန် အာလူးကျော် (ဝါ) ငါးမုန့်ကျော် ကိုတစ်ကျွတ်ကျွတ်ဝါး၍ အီးပေါက်သူ။ > >

၁၂။ ကျပ်မပြည့်သူ…………အီးပေါက်လိုက်လို့ ငါ့ခန္ဓာကိုယ်ထဲက လေတွေ လျှော့သွားပြီဟု ထင်မှတ်လျက် Balace ဖြစ်အောင် လေကိုတစ်ဝကြီး တစ်ရှူးရှူး ရှူသွင်းတတ်သူ။ > >

၁၃။ ကပ်စေးနဲသူ………….အီးကို အကုန်တစ်ချိန်ထိုး မပေါက်ပဲ ဖြည်းဖြည်းချင်း တစ်ဆစ်ချင်း ညှင်း၍ပေါက်သူ။ > > ၁၄။ အတ္တကြီးသူ………….ငါ့အီး တယ်မွှေးပါလား ဟုယုံကြည်သူ။ > >

၁၅။ အပေါင်းအသင်းချစ်သူ…သူတစ်ပါးတို့ အီးပေါက်ခြင်းကိုလည်း နှစ်သက်သူ။ > > ၁၆။ အပေါင်းအသင်းမချစ်သူ…….ဆိတ်ကွယ်ရာသို့ သွားပြီးမှ အီးပေါက်သူ။ > >

၁၇။ ဇိမ်သမား………………ရေချိုးကြွေဇလုံတွင် ရေစိမ်ချိုးရင်းအီးပေါက်သူ။ > > ၁၈။ အားကစားသမား……ပင်ပင်ပန်းပန်း အားမစိုက်ရဘဲ အီးပေါက်နိုင်သူ။ > >

၁၉။ ဆဌမအာရုံရှိသူ….အသံကြားရရုံဖြင့် ဘယ်သူအီးပေါက်သလဲဟု ဖေါ်ထုတ်နိုင်သူ။ > > ၂၀။ စိတ်ပျော့သူ……….အီးပေါက်ရန်ကြိုးစားရင်း ချီးယိုသူ။