လခလျော့လိုက်သတဲ့

သူငယ်ချင်းရဲ့ဖြစ်ပုံလေးက ဒီလိုဗျ သူပြောပြတာနားထောင်ပြီး စိတ်ထဲတောင်မကောင်းဖြစ်သွားတယ်။ သူငယ်ချင်းက ဝန်ထမ်းတစ်ယောက်ပါ သူလုပ်နေတာ အင်တာနက်ဆိုင်တစ်ဆိုင်မှာ (3)နှစ်လောက်ရှိနေပြီပေါ့ သူရတဲ့လစာငွေဟာ တော်တော်လေးတော့များသတဲ့ဗျ (55000) ရတာ မကြာသေးဘူးတဲ့လေ။ ယခုလတော့ (10000)လျော့ခံလိုက်ရပါသတဲ့ဗျာ။ သူတစ်ယောက်တည်းမဟုတ်ပါဘူး ဝန်ထမ်းက နှစ်ယောက်ရှိတာ နှစ်ယောက်လုံးလျော့ခံရတာ လျော့ရတဲ့ အကြောင်းရင်းက တစ်ခုတည်းပါ သူငယ်ချင်း အလုပ်ပိုင်ရှင်က ဆိုင်ဝင်ငွေနဲ့တဲ့အတွက် လခ တစ်ယောက် တစ်သောင်းစီလျော့မယ် ဆိုပြီးလျော့လိုက်ရသတဲ့ ဝန်ထမ်းတွေရဲ့အလုပ်ချိန်ဟာ နံနက် 8.30 မှ ည (7)နာရီထိလုပ်ပေးရတယ် တစ်ယောက်ဆိုရင် (9)နာရီထိပေါ့ ကျွန်တော်သူငယ်ချင်းကို အသွားအပြန်သုံးဖို့ ဆိုင်ကယ်ပေးထားပါတယ် အပြီးမဟုတ်ပါဘူး ကျွန်တော့်သူငယ်ချင်းမှာဆိုရင် အိမ်လခ ပေးရတာက (20000) ကျန်တဲ့ (25000)ခွဲကို တစ်လလုံးဘယ်လိုသုံးလို့ရတော့မှာလဲဗျာ ဒီတော့ အပြင်မှ လာအပ်တဲ့ ကွန်ပျူတာလေးတွေပျင်လိုက် နောက်ဆုံး အဆင်မပြေလွန်းရင် အဝေးမှာရှိတဲ့ မိဘကို ဒုက္ခပေးရတော့တာပေါ့ တကယ်ဆိုသူမတောင်းချင်ဘူးလေ သူက မိဘတွေကို ပြန်လုပ်ကျွေးပြုဖို့ ယခုလိုဝေးနေခဲ့တာ ခုပုံနဲ့ဆို လုပ်ကျွေးပြုဖို့မပြောနဲ့ ကိုယ့်ကိုတောင် နပ်မမှန်သလိုဖြစ်နေပြီမလား အဲလိုနဲ့ ဖြစ်သလိုနေထိုင်စားသောက်နေရသတဲ့ (တစ်ခါ တစ်ရံမှာ ထမင်းမစားဖြစ်ဘူး) ကျွန်တော်စဉ်းစားကြည့်တာ တစ်ယောက်တစ်သောင်း နှစ်ယောက်နှစ်သောင်းလျော့လိုက်တော့ အဲဒီဆိုင် အတွက် ဘာတိုးတက်ပြောင်းလဲသွားနိုင်လဲ နောက်တစ်ခုက ကျွန်တော်တွေးကြည့်တယ် မကြားဘူးတာက လခ လျော့ချခြင်း လခတိုးတာကြားဘူးတယ် ဆိုင်အဆင်မပြေလို့ ဝန်ထမ်းဖြုတ်တယ် အဲလိုတွေပဲရှိမယ်ပေါ့နော်။အခုက ထုတ်လဲမထုတ် ဆက်ပြီးအနိုင်ကျင့်ခံနေရတာပေါ့။ သူငယ်ချင်းကတော့ သူနောက်အလုပ်တစ်ခုထပ်လုပ်မယ် ပိုပြီးအဆင်ပြရင် ဒီအလုပ်က ထွက်တော့မယ်တဲ့လေ။ ဘာဖြစ်ဖြစ် အခုလိုဖြစ်ရပ်မျိုးကမဖြစ်သင့်ဘူး ကျွန်တော်ထင်မိတယ် နှစ်ဘက်လုံးတွေးကြည့်တာပါ လုပ်ငန်းရှင်ဘက်ကကော ဝန်ထမ်းဘက်ကပါ။ လခ လျော့တာမျိုး အဲလိုမျိုးရှိသလား အဓိပ္ပါယ်ရှိသလား ဆိုးပြီး ကျွန်တော် မေးကြည့်ချင်တယ်ဗျာ ရွာသူအပေါင်း သူငယ်ချင်းကောင်း တို့ေ၇။

10 comments

  • PaukPhaw

    June 5, 2011 at 8:03 am

    အစကတည်းက မလုပ်သင့်ဘူးလို ့ ထင်တယ်….
    အင်တာနက်ဆိုင်ဆိုတာ အရင်ကသာ ခေတ်ကောင်းခဲ့တာဗျ..

    ခုနောက်ပိုင်းက အပြိုင်အဆိုင်တွေဖွင့်၊ကွန်နက်ရှင်တွေကျ၊မီးတွေပျက်နဲ ့..ဆိုတော့…
    ဆိုင်ခန်းငှားခ၊ဝန်ထမ်းခ၊အင်တာနက်ဘေလ်၊မီးဖိုးဘာဖိုး ညာဖိုးတွေ ကြေဖို ့တောင် အနိုင်နိုင် ဖြစ်လာတာတွေ များတယ်..

    မျက်စေ့ ရှေ့ မှာလဲ ပြုတ်သွားတဲ့ဆိုင်တွေ အများကြီး တွေ ့ဖူးလို ့ပါ

    ကျနော်အကြံပေးချင်တာကတော့ ဝင်ငွေကျလို ့လစာ တိုး မပေးနိုင်ဘူးဆိုတဲ့ဆိုင် ဆက်မလုပ်ပဲ
    တခြား ဝင်ငွေကောင်းမယ်ထင်တဲ့ အလုပ်အကိုင်လေး ရှာကြည့်စေချင်ပါတယ်

    အင်တာနက်ဆိုင် ဝန်ထမ်းဘဝနဲ ့တော့ ရှေ့ဆက် ရပ်တည်ဖို ့မလွယ်ဘူးထင်လို ့ပါ

  • kai

    June 5, 2011 at 8:20 am

    လစာလျှော့တာတာ.. နိုင်ငံတာကာမှာလည်း ရှိပါတယ်..။
    အလုပ်သမားအခွင့်အရေးတော်တော်ရှိပါတယ်ဆိုတဲ့ ယူအက်စ်မှာလည်း အများကြီးပဲ..။
    ရှိသမှ အစိုးရအလုပ်တွေမှာကို ရှိနေတာ..။

    လစာကို ထုတ်ပေးဖို့ငွေမရှိလို့.. နောက်မှပေးမယ် အကြွေးမှတ်ထားဆိုတဲ့.. IOU လည်းရှိတယ်..။
    http://en.wikipedia.org/wiki/IOU
    အချိန်ပြည့်အလုပ်မလုပ်ခိုင်းပဲ.. တပါတ် ၃ရက်ပဲလုပ်ပါ.. ၃ရက်ဖိုးပဲပေးပါမယ်ဆိုတာလည်းရှိတယ်..။
    လစာဖြတ်တာကတော့… ပြောမနေနဲ့..။

    ဆိုတော့…
    လစာက မလောက်ငှမှတော့… နောက်အလုပ်တခုရှာပါ..။
    ရှာနေဆဲမှာ.. လစာနည်းတဲ့အလုပ်လည်း မထွက်ထားပဲမှိန်းလုပ်ထားပါ..။

  • parlayar46

    June 5, 2011 at 9:15 am

    သူပေးတဲ့လစာ 55000 ဆိုတာကိုက ဒီခေတ်ကုန်ဈေးနှုန်းနဲ့တွက်ရင် ရီစရာကြီးပဲ။ အဲဒါထပ်လျှော့ ဦးမယ်ဆိုတော့ အဲဒီဆိုင်ပြုတ်ဖို့သာပြင်။
    လုပ်ငန်းတခုမှာ အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် စေတနာထားရမှာ မှန်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က အရင်စေတနာ စ ထားရမှာ။ အဲဒီစေတနာကို နားလည်ပြီးတော့မှ အလုပ်သမားက စေတနာပြန်ထားမှာ။

  • နိုင်နိုင်

    June 5, 2011 at 9:18 am

    ကိုပေါက်ဖော် ပြောတာ လက်ခံပါတယ် နောက် ကို ကေအေအိုင် ပြောတာ ပိုလို့အဆင်ပြေတယ် ကျွန်တော်တွေးတာနဲ့ တူညီသလိုရှိပါတယ် ပြောချင်တာက ကိုကေအေအိုင် ပြောတဲ့တစ်ခုထဲက ထုပ်ပေးဖို့ငွေမရှိတာတော့မဟုတ်ဘူးပေါ့ဗျာ ရှိပါတယ် သို့သော် ထုပ်ပေးရမဲ့ ရက် တွေ ထုပ်မပေပဲ ပိုင်ရှင်ခရီးထွက်သွားတယ် တစ်ခါတစ်ရံ 5 ရက် 7 ရက်ကြာမှာ ထုပ်ရပါတယ် လခ ကို ကျွန်တော့်သူငယ်ချင်း အဖြစ် မခံနိုင်လို့ ဘယ်လိုလုပ်သင့်လဲဆို ဒါ ရွာထဲဝင်ပြီး အကြံဉာဏ်တောင်လိုက်တာပါ။ တကယ်တော့ ပုံမှန်အားဖြင့် တစ်ဦးနဲ့တစ်ဦးဘယ်လောက်ပေးမယ် ဘယ်လောက်ရမယ် လက်ခံမလား လက်ခံမယ်ဆိုလုပ် အဲဒီသဘောပဲမလား ပုံမှန် အားဖြင့် နှစ်ဦးသဘောတူ ပေးစပ် လုပ်နေပြီးမှာ ပြန်လျော့တယ်ဆိုတာ မဟုတ်သေးဘူးပေါ့နော် ဖြုတ်မယ်ဆိုလဲ ဖြုတ်လိုက်တော့ပေါ့။ နောက်တစ်ခုက
    လစာက မလောက်ငှမှတော့… နောက်အလုပ်တခုရှာပါ..။
    ရှာနေဆဲမှာ.. လစာနည်းတဲ့အလုပ်လည်း မထွက်ထားပဲမှိန်းလုပ်ထားပါ..။
    အဲလို ကိုအေအိုင်ပြောတာကို လက်ခံလိုက်ပါတယ်။
    ပြန်လည်ဖြေကြားပေးတဲ့တွက် သန့်ကရူပါ ။

  • sayargyi

    June 5, 2011 at 9:21 am

    အလုပ်ရှင်မှာလဲအပြစ်မရှိပါဘူး..အလုပ်မကောင်းလို့ လစာလျော့လဲမကြိုက်ရင်ထွက်နှိင်တာဘဲ
    ဝန်ထမ်းကလဲ ဒိထက်လစာကောင်းတဲ့နေရာတွေ့ရင် ပြောင်းမပြေးဘဲ အဲဒီမှာဘဲအမြဲလုပ်နေမှာမို့လို့လား
    အလုပ်ရှင်ကို ဝင်ငွေကောင်းအောင်ကြိုးစားလုပ်ပေးပြီး လစာပြန်တိုးတောင်းသင့်တယ်
    အချို့ဝန်ထမ်းတွေက လစာဘဲများများလိုချင်တာ..အလုပ်ကျတော့ ကိုယ့်အလုပ်လိုသဘောထားပြီး မကျိုးစားချင်ဘူး
    လခစားမို့လို့ ပိုလုပ်လဲဒီလခပါဘဲ ဆိုပြီးဝတ်ကျေတန်းကျေလောက်ဘဲလုပ်ကြတာများပါတယ်
    အလုပ်ရှင်အတွက်ကျိုးစားပြီးလုပ်တယ်..ဝင်ငွေကောင်းရဲ့သားနဲ့ လခနှိမ်ရင်တော့ အလုပ်ရှင်မှာအပြစ်ရှိတာပေါ့

  • kai

    June 5, 2011 at 9:41 am

    ခပ်ကြမ်းကြမ်းတွက်နည်းလေးတခု ပြောပြမယ်..။
    ဂျပန်သာမန်အလုပ်တွေမှာ… စီးပွားရေးလုပ်ငန်းတွေမှာသုံးတာ…။

    အင်တာနက်ကဖေးဆိုပါတော့..
    ဆိုင်ရဲ့.. အားလုံးတလဝင်ငွေကို ပေါင်းပါ…။
    – အဲဒါရဲ့… ၂၀-၃ဝ ရာခိုင်နှုန်းဟာ.. အလုပ်လုပ်သူဝန်ထမ်း( ဆိုင်ရှင်အပါအဝင်)ရဲ့ လစာ
    – နောက် ၃၀-၄ဝ ရာခိုင်နှုန်းက… ဆိုင်ငှားခ၊ မီးဖိုး။ ကွန်ပြူတာဖိုး၊ အထွေထွေအသုံးစရိတ်… ..စတာတွေအတွက်.. လစဉ်ကုန်ငွေ..။
    – ကျန် ၄ဝ ရာခုန်နှုန်းက.. အမြတ်..။

    ဆိုတော့..
    အဲဒီထဲဘောင်မဝင်ရင်… အမြတ်တွေရဲ့ရာခိုင်နှုန်း ၅ဝကျော်နေပြီး.. လစာအတွက်ဖယ်တာ .. ၂ဝရာနှုန်းအောက်ရောက်နေရင်.. အဲဒီအလုပ်ရှင်ဆီမှာ ဆက်မလုပ်သင့်ဘူး..။
    ဂျပန်မှာတော့ … အဲဒီလို.. လစဉ်ငွေကနေအချိုးချကြည့်လိုက်လို့.. လစာငွေအတွက်ရာခိုင်နှုန်းက.. ၃ဝ အောက်ကျနေရင်ကို.. ဝန်ထမ်းတွေက.. ဘိုးနပ်..လစာ တိုးတောင်းလိုက်တယ်..။
    အလုပ်ရှင်က.. အဲဒါမျိုးဝန်ထမ်းကို အထွက်မခံရဲဘူး..။
    အမြတ် ၄ဝ ရနေရင်ကို… သူက.. ဒီဝန်ထမ်းနဲ့ ငြိမ်နေချင်တာလေ…။

  • intro

    June 5, 2011 at 10:28 am

    အကောင်းဆုံးက အလုပ်အသစ်ရှာပါ… ပိုပြီး တက်လမ်းရှိမယ့်၊ အဆင်ပြေမယ့် အလုပ်မျိုးကို ရှာပါ… ရတာနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ ပြောင်းပါ…

  • ဆူး

    June 5, 2011 at 11:00 am

    အင်တာနက် လုပ်ငန်းဆိုတာ ပေါ်ပင် လုပ်ငန်း တခုလို ဖြစ်နေပါပြီ။
    အဆောင်ခ ၂သောင်းဆိုတာ များနေသလိုပါပဲ..
    ဘယ်မြို့ကလဲ မသိဘူး။
    ရန်ကုန်မှာဆိုရင် ၁လ ကို ၁သောင်း အဆောင်ခ နဲ့ ထမင်းဖိုး ၁သောင်းပေး ၂သောင်း ဆို နေစရိတ် စားစရိတ် အပြီး ရတဲ့ နေရာတွေ ရှိပါတယ်။ အလုပ်မပြောင်းနိုင်ရင်တော့ တခြား သက်သာမဲ့ နေရာကို ရှာဖွေ စဉ်းစားပြီး ပြောင်းသင့်တယ်။
    ပြောသာ ပြောတာပါ အလုပ်တခုမှာ ၆သောင်း ရသောင်း လောက် ရရင်တောင် တော်တော် ကျေနပ်နေတဲ့ လူတွေ အများကြီးပါ။ သူထက်သူ နည်းတဲ့ လူတွေ များနေလို့။

  • narziparty2009

    June 5, 2011 at 12:14 pm

    ကျွန်တော်လည်းအင်တာနက်ဆိုင်မှာလုပ်ဖူးတော.ကိုယ်ချင်းစာပါတယ်။အစ်ကိုကွန်ပျူတာပြင်တာတွေ
    Hardware & Software ကောင်းကောင်းတတ်ရင်တစ်ခြားအလုပ်တွေပေါပါတယ်ဗျာ။ပြောင်းသာလုပ်ပါ။
    အခုအလုပ်လည်းမထွက်ပဲရှာပေါ.။ပြောလို.သာနားရက်မရတော.လည်ဘယ်လိုမှရှာလို.မရဘူး။
    ကျောက်မြောင်းဈေးရှေ.က Sobe အင်တာနက်ဆိုင်မှာတော.အဲလောက်တတ်ရင်တာဝန်ခံအနေနဲ.ခေါ်ထားတယ်။လစာလည်းအနည်းဆုံးတော.
    80000 လောက်ပေးပါတယ်။သွားလျှောက်ကြည်.ပါ။
    ကျွန်တော်လည်းအခုအင်တာနက်ဆိုင်မှာပဲလုပ်နေပါတယ်။Hardware & Software တတ်ချင်လို.ပါ။
    ပညာသင်ပေးလို.ပါ။

  • ဝန်ထမ်းနဲ့ ပိုင်ရှင် ဒါမျိုးတွေက ကြုံရမှာပါ။
    ပိုင်ရှင်က တကယ်လဲ အခက်အခဲရှိတယ် ကိုယ့်အပေါ်မှာကျန်တဲ့လူမူ့ရေးကောင်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။
    သာမန်ဆက်ဆံရေးနဲ့ တကျပ်ပေးတစ်ကျပ်ယူဆိုရင်
    ိုကိုယ်အရည်အချင်းကိုလဲ ကိုယ် ယုံကြည်တယ်ဆိုရင် ခွာပေတော့ နောက်ထပ်အလုပ်ရှာ
    ပြောနေရင်လေကုန်မှာဘဲ။

Leave a Reply