အချို့နေရာများ ဝက်သားဈေး ၁ ပိသာ ၁၀၀ဝ ကျပ်

fattyJune 6, 20111min17516

ဒီကနေ့ရန်ကုန်ဝန်းကျင်မှာ ဝက်များ အတုန်းအရုံးသေနေကြပါတယ် ..။ ဂျာနယ်တွေထဲပါ ပါတယ်။
ကျနော့အိမ်နားက သာကေတ ဘက်မှာ ဝက်မွေးထားသူတစ်ဦး ဝက် ( ရ ) ကောင် သေဆုံး
သွားရတာမို့ လက်တွေ့ ကျကျ ကြုံတုန်း မေးမြန်းလိုက်ပါတယ်။
တချို့က လက်တွေ့ကြုံတာမဟုတ်လို့ ခပ်ပေါ့ပေါ့တွေးထင်နေကြမှာစိုးလို့ပါ ..။
စဖြစ်ပုံကတော့ … မွေးထားတဲ့ဝက်က အစာမစားတော့ပါ ..။ လမ်းမလျှောက်တော့ဘဲ
တုန်းလုံးလှဲပြီးနေပါတယ် … ဆရာဝန်ခေါ်ပြတော့ ဒီရောဂါအတွက် ကုလို့မရတော့ဘူးပြော
ပါတယ် ..။ တခြားခြံတွေကစဖြစ်တာပါ ..။ သိသိချင်း ပိုးသတ်ဆေးတွေဖျန်း ထုံးတွေဖျန်း
လုပ်ပါသေးတယ် … မရပါဘူး ကျနော့ခြံက ဝက်တွေလဲ အစာမစားတော့ပါဘူး ..။
၂ ရက်လောက် ဘဲခံပါတယ် သေတာပါဘဲ ..။ ဝက်နားရွက်ပြာရောဂါလို့ပြောပေမဲ့ ကျနော့
ဝက်တွေမှာ နားရွက်မှာ ဘာထူးခြားချက်မှ မတွေ့ရပါဘူး … ဗိုက်ခွဲကြည့်တော့မှ အူတွေ
ထူးထူးခြားခြား ပြာနေတာကိုတွေ့ရပါတယ် ။
အားလုံးကို ကျင်းတူးပြီး ကျကျနန မြေမြှုတ်ပြစ်လိုက်ပါတယ် …။
ကျနာ်တို့ ဘက်မှာ အခု တစ်ပိသာ ၁၀၀ဝ ဈေး ဝယ်မဲ့သူမရှိပါဘူး …။
ဝိသမလောဘသားတွေလဲရှိနိုင်တာကြောင့် သတိပြုပြီးစားကြစေချင်ပါတယ်။ အထူးသဖြင့်
အစာသွတ်ထားတဲ့ပေါက်ဆီတို့လိုဟာမျိုး .. ဘဲသားမုန့် ဆိုပေမဲ့ ဘဲသားစစ်ပါ့မလာ ..။
ပြိးတော့ ဆီချက်ကို ကြက်သားဆီချက်မှာတာ အသားက မှုန့်နေလုနီးပါးကြိတ်ထားတော့
ကြက်သား ဝက်သား ရောထားတာမျိုးလဲ တွေ့ဘူး လိုက်လို့ပါ ..။
….. အားလုံးသတဲပုကြဖို့ဘဲပြောချင်ပါတယ် ….။

16 comments

  • OQ23

    June 6, 2011 at 2:08 pm

    လူတိုင်းနီးပါးပြောနေတာပါပဲ ဖြစ်ရင်လဲဖြစ်နိုင်ပါတယ်။ အိမ်ကမိဘတွေကတော့ မစားဘူး။
    ဒါပေမဲ့ အိမ်နားကဟင်းဆိုင်ကဝက်သားဟင်းကို ရှယ်ကိုချက်ရောင်းနေတာမြင်နေရတယ်။
    ရပ်ကွက်ထဲကလူတွေက ဝယ်စားနေတာပါပဲ ဈေးကျမယ် ထင်ထားတာ ပုံမှန်အတိုင်းပါပဲ။
    တကယ်ဆို ကြာရင်လူတွေမလွယ်ဘူး။ ရောဂါတွေရကုန်တော့မှာပဲ။

    • kai

      June 6, 2011 at 6:25 pm

      သာမန်အားဖြင့်ပြောရရင်တော့ ..ရောဂါဖြစ်နေတဲ့ ဝက်သား မစားသင့်ပါဘူး..။ အသားရဲ့.. အရသာလည်း ပျက်နေပြီဖြစ်ပါတယ်..။
      အထူးသဖြင့်.. ပန်းရောင်သန်းနေတာ..သွေးရောင်လွှမ်းနေတာတွေဖြစ်နေတဲ့..အသား..လွှင့်သာပစ်လိုက်ပါ..။
      အတွင်းကလီစာတွေတော့ ..စားမနေပါနဲ့..။
      ပြောသာပြောတာ.. ဒါက ..မြန်မာပြည်အတွက် လက်တွေ့တော့မကျဘူး..။
      တရုတ်ပြည်မှာလည်းဖြစ်နေတော့.. တော်ကြာ.. ဝက်အူချောင်းတွေ..ဝက်သားခြောက်တွေ.. ဈေးပေါပေါနဲ့..ဝင်လာဦးမယ်..။

      ဆိုတော့… အောက်ကရည်ညွှန်းစာအရ… ဈေးပေါလို့ဝယ်စားမယ်ဆိုရင်.. မီးပြင်းပြင်းနဲ့..တနာရီလောက် ဆူနေအောင် ပြုတ်ပြီးမှ ဟင်းချက်ပေါ့..။
      အပူချိန် ၁၆ဝ ဖာရင်ဟိုက်ဆို.. အကောင်ဘလောင်.. ဗိုင်းရပ်စ်အကုန်သေပါသတဲ့…။


      Can We Still Eat Pork?

      Because the flu virus isn’t transmitted through food, the CDC and U.S. Department of Agriculture (USDA) say it’s safe to eat pork. Of course, pork should be well cooked to avoid any illness. Cook pork to an internal temperature of 160º F or higher (use a meat thermometer to check the temperature). Don’t eat pork that looks pinkish or bloody inside.

      There’s no evidence that touching raw pork will transmit the virus, but it’s always wise to wash your hands and all surfaces after touching any raw meat.
      =============
      အပြင်အစားအစာဝယ်လာရင်လည်း.. မိုက်ခရိုဝေ့ဗ်အာဗင် ရှိရင်… ၃-၄မိနစ်လောက်.. ဆော်ပလော်တီးလိုက်ပါ..။
      အပြီးသတ်စိတ်မချရပေမယ့်…အထဲကဘာမှန်းမသိတဲ့အသားတွေထဲက..ကောင်တွေ တော်တော်များများ သေမှာမို ့.. တော်သေးတယ်ပေါ့..။
      Does a Microwave kill the germs like viruses and bacteria on food if….?
      Microwave ovens are specifically calibrated that they heat up the H-O bond in water molecules (which makes up the majority of food content). It also makes up the majority of bacteria (and other cell) contents. So, yes it would be quite effective at killing bacteria, particularly on the surface, as long as the item was microwaved long enough for the surface water to have boiled, which kills just about anything really.

  • ဆူး

    June 6, 2011 at 3:02 pm

    တနေ့က ဘဲပေါင်း ဆီချက် ပါဆယ် ဝယ်စားတယ်။ ၂၀၀ဝ ကျပ် ပေးရတယ်။
    အိမ်ရောက်တော့ ကြည့်လိုက်တော့ စီပီကြက်ပေါင် တခြမ်း ဖြစ်နေတယ်။
    ဆိုင် သမားတွေ ဘဲ နဲ့ ကြက် မခွဲတတ်လို့လား မသိတော့ပါဘူး။

  • antimoe

    June 6, 2011 at 3:07 pm

    ရောဂါရှိတယ်ကြားလို့…မစားတာ…၂ပတ်လောက်ရှိပြီ။
    ဒီနေ့ဈေးသွားတော့(ဆင်မလိုက်ဈေးက…ဝက်ဈေးပါ)….
    စည်ပင်က…လာချိတ်သွားတဲ့.
    ရောဂါမရှိသဖြင့်..စိတ်ချစွာစားသုံးနိုင်ကြောင်း..ဆိုတဲ့
    ဆိုင်းဘုတ်ကြီးကြောင့်….၅ဝသားကို…၃၀၀ဝကျပ်နဲ့..
    ဝယ်ခဲ့ပါကြောင်း။

    • ဆူး

      June 7, 2011 at 1:52 pm

      အဲဒီ ဗီနိုင်းမျိုးတွေ့တယ် အန်တီမိုးရဲ့
      အိမ်မှာလည်း အဲဒါနဲ့ ဝယ်လာခဲ့တယ်။

  • nigimi77

    June 6, 2011 at 7:09 pm

    ဝက်လိုက် ကြက်လိုက် နဲ ့ ခွေးသား စားရမလား

    ဆိတ် နဲ ့ နွားက ဘာလို ့ ဘေးမဲ့ ပေးထားတာလဲ

    • kai

      June 6, 2011 at 7:28 pm

      အမဲသားက… သံကောင်တို့.. ဘက်တီးရီးယားတို့.. အသားထဲကပ်တွယ်ဖို့..ခက်ခဲတယ်ပြောကြတယ်..။
      ဒါကြောင့်. ဂျပန်တွေအစိမ်းစားတာတောင်ရှိတယ်..။
      အဟာရဓါတ်လည်း များတယ်..။
      ဒါပေမဲ့.. နွားရူးရောဂါပိုး(Mad Cow Disease)ရှိပါတယ်..။

      မကြာခင်လာမည်… မျှော်….။ 🙂

  • Shwe Tike Soe

    June 7, 2011 at 2:42 am

    ဘာရောဂါတွေလဲ မသိဘူး စုံနေတာပဲ
    ဘာစားရမလဲ မသိတော့ဘူး အသီအရွက်ပဲ စားရင်ရော အန္တရယ်ကင်းပါ့မလား……

    • MaMa

      June 7, 2011 at 3:38 am

      အသီးအရွက်စားရင်လည်း အန္တရယ်ကင်းမကင်း စိတ်မချရပါ။ ပိုးသတ်ဆေးဖြန်းပြီး ရက်မစေ့မီ နှုတ်သိမ်းပြီး ရောင်းချလျှင် စားသုံးသူကိုအန္တရာယ်ကျရောက်နိုင်ပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်ကို ရေများများဖြင့် သေသေချာချာဆေးပြီးမှ စားသုံးသင့်ပါသည်။

    • zoe

      June 7, 2011 at 4:08 am

      ဥရောပ မှာ အခုရက်ပိုင်း E. coli ရော်ဂါကြောင့်လူ၂၂ယောက် သေ ပြီး ၂၂၀ဝကျော် ရော်ဂါ ခံစား နေရ တာသခွါးသီး နဲ့ ပဲပင်ပေါက် အစိမ်း စား တာ ကြောင့်လို့ သံသယ ဖြစ်နေ ကြ တယ် ။ ဟင်းသီး ဟင်းရွက်လည်း ရေစင် အောင်ဆေး ပြီး ချက်ပြုတ်စား တာပို စိတ်ချရ တယ် ။ သတင်း အကျယ် လင့် ခ http://www.bbc.co.uk/news/health-13665785

  • နွယ်ပင်

    June 7, 2011 at 3:05 am

    မနေ့က ဈေးသွားတော့ 0က်သားမစားရတာကြာလို့ စည်ပင်ကစိတ်ချစွာ စားသုံးနိုင်ကြောင်း ရေးထားတဲ့ ဆိုင်မှာ 0ယ်လာခဲ့တယ် စိ်တ်ချရလားမချရလားတော့ မသိဘူး ဒီနေ့တော့ ချက်ပြီးယူလာပြီးပြီး ….

    • zawinaing

      June 7, 2011 at 5:01 am

      စားပြီး ဘာမှမဖြစ်ရင် စိတ်ချရပါတယ် …….

  • weiwei

    June 7, 2011 at 3:12 am

    မနေ့က လှည်းတန်းဈေးမှာလဲ စည်ပင်က စိတ်ချစွာစားသုံးနိုင်ကြောင်း စာတွေလာကပ်ထားပါတယ် … လူတွေ တော်တော်များများ ဝက်သားပြန်စားနေကြပါပြီ …

  • eros

    June 7, 2011 at 3:18 am

    အင်း ဘယ်တော့ အဲဒီကိစ္စပြီးသွားမှာပါလိမ့်။ စကြားကတဲက မစားတော့တာ အခုဆိုတော်တော်ကြာသွားပြီပဲ။ စားချင်လိုက်တာ

    ဝက်ကြေးအိုး
    ဝက်ဆီချက်
    ဝက်သားပေါင်း
    ဝက်ချို ထမင်းကြော်
    ဝက်ခေါင်းသုတ်
    ဝက်ခြေထောက်စွပ်ပြုတ်
    ဝက်စတူး
    ဝက်ကောက်ညှင်းထုတ်
    ဝက်အစုံသုတ်
    ဝက်ကော်ပြန့်ကြော်
    ဝက်ခေါက်ဆွဲကြော်
    မျှစ်ချဉ် နဲ့ ဝက်သား သုံးထပ်သား
    တညင်းသီး ဝက်သား
    ဝက်သရက်သီးချက်
    ဝက်သနီချက်

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး ဂလု ဂလု ဂလု

    • eros

      June 7, 2011 at 3:22 am

      ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကတော့ ချစ်တီး ပဲဟင်းနှင့် နှစ်ပါးသွားနေပါကြောင်း

  • etone

    June 7, 2011 at 4:16 am

    စည်ပင်ကစာတွေ လာမကပ်ခင်ကတည်းက etone ကတော့ ဝက်သား အစားမပျက်ပါဘူး …..။ အမြဲတမ်းတော့မဟုတ်ဘူး … စားချင်တဲ့အချိန် ထစားတာပဲ .. . အသားထက် ကလီစာကိုပိုစားဖြစ်တယ်… ။
    ကြောက်နေရင်မထူးပါဘူး … စည်ပင်က စာလာကပ်တာကလည်း လာဘ်ထိုးမှူတွေ မပါပါဘူးလို့ ဘယ်သူပြောနိုင်မလဲ … ။

Leave a Reply