ပြီးပြည့်စုံပြီး ဖြစ်နေသော MG ကို polish တင်ပေးကြပါ

မောင် ပေJune 5, 20111min13711

စာဖတ် ဝါသနာ ပါသူ အားလုံး MG ကို တစ်ခေါက်တစ်ခါ လောက် မြင်တွေ  ့ဖတ်ရူ  ့ပြီးပါက နောက်ထပ် အခေါက်ပေါင်းများစွာ ထပ်ထပ်ဖတ်ချင်မည် မှာ မလွဲဧကန် ပေတည်း ဟူ ။ အဘယ်ကြောင့် နည်း ။ ရှင်းလင်းရလျှင် register လုပ်ရန် လွယ်ကူသည် ။ ကွန်နက်ရှင် အလွန်စုတ်ပြတ်သော်ညား သတင်းများကို ဖတ်နိုင်သည် ။ ( အနည်းငယ် စိတ်ရှည်ပေးလျှင် ) ။ အနယ်နယ် အရပ်ရပ် ကမ္ဘာအနှံ ့မှ ရွှေမြန်မာ များ၏ သတင်းတင်ပို ့ချက်များ ကို ဖတ်ရသည် ။ ဆောင်းပါးများကို ဖတ်ရသည် ။ မမြင်ဖူး မကြားဖူး သော အကြောင်းအရာ များကို ကြားရသည် ။ ကိုယ်တွေ  ့ဖြစ်ရပ် များ ( လူလူချင်း လှည့်စားချက်များ၊ မကောင်းသတင်းများ ၊ ကောင်းသတင်းများ ) ကို ဖတ်ရသည် ။ လိုင်းပေါင်းစုံ ကဗျာ ဝတ္ထုများ ကို ဖတ်ရသည် ။ အိုဗျာ.. အစုံပါပဲ ။ စာဖတ်ဝါသနာ ပါသူများ အတွက် အထူးကောင်းမွန်သည့် ဆိုက် ဖြစ်သည် ။ Site Admin များကို အထူး အကြံ ဉာဏ် ပေးစရာ မလိုလောက်အောင် ပြည့်စုံ သည် ။ တစ်ခု ရှိသည် မှာ စာရေးကြသူ များ သာ ။ စာရေးချင်သည် မှာ MG ၏ ရွာသူ ရွာသားတိုင်း ရေးချင်ကြပါသည် ။ မည်သည့်စာ ကို ရေးရေး ကိုယ်တိုင် စဉ်းစားထားသည် ကိုယ်ပိုင် ဦးဏှောက်နှင့် စဉ်းစား ထား သည် မဟုတ်လျှင် တင်သည့် စာအောက်တွင် ” မှတ်ချက် ” လေးတော့ ပေးသင့်သည် ဟု ထင်မိသည် ။ စာရေးဆရာ မည်သူ မည်ဝါ ထံမှ ကူးရေးသည်ပေါ့ ဗျာ ။ ဗဟုသုတ ပညာ ဆိုသည် မှာ ဖြန် ့ဝေကောင်းသည့် အမျိုး ဖြစ်သည် ။ သို ့သော် အတတ်ပညာ အသိပညာ တိုင်းတွင် ဆရာ ရှိသည် ဆိုတာလေး တော့ မမေ့သင့် ဟု ထင်မိသည် ။ ( ဒါကတော့ ကျွန်တော့် အထင်ပေါ့ နော် ။ ဆရာအာခံ အာခေါင် လှံစူး သည့် စကား ကို သတိရမိသောကြောင့် ) ကိုယ်တိုင် စဉ်းစား ရေးသား ထားလျှင် ကိုယ်တွေ ့ဖြစ်ရပ် ကို ရေးသားထားခြင်းဆိုလျှင် တော့ ရေးကြပါ ။ အစဉ်အမြဲ အားပေးပါမည် ခင်ဗျာ ။ MG တွင် စာရေးကြသူ များ မေ့နေ သည့် အချက် မှာ လူတိုင်း ကို ကိုယ့်လောက် စာမဖတ် ဘူး ဟု ထင်နေကြသည် ဟု ထင်မိပါသည် ။ MG တွင် ဝင်ရောက် စာဖတ်ကြသူ များမှာ စာဖတ်ဝါသနာ ပါကြလွန်း သဖြင့် MG တွင် လာရောက် နေ ့စဉ် သို ့မဟုတ် အပတ်စဉ် စာဖတ်နေကြသည် ကို သတိထားသင့်သည် ဟု ကျွန်တော် ထင်မိပါသည် ။ own creation ဆိုသော စကားသည် လွန်စွာ တန်ဘိုးရှိပါသည် ။ နာမည် ရပြီးသား စာရေးဆရာ တစ်ဦး ၏ အာဘော် ကို ခပ်တည်တည် နှင့် အနည်းငယ် ပြောင်းလဲ ပြီး MG တွင် ပို ့စ် တင်မည် ဆိုပါ က လွန်စွာ လွယ်ပါသည် ။ ပွိုင် ့၈ဝ ရမည် ထင်ပါသည် ။ ကိုယ် ကူးယူ ဖော်ပြ လိုက်သော စာအတွက် ( ဝန်ခံချက် မပါပဲ ) ရမည် မှာ ပွိုင့် ၈ဝ ။ ကိုယ့် ကို ငဘတ် ငကူးကြီး ထင်သွားကြမည် ဆိုလျှင် ပွိုင့်၈ဝ ထဲ နှင့် နာမည် တစ်ခု လဲ ရမည်လော ။ ကျွန်တော် ထင်ပါသည် MG တွင် စာရေးနေကြသူ ရွာသူ ရွာသား များမှာ နေ ့စဉ် စားဝတ်နေရေး အတွက် သိပ်ဦးဏှောက်မစားရသည့် လူစားများ ဖြစ်မည် ဟု ။ စာကို လည်း စိတ်တိုင်းကြ ဖတ်နိုင်လောက်အောင် အချိန်ပေးနိုင်မည့် လူစားများ ဖြစ်မည် ဟု ထင်ပါသည် ။ သို ့ဆိုလျှင် MG သည် own creation စင်စစ် များ (သို ့မဟုတ်) hot များဆိုလျှင်လည်း ကိုယ်တိုင် တီထွင်ထားသည်သော် လည်းကောင်း ကူးယူဖော်ပြသည် ဆိုလျှင်လည်း refer လေး ပါသည့် excellent site တစ်ခု အဖြစ် သော်လည်းကောင်း နာမည် ကျော်ကြားလာမည် ကို ကျွန်တော် စောင့်စား ဖတ်ရှူ နေသည့် အကြောင်း ။ ကျေးဇူးတင်ပါသည် ။

11 comments

  • parlayar46

    June 6, 2011 at 3:52 am

    Like ပေးလို့မရလို့ ကွန်မန့်နဲ့ပဲ
    ထောက်ခံပါတယ်။

  • manawphyulay

    June 6, 2011 at 4:03 am

    မှန်ပါတယ်ရှင်။ ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့အတူ ကိုးကားချက်များကိုလည်း ဖော်ပြသင့်ပါတယ်။

    • etone

      June 7, 2011 at 4:37 am

      သွယ်ဝိုက်သော နည်းနဲ့ ကိုးကားခွင့် ကော်ပီကူးခွင့်တောင်းနေသလိုပါပဲနော်… ။ 😀 😀
      (နောက်တာပါ )

  • kai

    June 6, 2011 at 9:24 am

    ပြီးပြည့်စုံပြီး ဖြစ်နေတယ် မဟုတ်ပါဘူးနော…။
    ရွာသားတွေကပဲ.. အရောင်တင် တိုက်ချွတ်ကြရင်း… ပိုပြီးပြည့်စုံလာတာရယ်ပါ..။
    အကြံတွေပေး…၊ ဆွေးနွေး..၊ မတူတဲ့အတွေးလေးတွေချရေး..။
    ဒီလိုနဲ့… မနေ့က မန္တလေးဂေဇက်ကိူ..ဒီနေ့မန္တလေးဂေဇက်က..အနိုင်ယူလိုက်တာရယ်ပါ…လို့..။

  • etone

    June 6, 2011 at 9:55 am

    သဂျီး ကြိုတင်ငွေလေး တဆိတ်လောက် ..ကော်ပတ်သွားဝယ်လိုက်ဦးမယ် … ပေါလစ်တင်ဖို့ … ။ 😀 😀 😀 😀

  • (ကျွန်တော် ထင်ပါသည် MG တွင် စာရေးနေကြသူ ရွာသူ ရွာသား များမှာ နေ ့စဉ် စားဝတ်နေရေး အတွက် သိပ်ဦးဏှောက်မစားရသည့် လူစားများ ဖြစ်မည် ဟု)
    မထင်နဲ့ကိုယ့်လူရေ ဝါသနာပါလို့ သာရေးနေတာ မန်မန် ကိစ္စကတော့ လူတိုင်းအုံးစားရပါတယ်။
    ခါနာ တူတူမပုန်းအောင် အမြဲလှူပ်ယှားနေရတာပါဗျာ။
    ဒီပိုစ်လေးကို တကယ်ကိုသဘောကျပါသဗျာ.။
    ကျနော်လဲ မန်းလေးဂေဇက်ကို အရောင်တင်ပေးတဲ့လူထဲမှာ အုပ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင်
    ကြိုးစားပါမယ်ဗျာ။

  • fatty

    June 6, 2011 at 1:19 pm

    ကိုပါက်က အုပ်တစ်ချပ်သဲတပွင့် ဆိုမှဖြင့် ကျနော်တို့ကလည်း …
    ဘိလပ်မြေတကော် ထုံးတစ်ဆုတ်တော့ ဖြစ်အောင်လုပ်ရတာပါ့ ….။

  • ဆူး

    June 6, 2011 at 2:05 pm

    ကူးတာတော့ မကောင်းဘူး။
    ကူးတဲ့ လူတွေ ကလည်း အသစ်တွေ ဖြစ်နေတော့ စည်းကမ်းကို သိပ်မသိဘူး ဖြစ်နေတယ်။
    အသစ်ဆိုတော့ လက်တည့်စမ်းပြီး တင်ကြည့်တဲ့ သဘောနဲ့ တင်ကြည့်တာလည်း ဖြစ်နိုင်တယ်။
    အမှန်တော့ စာ ၃ကြောင်းလောက် ရေးထားတဲ့ ကဗျာ(ကိုယ်တိုင်ရေး) လည်း အားပေးကြပါတယ်။
    စာများများ ရဖို့ သူများ ဆီက ကူးချမှ မဟုတ်ပါဘူး။
    တွေ့ကရာ ပုံကောက်တင်ပြီး ပေါက်ကရ ရေးထားလည်း ပိုစ်ဖြစ်တယ်။
    စာဖတ်သူ အနေနဲ့ သုတရသ သို့မဟုတ် ဟာဒရရသ ဆိုတဲ့ ဟာ တခုခုတော့ ရပစေပေါ့။

    ကိုယ်တိုင် မှ မထွင်တတ်လို့ အကြံတုန်း ဉာဏ်တုံးဖြစ်နေရင်တော့ မတင်ပါနဲ့လို့ ပြောချင်ပါတယ်။

    ရွာထဲမှာတော့ ကွန်မန်း ၁ခုကို ၁ဝ ပေးထားပေမဲ့ တချို့ ကွန်မန်းက ၈ဝ ရေးတဲ့ ပိုစ်ထက်တောင် ဖတ်ရတာ အနှစ်အရသာ ရှိတာတွေ အများကြီး ရှိပါတယ်။

  • weiwei

    June 6, 2011 at 2:16 pm

    တကယ်ရေးမယ်ဆိုရင် တကယ်မလွယ်တာကို လက်တွေ့ရေးကြည့်မှ သိရပါတယ် …
    ဒီမှာစာဖတ်တဲ့လူဆိုတာ စာဖတ်ဝါသနာပါပြီးသားနဲ့ ဗဟုသုတအများကြီးရှိပြီးသားသူတွေဖြစ်ပါလိမ့်မယ် …. အားနာလို့ မဝေဖန်ကြပေမယ့် အကောင်း အဆိုးတော့ သေချာနားလည်ထားကြသူတွေဖြစ်ပါလိမ့်မယ် … သူကြီးပြောသလိုဆိုရင် ဒီဆိုဒ်ကို နှစ်ပေါင်းများစွာတိုင်အောင် ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ပါတယ် … ကိုယ်ရေးလိုက်တဲ့ ပို့စ်တိုင်း ကွန်မန့်တိုင်းက မှတ်တမ်းတင်ကျန်ခဲ့မှာဖြစ်လို့ သေချာစဉ်းစားပြီးမှ စည်းကမ်းတွေနဲ့ကိုက်ညီသလား သေချာစစ်ဆေးပြီးမှ သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြိုးစားပြီး ရေးကြမယ်ဆိုရင် အကောင်းဆုံးပါပဲ …

  • MaMa

    June 7, 2011 at 12:54 am

    ကျမကတော့ ရေးမိရေးရာတွေ လက်စမ်းရေးထားတာ

  • MaMa

    June 7, 2011 at 12:55 am

    ကျမကတော့ ရေးမိရေးရာတွေ လက်စမ်းရေးထားတာ MG ကို polish ပဲ တင်မိသလား။ ထုံးပဲ သုတ်မိလေလားတောင် မသိ။

Leave a Reply