ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုထပ်မံတွေ့ရှိ

ဦးကောက်June 5, 20111min511

ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုထပ်မံတွေ့ရှိ

6361

ကမ္ဘာပေါ်တွင် နာမည်ကြီး ကျောက်စိမ်းများ ထွက်ရှိနေသည့် ဒေသဖြစ်သည့် ဖားကန့်ဒေသတွင် ကျာက်စိမ်း ကုဋေကျောက်ကြော တစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါ ကျောက်စိမ်းကုဋေ ကျောက်ကြောကို ရှာဖွေတွေ့ရှိခဲ့သည့် ဘူမိဗေဒလုပ်ငန်းမှ သတင်းရရှိပါသည်။

6361

ဘူမိဗေဒပညာရှင်များသည်  ၂၀၁ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအတွင်း ဖားကန့်ဒေသရှိ ကျောက်စိမ်းထွက်ရှိမှုကို သုတေသနပြု လေ့လာရှာဖွေခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဖားကန့်၌ အဆိုပါ ကျောက်စိမ်း ကုဋေ ကျောက်ကြောကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ လတ်တလော ရှာဖွေ တွေ့ရှိခဲ့သည့် ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ဝ ဒသမ ၃ တန်ရှိနိုင်သည်ဟု ဘူမိဗေဒပညာရှင် ပါမောက္ခ အငြိမ်းစားဆရာကြီး ဦးစိုးသိန်း ဦးစီးသော ဘူမိဗေဒ ပညာရှင်များက တွက်ဆထားကြောင်း သိရသည်။


လတ်တလော ရှာဖွေ တွေ့ရှိခဲ့သည့် ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ဝ ဒသမ ၃ တန်ရှိနိုင်


ဖားကန့်ဒေသတွင် ပင်မ ကျောက်စိမ်းကျောက် (Primary Deposit) နှင့် ရေဆောင်ကျောက်စိမ်း (Placer Deposit) ဟူ၍ ကျောက်စိမ်းသတ္တု သိုက်နှစ်မျိုးနှစ်စားရှိကြောင်း သိရသည်။ ဖားကန့်ဒေသမှ ထွက်ရှိသည့် ကျောက်စိမ်းသတ္တုသိုက် နှစ်မျိုးအနက် ယနေ့ဈေးကွက်တွင် အများဆုံး ရောင်းချနေသော ကျောက်စိမ်းများမှာ ရေဆောင်ကျောက်စိမ်း (Placer Deposit) သတ္တုသိုက်များမှ ရရှိသည့် ကျောက်စိမ်းများဖြစ်ကြောင်း လေ့လာသိရှိထားသူများက ဆိုပါသည်။

“ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က ရတနာတောင်တန်း ကျောက်စိမ်းကြောရဲ့ ကျောက်စိမ်း တည်ရှိနေတဲ့ နေရာတွေကို ကွင်းဆင်းပြီး ဘူမိဗေဒနည်းပညာနဲ့ ရှာဖွေခဲ့ပါတယ်။ အဲဒီတုန်းက အခုတစ်ကြိမ် ရှာဖွေမှုမှာ အသုံးပြုခဲ့တဲ့ High Tech Geology  နည်းကို Digital Image Data  အခက်အခဲနဲ့ နည်းပညာတိုးတက်မှု နည်းပါးခဲ့တာကြောင့် ကောင်းကောင်း အသုံးမပြုနိုင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ Digital Image Data တွေနဲ့  High Tech နည်းစနစ်တွေကို ကောင်းစွာအသုံးပြုပြီး ရှာဖွေတဲ့အခါကြမှ ကျောက်စိမ်းကောင်းတွေ တည်ရှိနေတဲ့ ကုဋေကျောက်စိမ်းကြော နဲ့တကွ ကျောက်စိမ်းကြောများစွာကို ကောင်းစွာရှာဖွေနိုင်ခဲ့တာပါ။ Landsat Digital Image တွေကို NASA \ High Tech နည်းပညာနဲ့ လုပ်ကွက်တွေရဲ့ပုံကိုနှိုင်းယှဉ်ပြီး ကုဋေကျောက်စိမ်းကြောများ ကျန်ရှိနေသေးတာကို အခိုင်အမာ တွေ့ရှိခဲ့ပါတယ်”ဟု ဖားကန့်ဒေသ ကျောက်စိမ်းကြော ရှာဖွေ သုတေသနပြုခဲ့သူ ဘူမိဗေဒပညာရှင် ဦးစိုးသိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်မျက်ရတနာများအနက် ကျောက်စိမ်းထုတ်လုပ်မှုမှာ နှစ်စဉ် အများဆုံးဖြစ်ပြီး ၂၀၁ဝ ပြည့်နှစ်တွင် ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုမှ ဝင်ငွေစံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

One comment

  • windtalker

    June 6, 2011 at 5:51 am

    ကောင်းလေစွ ကောင်းလေစွ ဗျာ ။ ထိုသတင်း အမှန်အတိုင်း ဖြစ်လာပါစေ ဗျာ ။ စီးပွားရေး က ကြပ်တည်း လွန်းလို ့ကျွန်တော် windtalker လေး လည်း ကျောက်စိမ်း လိုင်းထဲ ဝင်ဖို ့ကြိုးစားနေတုန်း သည် သတင်း ကို ကြားရတာ အရမ်းကို ဝမ်းသာပါ၏ ။

Leave a Reply