U.S. မှာပေါလွန်းလို့ အောတိုက်ယူရဒယ်..

pennies


Utah ပြည်နယ်ကလူတဦးဟာ အငြင်းပွားနေတဲ့ ဆေးကုသစရိတ် ကုန်ကျငွေကို ပြားစေ့၂၅၀ဝ တိတိဖြင့် ပေးဆောင်အပြီးတွင် တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ တရားရင်ဆိုင်ဖို့ ရှိနေသည်။ Jason West သည် မေလ၂ရရက်နေ့တွင် လက်ကျန်၂၅ဒေါ်လာ ငွေတောင်းခံလွှာအတွက် ဆေးခန်းတွင် ငြင်းခုံရန်ဖြစ် ခဲ့သည်။ ထို့နောက် ဝန်ထမ်းများကို ငွေသားလက်ခံ၊ မခံ မေးမြန်းကာ တပြားစေ့၂၅၀ဝခန့်ကို ကောင်တာ ထက်တွင် သွန်ချလိုက်ပြီး ၎င်းတို့ကို ရေတွက်ရန် တောင်းဆိုခဲ့သည်။ အကြွေစေ့များမှာ ကောင်တာနှင့် ကြမ်းပြင်တဝိုက် ပြန့်ကျဲသွား၍ ဝန်ထမ်းများမှာ ယင်းအပြုအမူအတွက် စိတ်ဆိုးကြရသည်။ လက်ထောက်ရဲမှူး Campbell က West မှာ အဲဒီလို ပြုမူဆောင်ရွက်ဖို့ ဘာအကြောင်းပြချက်မှ မရှိဟုပြောသည်။ ထို့နောက်တွင် ရဲများက အသက်၃၈နှစ်အရွယ်ရှိ West ကို ဝတ္တရားနှောက်ယှက်မှု ရင်ဆိုင်ရန် ဆင့်ခေါ်စာ ပေးပို့လိုက်သည်။ ထိုပြစ်မှုအတွက် ဒေါ်လာ၁၄ဝ သို့မဟုတ် ၁၄၀၀ဝပြား အထိ အများဆုံး ဒဏ်ငွေချခံရနိုင်သည်။

Man cited after paying bill with 2,500 pennies
Sun Jun 5
VERNAL, Utah – A Utah man has been cited on a charge of disorderly conduct after paying for a disputed medical bill with 2,500 pennies.
The Deseret News of Salt Lake City reports Jason West went to Basin Clinic in Vernal on May 27 prepared to dispute an outstanding $25 bill.
Assistant Vernal Police Chief Keith Campbell says that after asking staff members whether they accepted cash, West dumped 2,500 pennies on the counter and demanded that staff count them.
Campbell says the incident upset staff because pennies were strewn about the counter and floor, and West’s action served “no legitimate purpose.”
Police later issued the 38-year-old West a citation for disorderly conduct. That carries a fine of as much as $140. Or 14,000 pennies.
http://news.yahoo.com/s/ap/20110605/ap_on_fe_st/us_odd_paying_with_pennies;_ylt=At_xv7759b6EIcbcmp1fV8hn.3QA;_ylu=X3oDMTNrbWNyYThuBGFzc2V0A2FwLzIwMTEwNjA1L3VzX29kZF9wYXlpbmdfd2l0aF9wZW5uaWVzBGNjb2RlA3RvcGdtcHRvcDIwMHBvb2wEY3BvcwMxBHBvcwMxBHNlYwN5bl90b3Bfc3RvcmllcwRzbGsDbWFuY2l0ZWRhZnRl

10 comments

  • zoe

    June 6, 2011 at 4:09 am

    ဒီလို ပဲ ထိုင်ဝမ် မှာလည်း ဒဏ်ကြေး သောင်းချီကိုငွေ တစ်ဆယ်တန်အကြွေနဲ့ ရွဲ့ပြီး ဆောင် တာရှိတယ် ။ အစိုးရ ဋ္ဌာန ကအောင့်သက်သက် နဲ့ ယူလိုက်ရတယ် ။ ထမင်းဗူး (lunch-box)ရောင်းဆိုင် မှာငွေ ငါးထောင် ဖိုး ကို တကျပ်တန် အကြွေနဲ့ သွားဝယ် လို့ ဆိုင်ရှင်က တရားစွဲမလို့ ကိုTV မှာလည်း ကြည့် လိုက်ရဘူး တယ် ။ 🙂

  • susunosuki

    June 6, 2011 at 7:57 am

    ကျွန်တော်တို့ ဆီမှာလဲ ဒီလိုမျိုးအရွှဲ့တိုက်မယ့်သူတွေ များများလိုချင်မိပါကြောင်း၊ မနက်က ကားအစီးမှာ ငါးဆယ်အကြွှေမရှိလို ငါးဆယ်လမ်းကို တစ်ရာပေးစီးခဲ့ရတာကို သတိရမိရင်း ဆုတောင်းလိုက်ပါတယ်။

  • kai

    June 6, 2011 at 8:39 am

    အခုခေတ်ပေါက်ဈေးနဲ့.. ၈ပွိုင့်.. ၁ဆင့်လောက်ရှိနေတာမို ့… အဲဒါတွေ..ရန်ကုန်ပို ့.. ငွေခြေပေးလို့ရနိုင်မလား… သိချင်သား..။ 🙂

  • moethidasoe

    June 6, 2011 at 10:49 am

    ဒီမှာ အကြွေစေ့တွေ ရှားလာရတဲ့ အကြောင်းရင် တစ်ခုရှိတယ် ..
    ခဲနဲ့ လုပ်တုန်းက ခဲကြိုကြတယ် ..
    ကြေးနီနဲ့လုပ်တော့ ဝါရှာကွင်း လုပ်ဖို့ ကြိုကြပြန်တယ် ..
    ဘာလို့ဆို သတ္တုဈေး၊ ခဲဈေးက အကြွေထက် များတာကို ငါးမူးတန် ကြေးနီ တစ်ပြားကို ဝါရှာ ၂ ကွင်းရတယ် .. ကျပ် ၁ဝ လောက် ရတယ် လုပ်ပြီပေါ့ ..
    ဒါနဲ့ပဲ အကြွေစေ့တွေ ရှာလာတာ

    • eros

      June 6, 2011 at 1:31 pm

      အင်းဒါမျိုးတွေကို ငွေဒင်္ဂါး၊ အကြွေဖျက်ဆီးမှုနဲ့ ပြတ်ပြတ်သားသားထိထိရောက်ရောက် အရေးယူ ထောင်ဒဏ် အနှစ် ၂ဝချ၊ ပိုင်ဆိုင်မှုသိမ်းလုပ်ရမှာ။ အကြောင်းကြားတဲ့သူကို ဆုကောင်းကောင်းမွန်ချီးမြှင့်လုပ်ရမှာ။ ထိုင်းမှာဆိုရင် ပိုက်ဆံကို ဖိနပ်နဲ့ နင်းမိရင်ကို အရေးယူခံရတယ် ကြားဖူးပါတယ်။

  • ဆူး

    June 6, 2011 at 1:32 pm

    ဒီမှာတော့ အကြွေပေးပြီး ဈေးဝယ်ရင်တောင် ဈေးသည်က ကျေးဇူးတင်ပါတယ်တဲ့..
    အတန်ကြီး ပေးပြီး ဈေးဝယ်ရင်တော့ အပြန်ကျမှ ပေးပါတဲ့.. မျက်နှာ သိပ်မကောင်းဘူး။
    အတန်ကြီး ပေးလို့ အခန့်မသင့်ရင် အဟောက်တောင် ခံရနိုင်တယ်။

  • unclegyi1974

    June 6, 2011 at 3:28 pm

    west ကဒေါ်လာ၁၄ဝအတွက်ပြားစေ့၁၄၀၀၀
    အဆင်သင့်စုပြီးပါပြီတဲ့

  • gyinkalay

    June 6, 2011 at 5:22 pm

    ဒီနေ ့ဆေးဆိုင်မှာ air x သွားဝယ်တာ တစ်ကဒ်ကို 350 တဲ့..လက်ထဲမှာလဲ..တစ်ထောင်တန်ပဲရှိတော့ တစ်ထောင်တန်ပဲပေးလိုက်တာ…500 တော့ပြန်အန်းပါတယ်..50 ဖိုးက ပူရှိန်းသကြားလုံးတစ်လုံး 100 ဖိုးက ခေါင်းကပ်ပလာစတာ တစ်ခု ပြန်အန်းလိုက်တယ်….လိုချင်တာက လေအောင့်ပျောက်ဆေး airx ဆိုင်က အကြွေမရှိလို ့ပြန်ထည့်ပေးလိုက်တာက ပူရှိန်းတွေ ကော ခေါင်းကပ်ပလာစတာတွေ ကော…

  • MaMa

    June 7, 2011 at 12:29 am

    လက်ထပ်စာချုပ်သွားဝယ်တာ အကြွေမရှိလို့ ကွာရှင်းစာချုပ် အမ်းလိုက်တာထက်စာရင် တော်သေးတာပေ့ါ။ 😀

    • ဆူး

      June 7, 2011 at 1:46 pm

      အန်တီ အပျိုကြီး မမနော်.. ဘာတွေ ပြောနေတာလဲ.. ဟွန်းးးး 😉

Leave a Reply