ရာသီဥတုအကူးအပြောင်းကြောင့် အအေးမိနှာစေးခဲ့လျှင်

meengelayJune 6, 20111min560

အအေးမိနှာစေးခဲ့လျှင် လူတစ်ချို့က လှေသမား လှေစီးတယ်၊ လှည်းသမားလှည်းစီးတယ်။ နှာသမားနှာစီးတယ်လို့ ပြောလေ့ရှိကြပါတယ်။
ဒါပေမယ့် တကယ်တော့ နှာစေးချောင်းဆိုးဖြစ်တာမျိုးက ခံရခက်တဲ့ဝေဒနာတွေပါ။ ဒါကြောင့် ဘယ်လို ကာကွယ်သင့်တယ်ဆိုတာလေးကို လေ့လာကြရအောင်နော် …
အခုလို ရာသီဥတု အကူးအ ပြောင်း ကာလဟာ နေမကောင်းဖြစ် ဖို့ အလွယ်ဆုံး ကာလပါ။ နေတွေ ချစ် ချစ် တောက်ပူလို့ လူက နေပူထဲ ထွက် ရင် အသားပါ စပ်ဖျင်းဖျင်း ဖြစ်တဲ့ အထိ ဖြစ်ရတယ်။ မိုးရွာ ပြန်တော့ လည်း သွန်ချ သလိုပဲ။ လေက လည်း ပါလိုက်တာ၊ မာန်အပြည့်။ လူတွေ က ပူနေရာ ကနေ ချက်ချင်း အေးသွား တော့ နေရထိုင်ရ ကမောက်က မဖြစ် ရပါတယ်။

ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် နေထိုင် မကောင်းဖြစ်ပြီ ဆိုရင်တော့ ကာကွယ်ဖို့ နည်းလမ်း တွေ ပြောပါ့ မယ်။ ကိုယ်တိုင် ဖြစ်နေပြီ ဆိုရင်လည်း အမြန်ဆုံး ပျောက်အောင် ချက်ချင်း လုပ်သင့် ပါပြီ။

ခန္ဓာကိုယ်ကို အနားပေးပါ

အနားယူ ပေးလိုက်တဲ့ အတွက် ခန္ဓာကိုယ် က အားပြန်ပြည့် လာပြီး ရောဂါပိုး တွေကို သူ့ဘာသာ တိုက် ထုတ် ပေးပါလိမ့်မယ်။

အစာမာမစားနဲ့

အရမ်းကို ဝါးရတဲ့ အစားအစာ၊ ကြေခဲတဲ့ အစာတွေကို ရှောင်ပါ။ စွပ် ပြုတ် ပူပူနွေးနွေး၊ လက်ဖက်ရည်၊ အဖျော် ယမကာ တွေက အစာကျေ ညက်ဖို့ လွယ်ပါ တယ်။

အကောင်းမြင်ပါ

စိတ်ဖိစီးရင်လည်း နေမကောင်း ဖြစ်တာ မို့လို့ နေမကောင်း မဖြစ် အောင် အရာရာကို အကောင်းမြင် စိတ်နဲ့ ကြည့်ပြီး နေထိုင်တတ်ဖို့ လည်း လိုပါတယ်။

ဗီတာမင်စီ များများစားပါ

ဗီတာမင်စီက အအေးမိတုပ် ကွေး ခံစားရမှု မပြင်းထန်အောင် ကာ ကွယ်ပေး နိုင်တယ်။ ဖြစ်ရင် လည်း မြန်မြန် သက်သာ စေတယ်။

အခန်းကို စိုစွတ်အောင် လုပ်ပေးပါ

အအေးမိ တုပ်ကွေးရောဂါဖြစ် စေတဲ့ ဗိုင်းရပ်စ်က ခြောက်သွေ့တဲ့ နေရာ တွေကို ကြိုက်တတ် တာမို့ အခန်းကို စိုထိုင်းထိုင်း ဖြစ်အောင် ထားသင့် ပါတယ်။ နောက်ပြီး ခြောက် သွေ့တဲ့ လေက နှာခေါင်းပိတ်တာ၊ လည်ချောင်းယား ယံတာတို့ ဖြစ်စေ ပါတယ်။

လက်ကို မကြာခဏဆေးပေးပါ

အများသုံး ဘတ်စ်ကား စီးနေရ သူ၊ ရထားစီးနေရသူ၊ အများနဲ့ဆိုင် တဲ့ နေရာတွေမှာ အလုပ်လုပ် နေတဲ့ သူ ဆိုရင်တော့ ရောဂါပိုး တွေ ကူး စက် လွယ်တာမို့ ရောဂါ ကူးစက် နိုင်မှု ကို ကာကွယ်တဲ့ အနေနဲ့ လက်ကို မကြာခဏ ဆေးပေး ရပါမယ်။ ဆေး ကြောတဲ့ နေရာမှာလည်း ဆပ်ပြာ နဲ့ အနည်းဆုံး ၁၅ စက္ကန့်ကြာ တိုက်ရ မယ်။ လက်ဆေး ရမယ့် နည်းစနစ် အတိုင်း မှန်မှန်ကန်ကန် ဆေးရမှာ ဖြစ်ပါတယ်။

အရည်များများသောက်ပါ

အရည်ဓာတ် ခန်းခြောက်ရင် ရောဂါ အပျောက် နှေးတတ်လို့ အရည် ဓာတ် မခန်း ခြောက်အောင် ရေ၊ ဖျော် ရည်၊ ဟင်းချိုတွေ သောက် ရမှာဖြစ် ပါတယ်။ အရည် ဆိုပေမယ့် ကော်ဖီ တို့၊ အရက် တို့ကတော့ အရည်ဓာတ် ခန်းခြောက်မှု ပိုမြန်လို့ မသောက် ရပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာရေး လေ့ကျင့်ခန်းတွေ ဟာ နှလုံးခုန် မြန်စေပြီး အသက်ရှူ မြန်စေ ပါတယ်။ ဒါကြောင့် အဆုတ် ထဲက အောက်ဆီဂျင် တွေကို သွေး ကြောထဲ မြန်မြန် ရောက်စေ ပါတယ်။ ဒီလို လေ့ကျင့်ခန်း တွေဟာ ရောဂါ နှိမ်နင်းတဲ့ ဆဲလ်တွေကိုလည်း တိုးပွား စေပါတယ်။

နေပူစာလှုံပါ

နံနက်ခင်း နေရောင်ခြည် အောက်မှာ ခဏတဖြုတ် လမ်း လျှောက်ပေးပါ။

အနားယူပါ

စိတ်ညစ် စရာတွေ ဖြစ်လာရင် ခေါင်းထဲက မြန်မြန် ထုတ်ပါ။ ခန္ဓာ ကိုယ်ရဲ့ ရောဂါ ကာကွယ် နိုင်စွမ်းကို လျော့ကျ တာမို့ စိတ်ညစ်၊ စိတ်ဖိစီး လာရင် အသက်ပြင်းပြင်း ရှူတာ၊ ယောဂ ကျင့်တာတို့ လုပ်ပြီး စိတ်ကို သက်သာရာ ရအောင် ထားရပါမယ်။ ညဉ့်နက် အထိ အလုပ်လုပ် တာမျိုး လည်းရှောင်ပြီး အနားယူ ရပါမယ်။ စိတ်ညစ်မခံပါနဲ့။

အသားအရေထိန်းသိမ်းပါ

အပြင်မှာ အေးပြီး ကိုယ်တွင်း မှာ ပူနေရင် အသားပတ်တာ၊ နှုတ် ခမ်းကွဲ တာမျိုး ဖြစ်တတ်ပါတယ်။ လိမ်းဆေး တွေတော့ လိမ်းလို့ရပါ တယ်။ ဒါပေမယ့် အစားအသောက် ပုံစံ ပြင်တာက ပိုကောင်းပါတယ်။ ရေများများ သောက်တာ၊ ငါးစားတာ၊ နောက်ပြီး မက်မွန်စေ့ စတာမျိုးပေါ့။ ခန္ဓာကိုယ် အလေးချိန် မများတဲ့သူမျိုး ကတော့ အစာထဲမှာ အဆီဓာတ် များ တဲ့ဟာတွေ စားပေးပြီး အဆီဓာတ် ကို ထိန်းပေး သင့်ပါတယ်။ အဆီ ဓာတ်က အရေပြား ဆဲလ်အပါအ ဝင် ဆဲလ်အားလုံးကို အားဖြည့်ပေး နိုင်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

နေဝင်တာနဲ့ ခန္ဓာကိုယ်က အလုပ်လုပ် နေတဲ့ဆဲလ်တွေက ရပ် လေ့ ရှိပါတယ်။ ဒါကို အနားမပေး ဘဲ ဆက်လုပ် နေရင် ခန္ဓာကိုယ် ခုခံ အားကျပြီး ရောဂါအလွယ် ဝင်ရောက် နိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်၊ စောစောထ၊ အိပ်ရေးဝဝ အိပ်လို့ ဆိုတာပါ။

ဒီနည်း တွေကတော့ ရောဂါဖြစ် လာရင် ဆေးသောက်ရင်း နဲ့ ပြုစုကု သရမယ့် အချက် တွေပေါ့။ ဆရာဝန် တွေက ဒါကို လိုက်ပြောပြ နေမှာ မဟုတ်ဘူးလေ။ ကာကွယ်နိုင်ဖို့ လည်း နည်း အချို့ပြောပြပေးပါ့မယ်။

ကာကွယ်ဖို့

အိပ်ရေးဝဝ အိပ်ပါ။ ခန္ဓာကိုယ် မှာ လိုအပ်တာ တွေကို အိပ်ချိန်မှာ သူ့အလိုလို ပြုပြင်မှာမို့ အနားယူဖို့ လိုပါတယ်။

အစာစား ရင် အချဉ်ဖောက် တဲ့ အစာ၊ (အချဉ် ဆိုပေမယ့် သန့်ရှင်း တာမျိုးပါ။ သရက်သီး၊ သံပရာသီး၊ လက်လုပ် ချဉ်ဆိုလည်း သန့်ရှင်းရင် ခန္ဓာကိုယ ်အတွက် စားပေး သင့်ပါ တယ်) အရည်ပါတာ စားပေးရပါ မယ်။ ဒါတွေက အစာခြေ စနစ်ကို ကောင်းမွန်စေပါတယ်။

ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မော မောနေပါ။ အနည်းဆုံး တစ်နေ့တစ် ခေါက် နှစ်နှစ်ခြိုက်ခြိုက် ရယ်ပါ။ ခန္ဓာကိုယ် ကိုယ်ခံအား ကို တိုးပွားစေ ပါတယ်။

အချိုတွေ၊ အက်ဆစ်ဖြစ်စေ တာကို ရှောင်ပါ။

ဗီတာမင်စီ ကြွယ်ဝတဲ့အစား အစာ စားပေးပါ။ ဗီတာမင်စီ ဆေး လုံးတွေထက် ဗီတာမင်စီကြွယ်ဝတဲ့ အစား တွေက ပိုကောင်းပါတယ်။

ဒီလောက်ဆို မိုးရာသီ အတွက် ဘယ်လို နေထိုင်သင့်တယ် ဆိုတာကို သိလောက်ပါပြီ။ ရောဂါ ကင်းရှင်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင် နိုင်ဖို့ ဒီနည်း တွေကို သုံးဖြစ် အောင် သုံးကြည့်ပါ နော်။