Hot Pot လုပ်စားမလား Easy cook

weiweiJune 6, 20111min22924

Hot pot ဆိုင်မှာသွားစားလျှင် ဈေးကြီးပြီးမတန်တာနဲ့ ကျွန်မကတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လုပ်စားပါတယ် … သူငယ်ချင်းတွေတစ်ရက်ဆုံဖြစ်ကြတော့ hot pot လုပ်ကျွေးရင်း ရွာသားတွေကို သတိရတာနဲ့ လုပ်နည်းလေး တင်ပေးလိုက်ပါတယ် …

ပြင်ဆင်ထားပုံ

hot pot လုပ်စားရာတွင် ကိုယ်ထည့်ချင်သော အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ရေစင်စင်ဆေးပြီး သင့်တော်သလို လှီးဖြတ်ထားပြီး ပန်းကန်ထဲတွင် ထည့်ထားရပါမည်။ အရိုးပြုတ်ရည်အိုး (သို့မဟုတ်) ရိုးရိုးရေဖြင့်လည်း ပြုတ်စားလို့ရပါသည်။ အရေးကြီးသော ပြင်ဆင်မှုမှာ တို့စားရန်အချဉ်စပ်နည်းဖြစ်ပါသည်။ ကျွန်မ၏ အချဉ်စပ်နည်းကို မျှဝေပေးလိုက်ပါသည်။

ပါဝင်ပစ္စည်းများ
စပ်ထားပြီးပုံ

ပါဝင်သောပစ္စည်းများ
golden mountain တံဆိပ် ငရုတ်သီးအချဉ် …. တစ်ပုလင်း (အသေး)
golden mountain တံဆိပ် ခရမ်းချဉ်သီးအချဉ် …. တစ်ပုလင်း (အသေး)
ဗမာနံနံပင်
နှမ်း
ယိုးဒယားငံပြာရည်
ဆီတို့ဗူး
သံပုရာသီး
ဆား

ပြုလုပ်ပုံ
အချဉ် ၂ မျိုးကို ဆတူရောစပ်ရပါမည်။ ရိတ်ရိတ်လှီးထားသော နံနံပင်၊ နှမ်း၊ ဆီတို့ဗူးအနည်းငယ်ကို ရေနွေးနဲနဲဖြင့်ဖျော်ထည့်ရမည်။ ငံပြာရည် နဲနဲထည့်ရမည်။ သံပုရာသီး တစ်ဝက်ခန့်နှင့် ဆားအနဲငယ်ထည့်ပြီး အရသာကို လိုသလို မြီးကြည့်ပြီး အဆင်ပြေသလို လိုတိုးပိုလျော့ လုပ်ပေးနိုင်ပါသည်။

အရိုးပြုတ်ရည်မရှိပါက ရေနွေးဆူဆူအိုးထဲသို့ ခနောချဉ်စပ်အခဲ (၂ ခဲ) ထည့်လိုက်ပြီး စားနိုင်သလောက် နဲနဲချင်း အသားနဲ့ အရွက်များကို ထည့်ပြုတ်ပြီး အချဉ်နဲ့ တို့စားပါက ဆိုင်မှာသွားစားသည်နှင့် အရသာတစ်ထပ်ထဲတူပြီး ဈေးနှုန်းချိုသာပြီး ပျော်စရာကောင်းသည့် ညနေစာတစ်ခုကို ခံစားရမည်ဖြစ်ပါသည်။

24 comments

  • meengelay

    June 6, 2011 at 5:02 am

    ဟိဟိ စားချင်လိုက်တာ မမဝေဝေ ချက်ကျွေးနော် တွေ့ဆုံပွဲနေ့ကျရင် ဟိဟိ

  • bigcat

    June 6, 2011 at 5:11 am

    ခနော်အမှုန်နဲ့ အချိုမှုန်ဆိုတာ ကုလားကြီးနဲ့ မာမူကြီးပဲဗျို့… အန်တီဝေဗိုက်ထဲမှာ ဓာဓုဗေဒအဆိပ်တွေနဲ့ ပြည့်နှက်နေပြီ။ ရွာထဲက ဆရာဝန်ဒေါ်မိုးတို့၊ ဘာတို့ ကယ်ကြပါအုံး….အီးတုံးကတော့ ဘားလမ်းက ဧမာနွေလဘုရားကျောင်းရှေ့မှာ ၁၀ဝတန် မုန့်ဟင်းခါးရှိတယ်တဲ့၊ ဘာမှလည်း မဆိုင်ဘူးနော်၊ မနောက်ကောင်းပါဘူး အီးတုံးရယ်.. 😛

  • weiwei

    June 6, 2011 at 5:15 am

    အရသာမရှိဘူးထင်မှာစိုးလို့ ခနောအခဲတုံးထည့်လိုက်လို့ စေတနာနဲ့ရေးလိုက်တာ … ကျွန်မကတော့ ဘာမှမထည့်ပါဘူး … သဘာဝအရသာအတိုင်းပဲ hot pot ကို လုပ်စားတယ် … ဆားမပါ ဆီမပါတဲ့ ဂျပန်အစားအစာ Sukiyaki …

    ၁၀ဝ တန် မုန့်ဟင်းခါးက သာကေတ အဝိုင်းနားမှာလဲရှိတယ်တဲ့ …

    • etone

      June 6, 2011 at 7:05 am

      ခနောထက် … Maggi လေးက ပိုကောင်းတယ် …
      ကိုကြောင်ကြီးပြန်လာလျှင် ဧည့်ခံပါမယ် 100တန်မုန့်ဟင်းခါး အဝကျွေးပြီး 😀

  • eros

    June 6, 2011 at 6:15 am

    ကျေးဇူးပဲ မဝေရေ ကူးသွားပြီ။ ချစ်သူကြိုက်တယ် ဆိုရင် ချက်ကျွေးမယ် ဆုံးဖြတ်ထားတယ်။

  • windtalker

    June 6, 2011 at 6:23 am

    ၁၀ဝ တန် မုန် ့ဟင်းခါး ဆို တာ ဘယ်လို မျိုး လဲ ဆိုတာ ပြောပြပေးကြပါလား ဗျာ ။ ကျွန်တော် က မန်းတလေး က ဆိုတော့ မကြားဖူး မမြင်ဖူး လို ့ပါ ။ ၁၀ဝ ပဲ ပေးရတာ ဆိုတော့ ၁၀ဝ ဖိုး ဖြစ်အောင် ဘယ်လို များ ချက် ။ ဘာတွေ များ ထည့်ပေး သလဲ ဆိုတာ လေး ကျေးဇူးပြု ပြီး ပြောပေးကြပါဦး ။

    • နွယ်ပင်

      June 6, 2011 at 7:25 am

      100 တန်မုန့်ဟင်းခါက ငါးနည်းနည်းလျှော့ထည့် အရည် ကျဲကျဲနဲ့ အညာသားတွေချက်ထားတာ ပုံမုန် မုန့်ဟင်းခါးကိုပဲ အခြေခံလူတန်းစားတွေ စားနိုင်အောင် ပါငင်ပစ္စည်းတွေလျှော့ပြီး ချက်ထားတာပါ .. မဆိုးပါဘူး ပူနေတုန်းစားရင် စားလို့ဖြစ်ပါတယ် .. အေးသွားရင်တော့ နည်းနည်း ညှီတယ် .. ရန်ကုန်ရောက်ရင် ဆူးလေနားက ဧမာနွေလဘုရားကျောင်းနားကို သာလာခဲ့ပါ . 100 တန်မုန့်ဟင်းခါးသည်လေးတွေ အများအပြားတွေ့နိုင်ပါတယ် ….

  • hmee

    June 6, 2011 at 7:32 am

    မဝေရေ ကျေးဇူးပဲ ချစ်ချစ်ကြီးက hot pot ကြိုက်တာမို့ ချက်ကျွေးလိုက်ဦးမယ်။

  • တညင်သား

    June 6, 2011 at 8:55 am

    သူများတွေ ဟော့ ပေါ့ ဆိုလို ကိုလဲ တခါမှ မစားဘူး ဘူး .. ကြည့်ရတဲ့ ပုံစံအရဆိုရင်တော့ တော်တော်ကောင်းမဲ့ပုံပဲ..ကျွန်တော်ကတော့ မကူးတော့ပါဘူး မီးဖိုချောင်ထဲ ကွန်ပျူတာ မသွားပြီး တခါထဲ လက်တွေ့ ချက်စားကြည့်မယ်..
    ကြုံတုန်းပေါ့သာကေတ အဝိုင်းနားမှာပါပဲ သတ်သတ်လွတ် ဒန်ပေါက်ပါ ရပါတယ် ဈေးလဲသက်သာပါတယ်…. မမမှီက hot pot ကို ပဲပင်ပေါက်နဲ့ ချက်ကျွေးမှာလား …:)

  • weiwei

    June 6, 2011 at 9:03 am

    ပုဇွန်၊ ငါးအသားလွှာ၊ ကြက်သားအသားလွှာ၊ ငါးဖယ်လုံး၊ ကင်းမွန်၊ ဂျပန်တို့ဖူး၊ ပဲပြား၊ ဘဲသွေး၊ ငုံးဥ၊ မုန်ညင်း ဖြူ၊ စိမ်း၊ ပဲရွက်၊ ကန်စွန်းရွက်၊ ငုံးဥ၊ ဘေဘီကွန်း၊ ပြောင်းဖူး၊ ………

    • eros

      June 6, 2011 at 10:18 am

      အရိုးပြုတ်ရည်က ဝယ်လို့ရပါသလား။ အရည်ထဲကို ဘာမှ မထည့်ရဘူးပေါ့နော်။

      • weiwei

        June 6, 2011 at 2:05 pm

        အရိုးပြုတ်ရည်က ဝယ်လို့မရဘူး … ဝက်ရိုး ပြုတ်ထားတဲ့အရည်ကို သုံးရင် ပိုကောင်းပါတယ် … ဝက်ရိုးပြုတ်တဲ့အခါ စဆူတဲ့အခါမှာ အနှစ်လိုအရည်တွေ အပေါ်မှာပေါ်လာလိမ့်မယ် … အဲဒီအချိန်မှာ မီးခဏပိတ်ပြီး တက်လာတဲ့အနည်တွေကို ဖယ်ထုတ်လိုက်ရပါမယ် …. ပြီးရင်တော့ ရေများများနဲ့ ၂ နာရီလောက် ပြုတ်ထားတဲ့အရည်ဆိုရင် ချိုပြီး မညှီဘူး …

      • ဆူး

        June 6, 2011 at 3:07 pm

        ဝက်သား ၁၀၀ဝ ဈေးနဲ့ ရတယ်တဲ့ ဦးဖတ်တီး ရေးထားတယ်။
        ဝက်ရိုးဆိုတော့ ၅၀ဝ ဈေးလောက်နဲ့ ရချင်ရမယ်။
        အိုးထဲ ထည့် မီးနည်းနည်းလေးနဲ့ ကြာကြာပြုတ် အိုးကို အလုံပိတ်ထား.. ဆူချင်သလောက် ဆူပလေ့စေ.. အရည် မဝေ ကျအောင် မီးနည်းနည်းနဲ့ ပြုတ်ခိုင်းတာ..
        ပြုတ်ရင်းနဲ့ အရည်က ဖြူစွပ်လာရင်.. အလွန်ကောင်းတဲ့ ဝက်ပြုတ်ရည်ရပြီ ကွဲ့…
        ဟော့ပေါ့မှာ သုံးလို့ ရပြီ။

  • etone

    June 6, 2011 at 9:26 am

    ရွာသားတွေ တွေ့ဆုံပွဲကို ဟော့ပေါ့ ဆိုင်မှာ ချိန်းလိုက်လျှင် မကောင်းဘူးလား… ။ အများကြီးလည်းစားရတယ် .. ဟီးဟီး ဗိုက်ဆာလာပြီ … ။

  • MaMa

    June 6, 2011 at 10:17 am

    စောစောကသိရင် ဧည့်သည်လာလုပ်ပါရဲ့။ ခုတော့ ……… ရှလွတ် ရှလွတ်။

  • king

    June 6, 2011 at 10:29 am

    ကျွန်တော်ကတော့ ၁၀ဝ တန်တော့သိဘူး ဗိုလ်တထောင်ဘုရားက ၂၀ဝ တန်ပဲ စားဘူးတယ်ဗျ
    😛 😀 🙂

  • နိုင်နိုင်

    June 6, 2011 at 11:25 am

    Hot pot ထက် ကျွန်တော် နံနက်တို်င်းစားနေတဲ့ ခေါက်ဆွဲအွမ် ကိုပိုကြိုက်သဗျ ကြက်ဥပေါင်းလေးက တစ်ဖက်ဆို ဂွတ်နေပြီ … စားကြမလား ခေါက်ဆွဲအွမ် လာခဲ့နော် 😀

  • meelay

    June 6, 2011 at 11:31 am

    ဟော့ပေါ့က ဆောင်းတွင်းဆိုရင် ပိုစားလို့ကောင်းတယ် …. ရာသီဥတုက အေးအေး … ဟင်းက ပူပူလေးနဲ့ …. ပြောရင်းနဲ့ စားချင်လာပြီ ……. 🙂

  • yyin123

    June 6, 2011 at 12:19 pm

    ကျေးဇူးတင်ပါတယ် မဝေ။ ကျမလဲ ရန်ကုန်ပြန်ရင် မိသားစုနဲ့ တူတူချက်စားဘို့ Print ထုတ်လိုက်ပြီ။
    အချဉ်စပ်နည်းကို ပိုသဘောကျတယ်။

  • OQ23

    June 6, 2011 at 2:17 pm

    ကျေးဇူးပါပဲ။ မွေးနေ့နီးနေတာနဲ့အတော်ပါပဲ။ အကုန်ကျသက်သာတဲ့နီးကို အခုမှပဲတွေ့တော့တယ်။
    သူငယ်ချင်းတွေကို ချက်ကျွေးဖြစ်အောင် ကျွေးလိုက်မယ်။အခုလို ပြောပြသောမမ ကိုကျေးဇူးပါပဲ။

  • padonmar

    June 6, 2011 at 5:02 pm

    ဝေဝေ့ easy cookတွေ နဲ့ ဝေးနေတာတော်တော်ကြာပြီ။ကျေးဇူးပါ။

  • zoe

    June 6, 2011 at 6:35 pm

    ထိုင်ဝမ် မှာတော့ hot-pot စား တာ ကို hot-pot soup stock အမျိုးမျိုး အပြောင်းအ လဲ နဲ့ စားကြတယ် ။ မွန်ဂို ထိုင်းချဉ်စပ် တရုတ်ဆေးပေါင်း ဂျင်းနှမ်းဆီ sea-food,european style, japanese style ,korean style ဆိုပြီးဆိုင်တွေ မှာ လည်း ရောင်း တယ် ။ ready-made စပ် ပြီး သား လေးယောက်စာအထုပ် ၉၅ထိုင်ဝမ် ဒေါ်လာ နဲ့လဲ ကိုယ့်ဖာသာ အိမ် မှာလုပ်စားဖို့ လဲရောင်း တယ် ။ ဆောင်းတွင်း ဆို 5-star hotel တွေ မှာ လဲ တင် တယ် ။ွအ ရမ်းရောင်း ရ တယ် ။သူငယ်ချင်း မြန်မာပြန် တောင် hot-pot franchise ဆိုင် ဖွင့်ထား တယ် ။
    ready-made အထုပ် လင့် ခ http://www.mama21.com.tw/index.html
    hot-pot ဆိုင် ကြော်ငြာ လင့် ခ http://www.kingfood.com.tw/index.php?O

  • windtalker

    November 27, 2011 at 12:43 pm

    မန်းတလေးမြို ့မှာ
    ဆောင်းတွင်းကာလ
    မြူကြသောအခါ
    ဘီယာမကောင်း
    ဝီသာကောင်း၏
    အေးချမ်းလှလို ့
    အမြည်းခက်ဘိ
    ယခုတော့သိ
    အညန်းဝေ ကောင်းမှု
    အိုးပူလေးကို ချက်ပြီးကာယူ
    သောက်ကြ စားကြ
    ပျော်ပါးရန်ပင် ကျန်တော့သည် ။
    ရှူး…ဂွတ်တယ်ဟ…
    (ကူးသွားပါပြီ ခင်ဗျာ ၊ ကျူးဇေး ပါ )

  • Yin Nyine Nway

    November 27, 2011 at 5:36 pm

    စားချင်လာပြီ
    နယူရီးယာမှာ လုပ်စားရမယ် … လုပ်စားရင်ခေါ်လိုက်မယ်နော် မဝေ..

Leave a Reply