To promote education for children

MyanmarJune 6, 20111min867

I have read an artcle in Yangon times/ Flower news website. It is very much touching to my heart. It is about difficulties faced by common people at the time of begining of the academic year. I feel really sorry for them.But I know that feeling sorry alone does not help. I would like to request opinions and suggestion to solve those problems so that we can promote education for children – future of our country. I attach the article below. Thank you.
သမီး ကျောင်းတက်ချင်တယ် ဖေဖေ . . .
D.မင်း၊ ဇင်သီဟန် ရေးသားသည်။

”သမီးလေး ကျောင်းအပ်ချင်လို့ပါ…
ဒါပေမဲ့ဗျာ…”
ငါးနှစ်အရွယ် သမီးငယ်ရဲ့ လက်ကိုဆွဲရင်း ကျောင်းဝင်းထဲကထွက်လာသည့် ကိုဟန်ဝင်း(နာမည် လွှဲ)အသံက တုန်ယင်နေသည်။
”ကျွန်တော်က ဆင်းရဲပေမယ့် ကိုယ့်သားသမီး ကို ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျောင်းဝင်ကြေးက မတက်နိုင်ဘူးလေ”ဟု သူ၏စကား ကို ဆက်လိုက်သည်။
ကျောင်းဝင်းထဲ တဖွဲဖွဲဝင်ရောက်လာသော မိဘနှင့် ကလေးငယ်များကိုကြည့်ရင်း ကိုဟန်ဝင်းရင်ထဲ ဆို့နင့်နေသည်။
”ကျွန်တော်က စပယ်ယာလိုက်တယ်။ ကား မထွက်တဲ့ရက်ဆိုရင်ပိုက်ဆံမရဘူး။ ရတဲ့နေ့ကလဲ မိသားစု လောက်ရုံပဲ။ ဒါကြောင့် မိန်းမက အပိုဝင်ငွေလေးရ အောင် အရပ်ထဲအဝတ်လိုက်လျှော်တယ်။ ခုလို မိုးရာ သီဆိုတော့ ကျောင်းအပ်ရမယ့်အချိန်၊ အိမ်ပြင်ရမယ့် အချိန် ဆုံကျနေတော့ ကျောင်းအပ်ဖို့ပိုခက်သွားတာပေါ့” ဟု သူက ရှင်းပြသည်။
”ဒီကျောင်းက အောင်ချက်ကောင်းတယ်။ စည်းကမ်းရှိတယ်ဆိုပြီး မိဘတိုင်းက သူတို့ရဲ့သားသမီး တိုင်းကို တက်စေချင်ကြတယ်။ ဒါကြောင့်လဲ ဒီကျောင်း ကို လာအပ်တာပါ။ ဒါပေမဲ့ သူတို့လို ကျွန်တော်က ငွေကြေးမတတ်နိုင်ဘူးလေ”ဟု ကျောင်းအပ်ကောင် တာတွင် စုဝေးနေသောမိဘနှင့် ကျောင်းတက်ရတော့ မည့်ကလေးငယ်များကို လှမ်းကြည့်ရင်း ဆို့နင့်စွာဖြင့် ပြောလိုက်သည်။

တွေ့နေကျမြင်ကွင်း

ယင်းသည် မကြာသေးမီက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့ သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခုလို ကျောင်းအပ်ရာသီ တွင် အဆိုပါကျောင်းအပါအဝင် ကျောင်းအချို့တွင် တွေ့မြင်နေကျမြင်ကွင်းများဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသားပညာရည်မြင့်မား ရေးအတွက် နှစ် ၃ဝစီမံကိန်းကို ချမှတ်အကောင်အ ထည်ဖော်နေသည်။ ယင်းတွင် မသင်မနေရပညာရေး စနစ် အခမဲ့ပညာရေးစနစ်လည်း ပါဝင်နေပေသည်။ သို့ ရာတွင် အဆိုပါစနစ်များကို လက်တွေ့ကျကျ ချဉ်းကပ် ကြည့်ရာတွင် အထက်ပါသရုပ်သကန်မျိုးကို တွေ့မြင် နေရဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၄၀၉၀ဝကျော်ဖွင့်ခဲ့ပြီး ဆရာ၊ ဆရာမဦးရေ ၂၇၄၀၀၀၊ ကျောင်းသား၊ ကျောင်းသူ ၈ဒသမဝ၅သန်းကျော်ရှိသည်။ ကျောင်းသားရာခိုင်နှုန်း ၇ဝသည် ကျေးလက်ဒေသတွင် ရှိသည်။ မသင်မနေရပညာရေးစနစ်ကို ဖော်ဆောင်နေ ပြီး အခမဲ့ပညာသင်ကြားရေးစနစ်ကို ချမှတ်ထားသည်။ မူလတန်းအဆင့် အသားတင်ကျောင်းနေနှုန်း ၉၈ဒသမ ၃ရရာခိုင်နှုန်း ရှိသည်။

အခမဲ့ပညာရေးစနစ်
ဘာကြောင့် စင်းလုံးမချောသေးလဲ

ဘာကြောင့် အခမဲ့ပညာသင်ကြားရေးစနစ် စင်းလုံးမချောရသနည်း။ ဘာကြောင့် ကျောင်းဝင်ခွင့် တွေ ပေးနေရသည်။ ယင်းကို ပြည်သူ့ရေးရာမူဝါဒဘာသာရပ်ကို လေ့လာခဲ့သူတစ်ဦးက ယင်းဖြစ်စဉ်ကို ယခုလိုရှုမြင်ပြသည်။

ပလေယာလေးယောက်

”အဓိကPlayer ကတော့ (၁) အစိုးရ၊ (၂) ဝန်ထမ်း၊ (၃) အင်န်ဂျီအို၊ (၄) မိဘ ဆိုပြီး ခွဲထုတ်ပြောနိုင် တယ်။
အစိုးရက ပညာရေးဘတ်ဂျက်ကို အလုံ အလောက် ချမပေးနိုင်ဘူး။ ဒါကြောင့်လဲ ပညာရေး ဝန်ထမ်းတွေမှာ လစာမလုံလောက်ဘူး။ ကျောင်းပစ္စည်း တွေ မပြည့်စုံဘူး။ အစိုးရဘက်ကအားနည်းရင် နိုင်ငံ တကာမှာ အင်န်ဂျီအိုတွေက တစ်ဖက်က အားဖြည့်ပြီး ဝန်ထမ်းတယ်။ ဒီမှာ အင်န်ဂျီအိုတွေ များများစားစား မပေါ်သေးဘူး။ ခုလို လစ်ဟာနေတဲ့ကွက်လပ်ကို ဝင် မဖြည့်နိုင်ဘူး။ နောက်ဆုံးက မိဘပေါ့။ မိဘက ဆင်းရဲ တယ်။ စားဝတ်နေရေးမဖူလုံတော့ သားသမီးပညာရေး ကို မတတ်နိုင်ဘူး”ဟု ယင်းအမြင်ကို ချပြသည်။
မြန်မာနိုင်ငံသည် ပညာရေးကဏ္ဍတွင် နိုင်ငံ ၏ ဂျီဒီပီလေးရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်သည်။
”တိုးတက်တဲ့နိုင်ငံတွေကိုကြည့်ရင် ပညာရေး ကို အလေးပေးတယ်။ အစိုးရကလဲ ဘတ်ဂျက်တွေကို တခြားကဏ္ဍတွေထက်ပိုချပေးကြတယ်”ဟု ယင်းက ဆက်ပြောသည်။

ဘတ်ဂျက်

”အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်ရာမှာ တစ်အချက်အနေနဲ့လိုအပ်တာက လုံလောက် ပြီး ထိရောက်တဲ့ပညာရေးအသုံးစရိတ်ငွေတွေကို တရား ဝင် ချထားပေးဖို့၊ နှစ်အချက်က ခွင့်ပြုလိုက်တဲ့ငွေကြေး ပမာဏကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် အလေအလွင့် မရှိဘဲ သုံးစွဲနိုင်ဖို့၊ အဲဒီမှာ မသမာမှုတွေ၊ အလွဲသုံးစားပြု မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေမရှိရအောင်လဲ လုပ် ဆောင်ရမှာပါ။ ချပေးလိုက်တဲ့ဘတ်ဂျက်က သက်ဆိုင် ရာ လက်ခံမယ့်ကလေးတွေလက်ထဲကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အပြည့်ရောက်သွားဖို့ပေါ့”ဟု ပညာရေး အတိုင်ပင်ခံဒေါက်တာစိုးဝင်းဦးက မှတ်ချက်ပေးသည်။

ဘဝတူတွေ

”ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကျွန်တော့်လို ဘဝတူမိဘတွေ အများကြီးပါ။ သူတို့လဲ ကျွန်တော့်လို ပါပဲ။ သူတို့ရဲ့သားသမီးတွေကို ကျောင်းထားချင်ကြမှာ ပဲ။ ဒီကျောင်းတွေမှာတက်မရရင် အခမဲ့သင်တဲ့ကျောင်း တွေဆီ ထားရမှာပဲ”ဟု ကိုဟန်ဝင်းက အခြားနည်းလမ်း တစ်ခုကို ချပြသည်။
”အခမဲ့ပညာရေးဆိုတာ ကျောင်းနဲ့ပတ်သက် ပြီး ကျောင်းဝင်ကြေးတို့၊ မိဘဆရာအသင်းကြေးတို့၊ ကျောင်းလခတို့၊ ပညာသင်ကြားဖို့လိုအပ်တဲ့ပစ္စည်းပစ္စယ တို့ စတဲ့ ကျောင်းသားဘက်ကပေးရမယ့် ကုန်ကျစရိတ် တွေ အကုန်လုံး လုံးဝပေးစရာမလို”ဟု ဒေါက်တာစိုး ဝင်းဦးက ဆိုသည်။
ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးဘိုဝင်းက ”ဒီနှစ်မှာ မူလတန်း ကို မသင်မနေရပညာရေးအဖြစ် လုပ်ဆောင်နေပါပြီ။ မူလတန်းကလေးတွေအနေနဲ့ ကျောင်းဝင်ကြေး၊ မိဘ ဆရာအသင်းကြေး၊ ဗှူကြေးတွေ ပေးစရာမလိုပါဘူး။ ပုံမှန်အတိုင်းကတော့ ဒီအတွက်တွေကို ကောက်ခံပါ တယ်။ ကျန်တဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသား တွေမှာလဲ လုံးဝမတတ်နိုင်ခဲ့ဘူးဆိုရင်တော့ ဒီကြေးတွေ ကောက်ခံမှာမဟုတ်ပါဘူး”ဟု ရှင်းပြသည်။
အခမဲ့မူလတန်းပညာရေးစနစ် စီမံဆောင် ရွက်သဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅ဒသမ၅သန်းကျော်အကျိုးခံစားနေရသည်ဟု ပညာရေး ဝန်ကြီးဌာနမှထုတ်ပြန်သောကိန်းဂဏန်းများအရ သိရ သည်။

အစိုးရသစ်က လုပ်ပေးနိုင်မယ်

မကြာသေးမီက ကျင်ပပြီးစီးခဲ့သော လွှတ် တော်တွင်လည်း ပညာရေးကဏ္ဍကို ထည့်သွင်းဆွေးနွေး ခဲ့ကြသည်။
”အခုဆို လွှတ်တော်မှာလဲ ပြောဆိုခဲ့ကြတာ တွေ့ရတယ်။ မူလတန်းကိုပဲ အခမဲ့ပညာရေးလုပ်ပေး နိုင်ဦးမယ်။ အလယ်တန်းဆိုတာ ဝေးပါသေးတယ်လို့ ပြောပါတယ်။ ဒါတော့မှန်ပါတယ်။ အခြေခံပညာအဆင့် အထိ မသင်မနေရအခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်က လုပ်ပေးနိုင်ရင်တော့ ရေရှည်မှာ အကောင်းဆုံးပေါ့။ ဘတ်ဂျက်ဆိုတာ နေရာတိုင်းမှာ မျှဝေသုံးစွဲရပေမယ့် ပညာရေးအသုံးစရိတ်တွေကို အစိုးရအသစ်က လုပ်ပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။
”ကျောင်းသူ၊ ကျောင်းသားတွေ၊ မိဘတွေရဲ့ စိတ်ထဲမှာ အစိုးရပြောင်းပြီဆိုရင် မျှော်လင့်ကြမှာပါပဲ။ ဘာတွေပိုသက်သာသွားမလဲ။ ဘာတွေဖြစ်လာနိုင်မလဲ ဆိုပြီး မျှော်လင့်ကြမှာပဲ။ ဒီမိုကရေစီအစိုးရဆိုတာ အရင် အစိုးရတွေနဲ့မတူဘူးဆိုတာ သိချင်နေကြပါတယ်။ မိဘ တွေဆိုရင် ဒီလိုကျောင်းဖွင့်ချိန်နီးရင် ပိုဆိုးတယ်။ ပိုပြီး မျှော်လင့်ကြပါတယ်။ အစိုးရသစ်ရဲ့ပွဲဦးထွက်မှာပဲ အား လုံးရဲ့ရင်ထဲမှာ စိတ်ချမ်းသာစရာတွေ၊ အဆင်ပြေမှုတွေ၊ သောကကြောင့်ကြဗျာပါဒဝေးမှုတွေ ဘယ်လောက်ရှိ မလဲဆိုတာ ကျောင်းဖွင့်ချိန်လေးကိုချိန်ထိုးပြီး မျှော်လင့် နေကြမှာပါ”ဟု ယင်းကဆက်ပြောသည်။

သမီးကျောင်းတက်ချင်တယ် ဖေဖေ

ကျောင်းဝင်းမှထွက်လိုက်သည်နှင့် မိုးတွေ က တဖွဲဖွဲရွာနေသည်။ မိုးဖွဲများက ကိုဟန်ဝင်းရင်ထဲက အပူမီးကို ကူပြီး ငြှိမ်းသတ်မပေးနိုင်။
သူ့ရဲ့လက်ကိုလှမ်းဆွဲလိုက်သော သမီးငယ် ရဲ့ စကားသံကြောင့် ကိုဟန်ဝင်းခြေလှမ်းများ ပေတစ်ရာ လမ်းမပေါ်တွင် တုံ့ဆိုင်းသွားလေတော့သည်။
”သမီးကျောင်းတက်ချင်တယ် ဖေဖေ”

I would like to have opinion and suggestion from the colleagues from this site. Thank you.

7 comments

  • kai

    June 6, 2011 at 8:28 am

    မိဘတွေကတော့ .. ကျောင်းကို ကောင်းနိုင်သမျှ ကောင်းတဲ့ကျောင်း.. သားသမီးကိုတက်စေချင်တာပါပဲ..။
    ယူအက်စ်လိုမျိုးဆိုရင်လည်း.. ဂရိတ်အပြည့်ရှိပြီး.. ကျောင်းသားကောင်းတွေမွေးထုတ်ပေးတဲ့.. အထက်တန်းကျောင်းမျိုးထားချင်ကြတာပေါ့..။
    ယူအက်စ်-လော့စ်အိန်ဂျလိစ်က… ဒီလိုပြသနာတွေဖြစ်လွန်းလို့.. ကျောင်းသားတွေကို.. ဆိုင်ရာကျောင်းရဲ့ နယ်မြေဇုံထဲ.. အမြဲတန်းနေရပ်လိပ်စာနဲ့နေတဲ့ ကျောင်းသားပဲ.. အဲဒီကျောင်းအပ်နိုင်အောင် ထားပေးလုပ်ပေးထားတယ်..။
    မြန်မာပြည်က ..အဲဒါမျိုးမရှိဘူးထင်ပါတယ်..။ အဲဒါမျိုးဇုံနဲ့ခွဲလိုက်ရင်… တော်တော်အဆင်ပြေသွားမယ်ထင်တာပါပဲ..။
    ကျောင်းတက်…ကျောင်းဆင်းချိန်… ကျောင်းကြိုပို့…ကားတွေပိတ်ဆို့တာလည်း တော်တော်နည်းသွားမယ်..။

    ဆိုတော့…
    အခုကိစ္စလည်း.. (စိတ်မကောင်းပေမဲ့..ရက်ရက်စက်စက်ပြောရရင်) သူ့အိုးသူ့ဆန်..တန်ယုံဖြစ်ရတော့မှာပေါ့…။
    အခမဲ့ကျောင်းကိုသွားတက်ခိုင်းလိုက်ပေ့ါ…။ ကိုယ်ကငွေမလိုက်နိုင်ပဲ.. ကိုယ်ကလေး အတင်းသွားထားချင်လို့..ဘယ်ဖြစ်မလဲ..။

    • eros

      June 6, 2011 at 8:45 am

      သူကြီး ဘယ်မှာလဲ အခမဲ့ကျောင်း ကဲပြော။ ရှိတဲ့ တကျောင်း နှစ်ကျောင်းလာမပြောနဲ့။ ရန်ကုန်တိုင်းဒေသကြီးမှာ လက်ချိုးရေလို့ရတယ်။

  • weiwei

    June 6, 2011 at 8:51 am

    ကိုယ်နေတဲ့ မြို့နယ်ထဲက ကျောင်းမှာပဲ ကျောင်းအပ်ရင် မူလတန်းကို အခမဲ့ဖြစ်ပါတယ် ….
    ကျွန်မဆို ကမာရွတ်မြို့နယ်ထဲမှာနေတော့ ကလေးတွေကို အော်ဂတ်စတင်း (အထက (၂) ကမာရွတ်) မှာ အခမဲ့ သူငယ်တန်းကို သွားအပ်လို့ရပေမယ့် တခြားမြို့နယ်ကနေကျော်ပြီး လာအပ်ရင်တော့ လိုင်းကြေးပေးရပါတယ် (အဲဒီသဘောပါ) ….
    အခုဆို ရပ်ကွက်ထဲမှာ မူလတန်းကျောင်းအပ်တဲ့ကိစ္စကို လိုက်မေးနေပါတယ် …. ပိုက်ဆံတောင်းတယ်ဆိုရင် တိုင်လို့ရပြီး တကယ်အရေးယူပေးနေပါတယ် …

  • photwenty

    June 6, 2011 at 9:52 am

    ရန်ကုန်သား မဟုတ်လို. မမန်းတတ်တော.ပါဘူးဗျာ

  • antimoe

    June 6, 2011 at 3:48 pm

    စနေနေ့က…၁ဝတန်းအောင်စာရင်းထွက်ပါတယ်။
    ….
    ၃ဘာသာပါတဲ့ကလေးကို….မိဘတွေ..တော်တော်…စိတ်ဆိုးကြတယ်…။
    နင်ညံ့လို့လေ…သိပြီလား…ဆိုပြီး..။

    မအောင်တဲ့ကလေးကိုတော့….မိဘများက..
    ကျွန်တော့သားဗျာ…ကြိုးစားရဲ့သားနဲ့…မအောင်ဘူး။
    ပညာရေးနဲ့….အကျိုးမပေးဘူးထင်ပါတယ်..တဲ့..။
    ပညာတတ်ခွင့်….ပညာသင်ခွင့်ဆိုတာ…ကြိုးစားချင်စိတ်..ရှိသူများအတွက်ပါ။
    တော်တဲ့ကလေးဟာ..တော်ကိုတော်ပါတယ်။
    သူတော်သလား…မတော်ဘူးလား..ဆိုတာ..သိဖို့….
    အနည်းဆုံးတော့…ကျောင်းနေခွင့်ပေးရပါမယ်။
    ဘယ်ကျောင်းပဲဖြစ်ဖြစ်ပေါ့….ရွေးချယ်ခွင့်မရှိရင်…။

  • windtalker

    June 6, 2011 at 5:09 pm

    သူကြီး ပြောတာ မှန်တယ်ဗျ ။ ရက်စက်သလို ဖြစ်နေပေမယ့် လည်း ဒီလို ပဲ အမြဲ ဖြစ်ကြမှာပဲလေ ။ ယုန် ဖြစ်မှတော့ မြက်ပဲ စားရမှာပေါ့ ။ အသား မစားရလို ့ငိုတဲ့ ယုန် လို ဖြစ်နေမှာပေါ့နော် ။ စကားမစပ် ဒီနှစ် ၁ဝ တန်း စာမေးပွဲ အောင်ချက် က တော့ တယ်ကောင်းဆိုပဲ ။ အန်တီမိုး ရေးပြသလို မျိုး တွေ အများကြီး ကြားရပါတယ် ။ ဒီလို နှစ်မျိုးမှာ မှ မအောင်ရင် တော်တော် ပိန်းလို ့ပဲလို ့ပြောကြတယ် ။ ဂုဏ်ထူး ထွက်တဲ့ ကျောင်းသူ ကျောင်းသားတွေ လည်း ဒုနဲ ့ဒေး ပဲ ။ ဒီနှစ် ပညာရေး ပေါ ်လစီ က ဘယ်လို လာဦးမလဲ ဆက်လက် စောင့်စား ကြပါဦးစို ့။ ဘယ်လို ပဲ ဖြစ်ဖြစ် ယနေ ့ခေတ် ကျောင်းသား ကျောင်းသူ လေး တွေ ဟာ ရှေးယခင့် ယခင် ခေတ် ကျောင်းသားကျောင်းသူ များထက် အခွင့်အရေး နည်းပညာ များ ပိုရလာတာ က တော့ အမှန်ပါပဲ ဗျာ ။ လိမ္မာပါးနပ် စွာ နဲ ့သင်ယူ တတ်ကြဖို ့ပဲ လိုမယ် ထင်ပါတယ် ။ ကိုယ်တတ်ကျွမ်းတဲ့ပညာရပ် တစ်ခု နဲ ့ကိုယ့်ဘဝ ကို ကိုယ် အများကြီး တည်ဆောက်လို ့ရတဲ့ ခေတ် ဖြစ်နေပြီ လို ့ထင်ပါတယ် ဗျာ ။

  • Myanmar

    June 7, 2011 at 3:56 am

    Dear Colleagues, Thank you for your active participation in discussion on this post. It gave me a lot of insights and views from different angles. I agree with your views. I would like to share my personal view which you may or may not agree to.
    I found 2 important issues from that article : Equality and Equity.
    Regarding Equality issue, every citizen should have equal opportunity in basic facilities such as food, shelter, education, health care and social security.
    ”ဒီကျောင်းက အောင်ချက်ကောင်းတယ်။ စည်းကမ်းရှိတယ်ဆိုပြီး မိဘတိုင်းက သူတို့ရဲ့သားသမီး တိုင်းကို တက်စေချင်ကြတယ်။ ဒါကြောင့်လဲ ဒီကျောင်း ကို လာအပ်တာပါ။ ဒါပေမဲ့ သူတို့လို ကျွန်တော်က ငွေကြေးမတတ်နိုင်ဘူးလေ”
    Why did parents want to enrol their children in a particular school? It is understandable that parents want their child to have the best possible education and discipline. If they do not have the school that can provide best education in area they live, it is natural that they will find out such a school in other places. At that point they need money to change the school in other areas rather than area they live. We can say for sure that a school in new town ( Myo Thit) may not have the same facilities, qualification and efficiency of teachers and teaching environment as schools in downtown such as Dagon (1), Latha (2), Kamayut (2),TTC etc. If and if only we can provide at least a quality school in every township, it will not be a problem. Ideally, all the schools should have same facility and quality of teachers and teaching environment. I personally think that this Equality issue should be dealt.
    Regarding Equity issue, Government and education sectors should provide the subsidies to the area of needs to ensure compulsory primary education is in practice. It is sad to learn that မြန်မာနိုင်ငံတွင် အမျိုးသားပညာရည်မြင့်မား ရေးအတွက် နှစ် ၃ဝစီမံကိန်းကို ချမှတ်အကောင်အ ထည်ဖော်နေသည်။ ယင်းတွင် မသင်မနေရပညာရေး စနစ် အခမဲ့ပညာရေးစနစ်လည်း ပါဝင်နေပေသည်။ သို့ ရာတွင် အဆိုပါစနစ်များကို လက်တွေ့ကျကျ ချဉ်းကပ် ကြည့်ရာတွင် အထက်ပါသရုပ်သကန်မျိုးကို တွေ့မြင် နေရဆဲဖြစ်သည်။ မသင်မနေရပညာရေးစနစ်ကို ဖော်ဆောင်နေ ပြီး အခမဲ့ပညာသင်ကြားရေးစနစ်ကို ချမှတ်ထားသည်။ မူလတန်းအဆင့် အသားတင်ကျောင်းနေနှုန်း ၉၈ဒသမ ၃ရရာခိုင်နှုန်း ရှိသည်။
    What happen to the rest 1.63% ? Education sector should join hand in hand with NGOs in subsidizing the needs for 100% compulsory primary education. Budget allotment to the areas of need should be more emphasized.
    I agree the fact that students with potentials can get the better education whatever school is. However, to get full potentials, we need nurturing environment and quality teachers.
    I am not blaming Government or education sector. I want children in my country to get the best possible education. Thank you very much, colleagues, for your contribution in discussion.

Leave a Reply