မှုခင်းဖြစ်ပွားနှုန်း

လင်းဝေJune 6, 20111min714

ပြီးခဲ့တဲ့ တစ်ပါတ်က ရရက်သတင်း ဆိုတဲ့ စာစောင်မှာ ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်ပွားနှုန်းကို ဖော်ပြထားပါတယ်။
သိသာထင်ရှားစွာရေးထားတဲ့ အမှုကြီးနှစ်ခု ဖြစ်ပွားနှုန်းကို ဆယ်နှစ်တာ အတွက်ဖော်ပြထားပါတယ်။

လူသတ်မှု ၁၁၇ရမှု နဲ့ မုဒိမ်းမှု ၇၅၅မှု ဖြစ်ပွားခဲ့ပါတယ်တဲ့။
ဒါ ဆယ်နှစ်အတွင်းဖြစ်ပွားခဲ့တာပါ။ ၂၀၀၁ ကနေ ၂၀၁၁ အထိ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ခဲ့တာပါ။
မြန်မာပြည်မှာ လူသတ်မှု အဖြစ်များဆုံးမြို့နယ်က ပဲခူးတိုင်း ကဝမြို့နယ်ပါ။ နောက်တစ်မြို့နယ်က ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ပါတဲ့။
လူသတ်မှု အများဆုံး ဒေသကလည်း အဲဒီ တိုင်း နှစ်ခုပဲဖြစ်ပါတယ်။ ( အခုအခေါ်တော့ တိုင်းဒေသကြီး ပေါ့လေ။ ပိုပြီးရှည်လာတာကလွဲလို့ ဘာမှတော့ မထူးပါဘူး)
ဘာလို့အဖြစ်များတာလည်းမေးတော့ ဝေးလံတဲ့ ရွာတွေနဲ့ တောတောင်တွေကြားမှာ လူသတ်ဖို့ လွယ်သလိုဖြစ်ပြီး ထစ်ခနဲရှိ လူသတ်နေကြလို့ပါတဲ့။
ပြောရရင် လူတွေရဲ့ ယဉ်ကျေးမှု စံနှုန်းနဲ့ ဥပဒေ သက်ရောက်မှု အားနည်းလွန်းတော့ ဥပဒေကို ဆင်ခြင်ဖို့ထက် စိတ်လိုက်မာန်ပါ လုပ်ရင်း လူသတ်မှု ဖြစ်ကြတာပါပဲ။

ရန်ကုန်တိုင်းဆိုတာကို ကြည့်ရင်တော့ ဝေလံတဲ့ အခေါင်အဖျားဆိုတာ နည်းပါတယ်။ သုံးခွ တို့ တိုက်ကြီးတို့လို နယ်တွေထဲက ရွာတစ်ချို့သာ အခေါင်အဖျားလောက်ရှိမှာပါပဲ။
သို့သော်လည်း ဖြစ်ပွားနှုန်းကတော့ မနည်းလှပါဘူး။ လူသတ်မှု ဆိုကတည်းက သေတဲ့သူရှိနေပါပြီ။ လူ ၁၁ရယောက် တစ်နှစ်ကို ဒေါသကြောင့်သေနေရတာ။ ဒီကြားထဲ လူသေမှုဖြစ်ပြီး သေတာတွေကလည်း ရှိဦးမှာပါပဲ။

မုဒိမ်းမှုကလည်း ၇၅၅မှုတဲ့။ တစ်နှစ်ကို ၇၅ယောက်က မုဒိန်းကျင့်ခံနေရတာလား။ မုဒိန်းမှု မှာလည်း ပုံစံအမျိုးမျိုးရှိကြတယ်လို့ကြားဖူးပါတယ်။
တကယ်ကို မိန်းမကောင်းလေးတွေကို အလိုမတူပဲ ပြုကျင့်တာရှိသလို၊ အချို့အချို့ အပေးအယူမတည့်တော့ မုဒိန်းမှုနဲ့ အစွဲခံရတာတွေလည်းကြားဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် တစ်နှစ်ကို မုဒိန်းမှု ၇၅မှုတောင် ဖြစ်တာ ဘာကြောင့်တုန်း။ ရန်ကုန်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာတောင် လူတွေ အလွန်ရိုင်းစိုင်းနေကြသလား။

ကဲ …. အခု ရန်ကုန်တိုင်းအတွင်းဖြစ်ပွားနှုန်းကို ကြည့်ပြီး တစ်တိုင်းပြည်လုံးဆိုရင် ဘယ်လောက်ဖြစ်မလဲ တွက်ဆရင်း လူတွေ လုံခြုံစိတ်ချအောင် ကိုယ်တိုင်လည်းဘာလုပ်နိုင်မလဲစဉ်းစားကြပါ အကြံပေးကြပါ။

အမေရိက က အမှုအခင်းဖြစ်ပွားနှုန်းကိုလည်း ပြောပြဆွေးနွေးနိုင်ပါတယ်။ ( မပြောနဲ့ ဆိုလည်း ပြောတော့မှာ ဆိုတော့ လေ..)

4 comments

  • MaMa

    June 6, 2011 at 10:09 am

    လင်းဝေကျော်ရဲ့ အမျှော်အမြင် ကြီးမှုက ဩချရလောက်ပါပေတယ်။ 🙂
    (အမေရိက က အမှုအခင်းဖြစ်ပွားနှုန်းကိုလည်း ပြောပြဆွေးနွေးနိုင်ပါတယ်။ မပြောနဲ့ ဆိုလည်း ပြောတော့မှာ ဆိုတော့ လေ..)

  • padonmar

    June 6, 2011 at 6:02 pm

    မှုခင်းဂျာနယ်တွေမှာလည်း မုဒိန်းမှုတွေချည်းပဲ၊
    အလွယ်ရနေတဲ့ အပြာကားတွေကပဲ လူတွေကို နှိုးဆွနေသလား မသိဘူး။
    လူသတ်မှုကတော့ ရုတ်တရက်ဖြစ်တဲ့ ဒေါသကြောင့်ပဲဖြစ်မှာပါ။
    တော်တော်များများက တမင်ကြိုတင် ကြံရွယ်မထားပဲ သတ်ဖြစ်သွားကြတာလေ။

  • nigimi77

    June 6, 2011 at 7:19 pm

    မုဒိန်းမှုကို လျော့နည်းစေချင်ရင် မြန်မာပြည်မှာ တရားဝင် ဖာတန်း ဖွင့်ပေးခြင်းဟာ အကောင်းဆုံး အဖြေ ဖြစ်မယ်ထင်တယ်။

    အရင်က ရပ်ကွက် တခုမှာ အရက်ဆိုင်ရှိရင် အဲဒီ အရက်ဆိုင်ဟာလဲ ကိုယ့်ရဲ ့ အိမ်ကို မဖြစ်မနေ ပြန်ရမဲ ့ လမ်းဖြစ်နေခဲ့ရင်

    တကယ်ကို ပြသာနာရှိခဲ့ပေမဲ့လဲ အခု အချိန်မှာ ဒါဟာ ထူးဆန်းတဲ့ မြင်ကွင်း မဟုတ်တော့ဘူးလေ။

    အဓိက က ယဉ်ပါးခြင်းပဲ။ လူ ့အသိုင်းအဝိုင်းမှာ ပြသာနာလို ့ထင်ရတဲ့ အကြောင်းအရာဟာ ယဉ်ပါးမှု ရှိလာရင် အဲဒါဟာ ပြသာနာ

    မဟုတ်တော့ဘူး။

  • kai

    June 6, 2011 at 7:32 pm

    တခြားအမှုတော့မသိ…
    မုဒိန်းမှုက.. အခုစာရင်းကို.. ၁ဝနဲ့မြှောက်လိုက်ပါဦး..။ အမှန်ဖြစ်အောင်…။
    http://en.wikipedia.org/wiki/Rape_statistics
    UN Statistics

    This list indicates the number of, and per capita cases of recorded rape. It does not include cases of rape which go unreported, or which are not recorded.[17] Nor does it specify whether recorded means reported, brought to trial, or convicted. Nor does it take the different definition of rape around the world into account.
    Country↓ 2008 Count↓ 2009 Count↓ 2008 Rate / 100,000↓ 2009 Rate / 100,000↓

    Switzerland 648 612 8.6 8.1
    Syrian Arab Republic 125 156 0.6 0.7
    Turkey 1,148 1,071 1.6 1.4
    Uganda 599 1,536 2.0 4.9
    Ukraine 878 880 1.9 1.9
    United Kingdom (England and Wales) 12,637 13,093 23.4 24.1
    United Kingdom (Northern Ireland) 422 396 24.0 22.3
    United States of America 90,427 89,000 29.3 28.6
    Zimbabwe 4,762 3,186 38.3 25.6

Leave a Reply