အာရုံခံစားမှု အတုများနဲ့ ပြေးလွှားခြင်း

naywoon niJune 6, 20111min955

ခါတိုင်းလိုပဲ….
မြင်တွေ့နေကြ အရာတွေ
ကြားနေကျ စကားလုံးတွေ
ပြောနေကျ လေသံတွေဟာဖြင့်
အာရုံခံစားမှု အတုတွေနဲ့ရောပြွန်း
အစစ်အမှန် ဘယ်ဟာဖြစ်မလဲဆိုတာကို
ဆန်းစစ်ဖို့ ကြောက်ကြောက်နေမိတော့……။
ရှုရှိုက်နေကျ လေထုတောင်မှ
အစစ် အမှန်သေချာရဲ့လား (မတွေးရဲတော့ဘူး)….။
ငါ့ကိုယ်ငါကကော
မုသာဝါဒနိုင်ငံ ထဲက လူသားအတုလေးလား (ဝေခွဲမရနိုင်ခဲ့ဘူး..။ )….။
ငါ့ရင်ခုန်းသံကကော
ပလပ်စတစ် နှလုံးအတုရဲ့ ခုန်နေတာလား (မသေချာပြန်ဘူး…။)…။
ဒီလောကကြီးထဲမှာ
ဘယ်အရာက သရုပ်မှန်ဖြစ်မလဲ
ဘယ်အရာက ဖြစ်တည်မှု မှန်သလဲ
အနှစ်မပါတဲ့ လောကကြီးထဲမှာ
လောဘ ဒေါသ မောဟ တွေ ဗုံပေါလဟောနဲ့ဖြတ်သန်း
ပန်းတိုင်မဲ့ ပြေးလမ်းတွေပေါ်မှာ
ငါ့တို့.. ဆောက်တည်ရာမဲ့ ပြေးလွှားနေမိပါပကောလား…။

နေဝန်းနီ

5 comments

  • niyezaw

    June 7, 2011 at 3:00 am

    ကောင်းတယ်ဗျာ။ ခံစားရတယ်။
    ဒါ အတုမဟုတ်တာတော့သေချာပါတယ်။

  • MaMa

    June 7, 2011 at 3:42 am

    တစ်ယောက်ကလည်း လူတွေ လူတွေတဲ့။ တစ်ယောက်ကလည်း အတုတွေတဲ့။ ဖတ်ရင်းဖတ်ရင်း ချာလည်လည်နေပြီ။ ကိုယ်ကိုယ်တိုင်ကရော လူလား အတုလား စက်ရုပ်လား လား လား လား လား

  • manawphyulay

    June 7, 2011 at 6:21 am

    ဘဝဆိုတာ
    အပြောလွယ်သလောက်
    နေရခက်တဲ့ဘဝကြီးပါ
    အမှားအမှန် ဒွန်တွဲ
    အကောင်းအဆိုး ယှဉ်တွဲ
    ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
    မတည်မြဲတဲ့လောက
    ဖြစ်တည်ပျက် ကာလသုံးပါး
    မမြဲခြင်းတရား လက်ကိုင်ထား
    အတ္တထောင်လွှား
    မာန်မာန ဖောက်ပြား
    ကိုယ်ထင် ကုတင်ရွှေနန်း
    မောဟ ဖုံးလွှမ်းနေတဲ့
    ဒီလူ့ဘောင်လောကကြီးမှာ
    တရားသဘောနဲ့ ဆင်ခြင်
    အရာအားလုံးဟာ
    အနစ္စတွေပါတကား…..
    မနောဖြူလေး

  • naywoonni

    June 7, 2011 at 1:47 pm

    အမှားကြာတော့ လည်း အမှန်ဖြစ်ကုန်တာပဲ ကိုပေါက်ရေ…….။ ညတိုင်းလာနေတဲ့ ကိုရီးယားကားတွေက ကို ကြည့်ရင်း လ္ဘက်ရည်ဆိုင်မှာပြနေတဲ့ ဇာတ်ကားတွေကြည့်ရင်း ….. အင်း …ဒါတွေ အာရုံ ခံစားမှု အတုတွေပါလား ဆိုတဲ့ အတွေးရလာတယ်…။ အစစ်ကဘယ်မှာလဲ….။ အင်း အစစ်လို့ထင်ရတာတွေကလည်း မသေချာပြန်ဘူးဖြစ်နေတယ်…။ ရှာကူကြပါဦးးးးးးးးး 😛

Leave a Reply