eros ပြောသော Eros အကြောင်း

erosJune 6, 20111min23913

Eros(အယ်ရောစ့်) ဆိုသည်မှာ ကမ္ဘာဦးအစ ဒဏ္ဍာရီလာ အချစ် နှင့် အလှအပ နတ်ဘုရား ဖြစ်လေသည်။ ဖခင်ဖြစ်သူမှာ Ares စစ်နတ်ဘုရားဖြစ်ပြီး၊ မိခင်ဖြစ်သူမှာ Aphrodite အလှနတ်ဘုရားမဖြစ်လေသည်။ ကြင်ယာတော် မိဖုရားသည်ကား Psyche ဖြစ်ပြီး၊ သားတော်မှာ Hedone ဖြစ်သည်။ ရောမ ဒဏ္ဍာရီတွင်မူ Cupid ဖြစ်လေသည်။ သူ၏ သင်္ကေတများမှာကား လေး၊မြှား၊ ဖယောင်းတိုင်၊ အသည်းနှလုံး၊ မြှားနတ်မောင်၊ အတောင်ပံများ နှင့် အနမ်းများဖြစ်သည်။ ၎င်း၏ ဘုံဗိမာန်ကား အိုလံပတ် တောင်ဖြစ်လေသည်။

13 comments

  • intro

    June 6, 2011 at 2:47 pm

    အဲ့သည့်တော့….

  • ဆူး

    June 6, 2011 at 3:05 pm

    Hero ဟီးရိုး
    ero အီးရိုး

    ဟီးဟီး.. အယ်ရောစ် လို့ ခေါ်မယ်လို့ ပြောထားတာ ဆိုတော့ အယ်ရောစ်လို့ပဲ ခေါ်မယ်နော်.
    ပုံက ရုပ်ကလေးက လှလို့ အလှ နတ်ဘုရားမလေး… တခါတရံ နောက်မိတာပါကွယ်။

    • etone

      June 7, 2011 at 10:13 am

      မသိဘူး … အီရို့စ်ပဲ ခေါ်မယ် … မြန်မာသံကို ထိန်းသိမ်းတာ … အယ်ရိုးတွေ ၊ ငါးရိုးတွေ လုံးဝမခေါ်တတ်ဘူး ။

  • padonmar

    June 6, 2011 at 5:51 pm

    ံHey!Stupid cupid ,stop packing round me.
    ကြားဖူးတဲ့ သီချင်းလေးပါ။
    ဒါထက် သူက မျက်စိမမြင်ဖူးဆိုလားလို့။

  • bigcat

    June 7, 2011 at 12:16 am

    ၎င်းနေထိုင်သောတိုက်ခန်းကို အိုလံပစ်ဆောက်လုပ်ရေးမှ ဆောက်လုပ်ပေးပြီး အိုလံပစ်လဖက်ခြောက်ကို လွန်စွာ ကြိုက်နှစ်သက်လေသည်။

    • king

      June 7, 2011 at 1:58 am

      ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲတွင်
      အိုလံပစ်မြှားပစ်အဖွဲ့ချုပ်၏
      ဒိုင်လူကြီး တစ်ယောက်လည်းဖြစ်သည်
      😛 😀 🙂

  • MaMa

    June 7, 2011 at 1:00 am

    eros ပြောသော Eros အကြောင်း ဆိုတော့ Curriculum Vitae များ ချရေးပြတော့မလားလို့။

    • eros

      June 7, 2011 at 5:24 am

      CV ပို့လိုက်ရင် အလုပ်ပေးမလားဗျိုး။

  • kai

    June 7, 2011 at 1:13 am

    လူတွေစဉ်းစားတွေခေါ်ကြတာပဲ..တူသလား.. တခုနဲ့တခု.. ခိုးချ မွန်းမံကြသလားတော့မသိ..။
    အိနိ္ဒယသားတွေရဲ့.. နတ်ဘုရားတွေ.. မြင့်မိုရ်တောင်ပေါ်က ဘုံအဆင့်ဆင့်နဲ့နေတဲ့… နတ်တွေ..သိကြားမင်းတွေ.. အသူရာမင်းတွေ.. ခေါမဏီတပ်တွေ..နဲ့..ဂရိက.. ကွိကွတွေက ခပ်ဆင်ဆင်ရယ်..။ 🙂

  • pooch

    June 7, 2011 at 7:03 am

    eros က ကမ္ဘာဦးအစက အချစ်နဲ့အလှအပ နတ်ဘုရားဆိုတော့ ဒီနေ့ခတ်ရဲ့အချစ်ပြသာနာတွေကို
    ဖြေရှင်းပေးဖို့တာဝန်ရှိတယ်။ 🙂
    ဒါနဲ့ စကားမစပ် အိုလံပတ်တောင် မှာ အင်တာနက်ရော သုံးလို့ရလား ။ connection ရောကောင်းလား ?

    • king

      June 7, 2011 at 2:38 pm

      connection ကတော့ ဒီနေ့စာပို့လိုက်ရင် လူချင်းတွေ့ပြီးမှ စာက ရောက်ပါတယ်တဲ့
      ကိုယ်စား ခေါင်းစား အမြီးကျက် အမြီးစားပြီး
      ဖြေပေးလိုက်ပါတယ်
      😛 😛

  • manawphyulay

    June 7, 2011 at 11:01 am

    Eors အကြောင်း မြန်မာလိုကော ပြောမပြချင်ဘူးလား 😛

Leave a Reply