“နံနက်အာရုံ တိမ်ရောင်စုံ”


ညကမိုးတွေရွာထားပါတယ်။
မနက်အိပ်ယာထတော့ မူံမဲမဲသစ်ပင်ကြားမှာ ဝင်းလဲ့နေတဲ့ တိမ်တွေကိုတွေ့ရပါတော့တယ်။
သစ်ပင်တွေဘက်မှာအလင်းရောင်မရတော့ မှောင်မှောင်မဲ၊
အရှေ့ဘက်ကောင်းကင်းကတော့ တိမ်တွေကြားကထွက်လာတဲ့နေရောင်ကြောင့် အရောင်တွေကစိုစိုလက်။
နေနည်းနည်းလေးပိုမြင့်လာတော့ အလင်းအားကောင်းတဲ့ကောင်းကင်မှာတိမ်အပြာရောင်လေးတွေက ဟိုတကွက်ဒီတကွက် ရက်ယှယ်ထားပါတယ်။
နေမြင့်လာတော့ အပြာရောင်လွမ်းခြုံတဲ့ကောင်းကင်က ပိုပြီး လှသထက်လှလာပါတယ်။
မန်းလေးကန်တော်ကြီးနားက အမြဲရောက်တော့ အဲဒီနားကပုံတွေတင်ထားတာ ထပ်နေရင်တော့ခွင့်လွှတ်ပါ။
ကျနော်ကတော့ လှတာလေးတွေမျှပေးချင်တဲ့ ဆန္ဒလေးနဲ့ပါ။

14 comments

  • padonmar

    June 6, 2011 at 4:18 pm

    ကိုပေါက်က သဘာဝကြီးရဲ့အလှတွေ ခံစားတတ်အောင်ပြပေးနေသလိုဘဲ

  • ဆူး

    June 6, 2011 at 4:41 pm

    အောက်ဆုံးက ပုံက ပန်းချီ စုပ်တံ နဲ့ ရေးခြစ်ထားတာ ကျနေတာပဲ.. အပြာတွေက စိုနေတယ်။

  • mayhtet

    June 7, 2011 at 12:55 am

    ဦးပေါက်ရဲ့ အတွေးအခေါ်တွေနဲ့ အနုပညာရသ ကို ဝါသနာပါတာ ချီးကျူးပါတယ်ရှင့်

  • MaMa

    June 7, 2011 at 1:14 am

    သဘာဝရဲ့အရောင်တွေက ဘယ်ပန်းချီရေးလို့မမီမို့ ရှု့ခင်းပုံတွေက ခရေဇီ ဖြစ်ရတာ။

  • pooch

    June 7, 2011 at 1:55 am

    လေးပေါက် တကယ်လှတယ်။

    • king

      June 7, 2011 at 2:06 am

      ဖြစ်နိုင်ပါတယ် ဆိုင်ကယ်စီးရင်းဖုန်းပြောတာ ဆိုင်ကယ်က မနိုင်တဲ့ဝိတ် ထမ်းနေရသလို
      ညဉ်းသံ ကြားလိုက်ရပါတယ် (ခင်လို့စတာ စိတ်မဆိုးကြေး……….)
      😛 😀 🙂

    • nature

      June 7, 2011 at 2:09 am

      လေးပေါက်က အမှားကောင်းကို စောင့်နေတာကွယ့် pooch ရဲ့။ ပုံကိုလှတယ်လို့ပြောတာ သဘောပေါက်ရဲ့သားနဲ့ ချော်လဲရောထိုင် လုပ်နေတာဖြစ်မယ်။

  • နိုင်နိုင်

    June 7, 2011 at 2:43 am

    ကိုပေါက်ရဲ့ လက်ဆော့က စနက်ရှော့ပါပဲဗျာ ကြည့်ရတာ တကယ်ကြည်နူးဖို့ကောင်းတယ်။ သဘာဝရဲ့အရသာကို ပုံကြည့်ပြီးခံစားလို့ရနေတယ်။

  • pooch

    June 7, 2011 at 7:31 am

    ဟုတ်ကဲ့။ ပြန်ပြင်ပြောမယ် လေးပေါက် တကယ်ဝတယ်။ လေးပေါက်ရဲ့ စနက်ရှော့တွေ တကယ်လှတယ်။
    ဟီး 🙂

  • cobra

    June 7, 2011 at 11:48 am

    ကိုပေါက်ကိုမထင်ဘူးဗျာ….
    ဒီလောက်ခံစားတတ်လိမ့်မယ်လို့…။

  • cobra လေးရေ
    ကိုပေါက် ကိုရန်တွေ့ကောင်းတယ်ဘဲ ထင်နေတယ် ဟုတ်စ။
    ပုံတွေအများကြီးရှိပါတယ်။
    ဖြည်းဖြည်းခြင်းတင်ပေးပါမယ်။
    အခုရက်တိမ်တောင်တွေကိုရို်က်ထားတာရှိပါတယ်။
    ကော်နက်ရှင်ကောင်းရင်တင်ပေးမယ်နော်။

  • mnoe

    June 8, 2011 at 6:00 am

    ကြည်နူးခံစားသွားပါတယ်။ ပုံလေးတွေ စုထားပြီး album လေးလုပ်ထားပါလားဟင်။ ပုံလေးတွေက တော်တော်လှတယ်။ အားလုံးစုစုစည်းစည်းမြင်ရတာပေါ့။

Leave a Reply