လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၃)

တတိယပိုင်း ………

1989  နောက်ပိုင်းမှာတော့ နိုင်ငံရဲ့ အုပ်ချုပ်မှု့ကလဲ ပုံစံအသစ် ၊ ဌာနများစွာ ခွဲထုတ်လိုက်ပြီဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင်ကလဲ ဖွဲ့စည်းပုံအသစ် ၊ ပြီးတော့ တပ်မတော်အရာရှိတွေကို အထက်ပိုင်းရာထူးတွေမှာ ထိုးထည့်လိုက်လို့ လူ( ကြီး ) တွေကလဲ အသစ်တွေပေါ့။

အရင်ကလဲ အဲဒီနေရာမျိုးတွေမှာ မဆလ ပါတီကေဒါတွေချည်းပဲဥစ္စာ ဘာထူးမှာလဲလို့ ထင်စရာရှိတယ်။

ထူးတယ် ။ အခုဟာက အကိုကြီးနဲ့ ညီလေး တွေလေ ။ သိတယ်နော် ။ အထက်အောက် ဘယ်အပတ်စဉ်တွေဆိုတဲ့ကြိုးနဲ့ အိုးမဲသုတ် စုချည်ထားပြီး တခြားလူတွေကြားမှာ သူတို့ချင်းမှ သူတို့ချင်း ။

(တကယ်တော့ – တခြားလူတွေမရှိရင်တော့ သူတို့ချင်းမှာလဲ သွေးအုပ်စု ၊ ကျောင်းအုပ်စု ၊ ဆရာတပြည့်အုပ်စု တွေနဲ့ ဟိုကျိတ်ကျိတ် ဒီကျိတ်ကျိတ်နဲ့ပါ ။ အဲဒီအကြောင်းလေး လွန်ခဲ့တဲ့ ခြောက်လလောက်က

” ဘယ်သူမခွဲခွဲ ၊ ကိုယ့်ဖာသာခွဲ ၊ အမြဲဟက်တက်ကြီး ”   ဆိုတဲ့ခေါင်းစဉ်နဲ့

စာလေးတပုဒ်ရေးထားတာ ဘယ်ဆိုက်မှ မတင်ရသေးပါဘူး။ MG မှာတော့ ဆိုက်ကိုထိခိုက်မှာစိုးလို့ မတင်တော့ပါဘူး။ နောင်တချိန်ချိန် အဲဒီခေါင်းစဉ်နဲ့ တနေရာရာမှာတွေ့ခဲ့ရင် အဲဒါ ဒီရွာက ပါလေရာဆိုတဲ့ ဂွစာကြီးလက်ချက်လို့ သိနိုင်ကြဖို့ပါပဲ။)

ကျုပ်တို့ မြန်မာ့သမိုင်းကြောင်းတလျှောက်မှာလဲ ” ငါကိုယ်တော်မြတ် ”   များဟာ  ”  ချီးမြှင့် မြှောက်စားတော်မူ ”  လွန်းအားကြီးပါပေတယ် ။ (အနှိပ်သည်ကို ရွာစားပေးတာမျိုးတွေ)

ချီးမြှင့်  တဲ့အထိက ကျုပ်ဘာမှမပြောချင်သေးဘူး။ သူ့ဟာသူ ရွှေတုံးကြီးပေးပေး စိန်တုံးကြီးပေးပေး ဒါမှမဟုတ် ဖုံးတလုံး ဒေါ်လာခြောက်ထောင်တန်အောင် လုပ်ပြီးပဲ ပေးပေးပေါ့လေ ။

မြှောက်စားဖို့ဆိုရအောင်က –

ဥပမာ – လက်သမားတယောက် တော်လို့ အကျိုးဆောင်လို့ချီးမြှောက်ချင်ရင် ဆုတွေပေးဗျာ၊ ဂုဏ်ပြုဗျာ၊ ဒီလောက်နဲ့မလောက်သေးရင် မဟာလက်သမားဆရာကြီးခန့်ဗျာ။

ဒါပေမယ့်  လက်သမားလုပ်တာတော်လို့  ဆရာဝန်တော့မခန့်သင့်ဘူးပဲ ..။

အဲသလို်များ ခန့်လိုက်မိရင် ……

ဘာရောဂါတွေ့တွေ့ လွှနဲ့တိုက်ပြီး ရေပေါ်နဲ့ထိုး ဖို့ချည်း စဉ်းစားနေရင်မခက်လား …။

အဲ    ခက်တာပေါ့

အဲဒါကြောင့် …… အခုလို …….. ခက်ကုန်တာပေါ့……….

(အကြိုခင်းကျင်းတာတွေပြီးပါပြီ ၊ နောက်တပိုင်းကစလို့ ပလက်ဖောင်းပေါ်ဆင်းပါမယ်)

9 comments

  • bigcat

    June 7, 2011 at 12:05 am

    ချစမ်းပါဗျ ဦးပါလေရာကြီးရ။ ဘယ်သူမျက်နှာ ထောက်နေရမှာလည်း၊ ကိုယ်ဖြစ်ကိုယ်ခံပေါ့.. 😛
    ရေးစရာရှိတာရေးပါဗျာ၊ သဂျီးကြောက်ရင် ပိတ်ပါလိမ့်မယ်။ သူ့ကိုလည်း နားလည်ပေးနိုင်ပါတယ်။ သူ့ခင်မျာ မြန်မာပြည်မှာ နေ့စဉ်ထုတ်သတင်းစာလေးများ ထုတ်ဝေခွင့်ရမလားဆိုပြီး လွှတ်တော်လွှတ်တော်နဲ့ ဖားလိုက်ရတာအမော။ ခုထိတော့ ဘာမှဖြစ်မလာသေးဘူး။ ကချင်ပြည်နယ် ဖက်သွား ကျောက်စိမ်းတူးဖို့တော့ ကြံနေပြီ။ သတိထားသဂျီးရေ…ကချင်သူပုန်တွေရဲ့ အာပီဂျီဗုံးသီးက သဂျီးသော ရွာသားသော မသိဘူး၊ ဆော်မှာပဲ…….

  • MaMa

    June 7, 2011 at 12:13 am

    ပါလေရာကြီးအား-ကျေးဇူးတင်ကြောင်း သဝဏ်လွှာ
    ဖတ်ချင်သူများ၏ ဆန္ဒကို လိုက်လျောသောအားဖြင့် ယခုကဲ့သို့ များများမကြာပဲ တင်ပေးသည်ကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း။
    ပုံ/ စာဖတ်သူ

  • manawphyulay

    June 7, 2011 at 3:34 am

    ဒါပေါ့ ဖြစ်သင့်တာထက် ဖြစ်ချင်တာတွေလုပ်နေတော့လည်း ဪ သူတို့လောကလေ… 🙁

  • parlayar46

    June 7, 2011 at 3:41 am

    MaMa ရေ ။
    အားပေးတာ အထူးကျေးဇူးတင်ပါတယ်ဗျာ။
    အမှန်အတိုင်းပြောရရင် ကိုယ်ပြောချင်တာလေးတွေ နားထောင်ပေးသူရှိတော့
    နဲနဲလက်ပိုသွက်လာတာပေါ့။

  • Myanmar

    June 7, 2011 at 4:03 am

    Carry on Ko Parlaylar46. I love to read your article. I like to read it more. Go on.

  • photwenty

    June 7, 2011 at 5:16 am

    ွွှှအားပေးပါတယ်ဗျာ
    တစ်ပိုင်းနဲ.တစ်ပိုင်းကို အချိန်မကြာပဲတင်ပေးရင်သိပ်ကောင်းမှာပဲ
    နားတော.မထောင်ဘူးနော်.:P

  • hmee

    June 7, 2011 at 7:17 am

    တပိုင်း တပိုင်းမှာ နဲနဲတိုနေတယ်။ အားခဲပြီး ဖတ်တုန်းရှိသေးတယ် ပြီးပြီ ဆိုတော့ ……

  • လင်းဝေကျော်

    June 7, 2011 at 10:54 am

    ကြိုက်တယ် လုပ်ပါဦး ပွင့်ပွင့်လင်းလင်းလေးတွေ

  • padonmar

    June 7, 2011 at 12:06 pm

    ွှအကြိုခင်းကျင်းလေးပြီးရင် အမြီးလေးမြန်မြန်ကျွေးမှပေါ့။

Leave a Reply