စည်းကမ်း၊ ကျွန်တော်မနေနိုင်လို့ ပြောပြချင်ပါတယ် ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဟိုးရှေးရှေး ယခင်ကတည်းက ယဉ်ကျေးသိမ်မွေ့၊ စည်းစနစ်တကျနေလာခဲ့ ကြတာပါ၊ ဒါပေမဲ့ အဲဒါတွေဟာ အခုတော့ ကျွန်တော်တို့ လူမျိုးတွေရဲ့ လက်ထဲမှာ ကွယ်ပျောက်လုနီးနီးဖြစ်နေပါပြီ၊ ဘာလို့ အခုလိုပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ လူမျိုးတွေဟာ တဖြည်းဖြည်းနဲ့ စည်းကမ်းမဲ့ လာကြပါတယ်၊ တခါတခါ ကျွန်တော်တွေးမိတယ်  လူတိုင်းရဲ့ စိတ်ထဲ၊ ရင်ထဲ့မှာ ငါဟာ မြန်မာပါလားလို့ရောတွေးမိကြရဲ့လားလို့ပေါ့၊ (စည်းကမ်း) လူတိုင်းနဲ့ ဆိုင်တဲ့ စကားလုံးပါ၊ ဒါပေမဲ့ လူတွေတော်တော်များများကတော့ လျှစ်လျူရှုနေကြပါတယ် ၊ ကဲ့ဒီလိုဆို ကျွန်တော်ပြောမယ်၊ အခုနောက်ပိုင်း ကျွန်တော်တို့ လူတွေတော်တော်များများဟာ ကွမ်းစားတတ်လာကြပါတယ်၊ အဲ့တော့ ကွမ်းစားတာ အပြစ်လားလို့ မေးမယ်၊ မဟုတ်ပါဘူး ကွမ်းစားတာ ဟာ အပြစ်မဟုတ်ပါဘူး၊ ဒါပေမဲ့ စည်းကမ်းမဲ့ ကွမ်းစတွေးထွေးတာတော့ အပြစ်ဖြစ်လာပါပြီ၊ သူများတွေ ဒီနေရာထွေးလို့ လိုက်ထွေးတယ် ဆိုပြီးထွေးကြမယ်၊ နောက် အခုနောက်ပိုင်းရှိလာတဲ့ (အထူးလိုင်း) ဘစ်စကားတွေ၊ ပေါ်ခါစကတော့ ယဉ်မောင်းရော၊ ယဉ်နောက်လိုက်ရော စည်းကမ်းလိုက်နာကြပါတယ် ၊ ယဉ်စစ်တွေမရှိပေမဲ့ လူပိုမတင်ဘူး ၊မတ်တပ်ရပ်မတင်ဘူး၊ ဒါပေမဲ့ တယောက်စ၊ နှစ်ယောက်စသော ယဉ်မောင်း၊ ယဉ်နောက်လိုက်တွေကြောင့် အခုတော့ ယဉ်မောင်းတွေ ယဉ်နောက်လိုက်တွေဟာ စည်းကမ်းပျက်လာကြပါပြီ၊ မော်တော်ပီကယ်ရှိရင်တောင် ဂရုမစိုက်တော့ပါဘူး ၊ ပိုက်ဆံပေးလိုက်ရင် ရပြီဆိုတဲ့ အတွေးတွေနဲ့ စည်းကမ်းဆိုတာကြီးကို လျစ်လျူရှုကြပါတယ် ၊ နောက် အမှိုက်မပုံရ ဆိုတဲ့နေရာမှာ တယောက်သောသူက အမှိုက်လာပုံမယ် ၊ နောက်လူကလည်း သူမျုားတွေတောင် ပုံတာပဲ ငါလည်းပုံမှာပေါ့ဆိုပြီး (စည်းကမ်းဆိုတာ) မေ့လို့လိုက်ပုံကြပါတယ်၊ ပြောပြရမယ်ဆို အများကြီးပေါ့ ၊ ဒါဆို ကျွန်တော်ပြောတဲ့ (စည်းကမ်း) ဆိုတာ ဘယ်သူနဲ့ သက်ဆိုင်လဲ ၊ နှမ်းတစေ့ တည်းနဲ့တော့ ဆီမဖြစ်နိုင်ပါဘူး ဒါပေမဲ့ နှမ်းစေ့တွေအများကြီးပေါင်းမှ ဆီဖြစ်တယ်ဆိုတာ လူတိုင်းတော့ သိကြမှာပေါ့၊ သူများထွေးလို့လိုက်ထွေးတယ် ၊ သူများတင်လို့လိုက်တင်တယ်၊ သူများပုံလို့လိုက်ပုံတယ်၊ ဒါဆို ….၊ ငါတယောက်တည်း စည်းကမ်းမလိုက်နာလို့တော့ ဘာမှမဖြစ်ပါဘူး ဆိုပေမဲ့ ၊ ငါတယောက်ဆိုတာတွေများလာရင်ရော၊……… ဒီလိုမတွေးပဲ ငါတယောက်စည်းကမ်းလိုက်နာပြီး သူများထွေးပေမဲ့ ငါမထွေးဘူး ထွေးလို့ရတဲ့နေမှာ ထွေးမယ် ၊ သူများတွေတင်ပေမဲ့ ငါမတင်ဘူး၊ သူများတွေ ပုံပေမဲ့ ငါမပုံဘူးဆိုတဲ့ လူတွေများလာခဲ့ရင်ရော၊ ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် ၊မြို့ ၊ရွာ ၊ တိုင်းပြည်လေးဟာ အရမ်းကိုနေချင်စရာ ကောင်းလာမှာပေါ့ဆိုတဲ့ အတွေးမျိုးရှိစေချင်တယ်ဗျာ၊ အမှန်တော့ (စည်းကမ်း) ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာကို မမေ့စေချင်တဲ့ စေတနာနဲ့ပါ၊ လူတိုင်း စည်းကမ်းလိုက်နာနိုင်ပါစေလို့ မျှော်လင့်လျှက်………..

မှတ်ချက်၊        ၊ ကျွန်တော့စာရေးအသား မှားခဲ့လို့ ရှိရင် အနူးအညွတ်တောင်းပန်လျှက်….

About Wai Yan Lay

has written 7 post in this Website..