မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပုဒ်မ ၁၈၈ထုတ်ပြန်

သတင်းထောက် ကိုလှဌေး(မြိတ်-လင်းလွန်း) ရေးသားသော အဆိုပါ သတင်းတွင် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ မေ၃ရက် ၂၀၁၁ခုနှစ် (ကဆုန်လဆန်း ၁ရက် ၁၃၇၃ခုနှစ်)က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ထုတ်ပြန်သည့် အမိန့် ၁/၂၀၁၁ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း မြိတ်မြို့ပေါ် (၁၂)ရပ်ကွက်ရှိ ဂေါက်ကွင်းနှင့်ဆက်စပ်နယ်မြေများနှင့် အများပြည်သူများနေရာတွင် ကော်ရှူခြင်း၊ မူးယစ် ဆေးဝါးကဲ့သို့ အာနိသင်မရှိသော်လည်း အိမ်သုံးဆေးပြားများနှင့်ရောစပ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးခြင်းသည် လူ့အသက် ကိုသော်လည်းကောင်း၊ လုံခြုံရေးကိုသော်လည်းကောင်း၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားပျက်ပြားသည့်အပြင် အများပြည်သူ စိတ် ငြိုငြင်မှုကိုဖြစ်ပေါ်စေသဖြင့် ၎င်းင်းပြစ်မှုကိုရှောင်ကြဉ်ရန် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သတင်းကို Yangon Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

ရှေ့နေတစ်ဦးအသတ်ခံရ အမျိုးသားသုံးဦးကို စစ်ဆေးနေ

သတင်းထောက်ကျော်မြတ်ဇံ ရေးသားသော အဆိုပါ သတင်းတွင် ယုဇနပလာဇာအ နောက်ဘက်ရှိ စံပယ်လမ်းတွင် အထက် တန်းရှေ့နေတစ်ဦးအသတ်ခံရသည့်ကိစ္စနှင့် မေ ၁၂ရက်က မင်္ဂလာတောင် ညွှန့်မြို့နယ် သာယာကုန်းရပ်ကွက် ယုဇန ပလာဇာ အနောက်ဘက် စံပယ်လမ်းတိုက် (၄) ဒုတိယထပ် အခန်း-၂၀၁ တွင် နေထိုင် သော အထက်တန်းရှေ့နေ ကိုမင်းမင်းဦး (၃၃) နှစ်သည် အဆိုပါနေ့မွန်းလွဲပိုင်းတွင် နေထိုင်ရာတိုက်ခန်း၌ လည်ပင်းနှင့်ခန္ဓာ ကိုယ်အနှံ့အပြား၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါအမှုနှင့်ဆက် စပ်သည့် ရဲအရာရှိတစ်ဦးထံမှ သိရပြီး အမှုနှင့် ဆက်စပ်သည်ဟုယူဆရသည့် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးကာ စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သတင်းကို Yangon Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

အရှိန်ပြင်းတဲ့ဘီအမ်ကြောင့် အဘွားအိုသေဆုံး

သတင်းထောက် ဖြိုးညီညီဝင်း ရေးသားသော အဆိုပါ သတင်းတွင် မေ ၁၇ရက်တွင် အရှေ့ပိုင်းခရိုင်ယာဉ်လိုင်းမှ ၁၈၉ဘီအမ်ယာဉ် အရှိန်ပြင်းစွာမောင်းနှင်ရာမှ သာကေတရှုခင်းသာမြို့ပတ်လမ်း ကျောင်းလမ်းမှတ်တိုင်အနီးတွင် အရှေ့မှဆိုက်ကားကို ၀င်တိုက်ရာ ဆိုက်ကားပေါ်ပါ အသက် (၈၀)ကျော် အဘွားအိုတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မ ထ သ(ဗဟို)မှ သိရ ကြောင်းသတင်းကို Yangon Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ် ခရီးစဉ်များကို ရေဓာတ်ငွေ့သုံးမော်တော်ယာဉ်များဖြင့် စတင်ပြေးဆွဲပေးတော့မည်

သတင်းထောက် နွေဦးလင်း ရေးသားသော အဆိုပါ သတင်းတွင် အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းမှ ရန်ကုန်-မော်လမြိုင် -သံဖြူဇရပ်ပြေးဆွဲနေသော ကားအချို့ ရေ ဓာတ်ငွေ့ဖြင့် ပူးတွဲမောင်းနှင်ရန် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းကို Yangon Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

ပုဂံစေတီပုထိုးများကို ရှေးမူမပျက် ပြန်လည်မွမ်းမံမည်

သတင်းထောက် သူသူထက်လွင် ရေးသားသော အဆိုပါ သတင်းတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးကြပ် မှုဖြင့် ပြိုပျက်လျက်ရှိသော ပုဂံရှေးဟောင်းစေတီပုထိုး များကို ရှေးမူမပျက် ပြန်လည်မွမ်းမံထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရ ကြောင်းသတင်းကို Yangon Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

နေရှင်းနှင့် ဗန်ကောက်ပို့စ် တရားဝင်တင်သွင်း

သတင်းထောက် ဇင်သီဟန် ရေးသားသော အဆိုပါ သတင်းတွင် ထိုင်းသတင်းစာနှစ်စောင်ဖြစ်သည့်Bangkok Post နှင့် Nation သတင်းစာများကို ဇွန်၁ရက်မှစတင်၍ ရန်ကုန်တွင် ပထမဆုံးဖြန့်ချိတော့မည်ဖြစ် ကြောင်းသတင်းကို Yangon Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

တရုတ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုဟု မြန်မာအစိုးရ သမ္မတပြောကြား

သတင်းထောက် ရွှေယင်းမာဦး ရေးသားသော အဆိုပါ သတင်းတွင် မြန်မာနိုင်ငံနှင့် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုအများဆုံး မိတ်ဖက်နိုင်ငံဖြစ်ခဲ့သည့် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် ခင်မင်ရင်းနှီးစွာ ဆက်ဆံမှုကို ပိုမိုခိုင်မာစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ် အတွင်း ထုတ်ပြန်ကြေညာခဲ့ ကြောင်းသတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာသတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/news/520/news01.html

အမေရိကန်ဒေါ်လာ ဈေး ဆက်တိုက် ထိုးဆင်းနေသောကြောင့် ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သော ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်ဖွယ်ရှိနေ

အမေရိကန် ဒေါ်လာဈေး၊ ပြည်ပပို့ကုန်မှရငွေဈေး (earning) များ ဆက်တိုက် ထိုးဆင်းနေသော ကြောင့် ပို့ကုန်လုပ်ငန်းများနှင့်အတူ ၎င်းနှင့်ဆက်စပ်နေသော ထုတ်လုပ်မှု လုပ်ငန်းများ ထိခိုက်ဖွယ် ရှိနေကြောင်း စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရကြောင်း၊
“လတ်တလောမှာ အမေရိကန် ဒေါ်လာဈေး ဆက်တိုက်ကျဆင်း လာတာ၊ ပြည်ပပို့ကုန်ကရငွေ ဈေးကျဆင်းနေတာဟာ ပြည်ပပို့ကုန်သမားတွေ အထိနာစေပါတယ်။ ဒေါ်လာဈေးက အကြီးအကျယ် depreciation ဖြစ်နေတဲ့အခါမှာ ပို့ကုန်ကိုထိခိုက်သလို သူနဲ့ဆက်စပ်တဲ့ထုတ်လုပ်မှု လုပ်ငန်းထိပါတယ်။ ဥပမာ ပဲဆန်၊ ထုတ်လုပ်မှုပိုင်းတွေ မှာ တောင်သူဆီကိုသွားပြီး ဒီအကျိုးဆက်က ရောက်သွားမယ်။ တောင်သူမှာ အရင်းအနှီး မရှိရင်ထုတ်လုပ်မှုကို ထိခိုက်ပြီး စားသုံးမှုကို ထိခိုက်မှာပါ။ နောက်ပြီး အထည်ချုပ်လို ဟာမျိုးတွေ၊ တချို့စက်ရုံတွေဆိုရင် အလုပ်သမား ၁၇၀၀ လောက်ကနေ ၃၀၀၀၊ ၄၀၀၀ လောက် ထိရှိတယ်။ သေးရင်တော့ ၆၀၀၊ ၇၀၀ လောက် ရှိတယ်။ သူတို့အထိနာမယ်။ နောက်ပြီး အခု ဆန်ဝယ်လှောင်ထားတဲ့သူတွေ ထိမယ်။ ပဲလုပ်ငန်းရှင်၊ ဆန်လုပ်ငန်းရှင်တွေ အခြေအနေက တော်တော်လေးရုန်းရမယ်”ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့ကြောင်း၊
“အိမ်ခြံမြေလေလံမှာ တစ်ယောက်တည်း ဒေါ်လာသန်း ၂၀၀ ဖိုး ဆွဲသွားတာ မျိုးရှိတယ်။ ဒါတွေ က ၀င်ငွေရလမ်း ဖော်ပြပြီးသားငွေ တွေလား၊ ပြည်ပ လုပ်ငန်းရှင်တွေက အမည်ခံပြီးဆွဲတာလား၊ ဘယ်သူမှ လည်း မသိဘူး။ အခု အိမ်ခြံမြေက တော်တော်လေး တက်သွားတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ real volume နဲ့ ဖြစ်တာလား။ speculate လုပ်ပြီး တက်တာလား၊ ပုံမှန်မဟုတ်ရင် တန်ပြန်သက်ရောက်မှု ဖြစ်နိုင်တယ်။ လေး၊ ငါးလလောက်တော့ စောင့်ကြည့်ရလိမ့်မယ်”ဟု စီးပွားရေးပညာရှင် တစ်ဦးကလည်း ပြောပြခဲ့ကြောင်း၊
လက်ရှိဖြစ်ပေါ်နေသော အနေအထားများသည် ထုတ်လုပ်သူ တောင်သူများအပေါ်သို့ ထိခိုက်လာနိုင်ကြောင်း မြန်မာ့လူဦးရေ၏ ၆၇ ရာခိုင်နှုန်းမှာ တောင်သူများဖြစ်သောကြောင့် ၎င်းသက်ရောက်မှုကြောင့် ရရှိလာနိုင်သော အကျိုးဆက်များအတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ်လာကြောင်း ပညာရှင်များက သုံးသပ်ကြကြောင်း၊
ထို့အတူ မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်သူ သုံးသန်းကျော်ရှိပြီး နိုင်ငံခြား မှပြန်လည်ပေးပို့သော လုပ်ခလစာ များမှာမူ ငွေမာဈေးများဆက်တိုက် ကျဆင်းနေသည့်အတွက် ငွေပြန်ဖော်ရာတွင် မူလရရှိနေသည့် ပမာဏ နှင့် များစွာ ကွာဟနေသောကြောင့် ၀င်ငွေလည်း လိုက်ပါကျဆင်းနေကာ ပြည်ပတွင် အလုပ်သွားလုပ်သော သူများ၏ မိသားစုများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊
“ဒီမှာရှိတဲ့သူတွေ ဒီဝင်ငွေ ဒီကုန်ဈေးနှုန်းနဲ့ ဘယ်လိုစားသောက် အသက်ရှင်နေသလဲဆိုတာ အံ့သြ စရာပဲ။ ကျွန်တော် ပြန်ရောက်တဲ့ တစ်ပတ်လောက်အတွင်းမှာ ဓာတ်ဆီကစလို့ ကြက်ဥ၊ ဘဲဥ စတာ တွေရဲ့ ဈေးနှုန်းတွေက ကျွန်တော် စင်ကာပူမှာနေတုန်းက ၀ယ်စားရတဲ့ ဈေးနဲ့အတူတူလောက် ဖြစ်နေတာ တွေ့တယ်။ ဒါပေမယ့် စင်ကာပူမှာ အောက်တိန်းက 95 RON ၊ ဒီမှာက သိရသလောက် 92 RON ပဲရှိတယ်။ ကွာလတီမတူပေမယ့် ဈေးက အတူတူပဲ။ ဒီကဈေးထက် စင်ကာပူ ကတောင် သက်သာသေးတယ်။ ဟိုမှာ သူတို့ရောင်းတာတွေက အစားအသောက်တွေကအစ သွင်းကုန် တွေ များတယ်။ ဒါပေမယ့် ဒီမှာက ကိုယ့်နိုင်ငံထွက်တွေကိုပဲ ရောင်းတာပေမယ့် ဈေးမြင့်နေတယ်။ အဲဒါကတော့ စဉ်းစားစရာပဲ”ဟု စင်ကာပူ တွင် သုံးနှစ်ခန့်နေထိုင်ခဲ့သူ အင်ဂျင်နီယာတစ်ဦးက ပြောပြကြောင်း အစရှိသည့် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် များ၏ ပြောစကားကို ဖော်ပြထားသော သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8762:2011-06-05-06-27-40&catid=42:2009-11-10-07-36-59&Itemid=112

ကောင်းမွန်သောအုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသောအစိုးရ ပေါ်ပေါက်ရန် အလားအလာ ကောင်းများရရှိလာ

သတင်းထောက် စိုးသန်းလင်း ရေးသားသော အဆိုပါ သတင်းတွင် နေပြည်တော်ရှိ လွှတ်တော်ရုံးခန်းမ၌ မေလ ၂၃ ရက်နေ့တွင် စတင်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကော်မတီဝင်များ၊ တိုင်း ဒေသကြီး / ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ များ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများအရ ကောင်း မွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရ အဖွဲ့ ဖြစ်ပေါ်လာရေးအတွက် အလား အလာကောင်းများ၊ အခွင့်အလမ်း ကောင်းများ ရရှိလာကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က မြန်မာတိုင်း(မ်)ကို ပြောကြောင်းသတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာသတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/news/520/news02.html

ဧပြီလကတည်းကထုတ်ခဲ့သည့် မော်နီတာ ဂျာနယ်အထူးထုတ် အရောင်းသွက်နေဆဲ

သတင်းထောက် နန်းတင်ထွေး ရေးသားသော အဆိုပါ သတင်းတွင် စောင်ရေ ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလကထုတ်ဝေခဲ့သော မော်နီတာဂျာနယ် ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ်မှာနှစ်လနီးပါးခန့် ကြာမြင့်လာ ပြီဖြစ်သော်လည်း ရောင်းကောင်းနေဆဲဖြစ်ကြောင်း ဂျာနယ် ရောင်းသူများက ပြော ကြောင်းသတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာသတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/news/520/news18.html

နိုင်ငံတကာ ခရီးသွားများအတွက် နိုင်ငံခြားငွေ လဲလှယ်ပေးသည့် Money Changer များ ပေါ်ပေါက်လာရန် မျှော်လင့်မှုများ ရှိနေ
မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာ ခရီးသွားများအနေဖြင့် နိုင်ငံခြားငွေများကို လဲလှယ်နိုင်သည့် Money Changer များ ပေါ်ပေါက်လာရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်သူများက မျှော်လင့်နေကြောင်း သတင်းရရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့၏ အခမ်းအနားတွင် ယင်းအဖွဲ့၏ ဥက္ကဋ္ဌဒေါက်တာခင်ရွှေ က Money Changer များ ဖွင့်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြောကြားထားခဲ့ကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8759:-money-changer-&catid=42:2009-11-10-07-36-59&Itemid=112

ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုထပ်မံတွေ့ရှိ

ကမ္ဘာပေါ်တွင် နာမည်ကြီး ကျောက်စိမ်းများ ထွက်ရှိနေသည့် ဒေသဖြစ်သည့် ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါ ကျောက်စိမ်းကုဋေ ကျောက်ကြောကို ရှာဖွေတွေ့ရှိခဲ့သည့် ဘူမိဗေဒလုပ်ငန်းမှ သတင်းရရှိပါ သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8755:2011-06-05-03-52-50&catid=42:2009-11-10-07-36-59&Itemid=112

ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုးယူသည်ဟု အထင်လွဲ၍ စစ်ဆေးမှု ဖြစ်စဉ်များ ပိုမိုလာ လုံခြုံရေးအရ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း စွပ်စွဲခံရသူ၏ ကာယိနြေ္ဒ ယိုယွင်းနိုင်ခြင်းကိုလည်း အလေးထားစေလို

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုး ယူဆောင်သွားသည်ဟု အထင်လွဲမှားကာ ခေါ်ယူစစ်ဆေးသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု ပိုမိုလာကြောင်း သိရ ကြောင်း ဈေးဝယ်စင်တာများ အနေဖြင့် လုံခြုံရေးပိုင်း ဆိုင်ရာကို အလေးထား ဆောင်ရွက်သင့်သည်မှာ မှန်သော်လည်း ၀န်ထမ်း၏ ပေါ့လျော့မှုကြောင့် စွပ်စွဲခံရသည့် ဈေးဝယ်သူ၏ အရှက်နှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကာယိနြေ္ဒ ယိုယွင်းနိုင်စေခြင်းကိုလည်း အလေးထား သတိပြုစေလိုကြောင်း သုံးသပ်မှုများ ရှိပါကြောင်းသတင်းကိုEleven Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8698:2011-06-01-04-25-39&catid=43:2009-11-10-07-39-09&Itemid=111

အင်းစိန်ဗဟို အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့သော အကျဉ်းသားများအား မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်များကို ပြန်လည်ခွင့်ပြု သွားမည်ဟုဆို

အင်းစိန် ဗဟိုအကျဉ်းထောင် အတွင်း နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အပေါ် မကျေနပ်၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသော အကျဉ်းသားများအား အရေးယူမှုများ ပြုလုပ်မည်မဟုတ်ဘဲ မိသားစုများ နှင့်ထောင်ဝင်စာ တွေ့ခွင့်များကို ပြန်လည်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ကြောင်းသတင်းကိုEleven Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8769:2011-06-05-08-40-03&catid=42:2009-11-10-07-36-59&Itemid=112

ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ အပါအ၀င် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များပါ ဈေးနှုန်းအကျဘက်မရှိ

ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ အပါအ၀င် အခြား သားငါးနှင့် ဟင်းသီးဟင်းရွက်တို့၏ ဈေးနှုန်းများပါ အကျဘက်မရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရကြောင်း၊ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ဈေးကွက်အတွင်း ရောင်းချရာ၌ ၂၀၁၀ ပြည့်နှစ်က တည်းကရောင်းချခဲ့သည့် ဈေးနှုန်းနီးပါးအတိုင်း ယခုလက်ရှိတွင် ရောင်းချမှုများ ရှိနေကာ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အချို့မှာလည်း ယခုအခါတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်မှု ဖြစ်ပေါ်လျက်ရှိ ကြောင်းသတင်းကိုEleven Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8770:2011-06-05-09-02-33&catid=42:2009-11-10-07-36-59&Itemid=112

ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် ရေလွှာလျှောစီးရင်း လက်ချောင်းကလေး သုံးချောင်း ပြတ်ခဲ့ရသူ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြည်တွင်း ကုမ္ပဏီ တစ်ခုထံသို့ ကန်ထရိုက် ငှားရမ်း လုပ်ကိုင်ခွင့် ပေးထားသော ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း လက်ချောင်းသုံးချောင်း ပြတ်သွားခဲ့သော မောင်တင်အောင်ဖြိုးနှင့်တွေ့ဆုံမေးမြန်ထားသော သတင်းကို The Vocie Weekly သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=323:2011-06-06-06-25-53&catid=36:interview&Itemid=57

ကုမ္ပဏီတစ်ခု ကန်ထရိုက် ယူထားသော ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် ရေလွှာလျှောစီးရင်း လူငယ်တစ်ဦး သေဆုံး၊ အခြားလူငယ် တစ်ဦး လက်သုံးချောင်း ပြတ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြည်တွင်း ကုမ္ပဏီ တစ်ခုထံသို့ ကန်ထရိုက် ငှားရမ်း လုပ်ကိုင်ခွင့် ပေးထားသော ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း လူငယ်တစ်ဦး သေဆုံးပြီး အခြား လူငယ်တစ်ဦး လက်ချောင်းသုံးချောင်း ပြတ်သွားခဲ့ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနမှ စုံစမ်း ရရှိချက်၊ မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရှိရကြောင်း ပြည်သူ့ဥယျာဉ်ရှိ ရေလွှာလျှောစီးသော နေရာသည် ပြုပြင်ထိန်းသိမ်းမှု မရှိဘဲ အလွန် အန္တရာယ်များလှကြောင်း၊ ရေလွှာလျှော၏ ဘေးနံရံဘောင်များတွင် သံပြားများ ဟနေပြီး အရှိန်ဖြင့် ရေလွှာလျှောစီးပြီး ဘောင်နံရံကို အားပြုပါက လက်ချောင်းများ ပြတ်ထွက်သွားနိုင်ကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူများက ပြောကြားကြောင်း၊ ထို့ပြင် စည်းကမ်းပိုင်း ထိန်းသိမ်းမှု အားနည်းပြီး ရေလွှာလျှောစီးသူများ၏ ဘေးကင်းရေးအတွက် အရေးပေါ် အစီအမံများ မရှိကြောင်း ပြုပြင် ထိန်းသိမ်းမှုလည်း မရှိကြောင်း သွားရောက် လည်ပတ်ခဲ့သူများက ရှင်းပြကြောင်း၊ ထိခိုက် ဒဏ်ရာရမှုများနှင့် သေဆုံးမှုအတွက် ကုမ္ပဏီက တစ်စုံတစ်ရာ တာဝန်ယူခြင်း မရှိကြောင်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ မောင်တင်အောင်ဖြိုးက ပြောကြားကြောင်း၊ သတင်းကို The Vocie Weekly သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=322:2011-06-06-05-22-02&catid=1:news&Itemid=27

About eros

Eros Mario has written 45 post in this Website..

La bellezza è dipende dalla vista della persona. စန္ဒယားလှထွဋ် သီချင်းများကို ခုံမင်စွာ နားထောင်တတ်သူ တဦးရယ်ပါ။