ကိုယ့်နိုင်ငံသားအချင်းချင်း မကူညီရင်နေ..မနှိက်စက်ကြနဲ့ပေါ့ …

alien on the planet earthJune 7, 20111min884

ကိုယ့်နိုင်ငံသားအချင်းချင်း မကူညီရင်နေ..မနှိက်စက်ကြနဲ့ပေါ့
ဒီ Agent နဲ့ပဲကြုံရတာ အသိထဲမှာ နှစ်ခါရှိနေပြီ။ ဒါကြောင့် share တာပါ။

ကျမကိုယ်တွေ ့ကြုံတာလေးတစ်ခုကို စင်္ကာပူမှာရှိတဲ ့ သူငယ်ချင်းများ ကျမလိုနောက်နောင် အလားတူအဖြစ်မျိုးမဖြစ်ရလေအောင် သင်ခန်းစာအနေနဲ ့ တင်ပေးလိုက်တာပါ… ကျမ passport သက်တမ်းတိုးဖို ့service ပေးတဲ့အေဂျင်စီကို သွားခဲ ့ပါတယ်…လိပ်စာက ကိုပိုးတီ၊မနွယ် ကောင်းထက် သံရုံးဝန်ဆောင်မှု လုပ်ငန်း 111 North Bridge Road ,Penisular plaza ,# 05-59 ,Singapore (179098) ဖြစ်ပါတယ်… ၁၂-၅-၂၀၁၁ ရက်နေ ့ကပါ… အေးဂျင့်နဲ ့တွေ ့ပြီး ပတ်စ်စပို ့သက်တမ်းတိုးဖို ့ အခွန်ဆောင်ရန် ကိစ္စအားလုံးပြောခဲ ့ပါတယ်… သံရုံးကိုအခွန်ဆောင်ရန် ငွေပမာဏနှင့် အေးဂျင့်ဖီးစ် ငွေပမာဏဝန်ဆောင်ခတို ့ကို နှစ်ဦးနှစ်ဖက် သဘောတူပြီး ကျသင့်ငွေကို တစ်ခါတည်းပေးခဲ ့ပါတယ်… ၃-၆-၂၀၁၁ ညနေတွင် ကျမအေးဂျင့်မှကျမဆီ ဖုန်းဆက်၍ အခွန်ဆောင်ပြီး ပတ်စ်စပို့သက်တမ်းတိုးပြီးပြီ ဖြစ်ကြောင်း နောက်တစ်နေ ့တွင် ပတ်စ်စပို ့လာယူလို့ရပြီဖြစ်ကြောင်း ပြောပါသည်…၄-၆-၂၀၁၁ ရက်နေ ့တွင် ကျမသွားယူသောအခါ သတ်မှတ်ထားသော ငွေပမာဏထက် ပိုပြီးတောင်းပါသည်…ကျမက သဘောတူသတ်မှတ်ထားသော ငွေပမာဏထက်ပိုမပေးနိုင်ကြောင်း ပြောလိုက်ပါသည်…ထိုအခါ ၎င်းအေးဂျင့်မှ ကျမပတ်စ်စပို ့ကို ပြန်မပေးနိုင်ဟုပြောပါသည်… ကျမက ပတ်စ်စပို့ပြန်မပေးလျှင် သံရုံးကိုတိုင်မည်ဟု ဆိုသောအခါ အေးဂျင့်မနွယ်မှ နင်တို့လို စောက်ဖြစ်မရှိတဲ ့မလောက်လေးမလောက်စားကောင်မတွေက သံရုံးကိုတိုင်ဦး မတဲ ့လား…ဒီမယ်… အဲဒီသံရုံးကလူတွေကို ငါ့အိပ်ကပ်ထဲ ထည့်ထားတာ …တိုင်……ကြိုက်တဲ ့နေရာသွားတိုင် ဟုရိုင်းစိုင်းစွာ ပြောဆိုပါသည်… ကျမတို ့လို ရေမြေခြားမှာ အလုပ်လုပ်ရသော အလုပ်သမားများ အဖို ့ ပတ်စ်စပို ့သည် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ ကို နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသော သူငယ်ချင်းများ အားလုုံးသိကြမှာပါ… ကျမရဲ ့S-pass card သက်တမ်းလည်း ကုန်ခါနီးပြီဖြစ်လို ့ ပတ်စ်စပို ့ကလည်း ကျမအတွက်အရမ်းအရေးကြီးတာပါ… ကျမရဲ ့ပတ်စ်စပို ့ကို ဆုတ်ဖြဲပြီးလွှင့်ပစ်လိုက်ရင်ကော ကျမ ဘာဆက်လုပ်ရမလဲ… ဒါကြောင့် ကျမလို စင်္ကာပူမှာလုပ်ကိုင်နေသော သူငယ်ချင်းများကိုလည်း ကျမလို အဖြစ်မျိုး မဖြစ်ရလေအောင် ကိုပိုးတီ၊မနွယ်ဆိုသော အေးဂျင့်ကို ရှောင်ကြဉ် နိုင်အောင် သိစေချင်လို ့ရေးလိုက်တာပါ…ဒီမေးလ်ရသော သူငယ်ချင်းများ အားလုံးကိုလည်း forward လုပ်ပေးစေချင်ပါတယ်…ထိုမှသာ သူတို ့ရဲ ့ အကျည်းတန် တဲ့လုပ်ရပ်ကို ဟန့်တားနိုင်လိမ့်မည်ဟု ထင်ပါတယ်…ကျေးဇူးတင်ပါတယ်… .လိပ်စာက ကိုပိုးတီ၊မနွယ် ကောင်းထက် သံရုံးဝန်ဆောင်မှု လုပ်ငန်း 111 North Bridge Road ,Penisular plaza ,# 05-59 ,Singapore (179098)

4 comments

  • OQ23

    June 7, 2011 at 3:11 pm

    မရောက်ဖူးပေမဲ့ ပြောနေတာကိုကြည့်တာနဲ့တင် သိနေပါပြီ။ ဖြစ်နိုင်ချေ(100%)မှာ(85%)လောက် ရှိမယ်လို့
    ယုံကြည်ပါတယ်။ တကယ်လို့များ မိမိသာဆိုသောအတွေးပဲတွေးကြည့်ပါ ဘယ်လောက်ခံစားခဲ့ရမလဲနော်။
    တကယ်တမ်းပြောပါဆိုလျှင် အေးဂျင့်ကောင်းထက် လိမ်လည်ပြီးတောင်းနေသော အေးဂျင့်ကများတယ်။
    ကိုယ့်ဘက်က သတိပိုကြီးဖို့ပါပဲ အခုခေတ်က အရည်ချင်းထက် ပိုက်ဆံတွေ ဂုဏ်တွေများဦးစား ပေးနေလား မသိဘူုးနော်။ တော်တော်လေးလေးနက်နက် စဉ်းစားရမည့် လောကကြီးပါပဲ။

  • KoNyeinChan

    June 7, 2011 at 4:59 pm

    ဘာကြောင့် ကိုယ်တိုင် သက်တမ်းတိုး မလျှောက်တာလဲ?
    တရားဝင် အေးဂျင့်လား?
    ကိုယ်တိုင်လျှောက်ခွင့်မရှိ၊ မဖြစ်မနေ အေးဂျင့်နဲ ့ဘဲ သက်တမ်းတိုးလုပ်ရမယ်လို ့တရားဝင်အမိန် ့ထုတ်ထားတာလား?
    ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့်လား?
    သိချင်တာ နဲ ့ စဉ်းစားမိတာလေးတွေပါ……….

    • shwepyiaye

      June 7, 2011 at 9:02 pm

      ကိုယ်တိုင်ဆိုရင်တအားရစ်ပါတယ်…
      တရားဝင်အေးဂျင့်မဟုတ်ပေမဲ့….သံရုံးကိုပိုင်ကြပါတယ်….
      သံရုံးကိုခင်ဗျားဘယ်နှစ်ရက်သွားနိုင်မှာလဲ…..
      ပဂိ္ဂုလ်ရေးကတော့မသိဘူး….
      ရွှေပြည်ကြီးကလူတွေကအဲ့လိုမှပဲအဆင်ပြေအောင်လုပ်ပေးတာပါဗျာ…..

  • mzm

    July 11, 2011 at 1:14 pm

    ကိုယ်ချင်းစာမိပါတယ်အမရယ်……မှတ်လောက်သားလောက်အောင်တစ်ခုခုတော့ပြန်လုပ်သင့်ပါတယ်
    လူပါးဝတဲ့အေးဂျင့်တွေကိုတွေ့တဲ့နေရာမှာတင်အသေသတ်လိုက်ဖို့ကောင်းတယ်
    ထိုင်းနိုင်ငံမှာအဲလိုပဲလစာမပေးတဲ့အလုပ်ရှင်ကိုသတ်လိုက်တဲ့အဖြစ်ကြားရပါတယ်
    မြန်မာပြည်သားအချင်းချင်းယုတ်မာတာတွေတော်တော်များများရှိပါတယ်သတိနဲ့သာနေပေါ့အမရယ်
    သွားမပတ်သက်မိစေနဲ့လူစိတ်မရှိတဲ့သူတွေုကိုမြန်မာပြည်ပြန်ရောက်မှအသေသတ်

Leave a Reply