အိမ်တွင်း သင်ကြားရေးဖြင့် အမေရိကန် တက္ကသိုလ် တက်ခွင့်ရသည့် မိန်းကလေး

Zaw WonnaJune 8, 20111min812
Zhang နှင့် မိဘများ

တရုပ်နိုင်ငံမှ Zhang Jiarui အမည်ရှိ မိန်းကလေး တစ်ဦးသည် ကျောင်းတွင် ၈ နှစ်မျှသာ ပညာ သင်ကြားခဲ့ရသော်လည်း  Marquette, Baylor and Drexel University တို့ အပါအဝင် အမေရိကန် ကောလိပ် ရ ခုမှ ကျောင်းဝင်ခွင့် ပြုကြောင်း အကြောင်းကြားခဲ့သည်။

Zhang Jiarui အနေဖြင့် ဒေါ်လာ ၂၀၀ဝ ပညာသင်ထောက်ပံ့ကြေးနှင့် တက္ကသိုလ်အတွက် အလုပ်လုပ်ပေးခ ဒေါ်လာ ၇၉၀ဝ နှစ်စဉ် ရရှိမည့် Brigham Young University တွင် စာရင်းကိုင် ဘာသာရပ်ကို သင်ယူရန် ရွေးချယ်ခဲ့သည်။

Zhang Jiarui တတိယတန်း တက်သည့်နှစ်တွင် သူမ၏ ဖခင်သည် ကျောင်းမှ ကျင်းပသော မိဘဆရာ အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ထိုအခါ သမီးဖြစ်သူမှာ ကျောင်းစာမေးပွဲများတွင် ရလဒ်များ ကောင်းမွန်သော်လည်း အခြေခံ ဗဟုသုတတွင် အားနည်းချက်များ ရှိနေကြောင်း တွေ့ရှိရသဖြင့် သမီးအား သူကိုယ်တိုင် အိမ်တွင် သင်ကြားပေးရန် ဆုံးဖြတ်ခဲ့သည်။

“ပညာရေးဆိုတာ ဗဟုသုတ ရှာဖွေဖို့ အတွက် ဖြစ်ပါတယ် … ဒါပေမဲ့ သူ့ကျောင်းမှာ သင်ကြားနေတာတွေက စာမေးပွဲအတွက်ပဲ ဖြစ်နေပြီး တကယ့် လောကအတွက် အသုံးဝင်တဲ့ အရာတွေ မဟုတ်ပါဘူး” ဟု အထက်တန်းကျောင်း အဆင့်သာ ပညာ သင်ယူခဲ့ရသော ဖခင်ဖြစ်သူက ပြောခဲ့သည်။

သမီးဖြစ်သူအား ပညာ သင်ကြားပေးရန် ဆုံးဖြတ်ပြီးနောက် စာအုပ်ပေါင်းများစွာ ဝယ်ယူကာ ပြန်လည် လေ့လာ ခဲ့ရသည်။ ၂၀၀ရ ခုနှစ်သို့ ရောက်သောအခါ အိမ်တွင်သာ အမြဲ ပညာ သင်ယူနေရသော သမီးဖြစ်သူအား လူမှုဆက်ဆံရေးတွင် အားနည်းမည်ကို ပူပန်သည့်အတွက် အိမ်နားရှိ Jiang Cheng အလယ်တန်းကျောင်းတွင် ၅ နှစ်ခန့် ကျောင်းတက်စေခဲ့သည်။

Zhang Jiarui သည် အမေရိကန် ပြည်ထောင်စုမှ ကျောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြစ်သည့် Scholastic Aptitude Test (SAT) ဖြေဆိုရာတွင် အမှတ်ပေါင်း ၁၉၉ဝ ရရှိခဲ့ကာ English as a Foreign Language (TOEFL) ဖြေဆိုရာတွင်လည်း အမှတ်ပေါင်း ၁၁ဝ ရရှိခဲ့သည်။
တစ်ပတ်ခန့် ကားမောင်းသင် ခဲ့ပြီးနောက် ယခုအခါ ဂျပန် စကားပြောနှင့် ချက်ပြုတ်နည်းကို လေ့လာနေကြောင်း သိရသည်။

Source: China Daily / City Evening News

2 comments

  • Shwe Tike Soe

    June 8, 2011 at 3:20 am

    တော်လိုက်တာ သူများသားသမီးတွေများ..
    ကျွန်တော်တို.ဆီမှာဖြင့် ဘယ်အထက်တန်းကျောင်းသူလေးက ဘယ်နိုင်ငံခြားတက္ကသိုလ်က ခေါ်တယ်လို.ကြားဘူးပေါင်
    ဘယ်အထက်တန်းကျောင်းသူကဖြင့် အခုလင်နောက်လိုက်သွားရှာပြီးပဲကြားကြားနေရတယ်..
    အတုခိုးမှားနေကြတယ်ဗျာ…

  • weRone

    June 10, 2011 at 7:07 am

    တော်လိုက်တာ.. ငါနီးပါးပဲ..:D

Leave a Reply