ပိုက်ဆံက လူသားတွေအတွက် အရေးကြီးဆုံး မဟုတ်လျှင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်နေပါတယ်… ။ ပိုက်ဆံရှိတဲ့လူတွေကို သူ့လောက်မရှိတဲ့လူတွေထဲက တချို့ ကပ်ဖားတွေက ပင့်ကြတယ် မြှောက်ကြတယ်… ။ အရေးကြုံလျှင် အခွင့်ရေး အကူညီလေးများပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ပါ… ။ တကယ်တမ်း အလကားနေရင်း ပင်မြှောက်တာတွေ လုပ်နေတာနဲ့ ကိုယ့်အတွက် တိုးတက်ရာ တိုးတတ်ကြောင်း အချိန်တွေ ကုန်ဆုံး နေခဲ့တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး … ။ နာရီတွေကိုသာ ရပ်တန့်အောင်လုပ်လို့ ရမယ် အချိန်ကို ဘယ်သူကမှ ရပ်ပစ်လို့မရ့ပါဘူး … ။

ဖားကျွတ်လူတွေက …မျှော်လင့်ချက်နဲ့ လုပ်ပေးခဲ့သမျှ တကယ်တမ်း အကူညီလိုတဲ့ အခါ တောင်းကြည့်ပါဦး … ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်တောင် ထင်ခံရမှာ မဟုတ်ပါဘူး …ဒါကြောင့် မလိုအပ်ပါပဲ အလကား ဖားနေတယ် လူတွေကို ကျွန်မမုန်းမိတယ်… ။ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလိုဖြစ်နေပါပြီ … မြှောက်ပင့်ပေးမဲ့လူတွေကလည်း ရှိတော့ ပိုက်ဆံရှိတဲ့လူတွေ သွေးနားထင်ရောက်နေတော့တာပေါ့ … ။ မြှောက်ပင့်ပေးတယ်ဆိုတာကလည်း သွယ်ဝိုက်သောနည်းနဲ့ ခေါင်းဆောင်ဖြစ်စေခြင်း ၊ ဦးဆောင်မှူ လုပ်စေခြင်းမျိုးပါပဲ… ။ ကြည်ညိုလွန်းလို့ ဦးစီးဦးဆောင် လုပ်စေတယ် မထင်ပါနဲ့ … အကျိုးလိုလို့ ညောင်ရေလောင်းနေကြခြင်းပါ ။ သူ့မှာ ရှိတာ ကိုယ့်မှာ ရှိတာ မဟုတ်ဘူး အတွေးတွေ မချော်နေစမ်းပါနဲ့လို့ပဲ ပြောချင်တယ် ။

ပိုက်ဆံရှိတဲ့လူဆိုလျှင် ကိုယ့်ထက် အသက်ငယ်ပါသော်လည်း မမခေါ်ရတာက တမျိုး ၊ အကို ခေါ်ရတာ တမျိုးနဲ့ လောကွတ်တွေ လုပ်နေပါရောလား ။ ပိုက်ဆံချမ်းသာတာနဲ့ အသက်နဲ့ တခြားဆီပါ… ။ ပိုက်ဆံ ချမ်းသာတဲ့လူက အသက်ငယ်တဲ့လူဖြစ်ပြီးတော့ ရိုသေ ပေးခံချင်စိတ်ဘာလို့များ အချောင်ဖြစ်နေရတာပါလိမ့်… ။ လူကြား၊ သူကြားမရှောင် မျက်နှာကြည့်ရုံနဲ့ အသက်ရွယ် ခန့်မှန်းလွယ်တာတောင် ကိုယ့်ထက် အသက်ငယ်တဲ့ ပိုက်ဆံရှသူက ကိုယ့်အပေါ် လူကြီးတယောက်လို့ ဆက်ဆံတာ ဘယ်လို စိတ်ဓါတ်မျိုးတွေနဲ့ ငြိမ်ခံနေကြပါလိမ့်… ။ ဘာအတွက်ငြိမ်ခံနေကြပါလိမ့် … တွေးရင်း နားမလည်ပါ .. ။

အန်တီအရွယ် ၊ဦးလေးအရွယ် ဘောစိများကလည်း  ကိုယ့်တူ ၊တူမအရွယ် … ကိုယ့်သားသမီးအရွယ်လေးက မမ ၊ အစ်ကို စသဖြင့် ခေါ်လျှင် သဘောတွေ့ မနောခွေ့နေကြတာ ။ တကယ်ဆို အသက်ဆိုတာမျိုးက မကြီးပါနဲ့ဦး ခဏနေပါဦး စောင့်ခိုင်းထားလို့ရတာ မဟုတ်ဘူးလေ သဘာဝတရားကိုက ဘယ်သူ့ဘက်မှ မလိုက်ပဲ လာဘ်ထိုးလို့ မရပါပဲ … လည်ပတ်နေတာပါ…။ ဘာလို့များ ကိုယ့်အသက်ကို ဖုံးကွယ်ပြီး ငယ်ရွယ် နုနယ်ချင်နေရတာ လဲ စဉ်းစားစရာပါပဲ … ။ ရုပ်ကိုသာ ပို နုပိုငယ်အောင် လုပ်လို့ရမယ် …အသက်ကိုတော့ ဘယ်လိုမှ ငယ်အောင် ပြန်လုပ်လို့ မရပါဘူး … ။

နောက်တစ်ခု လေ့လာမိတာက ပိုက်ဆံရှိတဲ့ လူ တချို့က စိတ်ထဲရှိတဲ့အတိုင်း အထိန်းကွပ်မဲ့စွာ ပြုမူ ပြောဆိုတတ်ကြပါတယ်… ။ ပိုက်ဆံနဲ့ အရာရာကို ဖြေရှင်းမယ် … ဂရုစိုက်စရာမလိုဘူး အထင်နဲ့ ဖြစ်မှာပါ … ၀ါးလုံးကြီးမြင်ပြီး ၀ါးခြမ်းလို့ ပြောင်ငြင်းရဲတဲ့ သတ္တိထူးတွေလည်း ရှိပါသေးတယ်… ။ အထူးသဖြင့် နှုတ်ဖွာ ၊ နှုတ်ကြမ်းတတ်ကြပါတယ်… ။ ရိုးရိုးပြောလည်း ဒီစကားပါပဲ ၊ ဆန်းဆန်းပြောလည်း ဒီစကားပါပဲ… ဒါကို ကိုယ်ပြောတဲ့ စကားကမှ မှန်တယ်…. ခွေးပါးစပ်က နတ်စကားမထွက်ပါဘူး ထင်နေလျှင်တော့ အဆံချောင်နေတဲ့ ကြက်ဥတလုံးလို  အသုံးမ၀င်တော့ပါဘူး ။

ပိုက်ဆံရှိပြီး ဘ၀င်မြင့်နေတဲ့လူတွေ အကြောင်းကို ပို့စ်မဖတ်ကြည့်ခင်ကတည်းက သိထားပြီးဖြစ်မှာပါ … ။ ဘ၀င်မြင့်တာ ၀ါသနာပါလို့ ဆိုပြီးပြောချင်ပြောကြလိမ့်မယ်… အ ကျင့်ကတော့ဖျောက်မှာ မဟုတ်ဘူးလေ …. ။ အလကား မစားရ အညှော်ခံ အောက်ကျို့ နေတဲ့လူမျိုးတွေ ရှိနေသေးတဲ့အတွက် ကြောင့်ပါ ..။

ကဲကဲ …ကိုယ့်ထမင်းကိုယ်စားပြီး သူတပါးအနိုင်ကျင့်ခံရခြင်း ၊ အောက်ကျို့ချင်စိတ်ဖြစ်ပေါ်ခြင်းများ ကင်းဝေးကြပါစေနော် :P :P ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!