ရိုက်တိုင်း ရှုံးနေတဲ့ဖက်တီး .. သစ္စာဆိုပြီးကတိမတည်တော့ …..

fattyJune 8, 20111min14918

ကျနော် ၁ဝတန်းအောင်တဲ့အထိ လူရိုးလူကောင်းလေးပါ ….။
တက္ကသိုလ်လဲရောက်ရော .. နောင်တော့်နောင်တော်များရဲ့ သင်ပြမှုနဲ့ ဖဲရိုက်တတ်လာပါတယ် …။
ကျနော်တို့ခေတ်တုန်းကတော့ တွန်တီဝမ်း နဲ့ ရှိုးပေါ့ဗျာ ………….။

မအိပ်မနေရိုက်ကြတယ် .. ကျောင်းမတက်ဘဲနဲ့ရိုက်ကြတယ် ..။
ထိုင်ရတာဖင်တွေပူလာတော့ ဝမ်းရားမှောက်ရိုက်တယ် …………….။
အဲဒီခေတ်က အိမ်က တစ်လ ၃၀ဝ ပို့တယ် .. အဆောင်ကြေးက ၇၅ ကျပ်ထင်တာဘဲ ထမင်းလခရော
လောက်တဲ့အပြင် နေ့တိုင်း ဦးချစ်ဆိုင်မှာ ထိုင်နိုင်သေးတယ် ………………………..။

ကျနော်ကတော့တခါတခါ အိမ်က ငွေဒီနေ့ရ နောက်နေ့ဆိုကုန်ပြီ ဖဲရုိုက်လို့ ……….။
ကျနော့ကံကလဲ ဖဲရိုက်တိုင်း နိုင်တယ်ကိုမရှိပါဘူး ……….။
တခါမှ ဝိုင်းကနေ နိုင်လို့ထသွားရတယ်ဆိုတာကိုမရှိဘူး …………..။
ဟိုဟာပေါင် ဒီဟာပေါင်နဲ့ တခါတခါ ပုဆိုးဝတ်စရာမရှိလို့ စောင်ပတ်ပြီးနေရတာက ခဏခဏ …။

မဖြစ်ချေဘူးဆိုပြီး … အတင်းဖြတ်ပြစ်ရတယ် .. ကိုယ့်ဖာသာ မရိုက်တော့ဘူးကွာဆိုရင် ပြန်ရိုက်နေမှာစိုးလို့
ဘုရားကိုတောင် အကူအညီတောင်းရတယ် ….။
တပည့်တော်ဘဝမှာ နောင် ဘယ်တော့မှ မရိုက်တော့ပါဘုရား သစ္စာပြုပါ၏
ယင်းသစ္စာစကားမတည်ခဲ့သော် တပည့်တော်အား ပြင်းပြင်းထန်ထန် ဆု့းမတော်မူပါ ဒဏ်ခတ်တော်မူပါ … ပေါ့

မိုးကြိုးပစ် မြွေကိုက် လို့တော့မကြိမ်ရဲဘူးပေါ့ဗျာ …. ကိုယ့်ကိုယ်ကို ညှာရသေးတယ် ..။
အဲ ကျနော်တခုမှားသွားတာက ဘုရားရှေ့မှာ ပြည့်ပြည့်စုံစုံ မလျှောက်လိုက်မိဘူး ……။
တပည့်တော် နောင် ဘယ်တော့မှ ဖဲမရိုက်တော့ပါဘုရားလို့ မလျှောက်လိုက်မိဘူး ………………………။

အဲဒါကြောင့်ထင်ပါရဲ့ဗျာ …………….
မန်းးလေးဂေဇက်မှာရိုက်လိုက်တာ တခါတင် ၈ဝ ရတယ် တနာရီကြာတယ် ၃၀ဝ ပေးရတယ် …။
တခါရိုက် ( တပုဒ်ရိုက်တိုင်း ၂၂ဝ ရှုံးတယ် ) ….. အော် ရိုက်တိုင်းရှုံးနေတာ ငါ့ဂတိငါမတည်ခဲ့လို့ပါလား …လို့ အောက်မေ့လိုက်မိပါရဲ့…။
ဟိုတလောက မဝေလားမသိဘူးပြောသွားတယ် ပွိုင့် ၇၀၀ဝ ရပြီ ဆိုင်ထဲလဲ တစ်သိန်းကျော် ဝင်သွားပြီဆိုတာလေး သတိရလို့ပါ ..။

18 comments

  • meelay

    June 8, 2011 at 11:08 am

    နောက်တစ်ခါရိုက်ရင် အင်တာနက် နတ်ကို အပြည့်အစုံလျှောက်ပြီး ရိုက်ပေါ့ ဦးဖက်ရဲ့ ……. 😀

  • ကိုဖက်
    အဲလိုသာတွက်ကြေးဆိုရင ်ကိုပေါက်တို့ ရင်ဆို့ပေါ့။
    စာတပုစ်ရေးရင် 2ရက် အနည်းဆုံးလေးနာရီ။
    ဓါတ်ပုံတပုံလိုချင်လို့ သွားရင် ဆိုင်ကယ်ဆီတစ်ဂါလံ 5000ကျပ်။
    တစ်ပုဒ်ကို တစ်ပုံတင်မိတော့ လဲ……………………….
    ကဲထားပါ ကိုဖက်ရေ
    ကိုယ်ဝါသနာပါလို့ ကိုယ်ရေးချင်လို့ ရေးမိတာ ပုံတင်မိတာကို ပြောမနေပါနဲ့တော့ ။
    ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာ စိတ်ချမ်းသာတယ်လို့သာသဘောထားပေတော့ ။။
    ကျနော်ကတော့ ပိုက်ပိုက်ကုန်ချင်ကုန်ပေ့စေ ကျေနပ်တယ်ဗျာ။

  • naywoonni

    June 8, 2011 at 12:22 pm

    အဲဒါကတော့လူတိုင်း ရှုံးနေတာပဲ ကိုဖက်ရေ…….

  • weiwei

    June 8, 2011 at 1:17 pm

    ကျွန်မလဲ ရိုက်တိုင်းရှုံးတယ် … ရှုံးမဲမဲပြီး ဆက်ရိုက်တော့ ပိုပြီးရှုံးတယ် … 😛

  • ဆူး

    June 8, 2011 at 1:59 pm

    အရှုံးအမြတ် မတွက်ပဲ.. ရိုက်မှာပဲ ရိုက်မှာပဲ.. နီးနေပြီလေ.. ၁သိန်းပြည့်ဖို့..

  • fatty

    June 8, 2011 at 2:04 pm

    မသိပါဘူးဗျာ ကျနော်တယာက်ထဲသစ္စာစူးနေတယ်အောင့်မေ့လို့ ………..
    သူဂျီး မဖတ်သေးတာလားမမြင်ချင်ယောင်ဆောင်နေတာလားတော့မသိဘူး ………

  • pooch

    June 8, 2011 at 4:06 pm

    ဉီးဖက် အနော် ပထမဆုံးပို့စ် တင်တုန်းကလည်း အဲလိုပဲ ၃နာရီလောက်ကြာတယ်။ အနော်လဲ ရှုံးတာပဲ
    ဘဝတူတွေပဲကို ဘာမှအားမငယ်နဲ့ ဆက်သာရိုက်

  • မမလေး

    June 8, 2011 at 4:39 pm

    ဖဲရိုက်တာ သင်တယ် သင်တယ် … သင်တုန်းနားလည်တယ် တစ်ရက် .. နောက်ရက်ဆိုမေ့သွားပြန်ပြီ … သင်တိုင်းမေ့တယ် … ဖဲဆိုလို့ ဆေးကျောင်းမှာ ဖဲရိုက်တာ ဆရာမမိလို့ သူငယ်ချင်းတတွေ တစ်နှစ်အောက်သွားတယ်

  • photwenty

    June 9, 2011 at 2:12 am

    ကျောင်းသားဘဝ ကတော. မရိုက်မကောင်း ရိုက်မကောင်းပါဗျာ

  • fatty

    June 9, 2011 at 6:45 am

    အင်း … တလွဲတွေတော့ဖြစ်နေပါပြီ ..
    MG မှာ ရိုက်တိုင်းရှုံးတယ်ဆိုတာတော့ လူတိုင်းကြုံနေရတာပေါ့ဗျ …။
    တချို့ ကံကောင်းပြီး ရုံးက ဟာနဲ့သုံးရတဲ့သူတွေကလွဲလို့ပေါ့ ….
    ကျုပ်တကယ်ပြောချင်တာက …ဥပမာ .. Myself ခေါင်းစဉ်နဲ့ essay ဆိုပါတော့ ..
    ၅ တန်းလဲဒီခေါင်းစဉ်ဘဲ ၆ တန်း ရတန်း … ဒီခေါင်းစဉ်ဘဲ .. လူတိုင်းရေးတတ်တယ်
    အဲ ဘာကွာသွားလဲဆိုတော့ presentation ကွာသွားတယ် ..။ ရိုက်တိုင်းရှုံးတာကကို ပေါင်းပြ နှုတ်ပြ
    မဲ့အစား တင်ပြပုံ ကိုယ်ပိုင်စိတ်ကူးလေးနဲ့ရေးကြည့်တာပါ ။ လက်စမ်းတဲ့သဘောပေါ့။

  • မောင်ဘလိူင်

    June 9, 2011 at 8:46 am

    အားလုံး က ဒီလိုချည်းပါပဲ..ကိုယ်ကြိုးစားရေးထားတာလေးတွေကို
    သူများတွေက ဖတ်ပြီး ကွန်မန့်လေးတွေ ဝေဖန်ချက်လေးတွေ ပေးရင်
    ပျော်နေရတာပဲလေ။ ဪ..ငါရေးတာလေး ဖတ်တဲ့သူ ရှိပါသေးဟ
    ..ဝေဖန်သူရှိပါသေးဟ ဆိုပြီးတော့လေ။ ခု ကျွန်တော်ဘာသာပြန်နေတဲ့
    slumdog millionaire ကို ဘာသာပြန်စာရေးဆရာတွေကို ပြကြည့်
    ဖူးတယ်။အခြေအနေကောင်းရင် စာအုပ်ထုတ်မယ်ပေါ့လေ..။ 🙂
    မှတ်ချက်တွေကတော့ ရက်စက်ပါ့ဗျာ..ကိုင်းထားတော့..ငါဖတ်နေကြ မန်းလေး
    ဂေဇက်မှာပဲ တင်တော့မဟ ဆိုပြီး တင်လိုက်တော့တာ။ ကွန်မန့်လေး တစ်ခု
    တောင် မတက်ဘူးဆိုရင်တော့ ရှုံးတယ် လို ့စိတ်ထဲ ခံစားမိတယ်။

  • kai

    June 9, 2011 at 8:52 am

    အင်း..
    ဆရာဖက်တီးမှာ.. မန္တလေးဂေဇက်မှာသုံးထားတဲ့..ဆောင်းပါးတပုဒ်စာ အကြွေးရှိနေတာ မမေ့ပါနဲ့..။
    ဆိုတော့…
    မရှုံးလောက်ပါဘူးနော..။ 🙂

  • သူကြီး
    ဖက်ဖက်က ပြောတယ် အဲဒါလဲရှုံးတယ်တဲ့။
    သူရတာက ကားငှားခတောင်မရှိဘူးတဲ့နော်
    ကြည့်လုပ်ပေးလိုက်အုံးနော်

  • နွယ်ပင်

    June 9, 2011 at 9:17 am

    ဥိးဖက် အားမငယ်ပါနဲ့လေ အားလုံးက ဒီလိုချည်းပါပဲ … ကံကောင်းပြီး ရုံးက သုံးရတော့လဲ ဆိုင်တွေမှာလိုတော့ စိတ်လွတ်ကိုယ်လွတ် မရှိလှပါဘူး ကိုယ်ကရေးလို့ အားပါနေပြီဆို အရေးကြီးတဲ့ အလုပ်ကိစ္စကပေါ်လာရော အဲတာနဲ့ စာတစ်ပုဒ် (2) ရက်လောက် အသာလေးပဲ ဘယ်လိုပဲဖြစ်ဖြစ် ရှုံးလဲ စိတ်ကရှိနေတော့ ရိုက်ရမှာပဲလေ ..

  • antimoe

    June 9, 2011 at 2:34 pm

    အားလုံးကို ချီးကျူးပါတယ်။

    ရေးနိုင်ကြတယ်။
    တကယ်…ဖတ်နိုင်ကြတယ်။
    တင်နိုင်ကြတယ်။
    စောင့်နိုင်ကြတယ်။
    အားလုံးကို တကယ်ပဲ……ချီးကျူးပါတယ်။

  • unclegyi1974

    June 9, 2011 at 3:35 pm

    ပြောမဲ့သာပြောနေကြရတာပါ
    တကယ်ဆိုရေးပြီးဖတ်နေရရင်ကျေနပ်နေကြသူတွေ
    ချည်းပဲလို့ထင်ပါတယ် ဝါသနာကိုးနော်
    ကိုဖက်ဖဲရိုက်တိုင်းရှုံးတာလောဘကြောင့်
    ဂေဇက်မှာရှုံးတာကအတ္တကြောင့်
    မဟုတ်ရင်ငြင်းနော်

  • fatty

    June 9, 2011 at 4:45 pm

    ကဲကိုပေါက်ဆက်ကြိတ်ဗျာ …။ လူကြီးတွေဆွေးနွေးပွဲ တပွဲမှမနွဲရသေးဘူး ..။
    နောက်နေ့မှဆက်တာပေါ့ …ဒီနေ့တော့ခွင်းလွှတ်ကြပါ ..။

Leave a Reply