ဆေးပေါ့လိပ်အကြောင်း

မောင် ပေJune 8, 20111min26815

ကျွန်တော် ၁ဝတန်း ကျောင်းသား ဘဝ က စာသင်ဝိုင်း တွင် ဘော်ဒါ သဘော မျိုး နေခဲ့သည် ။ ဆရာ၊ဆရာမ တို ့မိသားစု တွေ နှင့် အတူ မိသားစု သဖွယ်နေခဲ့သည် ။ ကျွန်တော်  သူငယ်ချင်း တစ်ယောက် ၊ ဆရာမ တူ တော်သူ သင်္ဘော သား လောင်း တစ်ယောက် နှင့် တစ်ခန်းထဲ နေကြသည် ။တစ်ရက် တွင် ဆရာမ ဆရာ တို ့နှင့် မနက်စာ အတူ စားပြီး နောက် အိပ်ခန်း သို ့အမြန် ပြန်လာခဲ့သည် ။ ထင်ထားသည့် အတိုင်း ကိုဉာဏ့် ကို အခန်းထဲ တွင် ဆေးလိပ်သောက်နေသည် ကို တွေ ့ရသည်။

” ကိုဉာဏ် ကျွန်တော့် ကို ဆေးလိပ် တစ်လိပ်လောက် ပေးပါ ၊ ကော်ဖီ သောက်ပြီး ခံတွင်းက အရမ်းချဉ်နေပြီ ”

” စီးကရက်တော့ မရှိဘူး ဟ ၊ မင်း သောက်ချင်ရင် ဖက်ကြမ်း ပဲ ရှိတယ် ”

” အာ… ပေးဗျာ ၊ မရှိတော့ လည်း ရှိတာ သောက်ရမှာ ပေါ့ ” ကိုဉာဏ် ကမ်းပေးလာသော ဖက်ကြမ်း ( ဆေးပေါ့လိပ် ) ကို ဖုန်တွေ ဘာတွေ ပင် မခါနိုင်တော့ ပဲ ချက်ချင်း မီးညှိ ကာ  အငမ်းမရ ဖွာရှိုက် လိုက်သည် ။ နှစ်ဖွာ သုံးဖွာ ခန် ့ပြင်းပြင်းလေး ဖွာရှိုက်ပြီး မှ နေသာ ထိုင်သာ ရှိသွားသည် မို ့ဆေးပေါ့လိပ် ကို မီးငြှိမ်း ရင်း စပ်စု လိုက်သည် ။

” ခင်ဗျား ခါတိုင်း စီးကရက် ပဲ သောက်နေကြပါ ၊ ဘာလဲ…ပိုက်ဆံ ကုန်နေလို ့လား ၊ ဖက်ကြမ်း သောက်နေတာ ။ ပိုက်ဆံ လိုရင် ကျွန်တော့် ဆီ က ယူထားလေ ”

ကိုဉာဏ် သူ  ့ဆေးပေါ့လိပ် ကို အားရပါးရ ခဲရင်း ကျွန်တော့် ကို အကြာကြီး စိုက် ကြည့်နေသည် ။ ပြီးမှ..

” စောန က မင်း ဖက်ကြမ်း သောက်ပြီး အခု ဘယ်လို နေလဲ ၊ အရသာ ကို မေးတာ ။ ”

” ဘယ်လို မှ မနေ ဘူးလေ ၊ ဘာလို ့တုန်း ”

” ဟ..မင်း သောက်လိုက် တဲ့ ဆေးလိပ် ထဲ မှာ ဂါဒီး ( ဆေးခြောက် ) ထည့် ထားတာ ဟ ”

” ဟင်..တစ်ကယ် လား ”

”  အေး ဟုတ်တယ် ၊ ငါ စီးကရက် မသောက်တော့ဘူး ဆိုတာ စီးကရက် ထဲ ကို ဂါဒီး ထည့်သောက် ရတာ ဖက်ကြမ်း လောက် သောက်မကောင်းလို ့ ”

” ဟာ…. ကိုဉာဏ် ခင်ဗျား ပြဿနာ တော့ ရှာပြီ ဗျာ ၊ ကျွန်တော့် ကို ပိန်လို ့အိမ်က မယုံသင်္ကာ နဲ ့ဆေးစစ်မလို ့လုပ်နေပါတယ် ဆိုမှ ခင်ဗျား ဗျာ ”

” မသိဘူးလေ ကွာ ၊ မင်း က ဆေးလိပ် အရမ်းသောက်ချင်နေတယ် ဆိုလို ့ ငါလဲ ရှိတာ ပေးလိုက်တာပဲ ။ အခု မင်း ဘယ်လို နေသလဲ ”        ကျွန်တော့် ကို ကျွန်တော် ထိုင်ပြီး ဘာဖြစ်လည်း ဆိုတာ ထိုင်စဉ်းစား ကြည့်တော့ ဘာမှ မဖြစ် ။ စောန က ဆေးလိပ်သောက်ချင် စိတ် အာသာပြေ သွားတာ သာ ရှိသည် ။

” ဘယ်လို မှ မနေဘူး ဗျ ၊ တော်ပြီ ဗျာ နောက်ဆို ခင်ဗျား ဆီ က ဆေးလိပ် ဘယ်တော့ မှ တောင်းမသောက်တော့ဘူး ”

” ဟားဟား..မင်း က တော့ ထူးဆန်းတဲ ့ကောင်ပဲ ။ မင်း သောက် လိုက် တဲ့ ဖက်ကြမ်း ထဲ မှာ ထည့်ထားတဲ့ ဂါဒီး က မနည်းဘူး ဟ ၊ မင်း ဘာမှ မဖြစ်ဘူး ဆိုတော့ ခံနိုင်ရည် တော်တော် ရှိတဲ့ ကောင်ပဲ ”

” တော်တော်…ခင်ဗျား လုပ်ပေါက် ကြောင့် အခု အိမ်က ဆေးစစ်မယ် ဆိုရင် ကျုပ် ကြည့်ကြပ် ရှောင်ရတော့မယ် ။ နောက်ကို ဘယ်တော့ မှ ဆေးလိပ် တောင်းမသောက်တော့ပါဘူး ”  ထို ့နောက် ၁ဝ တန်း ကျောင်းသား ဘဝ ကို ဖြတ်ကျော် ခဲ့သည် ။ ကိုဉာဏ် က တော့ သဘောင်္ လိုက်သွားသည် ။ ယနေ ့တိုင် ပြန်မတွေ ့ရသေး ။ တက္ကသိုလ် ကျောင်းသား ဘဝ တွင်လည်း ဂါဒီး၊ရာမ၊ဘိန်းဖြူ စုံနေအောင် ကြုံ ခဲ့ဖူးသည် ။ တစ်ခါ မှ လက်တွေ ့မစမ်းဖူးခဲ့ ။ ယနေ ့ပြန်စဉ်းစား ကြည့်တော့ ကျွန်တော် ဂါဒီးပါသည့် ဖက်ကြမ်း ကို သောက်ခဲ့ မိစဉ် က ရိုးရိုးသား ဆေးလိပ်ငတ်သဖြင့် သောက်ခဲ့ခြင်း ဖြစ်ရာ ဂါဒီး ခေါ ် ဆေးခြောက် ၏ အရသာ ။ အကျိုးအဖက် ကို လုံးဝ မရခဲ့ပေ ။ ထိုစဉ် က ကိုယ်သောက် သည့် ဆေးလိပ် ကို ရိုးရိုး ဆေးလိပ် ဟု ပဲ စိတ်ထဲ မှာ လုံးဝ ထင်မှတ် သောက်ခဲ့သဖြင့် ဆေးခြောက် ၏ အစွမ်းကို လုံးဝ မရခဲ့သည် ဟု ဖြစ်မည် ထင်သည် ။         မကြာသေးမီ အချိန် ကာလ တစ်ခု တွင် ကျွန်တော် ဆေးပေါ့လိပ် ပြန်သောက်မိသည် ။ သည်တစ်ခါ သောက်တာ ကတော့ စီးကရက် လျှော ့သောက် လို သောကြောင့် ဖြစ်သည် ။ တစ်ရက် တွင် မိတ်ဆွေ အိမ် သို ့အလည် သွားရာမှ အပြန် ဆေးပေါ့လိပ် တစ်လိပ် သောက်လာခဲ့သည် ။ အပြန် ဆိုင်ကယ်မောင်း ရင်း ကျွန်တော့် စိတ်တွေ အလွန် ပေါ့ပါးလာသည် ။ ဆိုင်ကယ် မောင်းနေသည် ကို သတိရတစ်ချက် မရတစ်ချက် ဖြစ်လာသည် ။ သို ့နှင့် သတိလေး ရှိနေတုန်း ဆိုင်ကယ် ကို လမ်းဘေး ထိုးရပ် ကာ စိတ်ထဲ ခံစားချက် ပြေသည် အထိ ဒေါက်ထောက် ထိုင်နေလိုက်သည် ။ ၁ဝ မိနစ်ခန် ့အကြာ မှ ခန္ဓါ ကိုယ် လည်း ပေါ့ စိတ်လည်း ပေါ့သွား ကာ မှ ပြန်ခရီးဆက်ခဲ့သည် ။ နောက်ရက် တွင် ကျွန်တော် ဆေးပေါ့လိပ် များ နှင့် ပတ်သက် ပြီး လိုက်လံ မေးမြန်း စုံစမ်း မိသောအခါ …. ဆေးပေါ့လိပ် ခုံ ထောင်သူ များသည် မိမိတို ့ဆေးပေါ့လိပ် အရသာ ထူးရေး ၊ လူကြိုက်များ ရေး အတွက် ဘိန်း တို ့ဂါဒီး တို ့ကို အနည်းငယ် ထည့်ထားကြောင်း သိရသည် ။ ဆေးပေါ့လိပ် တစ်လိပ် တန်ဘိုး မှာ လွန်စွာ နည်းပါးလှသည် ဖြစ်ရာ အဆိုပါ အကြောင်းအရာ မှာ ဖြစ်နိုင်ခြေ ရှိပါမည့်လား ဟု ထပ်မံ မေးကြည့်သော အခါ ” ဆေးစပ်တဲ့ နေရာ မှာ ပိုက်ဆံ ၂ သိန်း ဖိုး ဆေးစပ် မယ် ဆိုရင် ၁ သောင်းကျပ်ဖိုး ခန် ့ဆေးခြောက် ကို ရောစပ် လေ့ ရှိကြောင်း ” သိရသည် ။ မည်သို ့ပင် ဖြစ်စေ ဓါတ်ခွဲ စမ်းသပ်ထားခြင်း လုံးဝ မရှိသော ဆေးပေါ့လိပ် ကို သောက်ရမည် မှာ မီးအာမခံ မထားရှိပဲ မီးအန္တရာယ်ရှိသော ဆော့ခြင်းမျိုးဟု ထင်မိပါကြောင်း ။ ဆေးခြောက် ( ဂါဒီး ) သုံးစွဲသူ များ သည် လည်း ဆေးပေါ့လိပ် ထဲ ကို ထည့်လိပ် သောက်သုံးကြသည် ကို ရေးသားဖော်ပြ ပေးလိုက်ရပါသည်။

15 comments

  • reaper

    June 8, 2011 at 7:11 pm

    ရွှီးတဲ့လူကလည်း ကြည့်မရွှီးဘူး..
    ဆေးခြောက်ကို ရိုးရိုးဆေးလိပ်ထင်ပြီးသောက်လို့ ထင်တယ်. ဘာမှမဖြစ်ဘူးဆိုတော့..
    အဆိပ်ကို ရေထင်ပြီး သောက်ရင်လည်း ဘာမှ မဖြစ်ဘူးလား..

    ဆေးခြောက်ကိုတော့.. ဆေးပေါ့လိပ်ထဲ ထည့်သောက်ကြတာ..တစ်ကယ်ပါ့..
    ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်..
    ဆေးပေါ့လိပ်ထင်ပြီး.. ဆေးခြောက်ထည့်ထားတဲ့ ဆေးလိပ်ကိုသောက်မိလို့..
    ဒါတောင်သူက တစ်ဖွာနှစ်ဖွာလောက်ပဲ သောက်တာနော်..
    သူ့ကိုယ်သူ ဘာဖြစ်လို့ဖြစ်မှန်းတောင်မသိဘူး..
    ငါ ဘာဖြစ်သွားမှန်းမသိဘူးကွာဆိုပြီး.. မျက်နှာတွေသစ်.. လိုက်ရသေးတာ..

    ဘာထူးလဲ. ဆေးခြောက်က မဟုတ်ရင်တောင်.. နီကိုတင်းက စွဲစေပြီးသာပဲ..
    ဝက်ဖြစ်မှတော့ မစင်ကြောက်နေစရာ မလိုပါဘူး..
    မသောက်ရင်လည်း လုံးဝမသောက်နဲ့ပေါ့..

    ဆေးလိပ်ထဲ ဆေးခြောက်တို့ ဘိန်းတို့ထည့်တာထက်..
    အစားအသောက်တွေမှာ ပါတဲ့ ဓါတုဆိုးဆေးတွေက ပိုဆိုးတယ်..
    အဲဒါကိုသာ ဂရုစိုက်.. ဆေးလိပ်က မသောက်တဲ့သူ ဘာမှ မဖြစ်ဘူး..
    အစားအစာက မစားဘဲ မရဘူး..
    ခင်ဗျားတို့ ကျုပ်တို့စားနေတဲ့ အစားအစာတွေကော ဓါတ်ခွဲစမ်းသပ်ထားလား
    အဲဒီအကြောင်းလေးလဲ လုပ်ပါဦး…

  • kai

    June 8, 2011 at 10:31 pm

    ” ဆေးစပ်တဲ့ နေရာ မှာ ပိုက်ဆံ ၂ သိန်း ဖိုး ဆေးစပ် မယ် ဆိုရင် ၁ သောင်းကျပ်ဖိုး ခန် ့ဆေးခြောက် ကို ရောစပ် လေ့ ရှိကြောင်း ”..
    တော်တော်ဖြစ်နိုင်ပါတယ်..။ ဆေးပေါ့လိပ်က.. စီးကရက်တွေ ထုတ်လုပ်မှုလို.. ခေတ်မှီလုပ်ထုံးလုပ်နည်း စံနစ်တကျလည်းရှိပုံမပေါ်ဘူး..။ အစိုးရရဲ့.. စစ်ဆေးမှုတွေကလည်း.. လာဘ်ငွေပေးလိုက်တာနဲ့.. ကွိ.ကွတွေဖြစ်ကုန်ပေါ်တယ်..။
    ဆေးလိပ်က.. အရက်လို သုံးစွဲသူတင်ကျမ်းမာရေးထိခိုက်တာမဟုတ်.. ဘေးကလူတွေ..(အထူးသဖြင့်ကလေးတွေ) ကိုပါထိခိုက်စေတာပါ..။
    ဆေးလိပ်သောက်တဲ့သူက.. ကောင်းတာတွေချည်းယူပြီး ပြန်ထုတ်လိုက်တဲ့..မီးခိုးငွေ့မှာ.. မကောင်းတာတွေချည်းပါလာတာမို ့.. Secondhand Smoke(SHS) က ပိုတောင်ခံရပါတယ်..။
    http://www.cancer.gov/cancertopics/factsheet/Tobacco/ETS
    Does exposure to secondhand smoke cause cancer?

    Yes. The U.S. Environmental Protection Agency, the U.S. National Toxicology Program, the U.S. Surgeon General, and the International Agency for Research on Cancer have all classified secondhand smoke as a known human carcinogen (a cancer-causing agent) (1, 3, 5, 7).

    Inhaling secondhand smoke causes lung cancer in nonsmoking adults (4, 5). Approximately 3,000 lung cancer deaths occur each year among adult nonsmokers in the United States as a result of exposure to secondhand smoke (2). The U.S. Surgeon General estimates that living with a smoker increases a nonsmoker’s chances of developing lung cancer by 20 to 30 percent (4).

    Some research also suggests that secondhand smoke may increase the risk of breast cancer, nasal sinus cavity cancer, and nasopharyngeal cancer in adults and the risk of leukemia, lymphoma, and brain tumors in children (4). Additional research is needed to learn whether a link

    ပြောရရင်.. ဆေးလိပ်ခုံပိုင်ရှင်.. ဆေးလိပ်စီးပွားဖြစ်ထုတ်သူတွေ ချမ်းသာတာမှ.. ကျိကျိတက်ပဲ..။
    မြန်မာလူငယ်တွေ.. ဦးနှောက်လေးလံထိုင်းမှိုင်းပျက်စီးအောင်.. တဖက်တလမ်းကလုပ်နေတဲ့.. ဆေးလိပ်..ဆေးပေါ့လိပ်..စီးပွားဖြစ်ထုတ်နေသူတွေကို.. (အထူး)အမြတ်ခွန် ချသင့်တယ်.။
    ရတဲ့ငွေကို.. ကလေးတွေကျောင်းပညာရေး..ကျမ်းမာရေးမြင့်မားလာဖို့ ဘက်ဂျက်ချ သုံးသင့်တယ်..။

    အောက်မှာ.. ယူအက်စ်အစိုးရရဲ့.. ဆေးလိပ်အပေါ်ချတဲ့..အခွန်ဇယားကြည့်နိုင်အောင် လင့်ပေးထားတယ်..။
    သာမန်အားဖြင့်… ဆေးလိပ်တဗူးတန်ဖိုးရဲ့ ၅၆.၆ ရာခိုင်နှုန်းက.. အခွန်ပေးရတာပဲ..။

    ဆိုတော့. မြန်မာပြည်မှာ..အဲဒီအတိုင်းဖြစ်မယ်ဆို.ဆေးလိပ်တလိပ်.. ၁ဝဆို..၅က..အခွန်ပေးလိုက်ရတာဖြစ်လာမယ်။။..။
    မြန်မာပြည်ဆေးပေါ့လိပ် သောက်နှုန်း(ုဖြုန်းအား)… တရက်အလိပ် ၁ဝသန်းပဲတွက်..။
    တရက်ကျပ်ငွေ သိန်းရာ-ထောင်ချီ.. အခွန်ငွေရမှာ..။
    ကလေးကျောင်းတွေအကုန်.. အခမဲ့အပြင်..ကျောင်းတက်တဲ့ကလေး.. ငွေတောင်ပြန်အမ်းလိုက်လို့..ရနိုင်တယ်.. 🙂

    http://en.wikipedia.org/wiki/Cigarette_taxes_in_the_United_States

    (မြန်မာပြည်ရဲ့. .ဆေးပေါ့လိပ်ဆေးနှုန်းလေးများ.. သိရမလားခင်ဗျ) ?

    • nigimi77

      June 11, 2011 at 3:21 am

      ကျုပ်က နှင်းဆီကြိုက်တော့ ….တထုပ်ကို ၂၀ဝ ကျပ်။

  • eros

    June 9, 2011 at 2:13 am

    အင်းဈေးနှုန်းများ သိချင်ရင်စုံစမ်းပေးရမှာပေါ့။ အခုခေတ်မှာ ဆေးပေါ့လိပ်တောင် တော်တော်ရှားသွားသလားပဲ။

  • fatty

    June 9, 2011 at 6:24 am

    မြန်မာပြည်က ဆေးပေါလိပ်အကြောင်း ဆေးပြင်းလိပ်အကြောင်း …………….

    ရွာတွေမှာသောက်ကြတဲ့ သနပ်ဖက်ကြီးတွေအကြောင်းများဆောင်းပါရေးရင် အတော်ဖတ်လို့ကောင်းမှာ။
    အဲဒါက ဆေးလိပ်နဲ့ပါတ်သက်လို့ပေါ့လေ …..
    တနေ့က ကျုပ်အညောင်းပြေ အောက်ဆင်းပြီး မိုးလေကင်းတုန်း ဟိုဟိုဒီဒီ လမ်းလျှောက်မိတယ်
    တချို့ကပြောကြတယ် ဦးဖက်တီး ခင်ဗျားကိုယ်က ရောင်စုံတွေထွက်နေပါလားတဲ့ …..
    ဟဲဟဲ လူတွေကသာ ကိုယ့်ကိုယ်မသိကြတာ လူတိုင်းကိုယ်က ရောင်စုံတွထွက်နေတာကို ကျုပ်သတိထား
    မိတာ အတော်ကြပြီ …. တခြားကြောင့်မဟုတ်ဘူးဗျ အစားအသောက်တွေ ထဲက ရောင်စုံဆိုးဆေးတွေကြာင့် ………..။

  • လင်းဝေကျော်

    June 9, 2011 at 6:45 am

    မဖြစ်နိုင်ပါဘူး။
    ဆေးခြောက်ဈေးကြောင့်မဟုတ်ပါဘူး။ ဆေးခြောက်က ဈေးကြီးတာလည်းမဟုတ်ပါဘူး။(တောမှာ လက်ကားဈေး)
    အဓိက ကတော့ ဆေးခြောက်အနံ့ပါပဲ။ ဆေးခြောက်ထည့်ထားရင် အနံ့က တန်းထွက်ပါတယ်။
    နောက် ဆေးခြောက်က မစွဲပါဘူး။ ဘိန်းလိုမျိုး မချမနေရ မဟုတ်ပါဘူး။
    ဆေးပေါ့လိပ်တွေက ဆေးပြင်းတာချင်းမတူတော့ သောက်နေကျမဟုတ်ရင် တန်းဆောင့်တက်ပါတယ်။
    ဆေးပေါ့လိပ်ခုံက ရောင်းကောင်အောင် ဆေးခြောက်ဘိန်းထည့်တယ် ဆိုတာ ကလေးစကားပါပဲ။
    (ကျွန်တော် ဆေးလိပ်ခုံထောင်မထားပါဘူး။ ဆေးလိပ်သောက်တတ်ပါတယ်။ (ခုလျှော့သောက်နေတယ်။)
    ဆေးခြောက် ကို ငယ်ငယ်တုန်းက အများကြီးထိတွေ့ဖူးပါတယ်။
    မြန်မာပြည်မှာ ပါးစပ်ထဲတွေ့ကရာလျှောက်ပြောနေကြတာကို
    မယုံစေချင်တာ သက်သက်ပါပဲ။)

    • shadowless

      June 9, 2011 at 5:07 pm

      လင်းဝေကျော်ပြောတာကို..
      အပြင်းအထန်.. ထောက်ခံပါတယ်..
      ယူအက်စ်က ဦးသဂျီး..
      ပညာတတ်ပီပီ.. ထိုင်ခုံပေါ်ကနေ.. အချက်အလက်တွေ လျှောက်ရှာပြီး မရွှီးနဲ့…
      ပြည်တော်ပြန်လာပြီး… လုပ်ကြည့်ကြည့်…
      သဂျီးပြောတာမှားလို့ပြောတာ မဟုတ်ဘူး..
      အခုတလော.. ကွန်ဒိုထဲထိုင်ပြီး.. ဟော်တယ်မှာ ရုံးဖွင့်ပြီး.. ဘာဟေ့ ညာဟေ့.. အော်နေတာတွေ.. မုန်းလွန်းလို့…
      ပြည်သူကို တစ်ကယ်ချစ်ရင်.. တိုင်းခန်းလှည့်လည်လှည့်..

    • nigimi77

      June 11, 2011 at 4:33 am

      ကိုလင်းဝေကျော် ပြောတာ ထောက်ခံတယ်။

      တောင်ကြီးမှာနေတုန်းက စောင်းကောက် ကိုသောက်တယ်။ ဆေးပေါ့လိပ် အစည်းထဲမှာ စောင်းကြိုး အနီရောင် စက္ကူ ပတ်ထားတာရှိတယ် တစည်းဝယ် ရင် ၂ လိပ်လောက်ပါတယ်။ အဲဒါကိုပဲ ရွေးသောက်တာပေါ့ ။ ဆေးခြောက်ပါတယ်လို ့ပြောတယ်။ ဘာမှ မထူးပါဘူး ။
      ရန်ကုန်ပြန်ရောက်တော့လဲ အမျိုးစုံအောင် သောက်ဖြစ်တာပဲ။ ဘယ်တုန်းကမှ ဆေးခြောက်နံ ့ မရဘူး။

  • windtalker

    June 9, 2011 at 6:59 am

    ကျွန်တော် ဒီပို ့စ် ကို တင်တုန်းက သေချာ စဉ်းစားကြည့်ပါတယ် ။ ဆေးခြောက် အကြောင်း သာ ဖြစ်ပေမယ့် သိပ်မွှေးတဲ့ သစ်ရွက်ခြောက် ( ဂျေမီ့ သီချင်းမှ ) ကို ကြိုက်သူများ ရဲ ့မျက်မုန်းကျိုးခြင်း ကို ခံရနိုင်တယ် ဆိုတာ ။ သို ့ပေသည့် ကျွန်တော် သိသလောက်လေး ကို ရွာသူ ရွာသား များကို ပြန်ပြ ချင်လို ့တင်လိုက်တာပါ ။ အပေါ ်က စာများသည် ကျွန်တော် ငယ်စဉ်က တစ်ကယ်ကြုံ ခဲ့ရသော ကိုယ်တွေ ့ဖြစ်ရပ် ကို ရေးသားထားခြင်း ဖြစ်ပါသည် ။ reaper ခင်ဗျား ၊ အပေါ ်က စာအားလုံးတွင် ရွှီးထားသော စာ တစ်လုံး မှ မပါ ပါကြောင်း ယခု ထပ် အတည်ပြု ပြောပါရစေ ။ အဆိုပါ ဆေးခြောက် ပါသည့် ဆေးပေါ့လိပ် ကို သောက်ခဲ့စဉ် က တစ်ကယ် ကို ဘာမှ မဖြစ်ခဲ့ပါ ခင်ဗျား ။ ကျေးှဇူးတင်ပါသည် ။

    • reaper

      June 9, 2011 at 5:36 pm

      ပို့စ်အတွက်ကျေးဇူးပါ.. windtalker
      ပြောပြလိုတာက.. ဂလိုပါ..
      reaper တို့ဆီမှာ ဆေးခြောက်ပေါပါတယ်.. မုန့် လို့ခေါ်သလို.. ဆရာ.. ဆရာကြီး.. မာချီ………မား… ခွေ.. ဂန်ချီ.. ပစ္စည်း စသည်ဖြင့်ခေါ်တယ်..
      မုန့်ဆွဲမလား.. ချမလားပေါ့…
      သူက ဆေးရွက်ကြီးထက်အရသာပေါ့တယ်..
      ဆေးခြောက်သာ တစ်ကယ်ပါခဲ့ရင်… ခင်ဗျားခံနိုင်ရည်ရှိမည်မထင်..
      အဲဒါ တစ်ရှိုက်စာပဲနော်..
      ထားလိုက်ပါ.. နံမည်ကြီး ဆေးလိပ်အကြောင်းကို.. ဆွေးနွေးတာကောင်းပါတယ်.
      ပညာတတ်တွေ ယုတ်မာရင်.. သိပ်ကြောက်စရာကောင်းတယ်..
      ခု… ဒီနိုင်ငံမှာ.. အမူးသမားတွေ..ဆေးသမားတွေ ဒုနဲ့ဒေး..
      အထူးသဖြင့်.. ဆေးလိပ်သောက်သမားတွေ..အရမ်းများလာတယ်..
      ဆေးလိပ်တွေ တံဆိပ်မျိုးစုံထွက်လာတယ်..
      နောင်..ဆယ်နှစ်..
      နောင်.. မျိုးဆက်တစ်ခု..
      ဦးနှောက်မှာ ဆေးလိပ်မှိုင်းတွေချည်းပဲ..
      ကဲ ခင်ဗျားတို့ ကျွန်တော်တို့ ဘာလုပ်မလဲ..
      အဲဒါပဲ..
      ပညာတတ်လူစွမ်းကောင်းတွေလိုတော့..
      ဟိုလို လုပ်ပါလား.. ဒီလိုလုပ်ပါလား..လာမလုပ်နဲ့နော်..
      ဒါကို ခင်ဗျား ဆွေးနွေးပေးပါ…

  • လင်းဝေကျော်

    June 9, 2011 at 9:46 am

    ဆေးခြောက်ကိုမကြိုက်ပါဘူး။
    ကျနော်ပြောချင်တာက အဲဒီတုန်းက ကိုဉာဏ်က ခင်ဗျားကို “စား” လိုက်တာလဲဖြစ်ကောင်းဖြစ်မယ်။
    နောက်တခါ…. မူသွားတယ်ဆိုတဲ့ဆေးပေါ့လိပ်ကတော့ ပြင်းလွန်းလို့၊ မသောက်တာကြာလို့ စသည်ဖြစ်ကောင်းဖြစ်ပါမယ်လို့။

  • ကိုယ်သောက်ရင် ကိုယ်သေမှာကတော့ အသေအချာပါဘဲ။
    ဘေးနားကလူမှာလဲ အနည်းနဲ့အများရိုက်ခတ်မူ့တော့ ရှိတာပေါ့နော်

  • parlayar46

    June 9, 2011 at 5:22 pm

    “အဲဒီတုန်းက ကိုဉာဏ်က ခင်ဗျားကို “စား” လိုက်တာ”
    ကိုလင်းဝေကျော်ပြောတာ အဖြစ်နိုင်ဆုံးပါပဲ။

    ဆေးခြောက်က သုံးနေကျမဟုတ်ရင် စိမ်းရွှေရွှေအနံ့ထွက်တယ်။ အလွန်သိသာပါတယ်။
    ဆေးပေါ့လိပ်ကို စွဲအောင်ဆေးခြောက် ထည့်စရာမလိုပါဘူး ။ သူ့ဆေးစပ်ထဲမှာ ဆေးရွက်ကြီးကို ကိုယ့်ပုံစံနဲ့ကိုယ်ပြုပြင်ပြီး ကိုယ့်အချိုးနဲ့ကိုယ် ထည့်ကြပါတယ်။ အဲဒါတောင် ဆေးရွက်ကြီးများတဲ့ ဆေးလိပ်မျိုး ဥပမာ တောင်ငူရွှေနှင်းဆီကင်းဆိုက်မျိုး ဆိုရင် ဆေးလိပ်သမားတိုင်း မသောက်နိုင်ပါဘူး။
    ဆေးရွက်ကြီးလုံးဝမပါတဲ့ အရသာပေါ့တဲ ့ဆေးပေါ့လိပ်မျိုးလဲ ဒေသအလိုက်ရှိပါတယ်။ အဲဒီဆေးလိပ်မျိုးဆို နီကိုတင်းတောင် လုံးဝမပါလောက်ဘူး။ ဒါပေမယ့် မီးခိုးတွေရှုတာမို့ ကျန်းမာရေးတော့ထိခိုက်မှာပါ။

  • captainamerica

    June 9, 2011 at 6:02 pm

    ဆေးခြောက်အနံသည်သိသာလောက်အောင်အနံထွက်ပါသည်။ကိုတော်ကာ ကိုယ်
    တွေ.အစစ်ဆိုရင်တော့မကောင်းတဲ့ပစ်စည်းအရွဲနဲ.ကြုံလိုက်ရလို.နေလိမ့်မယ်….နို.မို.အစ်ကိုပြောသလိုဖွာ လိုက်လို.ကတော့ပုံမှန်ဟာကအူရျိင်းဆိုရင်ချက်ချင်းဆစ်ဂနယ်ပြပြီးဖင်ပါထောင်သာွးလိမ့်မယ်…:D 😀

  • windtalker

    June 10, 2011 at 5:09 am

    ကျွန်တော် တို ့နိုင်ငံလည်း ဘိန်းစစ် ဖြစ်နေပြီ ထင်ပါရဲ ့ဗျာ ။ ပြောမယ့်သာ ပြောရတာ ကျွန်တော်က အရမ်းကြောက်တတ်တာ ဗျ..တစ်ကယ်ပါဗျာ ။ အမျိုးသား တစ်ရပ်လုံး လူညွန် ့တုံးစေနိုင်တဲ့ အရာ ဟာ ဒီမူးယစ်ဆေးဝါးတွေ ပါ ။ ရွာသူ ရွာသား တွေ လည်း ကိုယ့်ပတ်ဝန်းကျင် အပေါင်းအသင်းများထဲ မှာ ကြုံဖူးကြမယ် လို ့ထင်ပါတယ် ။ ( ရွာထဲမှာလဲ သုံးစွဲလေ့ရှိသူများ ရှိကောင်းရှိနိုင်ပါတယ် ဟဲဟဲ ၊ တိုက်ဆိုင်မှု ရှိရင် အနူးအညွတ် တောင်းပန်ပါတယ် နော် ) ။ သုံးစွဲသူများ ရဲ ့လက်သုံးစကား လေး တစ်ခု ရှိတယ် ။ ” ကျွန်တော် က ကျွန်တော့် စိတ် နိုင်တယ် ဖြတ်နိုင်တယ် ၊ အသာပြေ ရုံ ခဏသုံးတာ ” ပါတဲ့ ။ ဒီလိုမျိုး နဲ ့အဖတ်ဆယ် မရတော့အောင် လမ်းဆုံး ရောက်သွားကြတာပါ ပဲ ဗျာ ။

Leave a Reply