ဒီလိုခေါင်းစဉ်နဲ. စာရေးလိုက်လို. ရေမြေခြားမှာ အလုပ်လုပ်နေတဲ.သူတွေဝမ်းနည်းမှာကိုလည်း စိုးရိမ်ပါတယ်။ပြည်တွင်မှာလုပ်နေကြတဲ.၀န်ထမ်းတွေကိုလည်း

အားနာမိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းသူများဆီမှာလခစားလုပ်နေတာပါ။အင်တာနက်ဆိုင်မှာပါ။ဒီနေ.ကျွန်တော်တို.ဆိုင်ကို အဖွားကြီးတစ်ယောက်လာတယ်

ကျွန်တော်အပါအ၀င်ဝန်ထမ်းအားလုံးအဖွားအင်တာနက်သုံးဖို.၀င်လာတာလို.လုံးဝကိုထင်မထားတာပါ။ပြောရင်ယုံမှာတောင်မဟုတ်ဘူး

အသက်အားဖြင်.အနည်းဆုံး70ကျော်လောက်ရှိပါပြီ။ ၀တ်ထားတာကလည်းခပ်နွမ်းနွမ်းဆိုတော. ဘယ်လိုမှကိုအင်တာနက်လာသုံးတာလို.မထင်ဘူး။

နိုင်ငံခြားဖုန်းဆက်တာလို.ပဲထင်ခဲ.တာ။အဖွားဘာလုပ်ဖို.လည်းဆိုတော. အင်တာနက်သုံးဖို.သားတဲ. ဒါနဲ.စက်တစ်လုံးပေးလိုက်တယ်

အီးမေးတွေကိုသူ.ဖာသာဖွင်.တာပေါ.ပြီးမှ သားလာပါအုံးဆိုပြီးခေါ်တယ် မျက်စိသိပ်မကောင်းလို. ဒီနေ. Date နဲ.ပို.ထားသေးလားဆိုတာကြည်.ပေးပါဆိုပြီး

ခေါ်မေးတာပါ။အဖွားပို.မထားပါဘူးဆိုပြီးပြောလိုက်ရတယ်။ဒါနဲ.ဘယ်လောက်ကျလဲဆိုပြီးမေးတာ အဖွားကောင်တာမှာရှင်းလိုက်ပါဆိုတော.အေးအေးသားဆို

ပြီးထသွားတယ်။ကောင်တာလည်းရောက်ရော ကောင်တာထိုင်နေတဲ.ကောင်မလေးကို How much လို.မေးလိုက်တယ် ကောင်မလေးကရယ်တာပေါ. အဖွားကြီး

ကိုအထင်သေးလို.ဖြစ်မှာပေါ. ကောင်မလေးကလည်းအခုမှ ဆယ်တန်းအောင်ခါစဆိုတော. အလုပ်သဘောနားမလညလူငယ်သဘာဝရယ်တာဖြစ်မှာပေါ.။

ဒီလိုနဲ.ကောင်မလေးက 400 ကျတယ်ဆိုတော. အဖွားက 500 တန်ပေးတာပြန်အမ်းစရာ 100 မရှိလို. ကော်ဖီမစ်ယူသွားပါအဖွားလို.ပြောတာကို ရိုးရိုး

မပြောပဲ အဖွား 100 ပြန်အမ်းဖို.အကြွေမရှိလို. ပြင်သစ်က လာတဲ.ကော်ဖီမစ်ယူသွားပါဆိုပြီး နောက်သလိုပြောင်သလိုနဲ.သွားပြောတာ။အဖွားကလည်းဘယ်ရမလဲ

ပြင်သစ်ကရေမွှေးပဲ နံမည်ကြီးတာ ကော်ဖီနံမည်မကြီးဘူးလို.ပြန်ပြောတယ်။ ပြီးတော. ပြင်သစ်လို.ကျေးဇူးတင်ပါတယ်မင်္ဂလာပါ ၀မ်းသာပါတယ်

ဆိုတာကိုပြောတယ် ကိုယ်တော.နားမလည်ပါဘူး သူပြောပုံကြည်.ရတာတော. ဟုတ်တယ်လို.ယုံကြည်ပါတယ်။ ဘာ.လို.လဲဆိုတော. အဲဒီအဖွားက အင်္ဂလိပ်လိုပြော

တာတွေက တော်တ်ာလည်းကောင်းတယ်။ ဒါ.မို.ယုံကြည်တာပါ။ ပြီးတော.ကောင်မလေးကိုလည်း သမီးက အဖွားကို သိပ်စိတ်မမှန်ဘူးလို.ထင်တာလားဆိုပြီးမေး

သေးတယ်။ ပြီးတော.ပြန်ခါနီး နောက်တစ်ခုအီးမေးစစ်စရာရှိသေးတယ်ဆိုပြီးပြောတယ် ဒီတစ်ခါစက်မသုံးတော.ဘူး သမီးပဲကောင်တာမှာ စစ်ပေးဆိုပြီးပြောတယ်။

နံမည်ပြောပြီး ပက်စ်ဝပ်ပြောတော. ဆူးလေဘုရားကို အင်္ဂလိပ်လိုရေးလိုက်တဲ. အဲဒါပက်စ်ဝပ် ဆိုတော. ကောင်မလေးကမရေးတတ်ဘူး ဒါနဲ.ကျွန်တော်က၀င်ရေး

ပေးပေါ.ဒါနဲ. ၀င်လို.ရသွားတော. အဖွားကလည်း ကျေးဇူးတင်တယ်ပေါ. မင်းရေးတာမှန်တယ်ပေါ. အင်္ဂလိပ်လိုပြော သူပြောတာတွေကို ကောင်မလေးကဘေး

ကနေရယ်နေတာပေါ. ကျွန်တော်ကကြားထဲကနေအားနာနေတာ အဖွားကနင်တို.ကငါ.ကို ရူးနေတယ်ထင်တာလားတဲ.မေးတော. ကျွန်တော်ကသာအားနာပြီး

မဟုတ်ပါဘူးအဖွားရယ်အဖွား အသက်ကြီးနေတာတောင် မှတ်ဥာဏ်တွေကောင်းပြီး အင်္ဂလိပ်လို.ပြောနိုင်သေးတယ် ကျွန်တော်တို.ကမပြောတတ်တာကို တွေးမိ

လို.ရယ်တာပါလို.ပြောတော. အဖွားကဘာပြောတယ်မှတ်လည်း နင်တို. ဘာသာစကား 2 မျိုး 3 မျိုးမှမရရင် သူများနိုင်ငံသွားရင် ကျွန်အဆင်.ပဲရမယ် အဆင်.မြင်.

တဲ.ရာထူးရမှာမဟုတ်ဘူးပေါ. ပြောတာကျွန်တော် လည်းတော်တော် သံဝေဂ ရသွားတယ် ဟုတ်ကဲ.ပါအဖွား လေ.လာနေပါတယ်လို.ပြောတာပေါ.။

အဖွားလည်းပြန်ရော သတင်းစာပို.တဲ.လူက သတင်းစာလာပို.တာပေါ.စောစောက ကောင်မလေးကသတင်စာကောင်ဖတ်တယ် 8.6.2011 သတင်းစာ တွေမှာ

ဗိုလ်လောင်းဝင်ခွင်.တွေ စစ်ဆေးတွေ စစ်နည်းပညာ ကျောင်းသားတွေ ခေါ်တာတွေပါတာပေါ.။ အဲဒီအထဲမှာဖတ်မိတာကို ကောင်မလေးက မသိလို. မေးတာတဲ.

ကျွန်တော်တောင်မဖြေခင် တော်တော်အံ့သြ သွားတယ် သူမေးတာကလည်း ကြည်.အုံးလေ အစ်ကိုကြီး သတင်းစာထဲမှာ စစ်နည်းပညာမှာ သိပ္ပံ ရယ် ၀ိပ္ပံ ရယ်

အောင်တဲ.သူများသာလို. ရေးထားတယ်တဲ. ၀ိပ္ပံ ဆိုတာဘာကိုပြောတာလည်းတဲ. သမီးသိတာ သိပ္ပံ ၇ယ်ဝိဇ္ဇာရယ်ပဲသိတယ်တဲ. ကောင်းရော အခုမှဆယ်တန်းပူ

ပူနွေးနွေးအောင်ထားတဲ.ကျောင်းသူ ဒါတောင်မသိဘူးလား ညီမတကယ်မသိတာလားဆိုတော.မသိဘူးတဲ. သမီးက Bio နဲ.အောင်တာတဲ. ကဲပြတ်ကရော။

ကျွန်တော်စောစောကအဖွားပြောတာသွားသတိရမိတယ် သူများနိုင်ငံသွား ကျွန်လုပ်မှာလားဆိုတာကိုပါ အခုကျွန်တော်တို.လည်းဘာသာစကားမတတ်ပါဘူး

ဒါပေမဲ.အခုဟာကလွန်လွန်းတယ် ကိုယ်.နိုင်ငံ ရဲ.တန်ခိုးကြီး ဘုးရား အင်္ဂလိပ်လို.မရေးတတ် ကိုယ်အောင်တဲ.အတန်း မှာ  မေဂျာခွဲမသိနဲ.ဆိုတော.

စောစောကအဖွား ပြောသွားတာ နည်းတောင်နည်းသေးတယ်လို. တွေးမိပါကြောင်း

အဖွားပြောသောဘာသာစကား တတ်လို.နိုင်ငံခြားသွား လုပ်ရင်ရာထူးကောင်းကောင်းရမယ်ကိုဆိုတာလို.ကျွန်တော်ထင်ပါသည်။

သူများနိုင်ငံသွားလုပ်မှတော. ကျွန်ဖြစ်ပြီလို. အကပ်မတွေးစေလိုပါကြောင်း

 

 

 

 

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ