ရွာထဲမှာ တင်ထားတဲ့ ပိုစ်တွေ ဖတ်ပြီးသား ဖြစ်ပေမဲ့ တယောက်ယောက်က ကွန်မန်းပေးလိုက်ရင် ဘာ မန်းလိုက်လဲ သိချင် စိတ်နဲ့ တခုကို တခါစီ ထပ်နိပ်ပြီး ဖတ်နေရတာ ကွန်နက်ရှင် ကောင်းတဲ့ အချိန်ဆို မသိသာပေမဲ့ ကွန်နက်ရှင် မကောင်းတဲ့ အချိန်ဆို ကွန်မန်း တခု ဖတ်ရဖို့ စာတွေ အများကြီး တက်ဖို့ တော်တော် အချိန်စောင့်ရပါတယ်။
စာမျက်နှာ တခု ဖွင့်ရင်း ကြာနေတဲ့ အချိန်မှာ ကွန်မန်း ၃ ၄ခု လောက် ဆက်တိုက် တက်သွားရင် အမှီလိုက်ဖတ်ဖို့ တော်တော် လိုက်ရမလို ဖြစ်သွားပါမယ်။
ဒီတော့ လွယ်ကူမြန်ဆန် မန်းထားသမျှ အားလုံး တပြိုင်တည်း ဖတ်လို့ရအောင်
http://myanmargazette.net/wp-admin/edit-comments.php?comment_status=all

လင့်မှာ ၀င်ဖတ်ပါ။ ပိုစ်ကို ဖတ်ပြီးသား ဆိုရင်တော့ မန်းတာဖတ်ယုံပဲ ဆိုရင်တော့ အသုံးတည့်ပါတယ်။
အကောင့်ဝင်ထားမယ် ဆိုရင်တော့..
ထိပ် နဖူးစီးမှာ အမဲ တန်းလေးမှာ comment ဆိုတာ ရှိပါတယ် အဲဒါကို နိပ်လိုက်ရင်လည်း စောစောက ပြောတဲ့ လင့်ကို ရောက်ပါတယ်။
အားလုံး အဆင်ပြေပါစေ။

About ဆူး

has written 398 post in this Website..