ခေတ်သစ်တက္ကသိုလ်ဝင်တန်းမြန်မာစာမေးခွန်းလွှာ (for 2012)

minhtettharJune 9, 20111min17112

သူငယ်ချင်းတို့ရေ…ဒီတပတ်တော့…..နှစ်သစ်မေးခွန်းလွှာအကြောင်းလေးပါ….။
ပွကြီး…ရဲ့…အိမ်သာဗျူး…အဲလေ…အင်တာဗျူးအစီအစဉ်မလာသေးတာတောင်းပန်ပါတယ်။
ဒါလေးလဲကြည့်ကြည့်ပါဦး…။ပျော်ရမှာပါ။
တချို့သူငယ်ချင်းတွေသိပြီးသားလဲဖြစ်မှာပါ…မသိတဲ့သူငယ်ချင်းများအတွက်ပါဗျာ….။
၂၀၁၂ ခုနှစ် ၁ဝ တန်း မြန်မာစာ မေးခွန်းလွှာ
၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။
အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။
(ခ) အောက်ပါနာမ်တို့ကို “ကွက်လပ်” တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။
နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။
(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။
အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။
၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။
အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊ မနည်းဘူးဟ၊
မခံနိုင်ဘူး။
(ခ) အောက်ပါတို့မှ ငါးခုကို ဝါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။
ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့။
(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင်
မည်သို့သုံးထားကြောင်း နှင့်
အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့်
ကူးဖြေပါ။
ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန်
(ရူပက)၊
လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူပက)၊ ပိုးပြောင်ကြီးပုဆိုး
ပေါက်သကဲ့သို့ (ဥပမာ)။
၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။
(၁) “ငါ့သမီး …… စာကျက်နေတယ်” ကဗျာကို မည်သူရေးသနည်း။
(၂) “ဟို… အတုံး၊ ထိန်ထိန်ဝါ” ဟူသည် အဘယ်နည်း။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ “တင်” ပြပုံကို ဖော်ပြပါ။
(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။
(၅) “ငါ့ရုပ်သည် သာချော၏” ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား ပျော့ပြောင်းပုံကို
ဖော်ပြပါ။
(၆) “သူသာလျှင် အသားအမည်းဆုံး” ကဗျာကို မည်သူရေးသနည်း။
(၇) “တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ” စာသား၏ အဓိပ္ပါယ်ကို
ရေးပါ။
(၈) “ငါ့ရဲ့အချစ် …… ယူပါဦးလား” ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏
ခံစားချက်ကိုရေးပါ။
၄။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။
“အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်” ကဗျာ၏ အဓိပ္ပါယ်ကိုှ စာစစ်အဖွဲ့
အကြိုက်တွေ့အောင်
ဖြိီးဖြန်းရေးသားပါ။
(သို့)
“ရင်ထဲမှာ ဘာညာဘာညာ” ကဗျာမှ ခံစားရသော ရသကို ရေးပါ။
(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။
(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။
(၃) “မောင့်ဘဝ…..လင်းတနား” ဟူသည် အဘယ်နည်း။
(၄) စီးချင်းတို်က်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) “ပညာသင်ခါ ဘောင်းဘီမပါ” ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။
(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။
သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ
သက်မွန်မြင့်နှင့်တူပုံ၊
ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။
(သို့)
“လင်မယားရန်ပွဲ” မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။
၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။
ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…”သန်း”၊
အချိန်မတော်၊
ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။
(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။
ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။
(သို့)
“သန်း” ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို
စိတ်ဝင်စားဖွယ်ဖြေဆိုပါ။
ပွကြီး…အစီအစဉ်က…နောက်တစ်ပတ်ကျရင်တော့လာမယ်ထင်ပါတယ်။
လေးစားစွာဖြင့်ပွကြီး…..။

12 comments

  • photwenty

    June 9, 2011 at 8:47 am

    ၁။(က)-
    (ခ)နင်.ကြီးတော် ဂျီပုန်း နှာဘူးကြီးသည် မျောက်မျက်နှာ နှင်. ကောင်မလေး ကို ကွက်လပ်ဖြည်.ပေးနေသည်။
    ၂။(က)-
    (ခ) ကန်တော်ကြီးပန်းခြံအတွင်းတွင် စုံတွဲများ မရှက်မကြောက် အားရပါးရ အမုန်းဆွဲနေသည်က တစ်နေကုန် အလွမ်းပြေ လိုက်ချောင်းပြီးနောက် အိမ်ကိုပြန်ခဲ.တော.သည်

  • fatty

    June 9, 2011 at 8:49 am

    အတော်လေးကို ဥိးနှောက်အစားခံပြီးရေးထားရတာပါလားကွယ်တို့ …………
    stire ဘက်ကို လေ့လာသင့်တယ် ….။

  • photwenty

    June 9, 2011 at 8:57 am

    (ဂ) ပဲဟင်းနင်းကန်စားပြီး ပေါက်သည်.အသံ ဘူ နောက်တွင် နောက်ဆုံးပိတ် ထွက်ကျသည်.အသံ ဘွတ်ကိုထည်.သွင်းဖေါ်ပြထားသောကြောင်.မြည်သံစွဲအင်္လာမြောက်ပါသည်။
    ဆင်တစ်ကောင် ဧ။် ခေါင်းကြီးမားပုံကို ပုရွက်ဆိတ်ခေါင်းဧ။် ကြီးမားပုံနှင်. ခိုင်းနှိုင်း၍ လွန်လွန်ကျူးကျူး ဖွဲ.ဆိုထားသောကြောင်. အတိဿယ ဝုတ္တိ အင်္လာကာမြောက်ပါသည်။

  • photwenty

    June 9, 2011 at 9:10 am

    ၃။(က)
    (၁)” ငါ.သမီး….စာကျက်နေတယ်” ကဗျာကို သူဧ။် အဖေ ရေးသားပါသည်။
    (၂) ဟိုအတုန်း ထိန်ထိန်ဝါ ဟူ သည် ထိန်ထိန်ဝါ နေသော ဟိုအတုန်းကိုဆိုလိုပါသည်။
    (၃) နာနတ်သီးကဗျာတွင် ဆရာမှတင်ပြပုံမှာ
    နာနတ်သီးကို အခွံလှန်၍ ဆားနှင်.နယ်ကာ စာပွဲပေါ်တင်ထားပါက ပြောင်နေသည် ဟု ဆိုသည်။
    (၄) ရှင်မဟာကောင်းမြတ်သည် ဆရာမကို ” မနော စစ လောက်တယူ
    ခတ်ဖနုံ ကွေ.ရိုင် ပြည်နေသေး”” ရေသောက်ရင် သေးပေါက်” ဟူသည်. ဂါထာကို ချီးမြင်.ခဲ.သည်
    (၅) သူသာလျှင် အသားအမည်းဆုံး ကဗျာ ကို ဝန်ကြီး ဗိုလ်ဖြူရေးပါသည်။

  • လင်းဝေကျော်

    June 9, 2011 at 9:15 am

    မြန်မာစာအသစ်တွေရှိသေးတယ်။

    လန်းတယ်၊ ဂွမ်းပြီ၊ ဂုံးထောက်၊ ဂျွတ်ကိုက်၊ ဘီးဂျဲ၊ ဇယား၊ ဆွဲ၊ ချုပ်တယ်၊ ကုန်းဆင်း၊ …

  • Big Defender

    June 9, 2011 at 10:57 am

    ဟားဟားကျောင်းသားတွေအောင်ဦးမယ်။ကောင်းပါတယ်။ဘယ်ပါမေက္ခကမေးခွန်းထုတ်တာလဲမသိဘူး

  • chitlay

    June 10, 2011 at 4:31 am

    ဂွတ်တယ်ဗျာ မေးခွန်းတွေက လန်ထွက်နေတာပဲ … ။

  • mintonemin

    June 16, 2011 at 8:56 am

    I think you are very tired

  • စုံ စုံ

    June 16, 2011 at 11:39 am

    ဟ ဟာ ဟ ရီလိုက်ရ
    အ အမေ တို့တိုင်းပြည်
    ငါတို့ချစ်တဲ့မြေ 😛

  • minthukha2011

    August 3, 2011 at 10:48 pm

    နင့်ဆရာဆိုပိုတော်မယ်
    မေးခွန်းကနှစ်20လောက်ရှေ့ရောက်နေတယ်
    ငတော်ရ

  • Mee2

    August 3, 2011 at 11:01 pm

    ဟိ ဟိ။တယ်လဲရှာကြံပြီး ဖွထားတာကိုး။စုံစီနဖာအကုန်ကိုပါနေတော့တာဘဲ။အကောင်းမှတ်လို ့ဖတ်ကြည့်ပါတယ်။မေးခွန်းလွှာမဟုတ်ဘဲ သရော်လွှာဖြစ်နေသလားလို ့ပါ။ဘယ်နှစ်ခုနှစ်လောက်မှ မေးခွန်းလို ့ထင်ထားတာလဲ ဟင် သူငယ်ချင်းရေ

Leave a Reply