ဆယ်ကျော်သက် ကွန်ပျုတာ စောရ အား ဂရိရဲတပ်ဖွဲ့မှ ဖမ်းဆီး

ဂ်စ္စူJune 9, 20111min570


DK၊       ၊နိုင်ငံတကာရဲတပ်ဖွဲ့ နှင့် အမေရိကန်အစိုးရဋ္ဌာနအချို့ကို ထိုးဖောက်ခဲ့သည့် အသက် ၁၈ နှစ်ခန့်သာ
ရှိသေးသည့် ဟက်ကာတဦးအား  ဂရိနိုင်ငံ၊ အေသင်မြို့တွင် ဂရိရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဂရိရဲ
တပ်ဖွဲ့ အထက်တန်းအရာရှိတဦးမှ ပြောကြားခဲ့သည်။

အဆိုပါအမည်ထုတ်ပြန်ခဲ့ခြင်းမရှိသည့် ဆယ်ကျော်သက်လူငယ်ဟက်ကာလေးသည် အေသင်မြို့တောင်
ပိုင်းဆင်ခြေဖုံးရှိ အလုပ်သမားလူတန်းစားများနေထိုင်ရာ အားဂျီးယို့စ်ဒီမီးထရီးယို့စ်ခရိုင်တွင် ၎င်း၏မိခင်ဖြစ်
သူနှင့်အတူ နေထိုင်သည်။ ၎င်းသည် ကမာ္ဘအနှံ့အပြားသို့ ထိုးဖောက်တိုက်ခိုက်မှုများအား ထိုအိမ်မှနေ၍
လုပ်ဆောင်ခဲ့သည်ဟု ဂရိဆိုင်ဘာမှုခင်းတပ်ဖွဲ့အကြီးအကဲမှ ပြောကြားခဲ့သည်။

၎င်းသည် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) အားထိုးဖောက်လေ့ရှိပြီး၊ အမေရိကန်အမေရိကန်အစိုးရဋ္ဌာန
အချို့လည်း ၎င်း၏ထိုးဖောက်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဂရိနိုင်ငံတွင်ထွက်ပေါ်ခဲ့သည့်သတင်းများအရ အဆိုပါအမည်မသိဆယ်ကျော်သက်လူငယ်ဟက်ကာသည် အမေရိကန်နိုင်ငံတော်လုံခြုံရေးဋ္ဌာန (NSA,
National Security Agency)၊ အမေရိကန်ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FBI, Federal
Bureau of Investigation)၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနရုံးစိုက်သည့်၊ ပင်န်တဂွန်စစ်ဋ္ဌာနချုပ်
(The Pentagon) တို့သို့တရားမဝင် ဝင်ရောက်နိုင်သည့်နည်းလမ်းများကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်ဟု
ဆိုသည်။

‘ nsplitter ‘ ဆိုသောအမည်ဝှက်သုံးသည့် ဤဟက်ကာလေးသည် အန ္တရာယ်ရှိကြောင်းသတိမပြုမိပဲ
Internet Toolbar များကို ဒေါင်းလုတ် (Download) ဆွဲချမိခဲ့သည့်  အင်တာနက်အသုံးပြုသူများ၏
အကြွေးဝယ်ကဒ်များ (Credit Card) နှင့် အွန်လိုင်းဘဏ်ငွေစာရင်းများ (E-Banking) မှ အချက်အလက်
များကိုခိုးယူခဲ့ပြီး ဘဏ်ကဒ်အတုများပြုလုပ်ကာ တရားမဝင်ငွေထုတ်ယူမှုများ ပြုလုပ်ခဲ့သည်။

DK @ FreedomNewsGroup