ဟာသ

lulainJune 9, 20111min650

သတင်းစာများများဖတ်

သတင်းစာများများဖတ်  သတင်းစာရှင်းလင်းပွဲတွင်ဖြစ်သည်။

တာဝန်ရှိအရာရှိတစ်ဦးမှ မီဒီယာများအား ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကို ရှင်းပြနေသည်။

“ငါးနှစ်စီမံကိန်းမှာ လျာထားတဲ့အတိုင်း (—– )မြို့မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာ ဆောက်လုပ်ပြီးစီးသွားပြီ´´

စာနယ်ဇင်းထဲမှ တစ်ယောက်က ထပြောသည်။

“အဲ့ဒီမြို့ကနေ မနေ့ကပဲ ကျွန်တော်ပြန်လာခဲ့တယ်၊ ဘာဓါတ်အားပေးစက်ရုံမှမရှိဘူး´´ အရာရှိက ဆက်ပြောသည်။

“(—–)မြို့မှာ ဓါတ်မြေဩဇာ စက်ရုံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်´´ (စောစောပိုင်းက ထပြောသူကပင်ပြောသည်)

“မကြာမီက အဲ့ဒီမြို့ကိုရောက်ခဲ့သားပဲ၊ စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး´´ အရာရှိက စိတ်တိုစွာဖြင့်ပြောသည်။

“ဒီမယ် ခင်ဗျား ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား သတင်းစာများများဖတ်သင့်တယ်´´

အီးမေးလ်မှ ဟာသ ဖြစ်ပါသည်။

ဘာထင်လို့လဲဟင်

ရန်ကုန်မြို့လည် လူစဉ်ကားသောကားဂိတ်တစ်ခုတွင်ဖြစ်သည်။အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။

“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။ နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´

ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး အဘိုးကြီးကိုမေးသည်။

“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´

“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´ဟု

အဘိုးကြီးက ပြန်ဖြေလိုက်ရာ … ရဲသားနှစ်ဦးလည်း ပြန်လှည့်ထွက်သွားသည်။

မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့လိုက်လာပြီး အမောတကောမေးသည်။

“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ်ထင်လို့လဲဟင်´´

:12

မေးလ်မှ ပြန်လည်ကူးယူဖော်ပြပါသည်