တစ်ခါထဲပါ…တဲ့

naywoon niJune 9, 20111min13911

နေဝန်းနီတို့ အရက်သောက်တတ်ခါစက ကြုံဖူးတာလေးပြောပြချင်သေးတယ်..။ မန္တလေးတက္ကသိုလ်မှာတက်နေတုန်း ..။ပထမနှစ်နဲ့ဒုတိယနှစ်ကို ဖားသားလဖုန်းမှာထားတာ..။ တတိတယနှစ်နဲ့နောက်ဆုံးနှစ်ပဲ မိန်းထဲမှာဆိုတော့ ရောက်ရောက်ချင်း အပြင်ဆောင်မှာနေရတာပေါ့..။ 82လမ်းနဲ့ 34×35 လမ်းထထဲမှာနေရတာဆိုတော့ အဲဒိအချိန်တုန်းက (1985-86-87)အနီးတစ်ဝိုက်က ဆိုင်မှန်သ၍ အကုန်ရောက်ဖူးတယ်..။ ကျောင်းသားဆိုတော့ ပိုက်ဆံနဲတဲ့ရက်မျိုး ဘုံဆိုကိုသွားတိုးရတာ..။ တန်းစီရတယ်လေ..။ တစ်ယောက်မှ အများဆုံး တစ်ပိုင်းပဲရောင်းတာ နဲ့တူရဲ့..။ အဲဒိအချိန်က တစ်ပိုင်းကို သုံးကျပ်ပြားခြောက်ဆယ်ပဲရှိသေးတာ..။ တစ်လုံးမှ ခုနှစ်ကျပ်ပြားနှစ်တယ်..။ အတွင်းဈေးလေ..။ အပြင်ဈေးက အရက်တစ်ပုလင်း (BEDC -ကိုပြောတာနော်) တစ်ဆယ်.. တစ်ခါတစ်လေ.. ဆယ့်နှစ်ကျပ်… ရေရောထားပြီးသား..။ ဆိုင်ကခြောက်နာရီလောက်ပိတ်တာဆိုတော့ လေးနာရီလောက်ဆိုရင် ရေမိုးချိုးပြီး 84လမ်း 36 လမ်းထောင့်က ဘုံဆိုင်လေးကိုချီတက်တော့တာပဲ..။ သူငယ်ချင်းသုံးယောက် တန်းစီ တစ်လုံးခွဲ နှစ်လုံးရအောင်ပြော..။ ပိုက်ဆံဆယ့်ငါးကျပ်ပေးရင် နှစ်လုံးရောင်းပေးတယ်..။ ဆိုရှယ်လစ်ခေတ်လေ.. ။လာဘ်မစားပါဘူး…။ အဆင်ပြေအောင် တစ်ပက်ဖိုး ပိုပေးလိုက်ရတာပဲ..ရှိတာ..။ အဲဒိဆိုင်လေးက 84 လမ်းအရှေ့ဘက်ခြမ်း 36လမ်းရဲ့တောင်ဘက်ခြမ်း လမ်းထောင်မကျတစ်ကျလေးမှာရှိတာပါ..။ ခုကောရှိသေးရဲ့လားမသိဘူး..။ အဲဒိဆိုင်လေးမှာ ရက်ဆက်ထိုင်ဖြစ်တော့ သောက်ဖော်တစ်ယောက်ထပ်တိုးတယ်..။ အသက်ခြောက်ဆယ်ကျော် ဘဘကြီးပါ..။ ရယ်စရာပုံတိုပတ်စလေးတွေပြောရင်းရင်းနှီးလာတယ်..။ သူလည်း ခွဲတမ်းတစ်ပိူင်းပဲရတာ..။ဒါပေမဲ့ အဲဒိတစ်ပိုင်းနဲ့က သူ့အတွက်မလုံလောက်ဘူးဖြစ်နေတာ..။ နေဝန်းနီ တို့သုံးယောက်က နှစ်လုံးရတာဆိုတော့ ပိုတယ်..လို့ပြောလို့ရတယ်..။ နဲနဲစီလျော့သောက်လိုက်ရလည်း ဘာမှမဖြစ်လောက်သေးဘူး..။ သောက်နေကျဖြစ်နေလို့ လာသောက်တာ..။ တစ်ရက်က နေဝန်းနီတို့ဆီက တစ်ခွက်လောက်တိုက်ပါလို့ပြောတယ်..။ ဆိုင်က ပိတ်တော့မှာ အပြင်မှာအလွတ်ရောင်းမဲ့သူတွေကို ချိန်ပေးနေပြီ..။ ပက်ချိန်မရောင်းတော့ဘူး..။ ဒီတော့ တစ်ခွက်မဟုတ်ဘူး ဒီဝိုင်းမှာဝင်သောက်ဖို့ခေါ်လိုက်တယ်..။ မြေးအဖိုးလောက်ဖြစ်နေပေမဲ့ အရက်သောက်ထားတာဆိုတော့ သိတဲ့အတိုင်း… ။ ဒီလိုနဲ့ အဲဒိ ဘဘနဲ့နေဝန်းနီတို့နေ့စဉ်ဝိုင်းဖြစ်တာပေါ့..။ သူစောရင် နေရာဦးပေးထားတယ်..။ နေဝန်းနီတို့စောရင် သူ့အတွက်ကြိုပြီးဝယ်ပေးထားတယ်..။ ပြောချင်တာက ဒီအကြောင်းကိုနောက်မှ ပြောမလို့ပါပဲ..။ ဘဘ ကြီးပြောတဲ့ပုံပြင်လေးကိုပြောချင်လို့ တစ်ရက်မှာ… သူ အရက်စသောက်တဲ့နေ့အကြောင်းပြောရင်းနဲ့..။ ဘာပြောသလဲဆိုတော့..။
“ ငါ့မြေးတို့ရာ အရက်သောက်တာမကောင်းပါဘူး..။ ဘာလို့လဲသိလား ဘငယ်ငယ်က အသက်20လောက်က မင်္ဂလာဆောင်တော့ မင်္ဂလာဦးညမှာ သူငယ်ချင်းတွေက တိုက်လိုက်လို့ တစ်ခါလေးပဲ အရက်သောက်ဖူးလိုက်တယ်..။ ခုချိန်ထိ ပြန်ဖြေလို့မပြေနိုင်တော့ဘူး..။ ဖြေနေတာ နှစ်ပေါင်းလေးဆယ်ကျော်လာပြီ..။ “
တဲ့ ကောင်းရော….။

နေဝန်းနီ

11 comments

  • unclegyi1974

    June 9, 2011 at 3:18 pm

    အဲဒီတခါလေးကစတာပဲလေကိုနီရ
    ဘာလုပ်လုပ်ပထမတခါကစရတာမဟုတ်လား
    အခုကဘုံဆိုင်တွေပေါမှပေါ
    ဘကြီးလိုမလောက်မှာစိုးလို့စေတနာတွေပိုပြီးဆိုင်တွေပိုဖွင့်
    ပေးထားပါသတဲ့
    ကျေးဇူးတင်နော် ကိုနီ

  • eros

    June 9, 2011 at 3:24 pm

    အရက်တလုံးမှ ရ ကျပ် ၂ဝါး ဆိုပါလား။ အခုခေတ်မှာ တော့ … အရည်အသွေးကောင်းရင် အနည်းဆုံး ဂဏန်း ၅လုံးပဲ။

  • captainamerica

    June 9, 2011 at 3:43 pm

    တစ်ခါကစကြတာပဲကိုနီရဲ. ကျွန်တော်လည်းဒီလိုနဲ.ပဲစချဖြစ်တာပဲ…ကောင်းမှန်းသိသာွးလို.လေ… 😀 😀

  • fatty

    June 10, 2011 at 3:47 am

    အင်းသောက်ရင်းစားရင်း စကားတွေတောင်ပြောမြောက်ပြော လက်ဆုံကြခဲ့ရတဲ့အချိန်တွေကလည်း
    အမှတ်ရစရာပါဘဲ … ကျနော်လဲ မင်္ဂလာဦး ညက တခါထဲဘဲ ….
    ၅ဝ ကျော်မှ ဇြေလို့ မပြီးစကောင်း ပြီးစကောင်းဲဖစ်နေတယ် အရက်တော့မဟုတ်ဘူး။

    • king

      June 10, 2011 at 12:59 pm

      ကိုဖက် ကျွန်တော်ထင်တဲ့အတိုင်းဆိုရင်တော့
      ဟင်း ဟင်း ဟင်း
      ငှဲ ငှဲ ငှဲ

  • naywoonni

    June 10, 2011 at 7:34 am

    ကိုဖက်တီးက ဘာအမူးမပြေ ဖြစ်နေတာပါလိမ့် …? 😛

  • naynyo

    June 10, 2011 at 9:46 am

    သူတို့ပြောတာတွေဖတ်ကြည့်ရင်းတောင်မူးလာပြီ။

  • shwemanthar

    June 10, 2011 at 10:48 am

    သောက်လေ သောက်လေ ငတ်မပြေ
    သောက်တိုင်း သောက်တိုင်း ပုဆိုးကွင်းသိုင်း
    ဆက်သောက် ဆက်သောက်
    အသက်ပျောက်

  • naywoonni

    June 10, 2011 at 12:21 pm

    တန်ဆေး လွန်ကောင်း များ ဘဲရီးဂွတ် တဲ့လေ……..
    အရက်ဆိုတာမျိုးက

    • windtalker

      October 16, 2011 at 1:07 pm

      တန် = ရစ်
      လွန် = ဖော
      များ = ရှော
      ပါ ခင်ဂျ

Leave a Reply