ပဟေဠိ

ဆူးJune 9, 20111min24121

မေးခွန်း ကလေးကတော့…..

ဖုန်းပြောသံ တခု ကြားလိုက်တယ်။
အမရယ် ရင်ကျပ်လိုက်တာ.. နေလို့ မရဘူး။ အဆင်မပြေဘူး အသက်ရှူမဝဘူး။ တခုခု လုပ်မှ ဖြစ်မယ်။

ဖုန်းထဲက လူ ပြောတဲ့ စကား (*****************)

ဟုတ်တယ် အမ ရဲ့…

ဖုန်းထဲက (****************)

ဟုတ်ကဲ့ အမ ကျမ နက်ဖြန်လာခဲ့မယ်နော်။
အဲဒါဆို ဒါဘဲနော်။
(ဖုန်းချလိုက်သည်။)

ရင်ကျပ်တဲ့ အမျိုးသမီး ကို ဖုန်းထဲက အမလို့ ခေါ်တဲ့ လူက ဘယ်လို နည်းနဲ့ ကုပေးလိုက်လို့ နောက်တနေ့ ဆိုပြီး အေးဆေးစွာ ဖုန်းချ လိုက်ပါသလဲ။
ဝိုင်းတွေးကြပါအုန်း။
အဖြေမှန် သူရော မမှန် သူပါ ပွိုင့် ၁ဝ ပေးမယ်။

21 comments

  • ရင်ကျပ်နေရင်
    ဇီယာရွက်ကို သုံးရွက်လောက်ရေးဆေး ဆားသို့မဟုတ်လျက်ဆားနည်းနည်းထည့် အရည်ကျလာအောင် ဖန်ခွက်ထဲ ထည့်ကျိတ်ပါ။
    ရလာတဲ့အရည်ကို သောက်လိုက်တဲ့အခါ ပူဆင်းသွားပြီး ခဏနေရင် ရင်ကျပ်တာပျောက်ပါတယ်။
    တကယ်လို့ သွေးတိုးရှိတယ်ဆိုရင်တော့ ဆားသို့မဟုတ် လျက်ဆား နည်းနည်းဘဲထည့်ပါ။
    ကိုယ်တွေ့။

  • blackdevine

    June 9, 2011 at 3:23 pm

    အဆင်မပြေဘူး အသက်ရှူမဝဘူး။ တခုခု လုပ်မှ ဖြစ်မယ်။
    ဖုန်းထဲက လူ ပြောတဲ့ စကား (ရင်ကျပ်နေတာလား.. အလျော်အစားများလို့လား)
    ဟုတ်တယ် အမ ရဲ့…
    ဖုန်းထဲက (အိမ်ကိုလာခဲ့လေ.. ဝိုင်းတော့ဖြစ်နေတယ်.. သဂျီးလည်းပါတယ်.. သူ့ကို အချဉ်ဖမ်းရင်တော့ မင်းကိစ္စ အဆင်ပြေသွားနိုင်တယ်..)
    ဟုတ်ကဲ့ အမ ကျမ နက်ဖြန်လာခဲ့မယ်နော်။
    အဲဒါဆို ဒါဘဲနော်။

  • shwe ni

    June 9, 2011 at 5:44 pm

    ပွိုင့် ၁ဝ ဆိုတော့နဲသေးတယ် မဖြေသေးဘူး (အမှန် ကတော့ဘာဖြေရမှန်း မသိတာ ) 🙂

  • တညင်သား

    June 9, 2011 at 5:46 pm

    အတွင်းခံ အင်းကျီ ပြန်လဲ ဝတ်ခိုင်းလိုက်တာပါကွယ်……………:)

  • shweminthar

    June 9, 2011 at 8:22 pm

    ဆေးခန်းသွားပြခိုင်းလိုက်တာ ဖြစ်မယ်

  • MaMa

    June 10, 2011 at 1:18 am

    အသက်ရှုမဝတာကို မနက်ဖြန်မှ သွားလို့ရတယ်ဆိုတော့ အောက်စီဂျင်ဗူး သွားဝယ်နေလို့ ဖြစ်ရမယ်။ မှန်မှန် မမှန်မှန် ၁ဝ ရမှာ ဆိုတော့ ဖြေရမှာပေ့ါ။ 😛

  • parlayar46

    June 10, 2011 at 4:10 am

    (ဘာလဲ… ဆေးခန်းပြဘို့ပိုက်ဆံလိုပြန်ပြီလား ……)

    (အင်း.. အင်း.. ဒီနေ့တော့မအားဘူး .. နောက်နေ့မှလာခဲ့…
    ထုံးစံအတိုင်း နှစ်ဆယ်တိုး နော်..)

  • photwenty

    June 10, 2011 at 5:06 am

    ဘလက်ဒီဘိန် နဲ. အတွေးချင်းတူတယ်ဗျာ
    နည်းနည်းတော.ကွာတာပေါ.
    သူကြီးတို.မပါဘူးလေ

  • antimoe

    June 10, 2011 at 8:15 am

    (ဘာလဲ… ပိုက်ဆံလိုပြန်ပြီလား ……)

    (အင်း.. အင်း….အပေါင်ခံပစ္စည်းမပါရင် ထုံးစံအတိုင်း နှစ်ဆယ်တိုး နော်။…သိပ်ကြာကြာတော့ မရဘူး။)

    • ဆူး

      June 10, 2011 at 8:38 am

      ဆူး မေးတဲ့ အဖြေ မှန်လို့တော့ မဟုတ်ပါဘူး.. ဒါပေမဲ့ အန်တီမိုး ပြောတာ သဘောကျလို့.. အစိမ်းပေးလိုက်တာပါ။

  • king

    June 10, 2011 at 8:53 am

    ဖြေတဲ့သူတိုင်းကို ပေးမယ်ဆိုရင်တော့
    ဖြေမယ်
    မှန်မှ ပေးမယ်ဆိုရင်တော့ ….
    ဖြေပေးသေးဝူး (အမှန်မှာ ဦးနှောက်မှ စဉ်းစားမရသောကြောင့်)
    😛

  • shwemanthar

    June 10, 2011 at 9:57 am

    အော် အေးအေး
    ဒါနဲ. နင်တော်တော်ရလိုက်တယ်ဆို
    ငါ့အကြွေးလဲဆပ်ဦးနော်ကြားလား

  • PinkCandy

    June 10, 2011 at 10:13 am

    စဉ်းစားရင်း စဉ်းစားရင်းနဲ့
    အဖြေလဲမရဘူး 😀

  • naywoonni

    June 10, 2011 at 10:24 am

    ဗေဒင် သွားမေးဖို့ တုံကင် ကြိုပြီးယူထားတယ်လို့ ပြောလိုက်လို့ နောက်တနေ့ ဆိုပြီး အေးဆေးစွာ ဖုန်းပြန်ချသွားတာပါ…။

  • weRone

    June 10, 2011 at 11:04 am

    ဆေးခန်းသွားလိုက်.. ။ ပြီးရင် အိမ်ကိုလာခဲ့.. 🙂

  • unclegyi1974

    June 10, 2011 at 4:08 pm

    အန်တီမိုးကိုစိမ်းလိုက်တာဘယ့်နှယ့်၂ခုဖြစ်သွားတယ်လို့ဆူးမကပါဝင်စိမ်းသွားတာကိုး
    အမှန်ကထက်လင်းရင်လူးဆေးလူးခိုင်လိုက်လို့သက်သာသွားတာပါကွယ်

  • ဆူး

    June 10, 2011 at 4:51 pm

    အတည်ဖြေမယ် တနင်္ဂနွေ ရောက်ရင်.. အခုထိတော့ အဖြေမှန်တဲ့ လူ မရှိသေးဘူး။
    ဆက်ပြီး ခေါင်းစားလို့ ရသေးတယ်။

  • akswe

    June 10, 2011 at 8:06 pm

    ဖုန်းပြောသံ တခု ကြားလိုက်တယ်။
    အမရယ် ရင်ကျပ်လိုက်တာ.. နေလို့ မရဘူး။ အဆင်မပြေဘူး အသက်ရှူမဝဘူး။ တခုခု လုပ်မှ ဖြစ်မယ်။
    ဖုန်းထဲက လူ ပြောတဲ့ စကား= (ခုနလေးကမှ မင်္ဂလာဆောင်မှာဝတ် ဖို. အကျင်္ီ ပန်းရောင်လေး ရွေးသွားတဲ. ညီမလေး မဟုတ်လား….)

    ဟုတ်တယ် အမ ရဲ့…
    ဖုန်းထဲက= (အစ်မ ပြောသားပဲ ပိတ်စက ကျုံ့ တတ်တဲ.အသားလေ ညီမရဲ့ဆိုဒ်က ၃၈ ဆိုတော. တစ်လက်မလောက် ပိုထားရမှာ….. ညီမက အတိပဲလိုချင်တယ် ဆိုလို. အတိချုပ်ပေးလိုက်တာ။ကိစ္စမရှိဘူးစိတ်မပူပါနဲ့ အတွင်းမှာ နှစ်ဘက်လုံး အသားပို ၁လက္မ လောက် စီ ချန်ထားပေးထားတယ် လက်ရှိချုပ်ရိုး ကို ဖြေပြီး တစ်ဘက် လက္မ ဝက်လောက်စီ ပိုးပြီး ပြန်လုံးပေးလိုက်မယ် နက်ဖန်ပြန်လာခဲ.လေ ဒီနေ.တော.အချိန်မရတော့လို.နော်)
    ဟုတ်ကဲ့ အမ ကျမ နက်ဖြန်လာခဲ့မယ်နော်။
    အဲဒါဆို ဒါဘဲနော်။
    (ဖုန်းချလိုက်သည်။)
    ရင်ကျပ်တဲ့ အမျိုးသမီး ကို ဖုန်းထဲ

    • weiwei

      June 13, 2011 at 4:02 pm

      တော်လိုက်တဲ့အဘဆွေ …
      အခုပဲ ဆူးက ဖုန်းဆက်တယ် …. အင်တာနက်ဝင်မရလို့ သူ့ကိုယ်စားဝင်ဖြေပေးပါတဲ့ … အခု အဘဆွေရေးတာဖတ်ကြည့်လိုက်တော့ ဆူးပြောတာထက်တောင် ပိုပြည့်စုံနေတာတွေ့ရတယ် … အဖြေမှန်တဲ့အတွက် ချီးကျူးပါတယ် အဘဆွေ …

  • bigcat

    June 10, 2011 at 11:26 pm

    အမရယ် ရင်ကျပ်လိုက်တာ.. နေလို့ မရဘူး။ အဆင်မပြေဘူး အသက်ရှူမဝဘူး။ တခုခု လုပ်မှ ဖြစ်မယ်။
    ဖုန်းထဲက လူ ပြောတဲ့ စကား (အခုပြောနေတာ ဆူးလား)
    ဟုတ်တယ် အမ ရဲ့…
    ဖုန်းထဲက (တီ တီ.. လူကြီးမင်းခေါ်ဆိုနေသော တယ်လီဖုံးသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်းကြောင့် ခေါ်ဆိုမရနိုင်ပါရှင့်)
    ဟုတ်ကဲ့ အမ ကျမ နက်ဖြန်လာခဲ့မယ်နော်။
    အဲဒါဆို ဒါဘဲနော်။
    (ဖုန်းချလိုက်သည်။)
    မဟာမြိုင်တောသူ ဒေါ်ဆူး၏ ရန်ကုန်မြို့ ရောက်ခါစ အမှတ်တရ……..

Leave a Reply