အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၂၄)

နောက်တစ်နေ့ ညဦးပိုင်း ရှမ်တာရမ်ကြီး ပြန်လာတဲ့ အချိန်မှာ ကျွန်တော်ပေးထားတဲ့ ကတိကို အကောင်

အထည်ဖော်တော့တာပဲ။ငနဲကြီးကထုံးစံအတိုင်း မူးပေပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ လှေကားကို အနိုင်နိုင် တက်လာ

တယ်။လှေကားကလည်း သိပ်ကောင်းတာမဟုတ်ဘူး။ခနော်ခနဲ့ရယ်။ဝီစကီနံ့လေး တသင်းသင်းနဲ့ ငနဲကြီး လှေကား

ထိပ်တော့ရောက်လာပြီ။နောက်တော့ ကျွန်တော်မှန်းထားတဲ့နေရာကို ဖြတ်တော့မယ်။အဲ့ဒီနားက လက်ရန်းက

မစ္စတာ ရာမကရစ်ရှနားက ပြင်ဖို့ကျန်နေသေးတာလေ။လက်ရန်းက တော်တော်လေး ယိုင်ရွဲ့နေတာ။အဲဒါကို

ကျွန်တော်သိလို့ ငနဲကြီး အဲဒီနားရောက်တဲ့အထိ စောင့်နေတာပဲ။သူလည်း အဲဒီလက်ရန်းနားကပ်ရော

ကျွန်တော်နောက်ကနေ ဆောင့်တွန်းပစ်လိုက်တယ်။ကျွန်တော်တွန်းလိုက်တဲ့ အရှိန်နဲ့ သူ့ကိုယ်လုံးက

ယိုင်နဲ့နဲ့လက်ရန်းကို ခပ်ပြင်းပြင်းတိုက်မိတော့ ဘာခံနိုင်မလဲ။ဖြောင်းခနဲ ကျိုးထွက်သွားပြီး မစ္စတာရှမ်တာရမ်

ခမျာ အော်တောင်မအော်နိုင်ဘူး လွင့်ကျသွားတာပဲ။

ရုပ်ရှင်တွေထဲမှာတော့ လူကြမ်းတွေ မိုးမျှော်တိုက်ကြီးတွေပေါ်က ပြုတ်ကျရင် ဘယ်လိုပြသလဲ။

သိတယ်မို့လား။လေဟုန်စီးနေသလိုလို ဘာလိုလိုပြ၊ခြေတွေလက်တွေကလည်း ကို့ယိုးကားယား

ဗလပွေရှုပ်အောင် လှုပ်ယမ်းပြီး ပါးစပ်ကလည်း အားးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆို အော်။ဒါမျိုးက

တကယ့်အဖြစ်တွေမှာတော့ မရှိလောက်ဘူး။ခုကြည့်..မစ္စတာရှမ်တာရမ် ကို ကျွန်တော် တွန်းချလိုက်တာ

ကျောက်တုံးကြီးပြုတ်ကျသွားတဲ့အတိုင်းပဲ။ဘာမှ ခြေတွေလက်တွေ လှုပ်ယမ်းတာ မရှိဘူး။

သူကျသွားတော့ မျက်နှာနဲ့မြေကြီး စောင့်မိတယ်ထင်တာပဲ။ခြေကားယား လက်ကားယားနဲ့ ၊

မလှုပ်တော့ဘူး။

သူကျသွားတော့ ကျွန်တော် ငုံ့ကြည့်မိတယ်။သူ့အလောင်းက မြေကြီးပေါ်မှာ ပုံပျက်ပန်းပျက်ကြီး

ဖြစ်နေပါရော့လား။ဟာ…ငါဖြင့် ဘာတွေလျှောက်လုပ်မိပါလိမ့်။သွားပြီ..သွားပြီ..။အဲဒီလိုကျွန်တော်တွေးရင်း

ဖြစ်လာမယ့် အကျိုးဆက်တွေက ခေါင်းထဲမှာ စီကာရီကာပေါ်လာတော့တာပဲ။ဟော..မီးနီလေးတဖျပ်ဖျပ်

လက်နေတဲ့ ဂျစ်ကားကို စီးလို့ ရာဇဝတ်အုပ်ရောက်လာပြီ။အလောင်းပတ်လည် မြေဖြူခဲနဲ့ ပုံကြမ်းသေချာ

ဆွဲတယ်။ဓာတ်ပုံတွေ ရိုက်တယ်။“ဒါ..အလောင်းလဲကျနေတဲ့ နေရာကို မှတ်ထားတာ..

အဲ..ဟိုကောင်လေးပေါ့ သူ့ကိုတွန်းချလိုက်တာ..ဖမ်းကြ” ဆိုပြီး ကျွန်တော့်ကို လက်ညှိုးထိုးတော့..

ကျွန်တော် အချုပ်ထဲရောက်သွားပြီ။အဲဒီမှာ..ကျွန်တော် အဗျင်းခံရတော့တာပေါ့။နောက် ကျွန်တော်

တရားရုံးကိုရောက်။ကျွန်တော့်ရှေ့မှာ ဝတ်ရုံနက်ကြီး ဝတ်ထားတဲ့ တရားသူကြီး။သူ့ခေါင်းပေါ်မှာ မျက်နှာ

ကျက်ပန်ကာလေးက လည်လို့။သူ့နောက်က နံရံမှာတော့ ဖုန်အလူးလူးနဲ့ ရွှေရောင်မှိန်နေတဲ့ စာတန်းကို

ရိုက်ထားတယ်။ဘာတဲ့..“သစ္စာတရားသည်သာ အောင်နိုင်မြဲ” ဆိုပဲ။ကျွန်တော်က တရားခံ ဝက်ခြံထဲမှာ

လက်ထိပ်လေးတန်းလန်းနဲ့ မတ်တပ်လေးရပ်လို့ပေါ့။တရားသူကြီးက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး

စီရင်ချက်ကို ဖတ်ကြားပါတော့တယ်။

“ရမ်မိုဟာမက် သောမတ်စ် ..သင်သည် မစ္စတာရှမ်တာရမ်အားသတ်ကြောင်း ထင်ရှားသည်ကို

ကျွန်ုပ်တွေ့ရှိရသည်ဖြစ်၍ သင့်အားအိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရ မသေမချင်း

ကြိုးကွင်းစွပ်၍သတ်ရန် ကျွန်ုပ်က အမိန့်ချမှတ်လိုက်သည်။”

“မဟုတ်ဘူး..အား…”ကျွန်တော် အော်ပြီး ထွက်ပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့ ခြေထောက်မှာ သံခြေကျင်း၊

လက်မှာက လက်ထိပ်။နောက် ခေါင်းကို ခေါင်းစွပ်အနက်ကြီးစွပ်ပေးလိုက်ပြီး ကြိုးစင်ပေါ်ခေါ်သွားပါရောလား။

ဟော..ကျွန်တော့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ပြီ။ဒေါက်ဖြုတ်တော့မယ်။ကျွန်တော့် အောက်က ကြမ်းပြင်

က ဝုန်းခနဲ ကျွံကျသွားတယ်။ဒေါက်ဖြုတ်လိုက်ပြီ။နာလွန်းအားကြီးလို့ ကျွန်တော်တွန့်လိမ်နေတယ်။

ခြေထောက်တွေက လေထဲမှာ တွဲလောင်းကျပြီး လှုပ်ရှားရုန်းကန်လို့။အသက်ရှူလို့မရတော့ဘူး။အဆုပ်တွေ

ပေါက်ထွက်တော့မယ်။ကျွန်တော်သေသွားပြီထင်တယ်။မျက်လုံးကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်တော့ ကျွန်တော်

နတ်ပြည်ရောက်နေပါပေါ့လား။ဟာ..နတ်ပြည်ကလည်း..ငါနေတဲ့ တန်းလျားနဲ့တူလိုက်တာလို့ ကျွန်တော်တွေး

မိပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ မစ္စတာရှမ်တာရမ်ရဲ့အလောင်းကြီးက ကားယားကြီး။တန်းလျားနေလူတွေ

ဟိုက ဒီက စုလာကြတယ်။တစ်ယောက်က ရဲ..ခေါ်ဟေ့ လို့အော်တာကြားလိုက်မိတယ်။

ကျွန်တော် အချိန်ဆိုင်းမနေတော့ဘူး။ လှေကားပေါ်က ကသုတ်ကရက်ဆင်းပြီး နောက်တော့

စပြေးတော့တာပဲ။ဝင်းတံခါးကြီးကို ဖြတ်တယ်။နောက်တော့ နို့ရောင်းဆိုင်လေးတွေ ကုန်စုံဆိုင်တွေကို

ဖြတ်ကျော်ပြီး မြို့ပတ်ရထား ဘူတာရုံရှိရာကို ပြေးတာ။နောက် ဗစ်တိုးရီးယားမှာ ဂိတ်ဆုံးမဲ့ ရထားပေါ်

တွယ်လိုက်ပြီး ဘူတာကြီးကိုရောက်တယ်။။ကျွန်တော်စီးမဲ့ ရထားကို စင်္ကြန်တကာမှာ လှည့်ပတ်ရှာရသေး။

နောက်ဆုံး.. တွေ့တော့ ရထားကဘီးတောင်လှိမ့်နေပြီ။ဒါနဲ့ အဲဒီရထားနောက်လိုက်ပြီး ခုန်တက်လိုက်တယ်။

ကျွန်တော် မွမ်ဘိုင်းကိုထားခဲ့ပြီ။ဂူဒီယာ ကိုထားခဲ့ပြီ။ဆလင်း ကိုလည်း ထားခဲ့ပြီ။အားလုံးကိုထားခဲ့ပြီ။

မွမ်ဘိုင်းကလွဲလို့ ကျွန်တော်သိတဲ့တစ်ခုတည်းသောမြို့ဖြစ်တဲ့ ဒေလီကို ကျွန်တော်ပြေးတော့တာပါပဲ။

 

*****************************

 

ခုပြောနေတဲ့ ဇာတ်လမ်းတောက်လျှောက် စမီတာက ဘာမှဝင်မပြောဘဲ ငြိမ်ချက်သားကောင်းနေတယ်။

သူတော်တော်လေး နက်နက်ရှိုင်းရှိုင်းခံစားနေရတာကို ကျွန်တော် သိလိုက်တယ်။သူ့မျက်လုံးထောင့်မှာ

မျက်ရည်စလေးစိုနေတာကို ကျွန်တော် သတိပြုမိတယ်။အင်း..သူလည်း မိန်းကလေးတစ်ယောက်ပဲဟာ..။

ဂူဒီယာရဲ ့သောကတွေ ဒုက္ခတွေကို စာနာ နားလည်လို့ပဲ ဖြစ်မှာပါ။ကျွန်တော် ရီမုကွန်ထရိုးကို ကောက်ကိုင်

လိုက်ပြီး ပလေး ဆိုတဲ့ ခလုတ်လေးကိုနှိပ်လိုက်တယ်။

“ကဲပါ..ကျွန်တော်တို့ မေးခွန်း နံပါတ်သုံးကို ကြည့်ကြရအောင်”

 

***************************

 

ပရမ်ကူးမားက ဆုံလည် ကုလားထိုင်ကိုလှည့်ပြီး ကျွန်တော့်ဘက်ကို မျက်နှာမူလိုက်တယ်။

“မစ္စတာသောမတ်စ်..ခင်ဗျားကတော့ မေးခွန်းနှစ်ခုကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်တဲ့ အတွက် ရူးပီး

နှစ်ထောင် အနိုင်ရရှိသွားပါပြီ။ကဲ..ခု ရူးပီးငါးထောင်တန်မေးခွန်းလေးကို ဖြေနိုင်မလား ကြည့်ကြ

ရအောင်ဗျာ..ကဲ..ခင်ဗျား အဆင်သင့်ဖြစ်ပြီနော်..”

“အဆင်သင့်ပါပဲ”

“အိုခေ..မေးခွန်းနံပါတ်သုံးကတော့ ဘယ်နယ်ပယ်နဲ့ ဆိုင်..”

မီးမောင်းက အဲဒီအချိန်မှာ ရုတ်တရက်ပျက်သွားတော့ အားလုံး အမှောင်ထဲမှာ မြုပ်ဆင်းသွားတော့တာပဲ။

“အိုး..ဟူစတန်..ကျွန်တော်တို့ ပြဿနာတက်ပြီဗျ”

ပရမ်ကူးမား အဲဒီလိုပြောလိုက်တော့ ပရိသတ်က ရီကြတယ်။ကျွန်တော်တော့ သူ့ဟာသကို မရီပါဘူး။

မရီဘူးဆိုတာထက် နားမလည်တာပါ။

“စောစောက ခင်ဗျား ဘာပြောလိုက်တာလဲဗျ”

“ဪ..အဲဒါ အပိုလို ၁၃ဆိုတဲ့ အင်္ဂလိပ်ကားထဲက နာမည်ကျော် ဇာတ်ဝင်စကားလေးပါ။ခင်ဗျား

အင်္ဂလိပ်ကားတွေ ကြည့်ဖူးမယ်မထင်ဘူး။ကဲ ..ကျွန်တော်တို့မှာလည်း ပြဿနာကြုံနေပြီဆိုတော့

အဲဒီမီးမောင်း ပြင်ဆင်ပြီးမှသာ အစီအစဉ်လေး ပြန်ဆက်နိုင်တော့မှာပဲ..။”

လျှပ်စစ် ကျွမ်းကျင်သူ ပညာရှင်တွေ မီးမောင်းက ဝိုင်ယာကြိုးတွေကို စစ်ဆေးနေတဲ့ အချိန်မှာ

ပရမ်ကူးမားက သူ့နားကြပ်ကနေ တစ်ခုခုကိုနားထောင်နေတဲ့ပုံမျိုး ကျွန်တော်တွေ့လိုက်တယ်။နောက်တော့

ကျွန်တော့်ဘက်ကို သူကိုင်းပြီး ခပ်တိုးတိုးနဲ့-

“ကဲ..ကောင်လေးရေ..မင်း ပျော်ရွှင်စရာ ပြိုင်ပွဲလေးကတော့ မေးခွန်းနှစ်ခုလောက်နဲ့ပဲ လုံလောက်ပါပြီတဲ့

..နောက် မေးခွန်းကိုတော့တော်တော်လေးခက်တာမေးရမတဲ့လေ။အထူးသဖြင့် မင်းလို စားပွဲထိုးငနဲလေး

တစ်ယောက်အဖို့ ပိုခက်ပေမပေါ့ကွာ..။ငါလည်း မင်းကို ထပ်ပြီး နိုင်စေချင်ပါရဲ့..ဒါပေမဲ့ ထုတ်လုပ်သူက

နောက်ပြိုင်ပွဲဝင်တစ်ယောက်ကို အလှည့်ပေးဖို့ ငါ့ကို ပြောနေပြီကွ။နောက်တစ်ယောက်က

သင်္ချာပါမောက္ခလေ..။စိတ်မကောင်းပါဘူး..ကံဆိုးတာပဲကောင်လေး”

သူက အဲဒီလိုပြောပြီး သံပုရာရည်ခွက်ကို ယူလို့ တစ်ငုံလောက်သောက်တယ်။နောက် နှုတ်ခမ်းကို

ပြွတ်ခနဲ စုပ်လိုက်သေးတယ်။ဟော..မီးမောင်း ပြင်ပြီးပြီ။စတူဒီယိုဆိုင်းဘုတ်လေးက လက်ခုပ်တီးပါဆိုပြီး

ပြနေတယ်။လက်ခုပ်သံတွေ စဲသွားတော့ ပရမ်ကူးမားက ကျွန်တော့်ကိုကြည့်ပြီး-

“မစ္စတာသောမတ်စ်..ခင်ဗျားကတော့ မေးခွန်းနှစ်ခုကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်တဲ့ အတွက်

ရူးပီး နှစ်ထောင် အနိုင်ရရှိသွားပါပြီ။ကဲ..ခု ရူးပီးငါးထောင်တန်မေးခွန်းလေးကို ဖြေနိုင်မလား

ကြည့်ကြရအောင်ဗျာ..ကဲ..ခင်ဗျား အဆင်သင့်ဖြစ်ပြီနော်..”

“အဆင်သင့်ပါပဲ”

“အိုခေ..တို့ရဲ ့နောက်မေးခွန်းလေးကတော့ နတ္ခတ္တဗေဒနဲ့ နည်းနည်းဆိုင်တယ်..။ကဲ မစ္စတာ သောမတ်စ်

ကျုပ်တို့နေအဖွဲ့အစည်းမှာဂြိုဟ် ဘယ်နှစ်လုံးပါသလဲ..သိလား ပြောစမ်းပါဗျာ..”

“ကျွန်တော် ရွေးဖို့ကရော..”

“အိုး..ဒါပြိုင်ပွဲအတွက်မေးခွန်း မဟုတ်ပါဘူး..ခင်ဗျားသိလားလို့သက်သက်မေးကြည့်တာပါ။သိလား

နေအဖွဲ့အစည်းမှာ ဂြိုဟ်ဘယ်နှစ်လုံးပါလဲဆိုတာ..။”

“မသိဘူး”

“မသိဘူး..ဟုတ်လား..ကဲ ဒါဖြင့်ရင် ကျွန်တော်တို့နေတဲ့ ဂြိုဟ်ကိုတော့ သိပါတယ်နော်..”

ပရိသတ်က ရီကြတယ်။

“ကမာ္ဘဂြိုဟ် ပါ” ကျွန်တော် မကြည်မသာနဲ့ ပြန်ဖြေလိုက်တယ်။

“ကောင်းပါလေ့ဗျာ..ခင်ဗျားက ဂြိုဟ်တစ်လုံးရဲ့ အမည်ကိုသိတယ်ဆိုတော့ နောက် မေးခွန်း

နံပါတ်သုံးအတွက် အသင့်ဖြစ်ပြီပေါ့နော်..”

“ဟုတ်ကဲ့”

“အိုခေ..မေးခွန်းနံပါတ်သုံးက.. ကျွန်တော်တို ့နေအဖွဲ့အစည်းမှာ ဘယ်ဂြိုဟ်ကအသေးဆုံးလဲဗျာ..

အဖြေတွေက..

(က) ပလူတိုဂြိုဟ် (ခ) အင်္ဂါဂြိုဟ် (ဂ) နက်ပကျွန်းဂြိုဟ် (ဃ) ဗုဒ္ဓဟူးဂြိုဟ်

တီးလုံးမစခင်မှာ ကျွန်တော့်ပါးစပ်က ညောင် ဆိုပြီးထွက်သွားတယ်။ပရမ်ကူးမား ကြောင်သွားတာပေါ့။

“တဆိတ်လောက်ဗျာ..ခင်ဗျား ဘာပြောလိုက်တာလဲ..ကျွန်တော်ကြားလိုက်တာတော့ ညောင် ဆိုလားပဲ..”

“ဟင့်အင်း.. ကျွန်တော် ကကြီး လို့ပြောလိုက်တာပါ။”

“ကကြီး…”

“ဟုတ်ကဲ့.. အဖြေက (က) ပလူတိုဂြိုဟ်ပါ။”

“ခင်ဗျာ..လုံးဝ တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်နော် ကကြီး ဆိုတာ..”

“ဟုတ်ကဲ့”

ဒရမ်တီးသံတွေ ထုံးစံအတိုင်း ဆူတက်လာပြီး အဖြေမှန်ကို ပြပါတော့တယ်။

“ဟုတ်ကဲ့..လုံးဝတစ်ရာ ရာခိုင်နှုန်း မှန်ပါတယ်ခင်ဗျာ..ပလူတိုဂြိုဟ်ဟာ ကျွန်တော်တို့နေအဖွဲ့အစည်းမှာ

တကယ်ကိုအသေးဆုံးဂြိုဟ်လေးဖြစ်ပါတယ်..ကဲ ခုဆို..မစ္စတာသောမတ်စ် ခင်ဗျား ရူးပီး ငါးထောင်

အနိုင်ရရှိသွားပါပြီ..”

ပရိတ်သတ်ကတော့ ကျွန်တော့် အထွေထွေဗဟုသုတကို အထင်ကြီး သဘောကျနေတာ..တစ်ချို့ဆို

မတ်တပ်ရပ်ပြီးတောင် လက်ခုပ်ဩဘာပေးလိုက်သေး။

အဲ..စမီတာကတော့ မလှုပ်ချောက်ချက်နဲ့ ရှိတုန်း။