သစ္စာရှာဖို့ မြင်းစီးသူ

we R oneJune 10, 20111min872

3 လ ပိုင်းလောက် ကပါ.. မြေနီကုန်မှာရုံးက ကား ဆီတန်းစီးရင်းပျင်းပျင်းရှိတာနဲ အနီးအနား က စာအုပ်ဆိုင်လေး တစ်ဆိုင်ထဲ ဝင်မိပါတယ်..ထုံစံအတိုင်း သွာတဲ့ ခြေလှမ်းက ဂျူးစာအုပ်တွေ တန်စီးထားတဲ့နေရာပေါ့…အင်းဝ စာအုပ်တိုက်ဆိုရင်တော့ ဘယ်နားလောက်မှာရှိလဲ သိတယ်လေ..အခုဝင်တဲ့ ဆိုင်က အခုမှ စဝင်ဖူးတာဆိုတော့ ဘယ်နားလောက်မှာ ရှိမှန်းမသိဘူး . အဲဒါနဲ စာအုပ်ဆိုင်က ဝန်ထမ်းကောင်မလေးကို မေးရတာပေါ့..အဲးဒါနဲ ဂျူးစာအုပ်တွေန်းစီထားတဲ့ ရှေ့ ကိုရောက်သွားပါတယ်..ဟိုလှန်ဒီလှန် လုပ်ရင် စာအုပ်တစ်ခု ဝယ်ဖြစ်တယ်.. နာမည်က                ” အမုန်းကြောင်းဖြစ်တဲ့ စစ်ပွဲများ”

စာအုပ်တစ်အုပ် အစမ်းဖတ် ပြီး ၊ ဝယ်ပြီးသည့်တိုင် တန်းစီနေတဲ့ ကား က သိပ်ပြီး မထူးခြားတော့ စာအုပ်ဆိုင် ကိုပဲ လှည်ပတ် နေရတော့တာပေါ့..အဲဒီလိုနဲ ဆရာကျော်ဝင်း စာအုပ်တွေ ထားတဲ့ အတန်း ဖက်ကို ရောက်သွားတာပါ့…. ဟိုစာအုပ် လှန်း ဒီစာအုပ် လှန်ပေါ့..နောက်တော့ စာအုပ်လေး တစ်အုပ်တွေ့တယ်.  ဆရာကျော်ဝင်းရေး နေကြ  Globalization နဲ ပတ်သက် တာမျိုးတော့ မဟုတ်မှန်း ခေါင်စဉ် ကြည့်လိုက်ကတည်း က ရိပ်မိနေတယ်.. စာအုပ်နာမည် ကလည်း စိတ်ဝင် စားဖို့ ကောင်းတယ် ” သစ္စာရှာဖို့ မြင်းစီးသူ” တဲ့..  ကျွန်မ တွေးမိတာက သစ္စာ ဆိုတာ အမှန်တရား အဲဒီ အမှန်တရား ကို တွေ့ဖို့ ့မြင်းစီးပြီး ရှာတယ် ဆိုတော့ ..ဗုဒ္ဓအကြောင်းများ ဖြစ်နေမလား…အဲဒါ အစမ်းတောင် ဖတ်မကြည့်ပဲနဲ ဝယ်လို်က်ပါတယ်..

တကယ်တန်း ဖတ်ကြည့်တော့လည်း တကယ်ကို ကောင်းတဲ့ စာအုပ်အဖြစ် လက်ခံလိုုက်ပါတယ်.. အခု ကျွန်မ တို့ မြန်မာပြည်မှာ ဗုဒ္ဓ အကြောင်း. ကိုရေးထားတဲ စာအုပ်တွေ စာရေးဆရာတွေ အများ ကြီးရှိပါတယ်..အဲဒီ စာအုပ်နဲဘာ ကွာလဲ ဆိုတော့ .. ဒီမှာ ရေးတဲ့ စာရေးဆရာ တော်တော်များများ ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်.. အဲဒီတော့ ဗုဒ္ဓအကြောင်းရေးမယ် ဆိုရင် နဂိုကတည်း က ဗုဒ္ဓဘာသာဝင် တွေ ဖြစ်နေကြလေ တော့   ဗုဒ္ဓ ကို ရိုသေမြတ်နိုး ပြီး. အမွန်းတင်ချင်စိတ်က များနေလိမ့်မယ်.. အားနည်းချက် တွေ လိုအပ်ချက်တွေ ကို မြင်နိုင်မှာ မဟုတ်ဘူး.. အခု ဒီစာအုပ်က ဘာသာပြန်စာအုပ် မူရင်ရေးတဲ့ လူတွေ က ဘာသာခြားတွေဖြစ်ကြတယ်. အဲဒီ တော့ ဘာသာခြား ဖြစ်တဲ့ အတွက် ဗုဒ္ဓအကြောင်းကို ဘယ်နား က အားနည်းချက် ရှိမလဲ ချွတ်ယွင်းချက်ရှိမလဲ. ဆိုပြီး ထောင့်စေ့အောင် လေ့လာလိမ့်မယ်.. အဓိက ကွာဟ ချက် အဲဒါပါပဲ..  ဒီက မိတ်ဆွေတွေ လည်း ဖတ်ကြည့်စေချင်တယ်..

(သစ္စာရှာဖို့ မြင်းစီးသူ စာအုပ်မှ ကဗျာများ)

ဖြစ်တော်စဉ်´

ငြိမ်တော့ ကဏ္ဍက…. ငြိမ်…
မြင်းသည်တော် စီးဖူးသမျှ အဝေးဆုံး ခရီး..
ငါ့ကို ခုပဲသယ်တော့…
ဒီည
သစ္စာရှာဖို့.. ငါ .. မြင်းစီးမယ်…။

`အမှန်မွန်လေးပါးနှင့် အလယ်လမ်း´

အမှားက အမှန်
ကာမစစ်ပွဲက ထာဝရ
ငြိမ်းမှုဆီပျံ.. ဒီမှာ ငြိမ်ဆိတ်နေသတဲ့။

`ဒုက္ခ၏ လောကလုံးသဘော´

ဒုက္ခ၊ ဘဝရဲ့ အရိပ်
ဘဝရွေ့လေရာ လိုက်ရွေ့တယ်…
မွေးဖွားမှု၊ ကြီးထွားမှု၊ ပျက်မှု…
အချစ်၊ အမုန်း….။

`ဒုက္ခ၏ အကြောင်းအရင်း´

တချို့ ချို၊ တစ်ချို့ ခါး
ဘဝတိုက်ပွဲကလာတဲ့ ဒုစရိုက်တွေ
ဒီလိုနဲ့… ဘဝ အာသာဟာ၊
သောက်လေ နှစ်ဆတိုး ငတ်လေ ….။

`သိမှုဖြစ်စဉ်´

မပြောင်းမလဲ စီးသွား၊
မြစ်တစ်စင်းလို အဆက်အစပ်နဲ့၊
လှိုင်းတစ်သုတ်နောက်၊ လှိုင်းတစ်သုတ်လိုက်
နှေးချည် … မြန်ချည် …။

`ကြောင်းကျိုးဆက် ဖြစ်ပေါ်မှု အယူအဆ´

မမြင်ရတဲ့ ဒီစက် လည်စဉ်
မရပ်မနား၊ မငြိမ်းမချမ်း
တန့်ရပ်ရာမရှိ
တက်သူကျ၊ ကျသူတက်….

`ပြန်လည်ပေးဆပ်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း´

စိုက်တာကို ရိတ်တာပဲ၊
ဟို … လယ်တွေကို ကြည့်…
နှမ်း ဟာ နှမ်း၊ စပါး ဟာ စပါး၊
ဆိပ်ငြိမ်မှုနဲ့ အမှောင်ထု တို့ သိရဲ့ …။

`ဒုက္ခတို့ ချုပ်ငြိမ်းရာ၊ တတိယ အမှန်မွန်´

ဒုက္ခရဲ့ အဆုံး၊ ဘဝနဲ့ သေခြင်းဝဲ
ဆီခန်းရင် ဆီမီး ဘယ်လို လင်းလက်မလဲ
ဆွေးဖွယ် စာရင်းဟောင်း ရှင်းပြီ..
အသစ် စင်ကြယ်ရဲ့ … ။

`လွတ်မြောက်ရာလမ်း (စတုထ္တ အမှန်မွန်)´
(ပညာလမ်း)

ငြိမ်းမှုပေးတဲ့ ရှစ်ရပ်လမ်း၊
လမ်းနိမ့်၊ လမ်းမြင့် တို့နဲ့ ပေါက်ရောက်နိုင်တယ်။
စိတ်ခိုင်သူ မြန်၊ ချည့်နဲ့သူ နှေး၊
နှင်းခ တောင်ထိပ်ရောက်မယ်…။

(သီလလမ်း)

…..ပြုသမျှ အမှုတိုင်း ဟာ
အမှားကို တိုက်၊ ကောင်းမှုကို တိုးပွားနိုင်စေ၊
ပယင်းပုတီးတို့ကြား၊ ငွေခြည်မြင်ရသလို
ကောင်းမှုကြား၊ မေတ္တာပြစေ…..

(သမာဓိလမ်း)

သူက တို့ကို ချစ်သလို
သခင့်ကို ချစ်တဲ့ငါ … ရေးတာ
ဒီမှာပဲ ဆုံးပြီ …။
နည်းနည်းပဲ သိသမို့၊ နည်းနည်းပဲ ပြောခဲ့ရဲ့ …။
ဆရာမြတ်ရဲ့ ငြိမ်းမှု လမ်းအကြောင်း …..

2 comments

  • kyarphyu

    June 11, 2011 at 3:57 pm

    တကယ်ကို ဖတ်သင့်တဲ့ စာအုပ်ပါ…

  • kai

    June 11, 2011 at 6:24 pm

    ဆရာကျော်ဝင်းလိုလူက.. ဗုဒ္ဓအကြောင်းပြန်ရေးတာ..ဖတ်ကြည့်ချင်သား..

    အဲဒီလို..ဖတ်ဖူးတဲ့စာအုပ်ကို ..အမြည်းပေးပြီး.. ဝေဖန်ဆန်းစစ်တာမျိုး.. ကြိုက်တယ်ဗျာ..
    နောက်..နောင်စာအုပ်တွေအကြောင်းလည်း.. ရေးပါဦး…

    စောင့်ဖတ်နေပါ့မယ်..။

Leave a Reply