အတ္တသားကောင်တို့ သွားရာလမ်း

PhyoJune 10, 20111min1003

ဒီသတင်းလေးကတော့ ကိုယ်တိုင်ရေးတဲ့ သတင်းလေးမဟုတ်ပါဘူး… ဒါပေမယ့် လိင်မှုကိစ္စနဲ့ မကင်းနိုင်ကြသေးတဲ့ ပုထုဇဉ်လူသားတိုင်း သိသင့်သိထိုက်တယ်လို့ ယူဆလို့ တင်ပေးလိုက်တာပါ… တစ်ခါတစ်လေမှာ လူတွေက မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ ဖြစ်နေတတ်တယ်လေ… အဲဒါတွေကြောင့် သတိထားမိအောင်လို့ပါ… အားလုံးကို ကျေးဇူးတင်ပါတယ်။

 

HIV ပိုး​ ရှိ​နေလျက်နှင့်​ အခြား​သော အမျိုး​သမီး​များ​အား​ အကာအကွယ်မဲ့​ လိင်ဆက်ဆံခဲ့​သူ ​လေတပ်သား​ တစ်ဦး​အား​ အ​မေရိကန်တွင် ​ထောင်ဒဏ်ချမှတ်လိုက်သည်။

အသက် ၄၃ နှစ်ရှိ နည်း​စနစ်ဆိုင်ရာ တပ်ကြပ် ​ဒေး​ဗစ်ဂူတီရက်သည် အမျိုး​သမီး​များ​အား​ ​ရောဂါပိုး​ ကူး​စက်​စေရန် ရည်ရွယ်ချက်ဖြင့်​ ကွန်ဒုံး​မသုံး​ဘဲ လိင်ဆက်ဆံခဲ့​ကြောင်း​ စွပ်စွဲခံရပြီး​နောက် ​ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်း​ ခံခဲ့​ရသည်။ စစ်ခုံရုံး​ တရား​သူကြီး​ ဗိုလ်မှူး​ကြီး​ ဝီလျံမယ်ဒွန်က ​ဒေး​ဗစ်သည် အခြား​သူများ​ရှေ့​တွင်လည်း​ လိင်ဆက်ဆံမှုများ​ ပြုလုပ်ခဲ့​ကြောင်း​လည်း​ စွပ်စွဲ​ပြောကြား​ခဲ့​သည်။

ဒေး ​ဗစ်သည် တရား​စီရင်မှု အပြီး​တွင် ​လေတပ်မ​တော်၊​ ၎င်း၏မိသား​စုနှင့်​ ၎င်းလိင်ဆက်ဆံခဲ့​သည့်​ အမျိုး​သမီး​များ​အား​ ​တောင်း​ပန်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ ကံ​ကောင်း​ထောက်မစွာဖြင့်​ အမျိုး​သမီး​များ​အား​လုံး​ HIV ဗိုင်း​ရပ်စ် ကူး​စက်ခြင်း​ မခံရသည့်​အတွက် ဘုရား​သခင်ကို ​ကျေး​ဇူး​တင်​ကြောင်း​လည်း​ ၎င်းကဆိုသည်။

အိမ် ​ထောင်သည် တစ်ဦး​ဖြစ်သူ ​ဒေး​ဗစ်သည် အခြား​သော ပြင်ပအမျိုး​သမီး​များ​နှင့်​လည်း​ လိင်ဆက်ဆံမှုများ​ ပြုလုပ်ခဲ့​သည်။ ၎င်းနှင့်​တွေ့​ဆုံခဲ့​သည့်​ဆို​သော မိန်း​က​လေး​ အ​တော်များ​များ​က ​ဒေး​ဗစ်သည် ၎င်း HIV ပိုး​ရှိ​ကြောင်း​ မည်သည့်​အခါကမျှ မ​ပြောပြခဲ့​ဟု စစ်ခုံရုံး​တွင် ထွက်ဆိုခဲ့​သည်။

 

Source: မြန်မာအိတ်ချ်အိုင်ဗွီ သတင်းအချက်အလက်

3 comments

  • Endless

    June 11, 2011 at 5:29 am

    ဖြိုးက ယောင်္ကျားလေးလား…. မိန်းကလေးလား… အရင်မေးလိုက်ပါ ဦး …

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 11, 2011 at 6:41 am

    ဇွန် ၅ ရက် AIDS နှစ် (၃၀) ပြည့်နေ့ Monday, 06 June 2011 03:19 မောက္ခ ကျန်းမာရေးသတင်း
    ၁၉၈၁ ခုနှစ် ဇွန် ၅ ရက်နေ့တွင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနက လော့စ် အိန်ဂျယ်လစ်မြို့ရှိ ဂေး ၅ ယောက်တွင် ထူးဆန်းတဲ့ နျူမိုးနီးယား ရောဂါ ရရှိထားပြီး၊
    ၂ ယောက် သေဆုံးသွားကြောင်း ကြေငြာခဲ့သည်။
    နောက်မကြာခင် ဆန်ဖရန်စစ္စကို ရှိ သိပ္ပံပညာရှင်များက ထူးဆန်းတဲ့ ရောဂါသစ် တစ်ခုက လူ့ခန္ဓာရှိ ကိုယ်ခံအား (immune system) ကို ဝင်ရောက်ဖျက်ဆီးနေကြောင်းနှင့် လူတစ်ဒါဇင်ခန့်တွင် ထပ်မံ တွေ့ရှိထားကြောင်း ဖော်ပြခဲ့သည်။ ထိုအချိန်ကစပြီး လူသားထုကို ဒုက္ခပေးမယ့် ရန်သူ သေမင်း အေ့ဒ်စ် (AIDS) ရောဂါသစ် လာနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
    ၂၀၁၁ ဇွန် ၅ ရက်နေ့သည် ကြေကွဲ ကြောက်လန့် ခြောက်ခြားဖွယ် ထူးထူးဆန်းဆန်း ရောဂါဆိုးကြီး ကို ရှာဖွေတွေ့ရှိခဲ့သည့် နှစ် (၃၀) ပြည့်နေ့ ဖြစ်သည်။ နှစ် ၃ဝ အတွင်း ကမ္ဘာမှာ အေ့ဒ်စ် ရောဂါကြောင့် လူ ၂၅ သန်း သေဆုံးခဲ့ရပြီး၊ ယနေ့ လူ ၃၄ သန်းမှာ HIV/AIDS ရောဂါ ရရှိထားသည်။ ၎င်းအနက် ဆဘ်ဆာဟာရ အာဖရိကတွင် လူ ၂၂ သန်းကျော် ကူးစက်ရောဂါ ခံစားနေရသည်။
    သို့သော် အေ့ဒ်စ် ရောဂါတိုက်ဖျက်မှု လုပ်ငန်းတွင် မျှော်လင့်ချက်များ ရှိလာသည်။ အမေရိကန်က တာလီဘန်များကို အမိလိုက်သလို၊ သိပ္ပံပညာရှင်များကလည်း အေ့ဒ်ရောဂါကို နှစ် ၃ဝ ကြာ စစ်ပွဲ နွှဲခဲ့ကြသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်က အာဖရိက တောင်ပိုင်း နိုင်ငံ အများစုမှ လူတစ်ဝက်ခန့်ကို အေ့ဒ်စ် ကြောင့် သေဆုံးမယ်လို့ မျှော်လင့်ထားပေမဲ့၊ ယခု သေဆုံးသူနှုန်း အများကြီး လျော့ကျခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှာ အေ့ဒ်စ် ကြောင့် သေဆုံးသူ ၂.၁ သန်း ရှိပြီး၊ ၂၀၀၉ ခုနှစ်တွင် ၁.၈ သန်း သာရှိခဲ့သည်။ လူ ၅ သန်းကို ဆေးဝါးဖြင့် အသက် ကယ်တင်ထားနိုင်ခဲ့သည်။ အေ့ဒ်စ်ရောဂါ အဆိုးဆုံး ဖြစ်နေတဲ့ နိုင်ငံ ၃၃ နိုင်ငံတွင်လည်း ကူးစက်မှု ၂၅ ရာခို်င်နှုန်း လျော့ကျလာသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။
    အေ့ဒ်စ်ရောဂါ ပြန့်ပွားမှု လျော့ကျအောင် အဓိက ဟန့်တားနိုင်မှုမှာ ဆေးဝါးများကြောင့် ဖြစ်သည်။ သိပ္ပံပညာရှင်များ၊ ရောဂါမပြန့်ပွားရေး လှုံဆော်သူများနှင့် ပရဟိတ လူုမှု့ဝန်ထမ်းများရဲ့ ပူးပေါင်း ဆောင်ရွက်မှုများရဲ့ အကျိုးရလဒ် ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့အချမ်းသာဆုံး ဂေးများရဲ့ လူမှု့ လှုပ်ရှားမှု အခန်းကဏ္ဍက အရေးပါခဲ့သည်။ ဆေးကုမ္ပဏီများ ဈေးလျော့အောင် နည်းအမျိုးမျိုးနဲ့ အတင်းဖိအား ပေးခဲ့ကြသည်။ သူတို့ လှုပ်ရှားမှုကြောင့် ရောဂါ ပြန့်ပွားမှု မြန်မြန် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ လူမှု့လှုပ်ရှားသူများကြောင့် ၁၉၉ဝ ပြည့်လွန် နှောင်းပိုင်းတွင် အေ့ဒ်စ်ရောဂါမှာ ချမ်းသာတဲ့ လူတစ်စုသာ ကုသနိုင်တဲ့ ရောဂါ မဟုတ်တော့။
    သို့နှင့်တိုင် ယနေ့ ရောဂါ ခံစားနေရသူ လေးပုံသုံးပုံက အာဖရိကတိုက်မှ ဖြစ်သည်။ အခြား ကူးစက်ရောဂါများထက် ပိုဆိုးတာက ကလေးများ၊ လုပ်နိုင်ကိုင်နိုင် အရွယ်များတွင် ရောဂါ ရရှိထားခြင်း ဖြစ်သည်။ အေ့ဒ်စ်ကြောင့် လူ့အဖွဲ့အစည်းရှိ ကုန်ထုတ်စွမ်းအားစုကို အများကြီး ထိခိုက်စေခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ အစိုးရဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ ဆရာများ စသဖြင့် ကဏ္ဍပေါင်းစုံ ဆုံးရှုံးနစ်နာခဲ့ရသည်။
    ယနေ့ ရောဂါသည် ၆.၆ သန်းမှာ antiretroviral (ARV) ဆေး အခမဲ့ ရရှိထားသည်။ မကြာခင် ၁၆ သန်းအတွက် ဆေး အခမဲ့ ရရှိမည်။ ဆေးများက ပျောက်ဆေးမဟုတ်ပေမဲ့၊ ကိုယ်ခံအား မကျအောင် ရပ်တံ့ပေးနိုင်သည်။ ကာကွယ်ဆေးထိုးခြင်းနဲ့ အမြစ်ပြတ်ဆေး အတွက်တော့ ဆယ်စုနှစ်များစွာ ချီတက်ကြရဦးမည်။ ထို့ကြောင့် ကုသခြင်းထက် ကြိုတင် ကာကွယ်မှုပြုခြင်း၊ ပညာပေးခြင်းများက လတ်တလော ပိုမို ဆောင်ရွက်သည်။ ကွန်ဒုံး အသုံးပြုခြင်း၊ အမျိုးသား လိင်တံထိပ် အရေပြား လှီးဖြတ်ခြင်းများဖြင့် ကြိုတင်ကာကွယ်မှု ပြုထားနိုင်သည်။
    http://www.maukkha.org/index.php?option=com_content&view=article&id=1663:-aids-&catid=120:2010-10-11-07-37-22&Itemid=374

Leave a Reply