ဒေါက်တာဦးမြင့်နှင် ဂျာမန်သံတမန်တို့ရဲ့ အပြန်အလှန်

လင်းဝေJune 10, 20111min49

အများသိကြတဲ့အတိုင်း ဒေါက်တာဦးမြင့် ဆိုတာ စီပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး သမ္မတရဲ့ စီးပွားရေးအကြံပေး ခေါင်းဆောင်လည်းလုပ်နေပါတယ်။
အမှန်ကို ရှင်းရှင်းပြောတတ်တဲ့ သူတစ်ဦးဖြစ်တယ်လို့လည်း သတင်းထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အဆက်အသွယ်ရှိဘူးတယ်လို့လည်း သိရပါတယ်။

အခုအကြောင်းအရာကတော့ ပြီးခဲ့တဲ့ လတုန်းက ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲမှာ ဒေါက်တာဦးမြင့်တင်ပြခဲ့တဲ့ စာတမ်းကို ဂျာမန်သံတမန် မစ္စတာ ရူးဒေါ့ဖ်က ဝေဖန်ချက်ကို ဦးမြင့်က ပြန်လည် တုံ့ပြန်ချေပထားတာပဲဖြစ်ပါတယ်။ ရူးဒေါ့ဖ်ရဲ့ မူရင်းစာက အင်္ဂလိပ်လို (သေချာတာပေါ့) ဖြစ်ပြီး ပါတဲ့အချက်တွေက ဦးမြင့်အခုအောက်မှာ ပြန်ရှင်းထားတဲ့ အချက်တွေပါပဲ။ ဆရာဦးမြင့် ရဲ့ ဖြေရှင်းချက်ကလည်း အင်္ဂလိပ်လို မူရင်းပဲ ဖြစ်ပါတယ်။ မူရင်းတွေကို မဇ္ဖိမသတင်း အင်္ဂလိပ်လိုဆိုက် မှာ သွားဖတ်နိုင်ပါတယ်။

အောက်မှာ ဖော်ပြတာက ကောက်နှုတ်ချက်နဲ့ ကျနော့် ကိုယ်ပိုင်အမြင်တစ်ချို့ (—) ဖြစ်ပါတယ်။

မစ္စတာ ရူးဒေ့ါဖ် (Mr. Rudolf) ခင်ဗျား …
အကြောင်းအရာ ။

အကြောင်းအရာ ။ ။ ဦးမြင့်၏ အသုံးမကျသည့် “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လမ်းပြစာတမ်း” U Myint’s useless paper on reducing poverty in Myanmar: the way forward နှင့် ပတ်သက်၍

၁။ ၂ဝ၁၁ ခုနှစ်၊ မေလ ၂ရ ရက်နေ့တွင် မဇ္ဈိမသတင်း၌ ဖော်ပြခဲ့သည့် အထက်ခေါင်းစဉ်ပါ စာနှင့်ပတ်သက်၍
အောက်ဖော်ပြပါ အချက်များကို သင်သိစေရန် တုံ့ပြန်လိုပါသည်။

၂။ ယခုစာသည် အလွန်အမင်း အသုံးမကျသည့်၊ ဆန့်ကျင်ဘက်ရလဒ် ဖြစ်စေသည့် စာတမ်းဖြစ်သည်။ မိမိ၏ စာတမ်းတွင် မည်သည့်အချက်ကြောင့် သင့်ကို အလွန်အကျူး ထိခိုက်စော်ကားသည့်နှယ် ဖြစ်ခဲ့ရသည်၊ ရန်ကုန် ငါးဈေးတန်းရှိ ငါးစိမ်းသည်ပင် ရှက်ရွံ့စေရမည့် စကားလုံးများဖြင့် ချက်ချင်းတုံ့ပြန်ရစေသည့် အဖြစ်ကို တိတိကျကျ ဖော်ပြပေးနိုင်ပါက မြန်မာပြည်သူများအတွက် ပို၍ အကျိုးရှိစေလိမ့်မည် ဖြစ်ပါသည်။

၃။ သံဝန်ထမ်းနှင့် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သင်၏ သံဝန်ထမ်းနှင့် သံအမတ်ကြီး ဘဝအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ရသည်ကို မဇ္ဈိမထံ ပေးပို့သည် စာတွင် ထင်ဟပ်မနေသည့်အတွက် မိမိအနေနှင့် များစွာ ဝမ်းနည်းမိပါသည်။ သင့်နိုင်ငံရှိ လုပ်ဖော်ကိုင်ဘက်များထံ ဆက်ဆံဖော်ပြသည့် ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုများအတိုင်း၊ သင်က နကန်းတလုံးမျှ မသိနားမလည်ဟု ယူဆထားသည့် မြန်မာနိုင်ငံသားများကို ဆက်ဆံပါရန် ကျနော် လိုလားမိပါသည်။
( နိုင်ငံတကာက သံတမန်တွေ အင်ဂျီအိုက လူမှုရေးသမားဆိုတာတွေကော အထူးသဖြင့် အနောက်တိုင်းသားတွေက သူတို့ချင်းတော့ ယဉ်ကျေးပါရဲ့။ အရှေ့တိုင်းသားများ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံသားများဆို သိပ်ကျောချင်တယ်။)

၄။ ဖွံ့ဖြိုးရေးနယ်ပယ် နိုင်ငံရေးတွင် ကျွမ်းကျင်သူတဦး ဖြစ်သည်။ သင်က ကျွမ်းကျင်နှံ့စပ်သူတဦးဟု ဆိုထားသည့် ဖွံ့ဖြိုးရေးနယ်ပယ် နိုင်ငံရေး ဘာသာရပ်ကို ကျနော်တို့ မသိရှိပါ။ ၎င်းဘာသာရပ်နှင့် ပတ်သက်၍ မြန်မာကျောင်းသားများက ဂျာမန်တက္ကသိုလ်တွင် သင်ကြားလေ့လာနိုင်မည်ကို ညွှန်ပြပေးပါက ကျနော် အထူးကျေးဇူးတင်ရှိမည် ဖြစ်ပါသည်။

၅။ ဆင်းရဲမှုနှင့် ပတ်သက်၍ အပိုဒ် ၃၃ ပိုဒ် ပါရှိသည်။ မိမိတို့နိုင်ငံတွင် သင်တို့သံရုံး၌ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က သော်လည်းကောင်း၊ မကြာသေးမီကာလအထိ သော်လည်းကောင်း Poverty ဟူသည့် စာလုံး ရ လုံးမှာ တီးတိုးပြော၍ပင် မရနိုင်သည်ကို သင်သတိမမူမိခြင်း ဖြစ်ပါလိမ့်မည်။ စာတမ်းရေးရန်၊ နိုင်ငံ၏ ဆုံးဖြတ်ချက် ချမှတ်မည့် ခေါင်းဆောင်များရှေ့တွင် ပြောရန် ဝေးစွပင်။ ကျနော်က ယခုလိုအစွဲကို တကြိမ်တည်းနှင့် ချွတ်လိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူများ ရှိနေသည်ကို ဝန်ခံပြောဆိုသည့်အတွက် အန္တရာယ် မရှိကြောင်း၊ ဤပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်းကိုလည်း ပြသလိုသည်။ သို့အတွက်ကြောင့် စာပိုဒ် ၂ရ ပိုဒ် (၃၃ ပိုဒ် မဟုတ်ပါ) ကို ဤကိစ္စအတွက် အသားပေး ရေးခဲ့ရပါသည်။

၆။ ကံကောင်းသည်မှာ ကျနော်က မြန်မာတဦး မဟုတ်ခြင်းပင်။ ဤနေရာတွင်တော့ သင်နှင့် လုံးဝ သဘောတူညီပါသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာနရှိ သံဝန်ထမ်းအများအနေဖြင့်လည်း သင့်အနေဖြင့်
မြန်မာလူမျိုးတဦး မဟုတ်သည့်အတွက် ကံကောင်းလှပေသည်ဟု ခံယူကြမည် ဖြစ်ပါသည်။ အကြောင်းမှာ ကျနော်က သူတို့၏ လမ်းညွှန်ဆရာ ဖြစ်ခဲ့ဖူးပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆရာဖြစ်ခဲ့ဖူးပါသည်။ အကယ်၍ သင်သာ သံဝန်ထမ်းအဖြစ် အသက်မွေး တက်လမ်းရှာမည့်သူ ဖြစ်ပါက၊ မဇ္ဈိမထံ ရေးသည့်စာကြောင့် သူတို့အားလုံး အရှက်ရကြမည် ဖြစ်ပါသည်။

၇။ အခွန်ဘဏ္ဍာငွေများ သုံးသည့်အတွက် ဒေါသဖြစ်ရသည်။ ကုလသမဂ္ဂတွင် မြန်မာအစိုးရ၏ တိုက်တွန်းမှုဖြင့် တာဝန်ယူရသည့်အခါ ဝန်ကြီးအဖွဲ့ ဆုံးဖြတ်ချက် လိုအပ်ပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးတက္ကသိုလ် သုတေသနဌာနတွင် သုတေသနလက်ထောက်အဖြစ် သော်လည်းကောင်း၊ ပညာရေးတက္ကသိုလ်တွင် စီးပွားရေးဌာန- ဌာနမှူးအဖြစ် သော်လည်းကောင်း၊ နိုင်ငံခြားရေးဌာနတွင် စီးပွားရေးဌာန တာဝန်ခံအဖြစ် သော်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သော နှစ်များအတွက် ခံစားခွင့်ရှိသည့် ပင်စင်လစာငွေကို စွန့်လွှတ်ခဲ့ရပါသည်။ ယခုအခါ ကျနော်က ကုလသမဂ္ဂ ပင်စင်လစာဖြင့် နေထိုင်နေပါသည်။ မြန်မာအစိုးရထံမှ ပင်စင်လစာ တပြားတချပ်မှ မရရှိပါ။
မိမိတွင် ရုံး၊ အတွင်းရေးမှူး၊ သုတေသန လက်ထောက်များဟူ၍လည်း မရှိပါ။ အချိန်များစွာတွင် အိမ်တွင်ပင် ထိုင်၍ အ