အနီအစ အစိမ်းခြယ် အလည်က အဝါ အပြာမှာအနားသတ်


စစ်ကိုင်းတောင်ပေါ်က ဆွမ်းဥိးပုညရှင်ဘုရားကိုရောက်တဲ့အခိုက်
ဘုရားအနောက်ဘက်ခြမ်းကို မျှော်ကြည့်လိုက်တော့ ရဲရဲနီနေတဲ့စိန်ပန်း
အစိမ်းရောင်တောထနေတဲ့တောအုပ်
ခန့်ညားပြီး ရွှေအဆင်းနဲ့လှပနေတဲ့ စေတီတော်(ရှင်ဉာဏိဿရရဲ့ သီတဂူကျောင်းတော်)
ဟိုအဝေးမှာတော့ ပြာလွင်နေတဲ့ကောင်းကင်
မြင်ရတာ ကြည်နူး စရာ………………
ခံစားမူ့ထွေပြားမှာစိုးလို့ တစ်ပုံထဲတင်ပေးလိုက်ပါတယ်။

12 comments

  • fatty

    June 10, 2011 at 8:01 am

    လွမ်းမောစရာပါတကား …………………………..
    ငယ်ငယ်က တောင်ခြေက ပြည်တော်သာတိုက်တန်းမှာ ခဏနေခဲ့ဘူးတယ် …..။

  • နွယ်ပင်

    June 10, 2011 at 8:28 am

    ဓာတ်ပုံကိုကြည့်ရင်းနဲ့ တကယ်ပဲ စစ်ကိုင်းတောင်ပေါ်ကို ရောက်သွားသလို ခံစားရပါတယ် ….

  • pooch

    June 10, 2011 at 2:09 pm

    လေးပေါက် ကျနော် မနှစ်က ကျစွာချောင် ဝါးချက်မှာ ရိပ်သာဝင် တုန်းက တွေ့တဲ့ ရှုခင်းတွေကို ပြန်သတိရတယ်

  • king

    June 10, 2011 at 2:45 pm

    ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်
    😛 အားလုံးပဲ

  • ကင်းကင်း
    ခွဲပြော အားလုံးကိုရောမပြောနဲ့နော်……………
    ဒါမျူးိကို ဒိက ကြိုက်ဘူး……………………………..

    • MaMa

      June 11, 2011 at 2:50 am

      ကင်းရေ- မှားမယ်။ ဒါ မမပေါက် မဟုတ်ဘူးနော်။
      ကိုပေါက်ရေ- ခေါင်းစဉ်ကို ကြည့်ပြီး နိုင်ငံတော်အလံလို့ ထင်နေတာ။

  • sakargyi

    June 10, 2011 at 4:53 pm

    စစ်ကိုင်းဥယျာဉ်ချိုချဉ်ပင်စုံ
    ပန်းမျိုးထုံသည် ပွင်ထုံကြိုင်မြူးဖက်ဆွတ်ဦးကို
    သုတ်ဖြူးဆော်သွေး ဖြေးဖြေးပြေလျက်အေးအေးအလွံ ့
    နှလုံးပျံသည် ရနံချည်းလှည့်လိမ့်တကား

  • phyoshein

    June 10, 2011 at 5:17 pm

    ဦးပေါက်ရေ..
    အနီးအဝေး..ဆိုတဲ့ သဘောတရားတစ်ခုရှိတယ်..တဲ့..
    ကျွန်တော်တို့ ကမ္ဘာကြီးကိုလည်း.. ဟိုးအဝေးကြီး.. (အာကာသ) ကကြည့်ရရင်..
    ပြာလဲ့ပြီး လှနေတာပဲ…
    ဟိုးအဝေးက.. မြင်ရတဲ့ လယ်ကွင်းတွေလှတယ်.. အဲဒီလယ်ကွက်ထဲက.. ကောက်စိုက်သူများရဲ့ ဘဝက.. ထင်သလောက်မလှဘူး..
    ကျွန်တော်တို့.. တိုင်းပြည်က.. နိုင်ငံ့မြေပုံက အစ လှတဲ့တိုင်းပြည်ပါ…
    လှပတဲ့ တောင်တန်းတွေ.. လှပတဲ့.. လယ်ကွင်းတွေ..
    သာယာတဲ့… လမ်းကလေးတွေ..
    ကြည်နူးဖွယ် သာသနိက အဆောက်အအုံတွေနဲ့…
    ဖြူစင်တဲ့… တိုင်းပြည်လေးပါ…
    အဲဒီ လှပတဲ့ တိုင်းပြည်က.. ပြည်သူပြည်သားတွေကိုလည်း ..အရမ်းလှစေချင်ပါတယ်…
    ခု နိုင်ငံတော် အလံမှာ ဝါ..စိမ်း…နီ.. သုံးရောင်ခြယ်နဲ့.. အလယ်မှာ.. ကြယ်ဖြူ…
    ဦးပေါက်ရဲ့.. ပုံလေးထဲက.. အရောင်တွေ အတိုင်းပဲ..
    ဦးပေါက်ရဲ့.. ရိုက်လာတဲ့ပုံလေးလိုပဲ.. ငြိမ်းချမ်းအေးမြပြီး..လှနေပါစေ….လို့…

  • char too lan

    June 11, 2011 at 4:03 am

    ကျနော်လဲ ခေါင်းစဉ်မြင်ပီး အလံအကြောင်းရေးထားပီထင်တာ ဒီလိုလွမ်းစရာကြီးတွေ ့လိုက်မယ် မထင်ဘူး ….. အဲ့ဒီစိန်ပန်းနီတွေကို အရမ်းသဘောကျတယ် ရန်ကုန်က ဝန်ကြီးများရုံး နဲ့ မဟာန္စုလလမ်း ဘက်တွေမှာ ဧပရယ်၊ မေ၊ ဂျွန် လ တွေဆိုအရမ်းကြည့်ကောင်းတယ် ငုပန်းဝါတွေ… စိန်ပန်းနီတွေ… ကံ့ကော်ဖြူတွေ… ပီးတော့နာမည်မသိတဲ့ ခရမ်းရောင်ပန်းတွေ…. စုံနေတာပဲ တစ်ပင်လုံးအစွမ်းကုန်ပွင့်တဲ့ ပန်းတွေဆိုတော့ ဘယ်လောက်လှလိုက်မလဲ မြင်ကြည့်ပေါ့…………….

  • အစိ်မ်းနဲ့အဝါ အစိမ်းနဲ့အနီ ဆန့်ကျင်ဘက်ပေမယ့်လဲ လှနေပါတယ်။
    စစ်ကိုင်းပါတ်ဝန်းကျင်ကပုံလေးတွေ တင်ပေးပါအုံးမယ်။

  • padonmar

    June 11, 2011 at 3:37 pm

    စိန်ပန်းနီနီတွေ လှလိုက်တာ။ရန်ကုန်မှာတော့(ပြည်သူ့ရင်ပြင်မှာလည်းရှိတယ်) စိန်ပန်းက လိမ္မော်ရောင်တွေလည်းတွေ့နေရတယ်။တမျိုးလှတာဘဲ။

Leave a Reply