ဘန်းကျော်နည်းများ

lulainJune 10, 20111min903

၁။ ဘလော့ခ် တခုမှ တွေ ့လို ့မျှဝေလိုက်ပါတယ်။ သူ ့နာမည်က ultrasurf ပါ၊ ဂူဂဲလ်ကနေလည်း ရှာလို ့ရပါတယ်။ သူ ့ကို သုံးတဲ့အချိန်မှာ သာမန်အတိုင်း အင်တာနက် သုံးနေရသလိုပါပဲ၊ ပြောင်းလဲမှုရှိတယ်လို ့ခံစားရမှာ မဟုတ်ပါဘူး။ သူက အင်တာနက်အိစ်ပလိုရာနဲ ့ပဲ အခုအချိန်ထိတော့ သုံးလို ့ရပါသေးတယ်။ ပရိုဂရမ်က သေးငယ်လို ့ဖလော်ပီဒ- ် ဒါမှမဟုတ် ယူအက်စ်ဘီ မဲန်မိုရီစတစ်ထဲမှာ ထည့်ထားလို ့ရပါတယ်။

၂။ ကွန်ပြူတာထဲကို အင်စတောလုပ်စရာမလိုပါဘူး၊ ဒါပေမယ့် သူ ့ကို အရင်ဖွင့်လိုက်ပါ၊ သူအောင်မြင်စွာ အလုပ်လုပ်နိုင်တယ်ဆိုရင် ကွန်ပြူတာညာဘက်ဒေါင့်မှာ ရွှေရောင်သော့လေး ပေါ်လာပါလိမ့်မယ်။ ပြီးတာနဲ ့အင်တာနက် အိစ်ပလိုရာက တရုက်စာမျက်နှာနဲ ့အော်တိုမစ်တစ် ပေါ်လာပါမယ်။ ဒါဆိုရင် ရှာဖွေလေ တွေ ့ရှိလေ အင်တာနက်ပေါ် လမ်းလျှောက်လို ့ရပါပြီ။

၃။ သူ ့ကို ကြားခံထားပြီး သုံးတဲ့အခါ ကိုယ့်ကွန်ပြူတာရဲ ့အိုင်ပီနံပါတ် ပြောင်းသွားတာမို ့တခြားနိုင်ငံကနေ အင်တာနက်ကို ကြည့်သလိုဖြစ်သွားပြီး ပိတ်ဆို ့ ထားတဲ့ အင်တာနက်စာမျက်နှာတွေကို လေ့လာခွင့် ရမှာပါ။

၄။ သေခြာအောင် စမ်းသပ်ချင်ရင် သူ ့ကို မဖွင့်ပဲနဲ ့အင်တာနက်အိစ်ပလိုရာထဲမှာ ပုံမှန်အတိုင်း www.whatismyip.com ကိုရိုက်ပြီး ကိုယ့်မူလ အိုင်ပီနံပါတ်ကို မှတ်ထားလိုက်ပါ။ ပြီးရင် အင်တာနက်အိစ်ပလိုရာကို ပိတ်ပြီး သူ ့ကို ဖွင့်လိုက်ပါ၊ သူအောင်မြင်စွာဖွင့်ပြီးလို ့ရွှေရောင်သော့လေး ပေါ်လာပြီးရင် အင်တာနက်အိစ်ပလိုရာကို ပြန်ဖွင့်ပြီး www.whatismyip.com ကနေ အိုင်ပီနံပါတ်ကို ပြန်ဖတ်ပါ။ မူလအိုင်ပီနံပါတ်မဟုတ်ပဲ တခြားအိုင်ပီနံပါတ်ဖြစ်နေတာကို တွေ ့ရပါလိမ့်မယ်။ ဒါဆိုရင် စိတ်ချလုံခြုံစွာ သုံးလို ့ရပါပြီ။

မှတ်ချက်။ ကွန်ပြူတာကို ပိတ်ပြီးလို ့ပြန်ဖွင့်ရင်တော့ အင်တာနက်သုံးတော့မယ်ဆိုရင် သူ ့ကို အရင်ဖွင့်ပြီး ရွှေရောင်သော့လေး ပေါ်လာပြီးမှ သုံးပါ။ တခါတရံ အင်တာနက်အိစ်ပလိုရာ တိုက်ရိုက်ဖွင့်လိုက်ရင် ကွန်နက်ရှင်မရသလို စာမျက်နှာအလွတ်လည်း ပေါ်လာနိုင်ပါတယ်။ သူ ့ကိုဖွင့်ဖို ့မေ့နေပြီး အင်တာနက်အိစ်ပလိုရာကို သုံးမယ်ဆိုရင်တော့ ကိုယ်ပိုင်အိုင်ပီ ပေါ်လိမ့်မယ်ဗျို ့။ ဂူးဂဲလ်ပေ့ချ်၊ မီဒီယာဖိုင်းယား အစရှိတဲ့ အွန်လိုင်းဖိုင်စတိုးဆားဗစ်တွေကိုတော့ ဖိုင်တင်လို ့မရတာတွေ ့ရပါတယ်။

ပရိုဂရမ်ကို ဒီမှာ သွားယူပါ။

http://www.turboupload.com/download/s8kgMNOstzmz/u.exe

3 comments

Leave a Reply